Breaking News

ဖလော်ဒါဟန် - သူမ လွတ်မြောက်ပါစေ

ဖလော်ဒါဟန် - သူမ လွတ်မြောက်ပါစေ

မိုးမခ ၊ မတ် ၈ ၊ ၂၀၂၆

မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည်။

သူမကို ကျွန်မ ဂုဏ်ပြုချင်သည်။

တစုံတရာအတွက် ကျွန်မ အခုရက်ပိုင်း စိတ်ထဲမှာ မတင်မကျ ဖြစ်နေမိသည်။

၂၀၂၁ ခုနှစ် ကာလများဆီကို ကျွန်မ ငေးမောနေမိသည်။

သံတိုင်နောက်ကွယ်မှ အသိမိတ်ဆွေတစ်ယောက်ကို ပြန်ဆုံချင်မိသည်။

ထိုရက်က မထင်မှတ်တဲ့သတင်းကြောင့် ကျွန်မ ရှိုက်ကြီးတငင် ငိုခဲ့ရဖူးသည်။

ထောင်ဝင်စာတွေ့  စီ တွေကို တတ်နိုင်သည့်ဘက်မှ ကူညီပေးခဲ့သူ သူမသည် သံတိုင်များရဲ့နောက်ကွယ်ကို ရောက်ရှိခဲ့ရသည်။

ကျွန်မ ပြန်တွေးတိုင်း မျက်ရည်ကျရသည်။

အခုလွတ်ငြိမ်းခွင့်မှာ သူမ ပါလာပြီလား ကျွန်မ သိချင်လာမိသည်။

အမည်နာမလေးတစ်လုံးနဲ့ မိတ်ဆွေဖြစ်ခဲ့ရသူ သူမကို ကျွန်မ ဘယ်မှာရှာရမလဲ။

သူမကို ကျွန်မ ဂုဏ်ပြုမှတ်တမ်းလေးတစ်ခု ပေးချင်သည်။

ကျွန်မတို့ကို အားဖြည့်ပေးခဲ့တဲ့ ခွန်အားတွေကို ပြန်လည်ပေးချင်လာသည်။

သူမ လွတ်မြောက်လာပြီလား။

ကျွန်မအတွက် အမည်နာမလေးတစ်လုံးသာ သိခွင့်ရခဲ့ပေမဲ့ အိမ်ထောင်စုများစွာရဲ့ အစားအသောက်တွေကို သူမ ပို့ပေးခဲ့သည်။

သူမ လွတ်မြောက်ပါစေ။

ကျွန်မ လွတ်လပ်စွာ ပြန်ဆက်သွယ်ခွင့်ရချိန် သူမကို ကျွန်မ တွေ့အောင် ရှာမည်။

ကျွန်မတို့ရဲ့ တစ်လခရီးမှာ အခုလို လူမသိသူမသိ သူမ ပျောက်ကွယ်မသွားစေချင်ပါ။

သူမတို့အတွက် ကာလတစ်ခုသည် တန်ဖိုးရှိရှိ ကျန်ရစ်ခဲ့စေချင်သည်။

သူမ လွတ်မြောက်ပါစေ။

သတိရလျက်ပါ။


ဖလော်ဒါဟန်

၃.၂.၂၀၂၆

15:23pm



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar