ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟာဝင် ဝက်ခေါင်းထိုးစစ်ဆင်ရေး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟာဝင် ဝက်ခေါင်းထိုးစစ်ဆင်ရေး
မိုးမခ ၊ မတ် ၅ ၊ ၂၀၂၆
ဘာလိုလိုနဲ့ အမေရိကန်ရဲ့ ရန်သူဆိုလို့ ကျားဖြန့်ရာဇာ လနာဇောတိကတွေပဲ ကျန်တော့တာ။ ဇောတိကဆိုလို့ သူကြွယ်ကြီး ထင်မနေနဲ့၊ ဖွတ်တွေကို ပြောတာ။ လဒထွဋ်ခေါင် ဖွတ်မင်းနောင်ကတော့ သိတဲ့အတိုင်း မအလ၊ ဒေါက်ဖိနပ် ကြောက်တတ်တဲ့ ပလ္လင်သူခိုး ငကြင်စိုး။ သမ်းမကြီးပဲ တုတ်ရမလိုလို၊ ငလှိုင်ဖင်ခံပဲ လုပ်ရမလိုလို၊ ဖာစုပ်ဆိုတဲ့ ကာချုပ်ပဲ ဆက်အုပ်ရမယောင်ယောင် ဖြစ်နေတဲ့ကောင်ပေါ့။ သူ့နောက်က ဖွတ်တို့ခေါင်သီး ငကြောင်ကြီး ခင်ရီ။ ဗင်နီဇွဲလားနဲ့ အီရန်ငရဲသားတစ်အုပ်ပြီးတော့ မြန်မာ့ကျားဖြန့်တစ်သိုက် အလှည့်။ "ဒို့လူလေးများ ဆိုသလေ" ဆိုတာလို ကျားဖြန့်ဆိုတော့ ဖထီးတို့လည်း ရှေ့ကပေါ့။ ကျားဖြန့်တင်မက ပြားဖြန့်ပါ လုပ်ကြတာလေ။ ပြားဖြန့်ဆိုတာ ဆေးပြားထုတ်လုပ်ဖြန့်ချိတာကို ပြောတာ။ အမေရိကန်ကို တိုက်ရိုက်တိုက်ခိုက်နေတဲ့ မဟာ့မဟာ ရန်သူတော်ကြီးတွေပေါ့။
ထရန့်ပိုက်ပိုက် အချောင်နှိုက်တို့ရေ စဉ်းစားသာကြည့်၊ ထရန့်က သူ့ပိုက်ဆံထိလို့ကတော့ ဇိကို ဖနောင့်နဲ့ နင်းရုံတင်မက ဖျင်ပါဗျင်းဦးမှာ။ ခါမေနီအိမ်ရာလို နေပြည်တော်ပါ အမှုန့်ချေမခံရရင်တော့ ကျန်တဲ့ကောင် ကံကောင်းသေးတယ်မှတ်။ ခါမေနီတို့ မိသားစုလို မအလတို့ သားသမီး မြေးမြစ်တစ်စု ကွန်ကရစ်အပျက်အစီးတွေကြား မြင်ယောင်သေး။ အလိုတူအလိုပါ ဗိုလ်ချုပ်တွေကတော့ တစ်ယောက်မှ ကျန်မယ်မဟုတ်၊ ထရန့်ကလုပ်ရင်တော့ မျိုးဖြုတ်တဲ့အထိပဲလေ။ အမှုန်အစနဲ့ သုညပဲ ကြွင်းမှာ။ အင်း... ဖထီးတို့ ဘယ်ပြေးကြမယ်မသိ၊ ငရုပ်သီးတောင် စိုက်စားလို့ ရမယ်မထင်၊ နောင်ဘဝအဆက်ဆက်အတွက် မှန်းပြီး ရေစက်ချရဖို့လည်း မမြင်။ ဒေါ်လာအစစ်ကို ကျားဖြန့်ရုံတင်မက ဒေါ်လာအတုပါ ရိုက်စားထားတဲ့ ငတတွေဆိုတော့ တစ်စမကျန်ကို ရှင်းမှာ။
တရုတ် လည်ပင်းညှစ်ဖို့ တရုတ်လက်ပါးစေလေးတွေ ရဖို့ကလည်း လိုတယ်မဟုတ်လား။ ကျားဖြန့်တွေဆိုတာ တကယ်တော့ တရုတ်ရဲ့ အိမ်မွေးခွေးလေးတွေပဲလေ။ ဒါ့အထဲက စိုးဝင်းက ဖင်ယားပြီး မြန်မာ့ရေပိုင်နက်ကို တရုတ်သွားထိုးအပ်ထားတော့ အင်း... မြန်မြန်ဆန်ဆန် ကိစ္စဖြတ်မှာပေါ့။ အစ်ကိုထွန်း ကြောက်တာနဲ့ တရုတ်ကို ဘော်ဒါကြေး သွားပေးတာလေ။ အမယ်... ဒီကောင်က မြစ်ဆုံပါ အဆစ်ထည့်လိုက်သေးတာ။ တကယ်တော့ သူတို့ပိုင်တာ တစ်ခုမှမပါ။ မသာလက်ဖက်နဲ့ လက်ဆောင်တက်တာ တရုတ်က သိတာပေါ့။ စကားပြောခြင်းပြော ပိုင်ရှင်အစစ်နဲ့ပဲ စကားပြောတော့မှာပေါ့။ သေချာပေါက် အရှင်းခံရမယ့်အဖွဲ့နဲ့ စကားပြောမလား၊ ပြည်သူ့ကိုယ်စားပြုအစိုးရတွေနဲ့ စကားပြောမလား။ ရှင်းပါတယ်၊ ဂေါ်ဇီလာမ ဘီကီနီဝတ်ထားသလိုကို ရှင်းတာပါ။
အမေရိကန်ကလည်း တရုတ်ဩဇာခံတွေနဲ့ အလုပ်မလုပ်ပါဘူး။ ဆိုတော့ မအလရဲ့ မရဏကိန်း၊ တပ်မတော်ရဲ့ ဂိမ်းအိုဗာချိန်က ညနေအိုရဲ့ ကျနေလို မြန်မြန်ကြီး စုန်းစုန်းမြုပ်၊ ဂလုံးဂလုံးလှုပ် ပျောက်ကွယ်တော့မယ့်ကောင်တွေနဲ့ ဘာဆက်လုပ်စရာရှိမလဲ။ ကျောက်စရစ်တောင် မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍မရသကဲ့သို့ အုပ်စုနဲ့ လုပ်စရာ ဘာမှမရှိ။ တရုတ်က အဆီစား၊ အသားမျို၊ အရိုးအမှုန့်ထောင်းပြီး မြေဩဇာလောင်းထားပြီးပြီလေ။
ခုဆို ကမ္ဘာမှာ အီရန်တွေ ဘယ်လောက်ပျော်နေကြသတုန်း။ ဒါမျိုးတွေကို များများဖန်တီးဖို့က ထရန့်ရဲ့ အိပ်မက်။ သူက ကမ္ဘာ့အဖိနှိပ်ခံတွေရဲ့ ကယ်တင်ရှင် မဟာခေါင်းဆောင်ကြီး လုပ်ချင်တာ။ သူက ဝါဒတစ်ခုနဲ့ ထူထောင်တာထက် အာဏာစက်နဲ့ ထူထောင်ချင်သူ၊ ထူထောင်နိုင်သူ။ သူရထားတဲ့ အချိန်အတွင်းမှာက ဝါဒထက် အာဏာက အလုပ်ဖြစ်မှာမဟုတ်လား။ အမေရိကန်နဲ့အတူ ဂရိတ်ဖြစ်ချင်သူ၊ ဂရိတ်အမေရိကန်ကိုပါ လုပ်တဲ့သူဖြစ်ချင်တာ။ အာဏာရှင်အသေးအလတ်တွေကို ဖယ်ရှားလို့ အဖိနှိပ်ခံတွေ ပျော်အားနဲ့ ကမ္ဘာ့ထောက်ခံမှုကြီး ရယူပြီးရင် အာဏာရှင်အကြီးစားတွေကိုပါ နှဲ့မယ်၊ လှုပ်မယ်၊ အုံကြီးကြွလာအောင် ဖန်တီးမယ်။ အုံကြွလာရင် အုပ်ချုပ်ရေး ချိန်းသွားအောင် လုပ်မယ်။ အဲဒီအကြီးကြီးတွေပါ သူ့ဩဇာခံ ပါတနာဖြစ်လာမယ်။ စီးပွားရေး စိတ်ကြိုက်ကစားနိုင်တဲ့ မဟာ့မဟာ အင်အားကြီးနိုင်ငံတော်ကြီး ပြန်ဖြစ်လာမယ်ဆိုတာ သူ့ရဲ့ တကယ့်အိပ်မက်။
ခု အဲဒီအိပ်မက်အတွက် Operation Epic Fury ဆိုတဲ့ "မဟာဝင် ဝက်ခေါင်းထိုးစစ်ဆင်ရေး" ကြီး စပြီလေ။ တရုတ်ရဲ့ ချက်ကြိုးတွေ၊ သွေးကြောတွေ လိုက်ဖြတ်ပြီ။ စစ်အုပ်စုရဲ့ လေယာဉ်ဆီ၊ ငွေစက္ကူ၊ ယမ်း၊ ပင်မထောက်တိုင် ရေနံပိုင်ဦးရှင်ကြီးတွေတော့ ဘီလူးဝင်ဖျင်ချခံရပြီ။ ဖွတ်ခွေးတစ်သိုက် ပြာယာခပ်ပြီး ပြည်တွင်းနိုင်ငံရေးထွက်ပေါက် အသဲအသန် ရှာရပြီ။ ကျားဖြန့်ပြားဖြန့်တွေကို သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း မောင်းခတ်ရပြီ။ ဂျိုးကူသံပေးပြီ။ ဒါပေမယ့် သူခိုးအူသံမှန်း သိလို့မို့ ချိုးကူသံဟာ နားဝင်မချိုတော့။
လူလတ်ပိုင်း စစ်ဗိုလ်တွေကလည်း တပ်မတော်နဲ့ သူတို့မိသားစုတွေရဲ့ အနာဂတ်ရှင်သန်မှုနဲ့ လူဆက်လုပ်ရေးအတွက် ဖွတ်ခွေးတွေနဲ့ လမ်းခွဲကြတော့မယ်။ သူခိုး ဓားပြ အစိုးရအတုကို ဘုကြတော့မယ်။ ဘောင်းဘီကျွတ်၊ ဘောင်းဘီဝတ် သက်ကြားအိုတွေက နိုင်ငံရေးချောင်ပိတ်ပြီး သူတို့မိသားစုတွေ ထွက်ပေါက်ပျောက်အောင် လုပ်ထားတာကို ချိုးဖျက်ကြတော့မယ်။ ခင်ရီတို့ ဖင်သီဖို့၊ မင်းအောင်လှိုင် သားမယားတွေ ဖင်ယားဖို့၊ အူကြောင်ကြောင်တွေ လူယောင်ဆောင်ဖို့၊ ခွေးမျိုးဆက်ကို ချိုးဖျက်ဖို့၊ ခွေးတံဆိပ်ဓာတ်ပြားနဲ့ သွေးမတိတ်တပ်သား သံသရာဇာတ်ကို ရပ်ဖို့ လုပ်ကြတော့မယ်။
ထရန့်က သူ့ပိုစ့်မှာ "Khamenei and his gang of bloodthirsty" တဲ့နော်။ မအလနဲ့ စစ်အုပ်စုကိုလည်း ဘယ်သူမှ တပ်မတော်လို့ သတ်မှတ်တာမဟုတ်ဘူး။ စစ်ရာဇဝတ်ဂိုဏ်း၊ ကိုယ့်ပြည်သူကို သတ်ဖြတ်နေတဲ့ ဘီလူး၊ တိုင်းပြည်ရဲ့ သယံဇာတရင်းမြစ်တွေကို ကိုယ်ကျိုးသုံး ဖျက်ဆီးနေတဲ့ သွေးစုပ်ဖုတ်ကောင်၊ အသက်ခုနစ်ဆယ်ကျော် အဖွားတွေပါ မုဒိမ်းကျင့်နေတဲ့ သုက်ကြောင်၊ ကလေးငယ်လေးတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ ခွေးရူး၊ ရပ်ရွာတွေ မီးတိုက်ပြာချနေတဲ့ ဈာပနကောင်လို့ပဲ လူတိုင်းက သတ်မှတ်ထားတာ။ ခွေးမပါ။ ခွေးခွေးချင်းကတော့ အမြီးနှန့်ပြကြတယ်။ အဲသလို bloodthirsty တွေဆို အပြတ်တားဆီးမယ် ပြောတာ။ အပြတ်တားဆီးတယ်ဆိုတာ အပြတ်ရှင်းပစ်တာကို ပြောတာမဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar