ဝင်းမင်းခိုင် - မသိခြင်းဝင်္ကဘာ
မသိခြင်းဝင်္ကဘာ
ဝင်းမင်းခိုင်
(မိုးမခ) မတ် ၆၊ ၂၀၂၆
ဒါဘယ်လိုကုထုံးလဲငါနားမလည်ဘူး
ဗမာပြည်ကလူမမာကို
အမေရိကန်ကသမားတော်က
ဇွန်း(Zoom)ခေါ်ပြီးကိုယ်တိုင်ခွဲစိတ်တဲ့ကုထုံး
လန်ဒန်မှာအပင်စိုက်ပြီး
ရန်ကုန်မှာသီးပွင့်စေတဲ့နည်းပညာ
အော်စလိုမှာအနွေးထည်ဝတ်ပြီး
ပူတာအိုကလူတွေကို
အအေးဒဏ်ကကာကွယ်ပေးမယ့်စေတနာ
ဩဇီမှာစားပြီး
မန္တလေးကဆာလောင်မှုကိုဖြည့်ဆည်းမယ့်
လူသားချင်းစာနာမှုအကူညီ
မြစ်ကြီးနားကကုန်တွဲတွေကို
မော်လမြိုင်မှာရပ်ထားတဲ့ခေါင်းတွဲက
ရပ်ထားရင်းဆွဲခေါ်မယ့်သယ်ယူပို့ဆောင်ရေး
ဒါဘယ်လိုအတွေးခေါ်လဲငါမသိဘူး
မြေပြင်မှာရှိတဲ့ပြဿနာတိုင်းကို
မြေပြင်မှာမရှိတဲ့လူသားတွေက
စွန့်လွှတ်မှုအနန္တနဲ့
အဝေးကဦးဆောင်ဖြေရှင်းပေးနေတဲ့
ထူးဆန်းအံ့ဩဖွယ်ပုံရိပ်များ
၂၇.၂.၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
