အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆၀ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆၀ )
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆
ညအမှောင်အောက်က အဆိပ်သင့် အရောင်များ
ဗုံးဆန်တွေက ပန်းချီကားပေါ် တည့်တည့်ကျတယ်။
အာဏာရူးတဲ့ လက်တွေက သွေးနီရောင်ကို အတင်းလောင်းထည့်လို့
ငါတို့မြေပုံဟာ နီရဲတဲ့ အပုပ်နံ့တွေ ထွက်လာခဲ့ပြီ။
တော်လှန်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ယုံကြည်မှုကို ဓားစာခံလုပ်ပြီး ကျောခိုင်းသွားတဲ့ အရောင်တွေ
လူထုပေးတဲ့ သံမဏိဓားနဲ့ လူထု နောက်ကျောကို ပြန်စိုက်ကြတယ်။
သစ္စာတရားဟာ ဈေးကွက်ထဲက ကုန်စည်လို အလဲအလှယ်လုပ်ခံရပြီး
အရောင်စုံတဲ့ ညီညွတ်မှုဟာ နေရာလုပွဲမှာ အပိုင်းပိုင်းပြတ်လို့။
တစ်ရောင်ချင်းစီရဲ့ အတ္တတွေက ပန်းချီကားကို ဖျက်ဆီးခဲ့ကြတာ။
တောက်ပတဲ့အရောင်တွေက မှိန်ပြပြအရောင်တွေကို ဝါးမျိုတယ်။
ဘယ်အရောင်မှ မသန့်စင်တော့တဲ့ ဒီပွက်လောရိုက်မှုထဲမှာ
ငါတို့ရဲ့ အနာဂတ်ဟာ အရောင်ပျက်သွားတဲ့ စက္ကူစုတ်တစ်ခုလို။
စုတ်ချက်တိုင်းမှာ ငိုသံတွေ ပါနေတယ်။
ရွေးချယ်စရာမရှိတဲ့ ဒီဆေးစက်တွေကြားမှာ
ငါတို့ဟာ စိတ်တ္တဇညတွေကိုပဲ ရင်ဘတ်နဲ့ဖိပြီး အိပ်စက်နေရတယ်။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar