Breaking News

ခန့်ဝါငြိမ်း - သုံးပေတစ်ဂိတ်

ခန့်ဝါငြိမ်း - သုံးပေတစ်ဂိတ်

မိုးမခ ၊ အောက်တိုဘာ ၂၆ ၊ ၂၀၂၅


အာဏာရှင် တော်လှန်မယ်ဆိုပြီး

အကောင်းဆုံးအိမ်ပေါ်တက်နေ

မတရားမှုမှန်သမျှ တိုက်မယ်ဆိုပြီး

သိမ်းထားတဲ့ကား တဝီဝီနဲ့

ဓားမြဗိုလ်ကြီးရော်ဘင်ဟုလို

သူဌေးတွေဆီက ဓားပြတိုက်ပြီး

ဆင်းရဲသားတွေကို ဝေလေမလား

သူခိုးကြီး ငတက်ပြားလို

သူဌေးတွေဆီက ခိုးပြီး

ဆင်းရဲသားတွေကို ဝေလေမလား

မျှော်ရတာကလည်း

အစိမ်းရောင်သင်္ကန်းနဲ့ ဘုန်းကြီး မြင်တိုင်း

ကန်တော့ရတာထက် ပိုမောရပါတယ်

ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုပြီး

ပြည်သူ့ခေါင်းတခေါက်ခေါက်နဲ့

သားသမီးကို ပြန်ကန်တော့အိပ်နေရတဲ့ ခေတ်ကြီး

ဘယ်တော့များမှ ပြီးဆုံးမလဲကွယ်။     ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar