ဆက်ဝေမိုး - ပုဒ်မချလို့မရတဲ့ အဝေးဆီ
ဆက်ဝေမိုး - ပုဒ်မချလို့မရတဲ့ အဝေးဆီ
မိုးမခ ၊ ဇန်နဝါရီ ၁ ၊ ၂၀၂၆
မုန်းတီးမှု ကင်းစင်တဲ့ အထီးကျန်ခြင်းက
အနားသတ်မပါတဲ့ စကြာဝဠာ
ဆင်ခြင်တုံတရားတွေအားလုံး လွှင့်ပစ်လိုက်တယ်
အဆုံးစွန်အထိ ဆိုပါစို့
အစက်ကလေး တစက်တောင် အရာထင်မနေတဲ့
အဲဒီကင်းဗတ်စပေါ်မှာ
အပိုင်းအစဆန်မှုက ပိန်းပိတ်အောင်မှောင်လို့
မင်း နောက်ကျခဲ့တာလား
ဒါမှမဟုတ်
ငါ စောနေခဲ့တာလား
မဆုံသောလမ်းမှာ တယောက်တည်း။ ။
ဆက်ဝေမိုး
၃၁၁၂၂၀၂၅
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar