သီအိုဇော် - စကားပြောသော ထိုဓာတ်ပုံ
သီအိုဇော် - စကားပြောသော ထိုဓာတ်ပုံ
မိုးမခ ၊ မေ ၈ ၊ ၂၀၂၆
ချစ်သူတွေအတွက်ကျ
ဖျတ်ခနဲအမြင်မှာ
ဆတ်ခနဲ နာကျင်ခဲ့ရလည်း
မျှော်လင့်ရင်းအားတက်
ယုံကြည်ချက် ပိုမြဲသွားရတဲ့ပုံ။
ယုတ်ညစ်သူတွေအတွက်တော့
ဖျတ်ခနဲ မြင်ရုံနဲ့
တလှပ်လှပ် တုန်လှုပ်
အငုံ့စိတ်တွေ ပေါက်ဖွား
အကြောက်တရားများစွာနဲ့
မနာလို ချောက်ချားသွားကြရတဲ့ပုံ။
သီလမပျက် ဓမ္မဘက်က အမေ
ဒီအသက် ၈၁ အရွယ်အထိ
ပြည်သူများနဲ့ တသားတည်းရှိ
အားလျှော့ခြင်း စိုးစဉ်းမျှမရှိကြောင်း
ဝိုးတဝါးပုံရိပ်နဲ့
ပြတ်သားစွာ ခွန်အားပေးလိုက်တဲ့ပုံ။
ရင်ထဲက လာတဲ့
ပြည်သူတွေ ဆုတောင်းမေတ္တာနဲ့
ပိန်းကြာရွက်ပေါ် ရေမတင်သလို
သောကကင်းစင် ဘေးရန်ပြိုလွင့်
မတရားသဖြင့် ချုပ်နှောင်ခြင်းမှ
အမြန်ဆုံး လွတ်မြောက်ရပါစေ
နိုင်ငံတော်၏ မိခင်အမေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar