ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးတံဆိပ်နဲ့ ဖေးလ်စတိတ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးတံဆိပ်နဲ့ ဖေးလ်စတိတ်
မိုးမခ ၊ နိုဝင်ဘာ ၂၂ ၊ ၂၀၂၅
သရေကြိုးစိုးဝင်းကလည်း ကြိုးကွင်းကြောက်ပြီး ကျားဖြန့်သက်သေမှန်ရင် ဖျက်ချေအမြန် မချန်တစ အကုန်သမဖို့ အမိန့်ထုတ်ပုံထောက်တော့ သူလဲ ထဲထဲဝင်ဝင် ပတ်သက်ထားတာရှိနေပြီ။ သူက ကရင်ဘက်ကို အောင်ဇေယျစစ်ကြောင်းနဲ့ ပေါင်တွေ ကွအောင် လုပ်ခဲ့တာဆိုတော့ ဂွမှန်သမျှ ခွခဲ့ပုံဘဲ။
စိုးဝင်းက ကြိုးကွင်းကြောက်ပြီး သက်သေဖျောက် ဖျက်ဖို့ပြောပေမယ့် ဇော်မဲလုံးကတော့ မျက်ကန်းတစ္ဆေမကြောက် အမေရိကန်ကို ဟောက်လား ဟောက်ရဲ့၊ KNUကို KK Parkနဲ့ပေးစားလို့ ပေးစား၊ နားမဆံ့စရာ ကျားဖြန့်ကို မိုးပေါ်ကျအလားပြောလို့ပြော၊ စောချစ်သူတို့ကိုပါ ရေနွေးဖျောမလိုဆိုလို့ဆို၊ သခင်အားရှိ အရှင်ဖားငတိပီပီ ဖင်ယားကြည့်လို့ကြည့်၊ ငပိကိုင်မိတဲ့ မျောက်စောက်ခွက် နွားချေးပုံပေါ် မှောက်ရက်လဲတဲ့ ခွေးလျှာလို သေးပါရောမျိုထားပုံနဲ့ ကြုံရာလျှောက်အူ နုံချာသဘောက် ငနူ။
တကယ်တော့ ကျားဖြန့်က BRI ခါးဆန့်ဖို့လုပ်ထားတဲ့စင်္ကြံမှန်းလူတိုင်းသိ။
တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း China Metallurgical Group Corporation က တရုတ်အမှိုက် ငနှိုက်ကောင်ရဲ့ ရထိုက်အိမ်ရာစီမံကိန်းကို အကြိုက်စိမ်ကာ အပီရံသိမ်းခဲ့တာလေ။ အဲဒါကို မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က၂၀၁၈ ဇူလိုင်မှာ မြေ ၂၅ ဒသမ ၅ ဧကပေါ်မှာ ဒေါ်လာ ၂၅ သန်းတန် ဇိမ်ခံအိမ်ရာ အလုံး ၆၀ ပဲ ဆောက်ခွင့်ပြုခဲ့ပေမယ့် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေစခဲ့ပြီး ၂၀၁၉ မှာ အထပ်မြင့်အဆောက်အုံတွေ နတ်ပြည်ကဝိသကြုံနဲ့ လူ့ပြည်ကမအေးအေးဝင်း ပေါင်းစီစဉ်သလို အလျှိုလျှို ပေါ်ပေါက် မူလခွင့်ပြုချက်ထက် ပိုဆောက်ထားပြီးပြီမဟုတ်လား။ စကတည်းက ယဉ်သကို ထင်သလို လုပ်မယ်ဆိုတဲ့ တရုတ်အထာပေါ့။
၂၀၂၀ ဇွန်လမှာ NLD အစိုးရက ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၊ ရွှေကုက္ကိုက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေး ခေတ္တခဏ လုပ်ငန်းတွေကို ရပ်ဆိုင်းပေးသလို အဲဒီ ၂၀၂၀ မှာပဲ အမေရိကန်ကလည်း ဒါတွေက ငွေလိမ်လုပ်ငန်းလို့ပြောမှ သားသားနဲ့မပတ်သက်ဖူးလို့ တရုတ်က ထကြော်ညာတယ်။
ရထိုက်ကုမ္ပဏီအနေနဲ့ အိမ်ရာစီမံကိန်းအသေးစား ဆောက်လုပ်ခွင့်သာ မြန်မာအစိုးရဆီက လိုင်စင်ရပေမဲ့ SEZ စီမံကိန်းလို့ အမည်တတ်ပြီး BRI ရဲ့ စီမံကိန်းတခုလိုလို လုပ်ခဲ့တယ်။ တရုတ်အစိုးရပိုင် သတင်းဌာန China Radio International ကလဲ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့က ဒီ SEZ စီမံကိန်းဟာ BRI ရဲ့ အရေးကြီးတဲ့စီးပွားရေးစင်္ကြံမှာ တည်ရှိပြီး တရုတ်-မြန်မာ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ စံပြနမူနာကောင်းဖြစ်တယ်ဆိုပြီး လှော်ထားပြီးသားလေ။ တကယ်တော့ တရုတ်မြန်မာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းနေတဲ့ China Myanmar Economic Corridor (CMEC) အစီအစဉ်ထဲမှာတော့ ရွှေကုက္ကိုက မပါပါဘူးတဲ့လေ။
ခုတော့ အမေရိကန်ကလည်း စထရိုက်ဖို့ဖွဲ့ပြီး ရိုက်ဖို့လွှတ်ပြီ။ ဟော ခု အောက်လွှတ်တော်ကလည်း အော်ပြီ။
ဇော်မဲလုံး ပြောတဲ့ အမေရိကန်ရဲ့ နက်မဲတဲ့ အာဂျင်ဒါပေါ့။ အောက်လွှတ်တော်မှာ "No Exit Strategy: Burma's Endless Crisis and America's Limited Options" "ထွက်ပေါက်မဲ့ မဟာဗျူဟာ- မြန်မာ့အနန္တဒုက္ခနဲ့ အမေရိကရဲ့ လက်တံတိုများ" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာဟာ ခွေးတံဆိပ်နဲ့ ဖေးလ်စတိတ် ဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုတွေရဲ့ဗဟို ငတိုကြီး လုပ်နေပြီတဲ့။
လူဦးရေတဝက်က ခွက်ဆွဲနေရပြီး လူပေါင်း ၃ ဒသမ ၆ သန်းနီးပါးက ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရ၊ သန်းပေါင်းများစွာက အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ။ တရုတ်နဲ့ ရုရှားက လက်နက်နဲ့ ထောက်လှမ်းရေးနည်းပညာတွေ ခွေးတပ်ကို ပံ့ပိုးပြီး စစ်ရာဇဝတ်မှုတွေ ဝိုင်းကျူးလွန်နေကြ။ အမေရိကန်အနေနဲ့ စစ်ဘီလူးတွေရဲ့ အရူးဇာတ်ကို ပြတ်ပြတ်သားသား ပြောဆိုဖို့နဲ့ လုပ်ဆောင်ဖို့လဲ ကိုယ်ကျင့်ဆိုင်ရာ တာဝန်ဝတ္တရားရှိနေတယ်လို့ပြောပြီနော်။
မအလစစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ ကျားဖြန့်ကွန်ရက်တွေက အမေရိကန်တွေဆီက တနှစ်ကို ဒေါ်လာဘီလီယံပေါင်းအများကြီး ခိုးယူနေတယ်၊ အဲဒီငွေတွေဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များအတွက်သာမက စစ်အာဏာရှင်အဖွဲ့ရဲ့ အိတ်ကပ်ထဲထိ ဖြည့်ပေးနေတယ်၊ ကွန်ဂရက်လွှတ်တော်က အမေရိကန်နိုင်ငံသားတွေရဲ့ ကြိုးစားရှာဖွေထားတဲ့စုငွေတွေကို ကာကွယ်ဖို့ ချက်ချင်းဆောင်ရွက်ရမယ်တဲ့၊ ကြားလား ငမဲလုံး။ အာ့ကျကျလုပ်မနေနဲ့။
မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်ကျရောက်နေမှုရော၊ အရှေ့ တောင်အာရှမှာ မြန်မာရဲ့ မဟာဗျူဟာမြောက် အရေးပါမှုရော၊ လက်ရှိစစ်ပွဲကြောင့် သာမန်အမေရိကန်တွေအပေါ် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေအားလုံးရောဟာ အမေရိကန်ရဲ့ မူဝါဒကို သေသေချာချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြပြီ။ အာဆီယံဘုံသဘော တူညီချက် ၅ ချက်က အလုပ်မဖြစ်တော့ အမေရိကန်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်အတိုင်း မဟုတ်တော့ဘဲ ကိုယ့်ကိုယ်ပိုင်ပေါ်လစီနဲ့ သွားသင့်နေပြီလို့ ဆိုကြပြီ။
အကြမ်းဖက်စစ်တပ်က KK Park ကို ရှင်းလင်းနေတာကလည်း အယောင်ပြသာဖြစ်ပြီး သက်သေများကို ဖျောက်ဖျက်နေတာ၊ အဓိက ကျားဖြန့်တရုတ်တွေကို ခေါ်ထုတ်ပြီး အရေးမယူဘဲ ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နေတာ၊ အရင်နှစ်တွေက စစ်တပ်နဲ့ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အမြတ်အစွန်းရရှိသွားတာ၊ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တာတွေပါ အမေရိကန်အောက် လွှတ်တော်ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ နက်မဲသွားပြီနော်။
ကျားဖြန့် ရာဇဝတ်မှုတွေကို နှိမ်နှင်းမယ့် နိုင်ငံတကာနဲ့ ပူးပေါင်းသွားမယ်၊ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေကို အလွန်သတိထား အနီးကပ် စောင့်ကြည့်နေတယ်၊ အလွန်ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ကြီးမားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်တွေကို ဖြိုခွင်းဖျက်ဆီးဖို့အတွက် ထိခိုက်ခံစားနေရတဲ့ နိုင်ငံအားလုံး အပါအဝင်၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ ထိရောက်အောင်မြင်နိုင်မယ်၊ အရှေ့တောင်အာရှဒေသရှိ အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို နှိမ်နင်းရေးအတွက် မကြာသေးမီက နိုင်ငံတကာရဲ့ ဖွဲ့စည်းထူထောင်မှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ တစိတ်တပိုင်းအဖြစ် ပါဝင်သွားဖို့ ကတိပြုတယ်လို့ KNUကလဲ ထုတ်ပြန်လာတယ်နော်။ အဲဒါလဲ နက်မည်းတယ်။ အနီးကပ်ထိုးလို့ရတဲ့ ဓားဖြစ်တယ်။ မင်းတို့စစ်အုပ်စုတွေ KK Parkနဲ့ KNUကို ပေးစားတာလည်း သိပ်များနေပြီလေ။ ကရင့်ဂုဏ်သိက္ခာ ပြန်ဆယ်ရမယ့်အချိန်လည်း ရောက်ပလေ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar