ပုဏ္ဏားကျွန်းဇူးဝေ - ဇာတ်
ဇာတ်
ပုဏ္ဏားကျွန်းဇူးဝေ
(မိုးမခ) ဇွန် ၁၊ ၂၀၂၅
ဆောင်းတွေ သဇင်တွေ
နွေတွေ ဉဩတွေ
မိုးတွေ ဖားတွေ
ငါ့ရင်ဘတ်ကို
အကြိမ်ကြိမ်ဝင်ဆင့်
ငါ မအိုဘဲနေမလား။
ညလုံးပေါက် က, ရမဲ့ဇာတ်မှာ
ဒေါသနဲ့ပတ်စာတင်လို့တီးကြတဲ့အခါ
ဗုံးသံတွေပဲထွက်လာတယ်
ဇာတ်စင်ကို ဗုံးခိုကျင်းနားအမြန်ရွှေ့ပါ။
ကမ္ဘာဦးတိုက်ပွဲကနေ
ကမ္ဘာ့နောက်ဆုံးတိုက်ပွဲကို စောင့်ကြည့်ဖို့
နီးနီးလေးမှာ ဝေးဝေးကြီးမှာ
ခလုပ်ကိုင်ထားသူတွေသာ ဆုံးဖြတ်ကြပေါ့။
ကမ်းလုံးကျွတ် သူရဲကောင်းတွေထိုင်နေရက်နဲ့
ငါတို့ရေနစ်ဖူးတယ်လေ။
20/5/25
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar