နွေလယ်နေ - နှစ်ထပ်အံဆွဲ
နှစ်ထပ်အံဆွဲ
နွေလယ်နေ
(မိုးမခ) မတ် ၈၊ ၂၀၂၆
ကျနော့်ခေါင်းက နည်းနည်းကြီးတယ်
ဦးနှောက်အခန်းလည်း နည်းနည်းများတယ်၊
ဒါတောင်မှ နေရာမလပ်
အမြဲတမ်းပဲရှုပ်ယှက်ခတ်လို့ … …
( တစ်ခုနဲ့တစ်ခုပွတ်တိုက်သံတွေ
ခေါင်းထဲမှာ တကျွီကျွီညံလျက် )
ကျနော့်ရင်ဘတ် နည်းနည်းကားတယ်
ရင်ခေါင်းလည်း နည်းနည်းကျယ်ရဲ့၊
ဒါတောင်မှ နေရာမလပ်
အမြဲတမ်းပဲပြည့်ကျပ်ညပ်လို့ … …
( အဆုတ်နဲ့နှလုံးဟာ မလူးသာမလွန့်သာ
အသက်ရှူရတာ မဝချင်ဘူး )
ကျနော့်ခေါင်းထဲမှာ ဘာတွေလဲ … ?
ကျနော့်ရင်ထဲမှာ ဘာတွေလဲ … ?
သိမ်းရင်း ဆည်းရင်း
သိုရင်း ဝှက်ရင်း
စွန့်မပစ်ရက်ခြင်းတွေ ပြည့်လျှံရတဲ့
အံဆွဲနှစ်ခုမျှပါပဲ ။ ။
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
