Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပုနာသာဝ အူချာရဲ့ မုသာဝါဒဗျူဟာ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပုနာသာဝ အူချာရဲ့ မုသာဝါဒဗျူဟာ

မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅


ဝ ဟာ ဆေးပြားဆရာကြီးမို့ တီးရမယ်ဘာညာနဲ့ ထိုင်းဝကခဟောင်း သက်ဆင်က ခုပြောလာ၊ အဲဒီအရင်ကလဲ ထိုင်းနယ်စပ်က ဝတပ်စခန်းတွေ ရွှေ့ရမယ် ပြောတာတွေ ရှိနေတော့ ခုဆို ဝက မအလရဲ့ နေပြိုတော် ပြန်လည်အသက်သွင်း ရေးကူမယ် လှူမယ်၊ ဝနဲ့ အမျိုးအရင်းကြီး မိုင်းလားကလဲ ဘယ်သော်လှန်ရေးအင်အားစုမှ လက်ခံမထားပါဘူးတွေ ဘာတွေ ဖွင့်ဟပြောကြား အာမခံစကားတွေ သီကျူး။ ယူတို့က ဘာဒေလားပေါ့။

ယွက်စစ်ကြီးကတော့ သူ့ရှမ်းတွေကို သော်လှန်ရေးမှာ ပါကြဆိုပြီး ပြောလာတာလဲရှိ။ လောလောဆယ်တော့ MNDAA နဲ့ SSPP ရှမ်းတဖွဲ့ ကစ်နေတယ်၊ အဲဒီကို သွားတိုက်တဲ့တပ်က ဗမာတွေ တခြားတိုင်းရင်းသားတွေ အများစုနဲ့ ဖွဲ့ထားတဲ့တပ်လို့လဲ ပြောကြတယ်။ တော်လှန်အသက်တွေ အများကြီးရင်းတိုက်ပြီးရလာတဲ့ ရှမ်းမြောက်ရဲ့ မြို့တော်လားရှိုးကို ကိုယ်တိုက်ခဲ့တဲ့ရန်သူစစ်ကောင်စီ လက်အပ်ပြီးတဲ့နောက် ဟော ခု ဒေသခံရှမ်းတပ်ကို သွားတိုက်တဲ့ ကိုးကန့်ဟာ သူ့ဘက်မှာ စစ်ကောင်စီပါ တကန့်တိုး ဆယ်ကန့် ဖြစ်သွားပလားပေါ့။ သူ့ရဲ့တော်လှန်စကားတွေကလဲ ဖော်လံဖားဖို့လားပေါ့။

အဲလို ရှမ်းမြောက်မှာ စကစဟာ မူစကူတွေ ဒူးနေနိုင်ပေမယ့် မြောက်ဖျားကဒူးဝါးကြီးတွေရဲ့ပုဇင်းတောင်ပံချုပ်ကွက်မှာတော့ မျော့မျော့လေးသာကျန်တော့တယ်။ မြောက်ပိုင်းချုပ်ကွက်မှာ မလှုပ်မယှက်ဖြစ်နေပါတယ်ဆို AAသမလို့ ကြွေကြွေကျတာကလဲ ဘူဒိုဇာနဲ့တူးမြှုပ်ရတဲ့အထိ၊ ဖထီးကစ်လို့ အပြီးလစ်တွေကလဲ မရေနိုင်၊ အညာမြေအနှံ့မှာ မသာတွေ ပြန့်နေတာကလဲများ၊ ပဲခူးရိုးမမှာ ထိုးတိုင်းကျတွေဒုနဲ့ဒေး။ 

အဲလို တပ်ကုန်ကပ်ကြုံအခြေအနေမှာ မအလက သူ့စစ်ဦးစီးတွေ ဒူးထောက်လက်မြှောက်ကြတာကိုမြင် သူ့အတွက် သေပွဲမဝင်လို့ ကြေကွဲရင်ဆို့ပြီး ဗိုလ်ပေါက်စတွေ မင်းတို့ဆော်နိုင် လှော်နိုင်ရင် မင်းတို့ ရာထူးအကျော်အခွရမယ်ဆိုပြီးပြောရင်း စစ်ဥပဒေတွေကို ကျောခိုင်းပြီ။ ဒါက စစ်မှုထမ်းဥပဒေနောက် ပေါ်ပေါက်လာတဲ အသက်ရှူပေါက်တခု။ အဲ နောက်ဆုံးတခုပေါ့။ လက်နက်ချမယ်ထင်တဲ့ ကိုယ့်အထက်အရာရှိကို သေနတ်နဲ့တေ့ပြီး အဲဒီနေရာကျော်တက်ဖို့ ပြောလိုက်တာဟာ စစ်ရေးမှာအရေးကြီးလှတဲ့ COC ကို ဖျက်ခိုင်းလိုက်တာပါဘဲ။ 

ဒါဟာ တကယ့်နောက်ဆုံး အသက်ရှူပေါက်ပါ။ 

စစ်ခေါင်းဆောင်ကိုယ်တိုင် COCကို ဖျက်ခိုင်းမှတော့ နောက်ဆုတ်စရာ မရှိတော့ဘူးဆိုတာ သေချာပြီလေ။ ရာဇဝတ်ဂိုဏ်းလို့ ပြောနေကြတဲ့ အဆင့်ကို သူကိုယ်တိုင် ထုတ်ဖော်လိုက်ပြီလေ။ ဒါဆိုရင် ပွဲက ပြီးသလောက်ပါပဲပေါ့။ မအလလဲ ကမ်းပါးမြစ်ရေ တိုးသလို သူ့တပ် တအိအိ ပြိုနေတာ စောင့်ကြည့်ကြေကွဲ သေပွဲဝင်ရတော့မယ့် သဘောပ။ တတိုင်းပြည်လုံးမှာ ရှိသမျှ တပ်တွေကို ပြည်သူက ဝိုင်းထားပြီးပလေ။ တူမီးနဲ့ဖုတ် မိုင်းနဲ့ ဖြုတ်ရာကစပြီး တသုတ်ပြီးတသုတ် တရက်မပြတ် တလစပ် အစိမ်းခြွေ ခြွေလာလိုက်တာ နှစ်တပ် တတပ်ပေါင်း၊ သုံးတပ် တတပ်ပေါင်း နှစ်မ တမပေါင်း နှစ်တိုင်း တတိုင်းပေါင်းချည်း ဖြစ်ကုန်တာ ကြာပေါ့။

အဲတော့ မအလခမျာ တလပြီးတလ အပစ်ခတ်ရပ်ဆဲရေး ဆိုပြီး နတ်သံနှောရတဲ့ဘဝရောက်။ ဒါပေလို့ "စစ်တပ်ဟူသည် အညစ်မျိုး" "မင်းအောင်လှိုင် ဟူသည် သရေကျိုး" ဆိုတဲ့အတိုင်း ဖာခေါင်းက ဖာခန်းပြင်ဖို့ ဖာရုံ ခဏပိတ်မယ်ပြောပြီး ခပ်လှမ်းလှမ်းမှာ တဲထိုးဘိဖွင့်သလိုမျိုး အပြစ်ရပ်မယ်ပြောပြီး စစ်ကြောင်းပတ်ထိုးခိုင်း ဗုံးလှည့်ကြဲခိုင်းတယ်။ နိုင်ငံတကာကျပြန်တော့လဲ ဘုရားဒကာမျက်နှာပေးနဲ့ ငလျင်ကူဖို့ ရွေးကောက်ပွဲပြင်ဖို့ အပစ်ရပ်မယ်ပေါ့လေ။ ငလျင်အလှူငွေ‌ဗုံးရင်း ငလျင်ဘေးသင့်ပြည်သူတွေကို ဘာမှလုပ်မပေးဘဲ ဟိုမောင်းထုတ် ဒီမောင်းထုတ်နဲ့ ဒုက္ခအထပ်ထပ်ဆင့်ပေးရင်း ငလျင်ဘေးကူသူတွေကို နှောင့်ယှက်ရင်းပြောတာ။ 

ဘာမှသုံးစားမရတဲ့ ဟန်ဆောင်ရွေးကောက်ပွဲကို တကယ့်တိုင်းပြည်ထွက်ပေါက် ရွေးကောက်ပွဲကြီးဖြစ်လေဟန် ဖောနေရင်း အူတာ။ သူများ ရွေးကောက်ပွဲနိုင်ရင် အာဏာမလွဲအစဉ်အလာနဲ့ကြီးပြင်းလာပြီး သူများရွေးကောက်ပွဲနိုင်တာကို အာဏာဖြတ်သိမ်းထားတဲ့ကောင်က ရွေးကောက်ပွဲလုပ်မယ် ပြောနေတာလေ။ အဲဒါ စစ်သုံးဗျူဟာ။ တခြားအထူးအဆန်း မဟုတ်ပါဘူး၊ စစ်ခေါင်းဆောင် အဆက်အဆက် သုံးနေကျ မုသာဝါဒဗျူဟာလေ။ စစ်ဗိုလ်ချုပ်အဆက်အဆက် လက်ဆင့်ကမ်းလာတဲ့ ဗျူဟာ။ ခုဟာကတော့ ‌ဗားရှင်းမြှင့်ထားတဲ့ ပုနာသာဝရဲ့ မုသာဝါဒဗျူဟာပေါ့။

ပုနာသာဝရဲ့မုသာဝါဒဗျူဟာကို မယုံဆုံးကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့ချင်းက မြွေမြွေချင်း‌ခြေမြင်၊ ခွေးခွေးချင်း အမြီးမြင်ကိုး။ သူတို့ခမျာ နေပြိုတော်နား သေနတ်သံကြားတော့ ရန်ကုန်ပြေးလိုက်၊ ရန်ကုန်မှာ အပြုတ်နှံ လုပ်ကြံမှုများလာတော့ နေပြိုတော်ပြေးလိုက်၊ ငလျင်က နှက်လိုက်တော့ ရန်ကုန် ပြေးထွက်လာလိုက်နဲ့ ခွေးဣန္ဒြေမရ ဖြစ်နေကြတာ။ မေမြို့က နန်းတော်တွေထဲလဲ မအောင်းရဲ၊ ခုမြောက်ပိုင်းအခြေအနေကောင်းလာတော့ မေမြို့ပြန်ဆင်းဖို့ကြံ၊  ဘယ်ပြာပုံ ဘယ်လိုတိုး ဘယ်ဒိုးရမယ် မသိဖြစ်နေတာ။ အမှန်က နံနံခြားက အိမ်သွားနေချင်တာ၊ ကြောင်ချီးက အလစ်မခံ အဆစ်လှန်မှာ။ အဲလို မအလက အပြင်အထွက်မခံတော့ မနက်ဖြန်သေမလား သဘက်ခါ‌ ဂန့်မလားနဲ့ လန့်ဖျပနေတာပေါ့လေ။ လူတကာကို ထင်သလို သတ်ခဲ့ပြီး လူတကာကို ဘယ်လို သတ်ရမယ် ပြောလာရင်းကနေ သေမင်းက ကိုယ့်အိမ်တံခါးဝ ပြန်ခေါက်တော့မှ ကြောက်ဒူးတုန်ပြီး လက်နက်ကိုင်ခွင့်တောင်း တပည့်ဟောင်းတွေနဲ့ သက်တော်စောင့်တပ်ဖွဲ့ကြပြီ ဆိုကဘဲ။ အဲသမှာ ပြဿနာက တပည့်ဟောင်းဆိုသူတွေ။ သူတို့တွေက ခေတ်ပျက်တော့ အရစ်တက်ပြီ။ အသက်ဘေးဆြိတော့ တက်ဈေးပေါ့။ ငွေညှစ်လာကြတယ် ဆိုပါစို့၊ ကြိုက်ဈေးအော်လာကြတာ။ အရင်က တပဲခြောက်ပြားမှ မထောက်ပံ့ချင်ဘဲ ပစ်ထားကြတာလေ။ 

ခု ရတက်မအေး အသက်ဘေးကြုံမှ လုံခြုံရေးဆို ခေါ်တော့ သူတို့‌ဗိုလ်ချုပ်တွေ သူတို့လက်ခုပ်ထဲကရေ ဆိုတာ သိတာပေါ့။ စစ်ဝဋ်စစ်ကြွေးဆိုတာ ခေတ်ကူးရင် ဆပ်ရတာကိုး၊ ဘဝကူးမှ ဆပ်ရတာမျိုး မဟုတ်ဘူးလေ။ ဘူးလက်ဆို အရူးကွက်တောင် ထွက်မနင်းရဲတော့။ ဗိုလ်ချုပ်တွေရော ဗိုလ်ပြုတ်တွေရောတင်မက သူတို့သားမယားတွေပါ ရာထူးတွေယူထားပြီး ရုံးမတက်ရဲတော့တဲ့ ဝါ့ဖရွန်ဟုန်းဘဝ လူတောမတိုး ပြာတောပဲ တိုးနေရတော့တဲ့ခွေးဘဝ၊ ခွေးတောင် ပွေးတခွဲသားနဲ့ ခွေးဝဲစားဘဝတွေ ဖြစ်နေကြပေါ့



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar