ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြတ်ဗျင်းကြတော့မယ့် တပ်တွင်းချေးထုပ်များ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြတ်ဗျင်းကြတော့မယ့် တပ်တွင်းချေးထုပ်များ
မိုးမခ၊ ဇွန် ၁၁ ၊ ၂၀၂၅
မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည် ဆိုတဲ့ ရွှေပေါ်ကျွန်း ဆတော်ကြီး တဘောင်ချိန် ရောက်ပြီပေါ့။
အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးတော့ တပ်ကြပ် ကစ်တာနဲ့ လစ်တော့မလို့တဲ့။ လစ်များ လစ်သွားပလားတောင် မသိ။ ရိက္ခာမပေး ဆေးမကုရ ခံစစ်ပြင်ကြ သွားလုပ်တာ တပ်ကြပ်ကဖုတ်လွှတ်ရော။ အဲသာမျိုးက ဒုတိုင်းမှူးကနေ တိုင်းမှူး ကစထမှူး ဘာမှူးညာမှူးကနေ ရေချုပ် လေချုပ် ခြေချုပ် မြေချုပ် ဒုကာချုပ် ပြီးတော့ သရေကြိုးချုပ် မအလနဲ့ သူ့သား သူ့သမီး သူ့မြေးမလေးတွေထိ စဉ်တိုက်ဆက်တိုက် အပြေးလာတော့မှာ။ ကိုယ့်လူ အသက်လည်း ထည့်မတွက်၊ ပြည်သူ့အသက်လည်း မပြတ်သတ်၊ အဲလိုကောင်တွေအတွက် ကဒါဖီဖျင် တုတ်နဲ့ကြပ်တဲ့ အချိန်ဆိုတာ ရောက်ကိုရောက်လာမှာ။ ဒီစည်းဝိုင်းရဲ့အပြင် အရှင်ထွက်ထွက်ဖို့ စိတ်မကူးနဲ့။ ခု လက်ဦးမှုယူပြီး တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေကို မိသားစုလိုက် ဖမ်း ခြိမ်းခြောက်၊ အောက်က မိုက်ရူးရဲကောင်ကို ရာထူးတိုးရင်းမြှောက်ပေး၊ အသက်ဘယ်လို ပေးမလဲဆိုပြီး ဖြဲနေရပြီ။ အောက်ကလည်း ချောင်တာနဲ့ကစ် ပြန်ပစ်တော့မယ့်ကာလ။
မအလကတော့ အဲလို သူသာ နေ့ပြေးရမလား၊ ညပြေးရမလားမသိတာ၊ အတည်ပေါက်နဲ့လုပ်မယ်ပြောထားတဲ့ရွေးကောက်ပွဲကို လေးပုံတပုံပဲ လုပ်မတဲ့။ ပါတီ ထောင်ထားတဲ့ကောင်တွေ ငတ်ကွက်။ ပါတီဝင်လေးတွေကလဲ တစ္ဆေမွေးတဲ့ စရိတ်မျိုးနဲ့ ကျွေးထားရသာလေ။ မမဆောင်းရွေးကောက်ပွဲနဲ့ မွဲရုံကလွဲ ဘာမှမရှိ။ ရုံးခန်းငှားခ၊ လူငှားခနဲ့ ခါးက မသန်တော့။ မာန်ကြီးရအောင်ကလဲ ရွေးကောက်ပွဲက ဘယ်တော့မှ မပြီးတော့မယ့် အဆင်။ ဘယ်တော့မှ အစိုးရမဖွဲ့ ဘယ်သူ့မှ အာဏာမလွှဲ၊ လွှဲစရာလဲ မလို။ အိပ်မက်ထဲက မုန့်တောင် မျှမကျွေးချင်တဲ့ကောင်စားမျိုးဆီက ဘာမှမရနိုင်ဘူး မဟုတ်လား။ အုပ်ကြီးရာထူးတောင် မျက်စပစ်လို့ရမယ် မဟုတ်၊ ပျူတွေက နားရင်းအုပ်မှာ။ အင်း ရွကောက်ပွဲက ဟုတ်တာ မဟုတ်တာ အပထား၊ ပွမှာကတော့ အောင်နိုင်ရေးသမားနဲ့ စောင့်ကြည့်ရေးသမားပဲ။ သူတို့က ပရောဂျက် ခဏခဏ တင်လို့ရသွားပလေ။ အဲလူတွေကတော့ မအလကို အဘတင်မက အဖေပါ ခေါ်လိမ့်မယ်။ ရွေးကောက်ပွဲကမပြီးတော့ သမ္မတကတော့ ဘယ်သူမှဖြစ်လာမှာမဟုတ်ဖူး။ မင်းအောင်လှိုင်လည်း မဖြစ်ဘူး။ သူကတော့ မွေးရာပါ သမ္မတဆွံ့အကောင်မို့ မဖြစ်တာ။
ဘာလို့လဲဆိုတော့ သူ့အဖေ အမေကြောင့်။ မွေးကတည်းက သရေကြိုးဘွဲ့ရထားလို့။ မွေးကတည်းက ဗေဒင်စာမိလာတဲ့ကောင်မှန်း သိသာချက်။ နာမည်ပေးစရာ ရှားလို့ မင်းအောင်လှိုင်တဲ့။ အဲသမှာ မအလဘွဲ့ တန်းရတော့တာ။ မအလ ဆိုတာ သိတယ်ဟုတ်၊ မအလရဲ့ ကုပ်က သရေကြိုး။ သရေကြိုးဆိုတာ မအလ။ အဲကတည်းက ဘယ်လိုလုပ် သမ္မတ ဖြစ်နိုင်တော့မလဲ။ သမတဂုဏ်ရည် မွေးရာပါ ပျက်လာတဲ့ကောင်။ အဲဒီနာမည်နဲ့က ဂေါပကတောင်ဖြစ်ဖို့မလွယ်။
ဟော ခု ILOက ကိုင်မယ်ဆိုတော့ ကော့ကော်ကန်ကား ဖင်ကြားချွေးစိမ့်ပြီပေါ့။ သိပ်မရှိတော့တဲ့ဝင်ပေါက် ထွက်ပေါက်လေးတွေ ပျောက်တော့မှာ။ အလုပ်သမားတွေကလည်း တုတ်၊ ဓားကိုင်ကြတော့မယ့်အဆင့်ရောက်။ ခရိုနီတွေပါ ပြေးပေါက်ပိတ်လာ။ ဘယ်လမ်းကြောင်းမှ အရမ်းမောင်းလို့မရတော့။ မဘသတွေကလဲ ဝစ်သောက်ဖမ်းလို့ တဗျစ်တောက်တောက်ဆဲနေကြ၊ ပျူတွေကလဲ သားရေနားအိပ် သားရေနားစား၊ မျက်နှာသာပေး ရွှေရေးပန်းကန်တက် တိုင်းမှူး၊ တပ်မမှူးတွေကိုတောင် ပြောင်လှောင်ဝေဖန်ထိုးနှက် လိုင်းပေါ်တက် စောက်ရှက်ခွဲ ဆဲချင်တိုင်း ဆဲနေတော့ ခွေးချင်း ခွေးကိုက်ကြနဲ့ မအလလဲ ခွေးဆင်ရိုးခံရတဲ့ အိပ်မက် မက်နေရပြီ။
စိုးဝင်းကလည်း သုံးစားမရ၊ သူ ဦးစီးတဲ့စစ်ကြောင်းတိုင်း မုဆိုးမနဲ့ ဒုက္ခိတချည်း ဖြစ်နေတော့ သာရေး နာရေးဘက် ပို့ပြီး ငလျင်ကယ်ဆယ်ရေး ပေးထားပြန်တော့လဲ ဖြူဖြူထွေးလောက်ကို သောက်ဖြစ်မရှိ။ ပရဟိတမီးကင်ကြီးလဲ မမီ။ အလှူခံရငွေ ဗုန်းထားတာသာ ကုန်းတိုင်းပေါ်တော့တာရယ်။ စိုးဝင်းကလဲ သေချာကစ်တဲ့ပုံ။ သူ့ကို ငလျင်ဘက် ပို့လိုက်တော့ တသိန်းရတာ တကျပ်လောက်ပဲ လှူထားတဲ့ ငလျင်ကူတဲ့ ငွေအမောင့် ထုတ်ပြောလိုက်တယ်။မအလ ခိုးထားသမျှ လိုက်ဖော်မယ်ဆိုတဲ့ အထာ။
ချိုထွန်းအောင် လုပ်ကြံခံရမှုဖော် ဆိုတော့လည်း ခြောက်နှစ်သားကလေးပါ တရားခံမှာ အဖမ်းပြလို့ပြ။ သက်သေခံသေနတ်က အတု။ စစ်တပ်တခုလုံး လက်ထဲရှိတဲ့သူက သေနတ်အတု ထုတ်ပြရတယ်လို့။ စစ်တပ်အရာရှိတွေကြိ လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖျက်ရေးသင်တဲ့မသာကို စောက်ရူးခြောက်ခါဖြစ်အောင် လုပ်နေသလိုလို။ မအလဟာ ဘယ်ဗိုလ်ချုပ်ကိုမှ အကာအကွယ်မပေးနိုင်တော့ဘူး၊ ကိုယ့်ဘာသာ ကြည့်ရှောင် PDFကို အခွန်ဆောင်ပြီး နေကြလို့ ပြောနေသလိုလို။ ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲဝင်ခိုင်းမယ် ကြံခါမှ မဝင်ရဲအောင် တမင်လုပ်နေသလိုလို။ ခုတိုင်းဆို ရွေးကောက်ပွဲဝင်မယ့် ဗိုလ်ချုပ်တိုင်း ကျည်တတောင့်တယောက်နှုန်းနဲ့တောင် အရှင်းခံရမယ့်အခြေအနေလေ။
အဲသမှာ သရေကြိုးချင်းအတူတူ တကွင်းသာသလို လုပ်ပြနေတဲ့ ကောင်ကို ဘယ်လို ပညာပြမလဲဆိုတာ စောင့်ကြည့်ရမှာပ။ သရေကြိုးကိုးကွင်း ဘယ်နှကွင်း လျှော့ခံမှာပါလိမ့်။ ဒါမှမဟုတ် မအလကို ကိုးကွင်းကပဲ ထိုးသွင်းလိုက်မလားဆိုတာ မကြာခင် သိရတော့မှာပေါ့လေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar