Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သရေကြိုး ဆွဲတင်းပူး



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သရေကြိုး ဆွဲတင်းပူး

မိုးမခ ၊ ဧပြီ ၁၃ ၊ ၂၀၂၆


"မရဏ" ဆို ကြောက်ကြတယ်။ သေကိန်းကိုး၊ ဘယ်မကြောက်ဘဲ ရှိမလဲ။ ဒါပေမဲ့လို့ စစ်တပ်အုပ်ချုပ်တာ ကြာလာတော့ မရဏက ယဉ်ပါးလာတယ်။ ကလေးမရဏလား၊ လူငယ်မရဏလား၊ လူရွယ်မရဏလား၊ ဘုန်းဘုန်းမရဏလား၊ ဦးဇင်းမရဏလား၊ ကိုရင်မရဏလား၊ ဆရာလေးမရဏလား၊ ရဲဘော်မရဏလား၊ တပ်မတော်မရဏလား၊ တပ်သားမရဏလား၊ တပ်ကြပ်ကြီးမရဏလား၊ ဗိုလ်လေးမရဏလား၊ ဗိုလ်ကြီးမရဏလား၊ ဗိုလ်မှူးမရဏလား၊ တပ်ရင်းမှူးမရဏလား၊ တပ်မမှူးမရဏလား၊ ဒလန်မရဏလား၊ အုပ်ကြီးမရဏလား၊ ဗုံးမရဏလား၊ မိုင်းမရဏလား၊ ကျည်မရဏလား၊ ဓားမရဏလား။ ဘာမရဏ လိုချင်လဲ။ သေတာလည်းမဆန်း၊ သတ်တာလည်းမဆန်း။ မရဏဟာ ကမ္မဋ္ဌာန်းမဟုတ်တော့တဲ့အထိ။ ဒီကာလက သံဝေဂတွေ အဆံကြွေကျတဲ့ မရဏအကာလ။ မြင်မြင်သမျှ သင်္ခါရ၊ ခန္ဓာအနိစ္စကို မထိတ်ကြ မလန့်ကြတော့။ ဖဝါးမကြွ အသားကျနေပြီ။

"မရဏ" ထက် ကြောက်စရာပေါ်လာတယ်။ "မအလ" တဲ့။ "မအလကိန်း" ဆိုက်မှာကျ "မရဏကိန်း" ဆိုက်မှာထက် ကြောက်ကြတယ်။ သေမှာထက်များ ဘာကြောက်စရာရှိသေးလဲဗျဆိုတော့ ဘူဂါလီစောက်တောသား နှစ်ထပ်ကွမ်းကို တွေ့တဲ့ပုံမျိုးနဲ့ ကြည့်ပြီး "သေသော်မှတည့် ဪကောင်း၏" ဆိုတာ ကြားဖူးတယ် မဟုတ်လားတဲ့။ "သေရတာက မြတ်တယ်" ဆိုတဲ့ဟာလေ။ မအလကိန်းဆိုက်တာထက်စာရင် မရဏကိန်းက ‌အများကြီးတော်တာပေါ့။ မရဏက သေရုံသက်သက်ပဲ။ ချေးကားတိုက်သေမလား၊ ရသေးတယ်။ သေရင်ပြီးပြီ။ ဘာမှမသိတော့ဘူး။ မအလကိန်းဆိုက်တာကြီးတော့ ဘယ်လိုမှ မခံနိုင်ဘူးလေဗျာ။ အရှင်လတ်လတ်ကြီးလေဗျာ။ စဉ်းစားကြည့်လေဗျာ။ "မအလ" ဆိုတာနဲ့ ဘာသွားမြင်လဲ၊ ဘာသွားကြားလဲဆိုတာ။ တွေ့တွေ့သမျှက "မအလ" ခေါ်တာကြီးကျ မဟုတ်သေးဘူးလေဗျာ။ မျက်မြင်သမျှက "မအလ" ဆိုပြီး ကြည့်တာကြီးကျ မဟုတ်သေးဘူးလေဗျာ။ အမေက အချောင်ထိ။ တစ်ရက်တစ်ရက် အကြိမ်ရေတောင် ဘယ်လိုတွက်ရမယ်မသိ။ အမေတင်လားဆိုတော့လည်း အဖေက ကြောင်တောင်ကန်းမှ မဟုတ်တာ။ "မအလ" ဆိုသံကြီး အဖေကြားတယ်ဆို အဖေလည်း အံကြိတ်။ အိုဗျာ၊ ဘာကြီးလဲဗျာ။ "မအလ" ဆိုတာနဲ့ ရှိသမျှဘာညာ အကုန်သွားပြီဗျာ။ မီးလောင်တာကမှ ပြာကျန်သေး။ ဒါက ဘာမှကို မကျန်တာ။ ညီအစ်ကိုမောင်နှမတွေလည်း အားနာရ။ ဦးကြီးဦးလေးတွေလည်း အားနာရ။ အဒေါ်တွေ၊ အဘိုးအဘွားတွေလည်း အားနာရ၊ "မအလ" ဆိုတာနဲ့ နေစရာမရှိတဲ့အဖြစ်။

အရပ်ထဲမှာလည်း စစ်မှုမထမ်းချင်လို့ မရ၊ မအေလိုးဘေး။ တပ်ထဲမှာလည်း ရှေ့တန်းမထွက်ချင်လို့မရ၊ မအေလိုးဘေး။ မုဆိုးမ မဖြစ်ချင်လို့မရ၊ မအေလိုးဘေး။ သားပျောက်မိခင် မဖြစ်ချင်လို့မရ၊ မအေလိုးဘေး။ ကိုယ့်အိမ်ကို မနေရ၊ မအေလိုးဘေး။ သားစဉ်မြေးဆက် ရှာထားသမျှကုန်၊ မအေလိုးဘေး။ အရပ်ထဲရော တပ်ထဲရော မအေလိုးသမ္မတတဲ့။ အလွန်အင်မတန် ခမ်းနားကြီးမြတ်တဲ့ သမ္မတရာထူးတောင် ခြေသုတ်ဖတ်ဖြစ်သွားတာ။ သမ္မတအဖြစ် လွှတ်တော်ထဲဝင် စကားပြောတော့ မအေလိုးမိန့်ခွန်းတဲ့။ အင်းလေ... ခွေးကျိုးကလေးလို ထော့နဲ့ထော့နဲ့လျှောက်လာ၊ မဲနဲ့မှထိုင်ရတဲ့ခုံကြီးပေါ် ထိုင်ဖူးတယ်ရှိအောင် တက်ထိုင်။ မပီကလာ ပီကလာ၊ သတ်ပုံမမှန်၊ အသံမမှန်၊ ခွေးအ လှည်းနင်းခံရတဲ့အသံနဲ့ ပြောသလေ။ ပြောတော့လည်း အကြိမ်ကြိမ်ပြောတဲ့စကားလုံးတောင် ပြောင်းပြန်ပြောတာ။ တကယ့်အမှန်တရားကို ဖုံးဖိရတာလည်း အတော်ခက်ပုံရပါတယ်။ လူထဲမှာ တကယ်မရှိတဲ့ စောက်ရှက်ကွဲတာ။ "မဲသမာမှု" တဲ့။ 'မ' တစ်လုံး ပျောက်နေတာ။ မဝံ့မရဲ ထော့နဲ့ထော့နဲ့လာပြီး မျိုထားတဲ့အလုံးကြီး ကြောက်လန့်ပြုတ်ကျလာတာလေ။ "မဲသမာမှု"။ အမှန်တရားက သူ့အချိန်ကျတော့ လူရှေ့သူ့ရှေ့ ထွက်ပေါ်လာတာ။ နတ်ကောင်းတွေက လည်ပင်းညှစ်ပြီး ဝင်ထိန်းလိုက်ပုံပဲ။ သတင်းလွှင့်တဲ့ကောင်သာဆို ပြုတ်ပြီ။ ဇော်မဲလုံးကတော့ ဝါးလုံးကွဲ ရယ်နေရော့မယ်။ အင်း... ခြာစိ။ အရပ်ထဲ တပ်ထဲ ဇာတ်ထဲမှာ ရှေ့နောက်မညီ အဆီအငေါ်မတည့် အရွဲ့အစောင်း မကောင်းပြောပြီဆို မအေလိုးစကားတဲ့။ မဟုတ်တာအကုန်လုပ်၊ ဟုတ်တာတွေချည်း ပြောပြီဆိုလည်း မအေလိုးစကားပဲ။ လုပ်ကြံလီဆယ် အတည်ပေါက် ဖွပြီဆိုလည်း မအေလိုးအပြောတဲ့။ ဟော... အခု မအေလိုးကတိ၊ မအေလိုးသစ္စာ၊ မအေလိုးကျမ်းကျိန်တဲ့။ ဝန်ကြီးစာရင်း ထွက်လာတော့လည်း သူခိုးဂျပိုး မအေလိုးအစိုးရတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလုံးနေနေ မအေလိုးဘေးသင့်။ ခဏနေ ငြိမ်းချမ်းရေးလည်း မအေလိုးငြိမ်းချမ်းရေး ဖြစ်မှာ။ သရေကြိုးတင်းအောင်ကိုင်၊ သရေကြိုးကိုးကွင်းတို့လို အခုလည်း လာပြန်ပြီ နောက်တစ်ကောင်၊ ဘာတဲ့... သရေကြိုး ဆွဲတင်းပူးဆိုပဲ။ ဒုတစ်ကောင်ကျ သရေကြိုး အော်ကာတင်းတဲ့။ ဒီနာမည်တွေပေးတာကလည်း သူ့တပ်ထဲကကောင်တွေပဲလေ၊ တခြားသူ ဟုတ်ရိုးလား။ ဒီကောင်က မအေလိုးဘေး ဆက်ခံရတာ။ သူလည်း မအေလိုးဘေးဒဏ်ခံ၊ သူများတွေကိုလည်း မအေလိုးဘေးဒဏ် ဖန်တီးပေးရမှာ။ သူကတော့ မအေလိုးနန်းပိုင်ပေါ့လေ။ မအေလိုးဘုရင်၊ မအေလိုးကာချုပ်။

အေး... အဲဒီမအေလိုးကာချုပ်ကို မအေလိုးသမ္မတက မအေလိုး ရာထူးအပြည့်မပေးဘဲ မအေလိုးကာလုံက တစ်ဆင့် ဆက်ကိုင်မှာ။ အဲဒီတော့ နောက်မအေလိုးက ထောက်လှမ်းရေးက လာတဲ့ကောင်လေ။ အရင်မအေလိုးရဲ့ ပြစ်ချက်မှန်သမျှ သူ့လက်ထဲမှာဆိုတော့ တစ်မွေးစီနုတ်မှာ မြင်ယောင်သေး။ တစ်စစီဖြုတ်ဖို့က စတော့မှာ။ မအေလိုးကြီးရဲ့ အသိုင်းအဝန်း၊ ဒေါက်တိုင်၊ ခုတုံး၊ ဝါရှာ အကုန်ပြာတော့မှာ။ ဒီကောင်က အခုကို တပ်မိသားစု၊ တပ်နွယ်အားလုံးရဲ့ သားသမီးတွေအတွက် အခြေခံပညာကျောင်း သီးသန့်လုပ်ပြီး အဲဒီကလာတဲ့ဟာမှန်သမျှ စစ်တက္ကသိုလ်တွေပို့ပြီး စစ်မင်းဆက်မွေးဖို့ စပြီ။ သာမန်လူတွေကိုတော့ စစ်မှုထမ်းဥပဒေနဲ့ တပ်သားအဖြစ်ပဲ ဆွဲတော့မှာ။ စစ်မှုထမ်းဥပဒေကို အရာရှိနဲ့ တပ်သား လိုင်းခွဲဖို့ ကြံနေပြီ။ အခုတောင် စစ်မှုထမ်းဆွဲလာတဲ့သူတွေကို နဖူးမှာ တပ်နံပါတ်ထိုးပြီး စစ်ကျွန်လုပ်ပြီလေ။

မအေလိုးဘေးကတော့ အမျိုးမျိုးပဲ။ ကိုယ့်တော်လှန်ရေးဘက်တော်သားချင်း၊ တော်လှန်တိုက်ပွဲဝင်နေသူချင်း ရှင်းလင်းဖို့၊ နှိပ်ကွပ်ဖို့၊ စွပ်စွဲဖို့၊ နောက်ကျည်ထောက်ဖို့ လုပ်တာတွေရော ပါတာပေါ့။ ဖန်ရေ့ဇာချင်းအတူတူ လွင့်ထွက်သွားအောင်၊ ပျောက်ကွယ်သွားအောင် အုပ်စုဖွဲ့ယုတ်မာကြတာတွေရောပဲလေ။ တကယ်က လမ်းဘေး ပလုံကောက်ကနေ ယာယီသမ္မတအထိ စိတ်ထားတူညီ ဝိုင်းလုပ်မှရမယ့် တော်လှန်ရေး။ အရင်းအမြစ်က အကန့်အသတ်ဖြစ်နေပါတယ်ဆို အချိန်ကာလက မှန်းလို့ရတာမဟုတ်ရတဲ့ကြားထဲ အမြင်တစ်ထွာတစ်မိုက်နဲ့ လွတ်ရာကျွတ်ရာကနေ ဖင်ခေါင်းက အသားလွတ်ကျယ်ကြတာ။ ကိုဗစ်၊ ကိုစစ် ခြောက်နှစ်မှာ လူထုက ပွဲငတ်နေပြီ။ ညည်းစီနေပြီ။ အနိဋ္ဌာရုံတွေကို မမြင်ချင်‌ယောင်ဆောင်ချင်ပြီ။ ဇာတ်ပွဲတွေ၊ ရှိုးပွဲတွေသာကြည့်၊ သဲသဲလှုပ် အုတ်ကျက်ညံ ကြက်ပျံမကျ လှည်းနေလှေအောင်း မြင်းဇောင်းထဲထိ ယွချင်နေပြီ။ ကိုယ့်ဘက်မှာလည်း ရန်ပုံငွေပွဲတွေရှိလို့ စိတ်အဆင်ပြေနေတာလေ။ ရိုးရာပွဲတွေနဲ့မို့ ခံနိုင်ရည်ရနေတာလေ။ ဖင်ခေါင်းကကျဉ်းရမယ်လေ။ မျက်ပေါက်ပဲ ကျယ်ရမှာ မဟုတ်လား။ အချင်းချင်း ပြန်တိုက်နေလို့ကတော့ ထားခဲ့ကြတော့မှာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar