တပ်ဦးလ - နှုတ်မဆက်နဲ့ ဖုန်းဆက်
နှုတ်မဆက်နဲ့ ဖုန်းဆက်
တပ်ဦးလ
(မိုးမခ) မေ ၂၀၊ ၂၀၂၅
ပြည်သူအပေါ်အနိုင်ကျင့်လေ
စစ်ကရှုံးလေ
လူငယ်တွေကိုပေါ်တာဆွဲလေ
စစ်ကရှုံးလေ
ရပ်ကွက်တွေထဲ ဆပ်ကြေးကောက်လေ
စစ်ကရှုံးလေ
မြို့တွေရွာတွေ မီးရှို့လေ
စစ်ကရှုံးလေ
စာသင်ကျောင်းတွေ ဗုံးကြဲလေ
စစ်ကရှုံးလေ
ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးလေ
စစ်က ပို၍ပို၍ရှုံးလေ
ဟုတ်တယ်လေ
ဒါ စစ်ရှုံးတဲ့ကဗျာလေ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar