ပလူတိုဂြိုဟ် အိမ်ပြောင်းလို့ ကမ္ဘာကြီးခေတ်ပြောင်းချိန် အနှစ် ၂၀ တဲ့လား

ပဲခူးဆားသာဂိ (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၅အနောက်နက္ခတ္တဗေဒင်အရ သူတို့အဟောက ပလိုတိုက အကွေးရီးယပ်စ် ကုမ်ရာသီအိမ်ထဲ ဝင်တဲ့ကာလလို့ ခေါ်ကြပါတယ်။ Pluto in Aquarius (2023–2044) ဆိုပါတယ်။ အခုတခု ဒါတွေကို နှစ်သစ်ကူးမှာ ပြောကြ ဟောကြတော့ သာဂိလည်း ရာသီစာ လိုက်ရေးမယ်လို့ ကြံပါတယ်။ ပလူတိုက ကုမ်ရာသီအိမ်ထဲဝင်ဖူးတာ လွန်ခဲ့တဲ့ နှစ် ၄၀၀ လောက်က တကြိမ်သာ ဖြစ်ဖူးပါတယ်။ t
he last time Pluto was in Aquarius during the late 1700s (American & French Revolution era).
ပလူတိုစဝင်တဲ့ အချိန်က ၂၀၂၃ - ၂၀၂၅ လို့ ဆိုကြတယ်။ အဲသည်မှာ ဘာတွေဖြစ်သလဲ။ စနစ်ဟောင်းတွေ စပြီး အက်ကြောင်းတွေ စထင်ပါတယ်။ အခြေခံအဆောက်အအုံတွေ စပြီး လှုပ်လာတယ်။ လူထုလှုပ်ရှားမှုတွေ ပေါ်လာတယ်။ ကမ္ဘာကြီးမှာ အစွန်းရောက်မှုတွေ ပိုဆိုးလာတယ်။ အေအိုင် ပေါ်ထွန်းတယ်။ ဥပဒေ စည်းမျဉ်းတွေ စိန်ခေါ် ခံရတယ်။ ခေါင်းဆောင်မှု ပြသနာ ဖြစ်တယ်။
ထင်ရှားတဲ့သာဓကတွေက ထရန့်ကြီး ဒုတိယသက်တမ်း အနိုင်ရတယ်။ အာဏာရှင်နိုင်ငံရေးက တဖက် အောက်ခြေလူတန်းစားတွေ\ အများဆိုင်ပါဝါကတဖက် လွန်ဆွဲကြတယ်။ လူပြိန်းကြိုက် နိုင်ငံရေးတွေ ခေတ်စားတယ်။ အဖွဲ့အစည်းတွေမှာ အကြပ်အတည်းတွေဖြစ်ကြ၊ စိန်ခေါ်ခံကြရတယ်။ လွှတ်တော်တွေ အစိုးရဌာနကြီးတွေ၊ တရားရုံးတော်တို့တွေ အကြပ်အတည်းတွေ ဖြစ်ကုန်ကြတယ်။ တိုက်ခိုက် ဖြိုချခံရတယ်။
ဒုတိယအဆင့်ကတော့ စနစ်တွေ ပြုပြင်ပြောင်းလဲရေးကာလ (၂၀၂၅ - ၂၀၃၂) လို့ ဆိုကြတယ်။ ပလူတိုက ကုမ်ရာသီအိမ်ထဲ ဝင်သွားပြီ။ သည်တော့ ဘာတွေ ဖြစ်မလဲ။ အစိုးရတွေ အသစ်ပုံစံ ဆီ တွန်းပို့ခံရမယ်။ အခြေခံအဆောက်အအုံတွေ ပြိုလဲတာတွေ အကုန်ပြန်စရတာတွေ ဖြစ်နိုင်တယ်။ ဒီဂျစ်တယ်တော်လှန်ရေး ဖြစ်မယ်။ အခုပြောနေတဲ့ - လူတွေကို စောင့်ကြည့်နေတဲ့ စနစ်တွေ၊ အေအိုင်တွေ၊ ခရစ်တိုငွေကြေးနဲ့ ဗဟိုမရှိတဲ့ နက်ဝပ်တွေ ပြန့်ကား ခေတ်စားလာကြမယ်။ လူမှုဘ၀တွေက ပြန်လည် ဟန်ချက်အသစ် ဆောက်တည်ကြမယ်။ သဘောကတော့ နိုင်ငံရေးသဘောထားအသစ်၊ အတွေးအမြင် စဉ်းစားပုံအသစ်တွေ ထွက်ပေါ်လာမယ်။ အကုန်လုံးကတော့ အစွန်းရောက်လာကြမှာပဲ။ လူထုအုံကြွမှုတွေလည်း ပိုပြီး ရှိလာကြမှာပဲ။ မူလက ကြေးရေတတ်တွေ အထက်တန်းလွှာတွေ လက်ထဲက အာဏာချုပ်ကိုင်ထားမှုတွေက ကွန်ယက်တွေနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေဆီကို ရောက်သွားမယ် လို့ ဆိုကြတယ်။
Collective power confronts centralized authority. - ဖြန့်ကျက်ထားတဲ့ ပါဝါတွေက ဆုတ်ကိုင်ထားတဲ့ အာဏာရှင်တွေကို စိန်ခေါ်ကြခြင်း။
သည်တော့ ဘယ်လိုစစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်လာကြမလဲ။ သတင်းအချက်အလက် (အတုနဲ့အစစ်) တိုက်ပွဲတွေ။ လွတ်လပ်ရေးနဲ့ ချုပ်ကိုင်ရေး တိုက်ပွဲ။ အမျိုးသားရေးနဲ့ ဂလိုဘယ်ရေး ကွန်ယက်များ အားပြိုင်ခြင်း။ နည်းပညာကိုဘယ်လို ချုပ်ကိုင်ထိန်းကြောင်းမလဲ အငြင်းပွားမှုတွေ ဖြစ်လာကြမယ်။
အခု ထရန့်ကာလ ၂၀၂၄-၂၀၂၅ သက်တမ်းနဲ့လည်း တိုက်ဆိုင်နေတယ်။ ပလူတို၏ အမှတ်အသား သူပုန်ထခြင်း၊ ပြုပြင်ပြောင်းလဲခြင်းကာလ ဘက်ကို အားသာနေတယ်။ မသေချာခြင်း မရေရာခြင်းတွေ ပြည့်နေတဲ့ ကာလလို့ ဆိုရမယ် ဖြစ်ပါတယ်။
ပြန်လည်တည်ဆောက်ခြင်းနဲ့ ခေတ်သစ်ဆန်းချိန် ကတော့ - ၂၀၃၂-၂၀၄၄ လ်ို့ သတ်မှတ်ကြတယ်။ Reconstruction & New Order (2032–2044)
ဘာတွေ ဖြစ်လာမလဲ။ နိုင်ငံရေးစနစ်အသစ်တခု ပေါ်ပေါက်လာမည်။ နိုင်ငံတကာမှာ မဟာမိတ်အသစ်တွေ ထွက်လာမည်။ နည်းပညာအပေါ် သဘောထားတွေ ငြိမ်သက်လာမည်၊ အသားကျလာမည်။ ဖြန့်ကျက်ထားတဲ့ အုပ်စုတွေ၊ ဘုံသဘောတူညီမှုနဲ့ စုထားတဲ့ သမဂ္ဂတွေ၊ လူမှုအဆောက်အအုံအသစ်တွေက ပါဝါ အာဏာကို သတ်မှတ်ဖွင့်ဆိုလာကြမည်။ အငြင်းပွားဖွယ်ရာ စမ်းသပ်မှုတွေ လေ့ကျင့်မှုတွေက ပင်မရေစီးဖြစ်လာမည်။ ဒါကို လူတွေက နှာခေါင်းမရှုံ့ကြတော့ဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူမှုရေးပြန်လည်သင့်မြတ်မှု ကုသမှု ကာလကြီး စတင်လာမည်။
ကမ္ဘာအသစ်၏ ဟန်ချက်အသစ် - အမြစ်စတွယ်မည်။ A new world paradigm takes root.
၂၀၄၄ မှာ ပလူတိုက မိန်ရာသီခွင်ထဲ ကူးမှာ ဖြစ်ပါတယ်။ By 2044, Pluto moves into Pisces → a shift from “technology + revolution” toward “spirituality + idealism.” ဘယ်လိုခေတ်မျိုးထဲကို ဝင်သွားမှာလဲ။ မိမိကိုယ်ကိုယ် ရှာဖွေခြင်းနဲ့ ပြီးပြည့်စုံမှုကို တွေးခေါ်ခြင်းဆိုတဲ့ ဆီကို သွားကြမယ် ဆိုတော့ - ဉာဏ်အလင်းပွင့်ဖို့ လူတွေက အားသန်လာကြမယ်ပေါ့။ တရား အားထုတ်ကြတဲ့ ကာလပေါ့။
အရင်အတိတ်ကာလ - ပလိုတိုက ကုမ်ရာသီထဲ ဝင်ထိုင်တုမ်းက ၁၇၇၇-၁၇၉၈ ဖြစ်ပါတယ်။ တော်လှန်ရေးတွေ အကြီးအကျယ် ဖြစ်တဲ့ ကာလလည်း ဖြစ်ပါတယ်။
တော်လှန်ရေး
၁၇၇၀-၁၇၉၀ မှာ အမေရိကန်တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးတွေ ဖြစ်ကြတယ်။
၂၀၂၃ -၂၀၄၄ မှာလည်း အဟောင်းနဲ့ အသစ်တို့ တိုက်ပွဲတွေ စတင် ဖြစ်ပွားလာနေတယ်။ လူများစုနဲ့ လူနည်းစု တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။
အသစ်က ပြန်စ
၁၇၇၇ - ၁၇၉၈ မှာ အမေရိကန်အခြေခံဥပဒေသစ် ပေါ်ထွက်လာတယ်။ လူ့အခွင့်အရေးကြေငြာစာတမ်း ထွက်ပေါ်တယ်။ နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီစနစ်ဆိုတာ စတင်တယ်။
၂၀၂၃ - ၂၀၄၄ မှာ အစိုးရပုံစံသစ်တွေ လာမလား။ ဥပဒေပြုမှု အုပ်ချုပ်မှု အသစ်တွေ ပေါ်ထွန်းမလား။ နိုင်ငံရေးမဟာမိတ်အသစ်တွေ ပေါ်လာမလား။ အေအိုင်တို့ ။ ကိုယ်စားပြုဒီမိုကရေစီကနေ တိုက်ရိုက်လူတိုင်းကျင့်သုံးတဲ့ ဒီမိုကရေစီ ဖြစ်လာမလား။ ဒီဂျစ်တယ်ဒီမိုကရေစီ ဆိုတာမျိုး အသစ်ရေးလာကြမလား။
တီထွင်ဆန်းသစ်မှုတွေ
အငြင်းပွားဖွယ်ရာ အသစ်အဆန်းများနဲ့ လူထုအုံကြွမှုတွေက ဘာတွေ ဖြစ်ခဲ့သလဲ။
၁၇၇၇-၁၇၉၈ မှာ လူတိုင်း လက်နက်ကိုင်ပြီး တိုက်ကြတယ်။ တော်လှန်ရေးအဖွဲ့တွေ ပေါ်လာတယ်။ ပြင်သစ်မှာ လူထုအုံကြွမှုကြီး ဖြစ်တယ်။ အတွေးအခေါ်အသစ်တွေကို လူတွေက လက်ရေးစာစောင်တွေနဲ့ ဖြန့်ချိကြတယ်။
၂၀၂၃-၂၀၄၄ မှာ ဆိုရှယ်မီဒီယာ ခေတ်ဆန်းချိန်၊ အွန်လိုင်းမှာ ဗဟိုချုပ်ကိုင်မှု မရှိတော့ဘူး။ လက်ဝဲ လက်ယာ အစွန်း၂ဘက်စလုံးက လူပြိန်းကြိုက်တွေ ထကြွတဲ့ အချိန်။ ဒီဂျစ်တယ်ဝါဒဖြန့်ချိရေး သတင်းအချက်အလက် တိုက်ပွဲတွေ။
ခေတ်နဲ့ လူမှုအဖွဲ့အစည်းမှာ အပြောင်းအလဲတွေက ဘာတွေ ဖြစ်လာသလဲ။
၁၇၀၀ နှစ်ကုန်ပိုင်းမှာ - စက်မှုတော်လှန်ရေး၊ စက်များနဲ့ အလိုအလျောက် အော်တိုလုပ်ကိုင်ခြင်းတွေ စတင်လာခြင်း။ ပုံနှိပ်စက်များကနေ သတင်းအချက်အလက်များ ပိုမိုမြန်ဆန်စွာ စီးဆင်းနိုင်ခြင်း။
၂၀၂၃- ၂၀၄၄ မှာ ဘာတွေ ဖြစ်နေသလဲ။ ဘိုလိုပဲ ရေးပြလိုက်တော့မယ်။
• AI revolution (အေအိုင်တော်လှန်ရေး)
• Automation 2.0 (အလိုအလျောက်လုပ်ကိုင်ခြင်း ဗားရှင်းတူး)
• Quantum computing (အလွန့်အလွန်ုမြန်ဆန်တဲ့ တွက်ချက်မှုစနစ်ဆန်း)
• Digital currencies (ဒီဂျစ်တယ်ငွေကြေးစနစ်)
• Biometrics & surveillance systems (မျက်ကြည်လွှာ၊ လက်ဗွေ၊ လူ့ဘိုင်အိုကို ဖတ်ပြီး စောင့်ကြည့်ခြင်း)
နောက်ဆုံးအချက် - အစွန်းရောက်ခြင်း၊ ဝါဒရေးရာ ပဋိပက္ခများ ဖြစ်ပွားခြင်း
၁၇၇၀ - ၁၇၉၀ ကာလများမှာ - သစ္စာခံတွေနဲ့ တော်လှန်ရေးသမားများ တိုက်ပွဲ။ လူထုဒီမိုကရေစိနဲ့ လူတစုဒီမိုကရေစီ တိုက်ပွဲ။ ပဒေသရာဇ် နဲ့ နိုင်ငံရေးပါတီသစ်များ ။ ဖိနှိပ်မှု သံသရာကနေ သွေးသစ်လောင်းပြီး အဟောင်းများ ဖြုတ်ထုတ်ရှင်းကြခြင်း။
၂၀၂၃ - ၂၀၄၄ ကာလများမှာ - ဝါဒစွဲကြီးမားပြီး ကွဲကုန်ကြခြင်း။ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေး ဆိုင်ရာ တိုက်ပွဲများ။ နိုင်ငံရေးအုပ်စုဖွဲ့ပြီး ရိုင်းစိုင်းခြင်း အနိုင်ကျင့်ခြင်း။ လူစွဲ အုပ်စုစွဲဖြင့် နိုင်ငံရေးလုပ်ကိုင်လာခြင်း။
အနှစ်ချုပ်ကတော့ စနစ်ဟောင်း တွေက သည်ခွင်ထဲမှာ ဇိဝိန်ချုပ်ကြတာပဲ။ ဘ၀အသစ် စနစ်အသစ်တွေ ပြန်စကြမှ ရမယ်လို့ ဆိုကြတယ်။ တော်လှန်ရေးကာလလို ကြမ်းမယ် ရမ်းမယ်။ ကိုယ်က ညှာနေရင် ဟိုဘက်ကတော့ ကိုယ့်ကို ညှာမှာ မဟုတ်ဘူး။

ဥပမာ - ထရန့်၏ လုပ်ဆောင်ချက်များ ပြောဆိုနေချက်များကို ကြည့်။ ပူတင့်ကို ကြည့်။ တရုတ်ကို ကြည့်။ မင်းအောင်လှိုင်ကို ကြည့်။ အစ္စရေးဝန်ကြီးချုပ်ကို ကြည့်။ အိုဘားမား၊ ဘိုင်ဒင်၊ ကလင်တန်၊ ဟဲရစ်နဲ့ အောင်ဆန်းစုကြည်တို့က ယဉ်ကျေးကြတော့ တဖက်က စော်ကား အနိုင်ကျင့်တာပဲ ခံရတယ်။ လေးစားစွာ ဆက်ဆံခံရဖို့ မလွယ်ဘူး မလား။
အခု နွေဦးတော်လှန်ရေးမှာ အသစ်တက်လာတဲ့ အသက် ၃၀၊ ၄၀ အောက်က တော်လှန်ရေးခေါင်းဆောင်တွေကြည့်ပါ။ မာမာ နဲ့ ကြမ်းကြမ်းဘွင်းဘွင်း ရှင်းရှင်းတွေချည်းပဲ မလား။ အပျော့ဆွဲတွေ လုပ်ပြမနေဘူး ဟုတ်။ ဗမာပြည်၏ အရင်တုန်းက brand တွေကို ရင်မခုန်ကြတော့ဘူး။ မဆလတို့၊ ၈၈ တို့၊ အင်အယ်ဒီတို့၊ အီးအေအိုတို့ ၊ ဗကပတို့၊ အေဘီတို့၊ စီအာပိအိတ်၊ အင်ယူစီစီ၊ အင်ယူဂျီ၊ နအဖ၊ မအလ၊ စကစ၊ စကမ၊ ကြံ့ဖွတ်တို့ ၊ ဟိုလိုလို တို့ ဒီလိုလိုတို့တွေကို လူတွေက ရင်မခုန်တော့ဘူး မို့လား (ဟဲဟဲ)။
နယူးယောက်က မူဆလင်မြို့တော်ဝန် မန်ဒါနီက မာမာပဲ မဟုတ်လား။ သူလုပ်စရာရှိတာ သူလုပ်ပြနေတာပဲ။ အများကြိုက်အောင် ကိုကို မောင်မောင်တွေ လုပ်မပြတော့ အခု သူ့ကို လူတွေက ခံ့ငြားတာ သက်သေလို့ ဆိုချင်ပါတယ်။
စနစ်ဟောင်းဘက်တော်သားဖြစ်တဲ့ ထရန့်က သူကိုယ်တိုင်က စနစ်ဟောင်းကြီးတခုလုံးကို ဖြိုချ ဖျက်ဆီးပစ်နေတာ ဖြစ်တယ်။ အဟောင်းထဲက အကောင်းတွေလည်းပါ အဆိုးတွေလည်း ပါ။ သူလုပ်ပြလိုက်တော့ လူများစုကလည်း ဘယ်ဟာက တန်ဖိုးရှိတယ်။ ဘယ်ဟာက တန်ဖိုးမရှိဘူးလည်းဆိုတာ ဘ၀နဲ့ စည်းစိမ်နဲ့ ရင်းပြီး သိကုန်ကြတယ်။ အလုပ်တွေ ပြုတ်၊ စီးပွားရေးပျက်၊ အမောင်းထုတ်ခံရ၊ ထောင်ကျ၊ ဘ၀တွေ ကမောက်ကမဖြစ်၊ လူတိုင်းခံစားနေရတာ အကုန်လုံး အမြင်ပဲ ဖြစ်ပါတယ်။ သည်တော့ အသိမှန် အမြင်မှန်ရရင် မြန်မြန် ခေတ်ပြောင်းတော်လှန်ရေးထဲ လိုက်ပါ ဆင်နွှဲဖို့က အားလုံးအရေး ဖြစ်လာတယ်။ ကြားနေပြီး အချောင်လိုက်နေကြမယ်ဆိုရင် တော်လှန်ရေးလှိုင်းလုံးတွေက ကိုယ့်ကို တိုက်စားသွားမှာကိုး။ ကိုယ်က တိုက်ပွဲကို တိုက်ပြီး ရင်ဆိုင်ဖို့ သတ္တိမွေး အားမွေး စိတ်ဓာတ်မွေးမှ ရမှာကိုး။ ထရန့်ကို ပါပါး ပါပါး ခေါ်ပြီး နောက်က လိုက် (မ) နေလဲ သူကတော့ တွန်းတိုက်သွားမှာပဲ။ ကိုယ့်အလှည့်ရောက် အစားခံရမယ့် ကာလကြီးဆိုတာ သိဖို့ ကောင်းပါတယ်။ မင်းအောင်လှိုင်တို့ကိုလည်း အပြုတ်တိုက်မှ မြန်မာပြည်ကို အကောင်းအတိုင်း ပြန်ရမယ်ဆိုတာ မြန်မာပြည်သားတွေ ရှင်းရှင်းကြီး တရားပေါက်နေဖို့ လိုပါတယ်။
သည်လိုကာလမှာ ကိုယ့်ဖက်က အမှီလိုက်ရမှာက နည်းပညာအသစ်အဆန်းများဖြစ်တဲ့ အေအိုင်တို့၊ ဒီဂျစ်တယ်လူမှုစနစ်တို့၊ ကွန်ယက် စုဖွဲ့မှုတွေနဲ့ သင့်မြတ်အောင် နေထိုင်မှုတွေ ဖြစ်မယ် ထင်ပါ့တယ်။ အာဏာရှင်ကိုလည်း မကြိုက်ဘူး၊ အသစ်ပေါ်တဲ့ အဆန်းတီထွင်မှုတွေလည်း မကြိုဆိုချင်ဘူးဆိုရင် အဲသည်လူတွေက ကြမ္မာကို ရိုးမယ့်ဖွဲ့ပြီး ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘ၀ ကိုယ်အရှင်သခင် စိတ်မထူထောင်နိုင်တဲ့ သူတွေအဖြစ် အရိုးထုတ်ကြရုံပဲပေါ့။
သည်လို နက္ခတ္တဗေဒတွေက ထင်ရာ မြင်ရာ ဂြိုဟ်တွေ ရာသီခွင်တွေ ကြည့်ပြီး ရှေ့ဖြစ် နောက်ဖြစ် ဘေးဖြစ်တွေ ဟောနေချိန်မှာ ဘယ်လိုမျိုး အတိုချုပ်ပြီး ခေတ်ကို ဟောကြမလဲ။
ထရန့်တို့အုပ်စုဆိုတာကတော့ - ဗဟိုအုပ်ချုပ်မှုအာဏာ၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ လူပြိန်းကြိုက်များအတွက် ဖြစ်ပါတယ်။
လက်ရှိ ပလူတိုက ကုမ်ရာသီထဲ ထိုင်နေတဲ့ ကာလအဟောကတော့ - အများစုဝေးပြီး အုံကြွခြင်း။ နည်းပညာတော်လှန်ရေးနဲ့ စနစ်များ အသစ်ပြောင်းလဲခြင်း ဖြစ်ပါတယ်။
၂၀၂၆ ကို ကြိုဆိုတဲ့ ဗေဒင်အဟော လေးပေါ့ဗျာ။ နတ်လူ သာဓု ခေါ်ချင်မှ ခေါ်ပါလေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar