Breaking News

မင်းငြိမ်းအေး - မီးပြတိုက်

Art- Than Htay Maung
 
 မီးပြတိုက်
မင်းငြိမ်းအေး 
(မိုးမခ) မေ ၈၊၂၀၂၆


ရင်ခေါင်းကဆန်တက်လာတဲ့သလိပ်စလို
ကိုယ့်အသက်ကိုထွေးထုတ်ချင်တာပေါ့
အရေပြားအောက်က
အရေပြားကိုဆွဲလှန်မဲ့အရိုးတွေ
သူတို့ကြိုးစားမှုကို
မှတ်သားရတာ
နာတော့လည်းရယ်မိတယ်
ရေတလျောက်ဟာ
ရေကိုလျောဆင်းရုံတင်မဟုတ်ဘူး
ရေလည်းခေါ်တတ်ရမယ်
တွင်းတိမ်တိမ်နဲ့
ဘဝနက်ခဲ့တဲ့သူရဲကောင်းတို့သည်
အလေးပြုခံစင်မြင့်ရဲ့ဘဝင်စိတ်ကို
ရေနက်နက်တူးပြီးမှ
စင်ကြယ်စွာမီးပြခဲ့ ။
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar