Breaking News

နိုင်မွန်အောင်သွင် - ပိုးစုန်းကြူး

Art- Than Htay Maung
 
ပိုးစုန်းကြူး
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၆


ငါတို့လောင်ကျွမ်းမှုကို
ငါတို့ပဲ သိရဲ့။

နှစ်သစ်ကူးမီးရှူးမီးပန်းတွေလိုတော့
အသံမမြည်နိုင်ဘူး။
တောက်လည်း မတောက်ပနိုင်ဘူး။

မင်းတို့ကတော့
ကလေးငယ်တွေလို
ရယ်ကြ မောကြ
သဘောတွေကျကြ။

တချို့ဘဝတွေ
ခမ်းနား၊
တချို့ဘဝတွေ
ဆန်းပြား။

ငါတို့ကတော့
အိမ်ငယ်လေးထဲက
ဖယောင်းတိုင်လေးပမာ။
တိတ်ဆိတ်သော ဆုတောင်းစကားပမာ။

ကမ္ဘာကြီးရဲ့
သန့်ရှင်းသော အလင်းစက်လေး​တွေပမာ။

၂၇.၁၂.၂၀၂၅