Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထမ်းပိုးတင်လို့ ကြိုးစင်သို့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထမ်းပိုးတင်လို့ ကြိုးစင်သို့

မိုးမခ ၊ မတ် ၇ ၊ ၂၀၂၆


သရေကြိုးက ရဲဝင်းဦးကို ကြည်းချုပ်ရာထူး ပေးလိုက်တယ်။ တပ်ထဲက ပြောတာကတော့ သူ့ထက် တိရစ္ဆာန်ပုံပေါက်တဲ့ကောင် ရှာထားတာတဲ့။ အရင်ကောင်တွေက ဖွတ်၊ သူ့ကျ ခွေးဆိုတော့ ဗားရှင်းမြှင့်တဲ့အနေနဲ့ ခွေးတူဝက်တူ ရှာထားတာဆိုပဲ။ တချက်ခုတ် သုံးချက်ပြတ်ဆိုသလို စိုးဝင်းကို ထိုးသွင်းဖို့ဆိုပြီး အောက်တန်းစားတကောင်ကို ရှာရင်းပေါ့လေ။ ဒီကောင်က OTS။ တပ်မတော်ကို အောက်တန်းစားပဲ အုပ်ချုပ်ရမယ်ပေါ့။ ဒေါ်စိန်အေးသားတွေ ခေတ်ကုန်ပြီပေါ့လေ။

ရဲဝင်းဦးကလည်း အောက်တန်းစားပီပီ အဖားကြမ်းတယ်။ သူကိုယ်တိုင် သူ့သားကို စစ်တပ်ထဲ ထည့်ပေးထားတာသာ ကြည့်။ တကယ်က ဘယ် သူများနည်းတူ တိုက်စရာလိုမလဲ။ အဲဒီကောင်ကတော့ ဖင်ကြား ဂျက်အင်ဂျင်တပ်ပေးလိုက်သလို ရာထူးက တက်တော့မှာ။ နေဝင်း၊ သန်းရွှေနဲ့ မင်းအောင်လှိုင်တို့မှာ သားကို စစ်တပ်ထဲ မထည့်ရဲတော့ ဒီကောင်က ဖင်ခေါင်းတထွာလောက်နဲ့ ဝက်ပုတ်နဲ့ဟွန်ဆန် စိတ်ကူးမျိုးတောင် ကြိုယဉ်နေပြီ။ အဲအဲ ယဉ်မလို့ရှိသေး၊ ကြင်စိုးက ဖျင်ရိုးလိုက်တယ်၊ မြှောက်ပြီးမှ ရိုက်ချတာ။ သူကျ ကာချုပ် ၁၅ နှစ်လုပ်ပြီး နောက်ကောင်ကျ ၅ နှစ်ပဲတဲ့။ နေသန်းလှိုင် စစ်မင်းသုံးဆက်ကို လာမတုနဲ့ဆိုတဲ့ သဘော။ အင်း ခုတိုင်းဆို မင်းအောင်လှိုင်ကို ကြိုးစင်ပို့မယ့်ကောင်ကတော့ ICJ လည်း မဟုတ်ဘူး၊ NUG လည်း မဟုတ်ဘူး။ ရဲဝင်းဦးပဲ။ ဆရာ့တွေထက်မှ လက်ဇောင်းမထက်ရင် ပြောချင်တိုင်းပြော။ တပ်ရော တိုင်းပြည်ရောဖျက်ပြီး ဖုတ်ဖက်ခါ ထသွားမယ့်အပြင် သူ့အနာဂတ်ကိုပါ ကြက်ခြေခတ်သွားမယ့် မအလစောက်ကြောကိုတော့ ဒီကောင်က လျှော့ကိုလျှော့မှာ။ ရဲဝင်းဦးက နေဝင်း သန်းရွှေ မအလ သုံးယောက်ပေါင်း ထောင်းသိပ်ထားတဲ့ရုပ်ဆိုတော့ လုပ်မှာ သေချာတယ်။ ပြီးတော့လည်း တပ်ထဲမှ တိုးတိုးတိုးတိုး ပြောပုံအရဆို သူက နှစ်ဖက်ချိန်တဲ့။ အက်တစ်ရော ပက်ဆစ်ရောဆိုပဲ။ သူကမှ မလုပ်ရဲတာမရှိတာ၊ လုပ်မှာတဲ့။ မအလက သူ့တက်လမ်းကိုပိတ်ပြီး သေတွင်းထဲ ထည့်ထားခဲ့တာ ဘယ်ခံမလဲ။ အိပ်မက်ကလေး မက်မလို့ရှိသေး၊ ဆောင့်ကန်နှိုးခံရတာ။ ကြည်းချုပ် ခန့်ပြီးတာနဲ့ ငါးနှစ်ဆို လစ်တော့ ဥစုတ် တန်းထုတ်မှတော့ အုပ်ပြီသာ မှတ်ပေတော့။ မအလက သူ့ကိုယ်သူ ဆရာကြီး ထင်နေတာ၊ တပ်မှာက ဖအေ့ထက် သားနှစ်ဆစ်ကြီးတွေချည်းပဲ။ ခုခြေနေက ဒီဇာတ်မှာ တပ်ကလည်း အရပ်ကယ်ပါ လုပ်မရ၊ မအလနဲ့ ခင်ရီတို့တသိုက်ကလည်း တပ်ကို ချေးပုံစောင့်တဲ့ခွေးလောက် သဘောထားတာ။ တပ်နဲ့ ပြည်သူ ချစ်ကြည်ဖြူမှကိုရမှာ။ ချစ်ကြည်ဖြူဖို့ကလည်း မီးဆက်တိုက်နေလို့မရ။ စစ်ဆက်တိုက်နေလို့ မရ။ ဒီကောင်ကြီးတွေကို ကုပ်ကဆွဲပြီး ပုဒ်မတွဲပေးမှရမှာ။ တပ်ကိုယ်တိုင်က ဒီဗိုလ်စုပ်ကြီးတွေ ဗိုလ်ပြုတ်ကြီးတွေကို အရေးယူပြမှရမှာ။ မဟုတ်ရင် တတိတိနဲ့ တပ်လုံးပြုတ်မှာ။ တအိအိနဲ့ ပြိုကျမှာ။ ပရုပ်လုံးပါး ပါးလှပြီလေ။

အေး ကိုယ့်ဘက်လည်း ဒီကာလ အရေးယူပြရမယ့်ဟာတွေ မယူပြလို့ CDM ပါ ပြန်အလုပ်ခံရတဲ့အခြေအနေ ဆိုက်လာ၊ သမ္မတကြီး ဒူးဝါးလရှီးလကတောင် ပြည်သူ မပါရင် နာမယ် ပြောနေရပြီ။ ရဲမေ မုဒိမ်းကျင့်ခံရတာတောင် သူ့တပ်ရင်းမှူးနဲ့ တတပ်လုံးက မိန်းကလေးက အလိုတူအလိုပါ သယောင်ယောင် မညှာမတာ ဗြောင်ပြောတာ။ ကျင့်ခံရသူက ကိုယ့်တပ်က၊ ကလေးအမေ၊ ကိုယ့်ရဲဘော်မယား။ ကျင့်သူကလည်း ကိုယ့်တပ်က။ ကျင့်ပုံက ကလေးဘေးထား ခြိမ်းခြောက်ပြီး မအေကိုကျင့်တာ။ ကျင့်တဲ့နေရာက ပလဖ၊ စစ်တပ်အခေါ် ရဲ။ လွင်ကိုလတ်အောက်က အချုပ်ထဲမှာ။ ကျင့်ပြီး ဓားနဲ့ပေါင်ပေါ်မှာ တပ်ရင်းနာမည်ရော တပ်ရင်းမှူးနာမည်ပါ စာရေးခဲ့တယ်။ အချုပ်က မုဒိမ်းကျင့်ခံပြန်လာရတဲ့ ကိုယ့်ရဲမေကို အဲဒီတပ်ရင်းမှူးကပဲ သတ်ပစ်ဦးမယ် ပြောပြီး ဝိုင်းဝန်းဒဏ်ပေး နှိပ်စက်နေကြသေးတယ်။ အဲဒီလောက် ယုတ်တဲ့အကောင်တွေက တော်လှန်ရေးတပ်ဦးမှာ၊ အောင်ဦးမှာ ဒီတော်လှန်ရေးက။ အဲဒါကို အသံထုတ်မပေးရဲ၊ မဝန်းရံရဲ၊ မရပ်တည်ရဲနဲ့ ဘယ်လိုတော်လှန်ရေးလဲ ဆိုရမလို။ အရေးကလည်း ယူမလိုလို၊ ယူဖို့ လုပ်နေသလိုလို၊ တကယ် ယူတာကိုလည်း ဘယ်တမှုမှ မတွေ့ရ။ ပသုံးလုံးက ကျူးလွန်တဲ့ ကိုယ့်တပ်ရင်းတွေက ကျူးလွန်တဲ့ ဘယ်အမှုမဆို အဲလိုချည်း။ မမဆောင်းက မမ ခေါ်ရမယ့် မမနုကြည်။ ဒါက ဗိုလ်နဂါးကို ရာဇဝတ်မှုတွေကျူးလွန်ထားလို့ အရေးယူဖို့ဆိုပြီး တပ်ထောင်တာ ဗိုလ်ထုနဲ့ ဝိုင်းသမတဲ့ ယင်းမာပင်တနယ်ထဲမှာ ဖြစ်ပျက်နေတာတွေနော်။ မူးယစ်ဆေးပြားမှုလည်း အသံတိတ်ခေတ်ရောက်။ ဗိုလ်နဂါးအကြောင်းပြု တရားလက်လွတ် ဖမ်းဆီးတာတွေလည်း ပွထလို့။ စစ်တပ်လိုပဲ စစ်ကြောရေးနဲ့။ လူတွေ တော်လှန်ရေးကို စိတ်လျော့အောင်၊ လျော့နေသူတွေ ကျောခိုင်းအောင်လုပ်သလို ဖြစ်နေတာတွေ ထိန်းကျောင်းပြုပြင်နိုင်ရင်ကို တိုက်ပွဲဆင်သလောက် အကျိုးများပါလိမ့်မယ်။ မရတ်ကျော်သူပြောထားတဲ့ အမှုဗရပွနဲ့ ဗိုလ်လက်ျာကလည်း စွဲထားတဲ့ ဘာတမှုမှ မဖြေရှင်းနိုင်ဘဲ မကွေးတိုင်း အစိုးရဝန်ကြီး ဖြစ်နေသလိုလို။ မကြည်ပြာလည်း သူ့ဘာသာ ဖုတ်ဖက်ခါ ထွက်သွားတာ။ ကင်ဆာနောက်ဆုံးအဆင့်ဆိုလို့ ဆက်မပြောကြတာ။

စကားမစပ် FBI က သောင်ရင်းမြစ်ဘေး ရောက်နေပြီဆို။ စကမ်စင်တာတွေ အကုန်လုံး ဗုံးကြဲဖျက်ဖို့ကလည်း မခက်ပါဘူး။ စောက်လုံးကန်းတို့ရဲ့ ခြောက်လုံးတန်းနဲ့ စစ်ဌာနချုပ်ကို အုပ်ဖို့ကလည်း ငပိဖုတ်သလောက် မကြာပါဘူးလေ။ ခုတိုင်းဆို ကြံ့ဖွတ်တောင် အစိုးရဖွဲ့ဖို့ မရေရာတော့ပါဘူး။ စစ်အုပ်စုကတော့ ကျားဖြန့်တွေ ဖမ်းပြလိုက်၊ တရုတ်ခိုင်းတဲ့ ကျားဖြန့်ဗိုလ်ချုပ်တွေ ဖြုတ်ပေးလိုက်နဲ့ ကျားအရေးကို ဓားသွေးပြနေတာ။ ဆေးပြားတွေလည်း ခွေးမစားဘူးဆိုပြီး ကလေးကစားသလို ဖမ်းပြလိုက်၊ ဟိုလွှဲချလိုက် ဒီလွှဲချလိုက်၊ ဟိုလူ့စွပ်စွဲလိုက် ဒီလူ့စွပ်စွဲလိုက် လုပ်နေတာ။ တရုတ်လည်း ဆီပူလောင်နေတော့ မြန်မာ့အရေး စိတ်မအေးသလိုလို အေးသလိုလိုဖြစ်။ စစ်တပ်ဘက်ချည်း ဆက်ပင်းဖို့ ခက်လာ။ မအလလည်း ဘာရာထူးတွေ ထွင်ထွင် (ထ)ထမ်းပိုးတင်လို့ ကြိုးစင်သို့ချည်းပါပဲ။

  

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar