ငြိမ်းသွေး - အမေသရဏံ ဂစ္ဆာမိ
ငြိမ်းသွေး - အမေသရဏံ ဂစ္ဆာမိ
မိုးမခ ၊ ဇွန် ၁၁ ၊ ၂၀၂၅
အမေ ပေးထားတဲ့ အသက်နဲ့
အမေ့နို့ကို သောက်သုံးခဲ့တယ်
အမေ ရှာကျွေးတဲ့ ထမင်းကို စား
အမေ ရှာပေးတဲ့ ပိုက်ဆံနဲ့ ပညာသင်ခဲ့တယ်
ဗုဒ္ဓဘာသာစစ်စစ် တယောက်ပါ
ဘယ်သူတွေ ဘာပြောပြော
ကျနော်ကတော့
အမေ သရဏံ ဂစ္ဆာမိပါပဲ..။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar