ဖလော်ဒါဟန် - မထသ မှ မအလ သို့ ပြောင်းလဲလာသည့် မြန်မာ့ဈေးကွက်
ဖလော်ဒါဟန် - မထသ မှ မအလ သို့ ပြောင်းလဲလာသည့် မြန်မာ့ဈေးကွက်
မိုးမခ ၊ ဇူလိုင် ၁ ၊ ၂၀၂၆
ဘာသာရေးကလည်း ဘာသာရေးစာ တလိုင်း၊ ဇာတ်ကလည်း ဇာတ် တလိုင်း၊ ဘောလုံးကလည်း ဘောလုံး တလိုင်း၊ Online သမားများကလည်း Online တလိုင်း၊ မအလတို့အဖွဲ့ကလည်း အရူး တလိုင်း၊ တလရ ကလည်း "အရှင်းထဲမှာ မရှူပ်ကြဖို့" စကား တလိုင်း။
မြန်မာပြည်ကြီးကတော့ ကိုယ်လိုင်းနဲ့ကိုယ် ဟုတ်နေကြပြီ။
မပီပြင်လှတဲ့ အစိုးရတခုမှာ ပြည်သူတွေကလည်း ငွေအားနဲ့ လုပ်ချင်တာ လုပ်နေကြသလို ပညာရေးက ပေါ့ပြက်ပြက်နဲ့ အာဟာရမပြည့်သလို ခံစားလာရတယ်။
နိုင်ငံတနိုင်ငံမှာ အနုပညာသည်လည်း ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုကလည်း ယဉ်ကျေးမှု၊
စာပေသည်လည်း ယဉ်ကျေးမှု၊ မယဉ်ကျေးနိုင်တော့တဲ့ ခေတ်စနစ်မှာ အများဆုံး အဆဲခံရတာ အာဏာသိမ်းအစိုးရများပါပဲ။
ပြည်သူတွေကို အစားကောင်းစားခွင့်၊ အနေကောင်းနေခွင့်၊ ပညာကောင်းမသင်ခွင့် မရကြပါ။
အခုဆို တယောက် တပေါက်နဲ့ အဆင်ပြေသလို နေထိုင်နေကြရတဲ့ ပြည်သူတွေ ဘဝက မအလရဲ့ အပျက်အမျိုးစုံမှာ လိုင်းပေါင်းစုံ ကားလိုင်းကြီးအဖြစ် အားကောင်းလာကြသည်။
ဒါတောင် "ကျားဖြန့်" လို့ မခေါ်ရဆိုသည့် Online လူလိမ်ဂိုဏ်းကလည်း နေရာအနှံ့။
ခိုးဆိုးလုယက် လူသတ်မှုဂိုဏ်းကလည်း ဥပဒေမရှိ။
"ငါ့မြင်း ငါ့စိုင်း စစ်ကိုင်းရောက်ရောက်" ဆိုတဲ့ ဆိုရိုးစကားအတိုင်းဆို စစ်ကိုင်းတော့ မသွားကြလေနဲ့။
ပေါ်တာဆွဲရုံမက စစ်မှုထမ်းဆိုသည့် မအလ ကျွန်သပေါက်ဂိုဏ်းများလည်း ရှိလေရဲ့။
နေလို့လည်း မပျော်၊ အသေတော်ဖို့တော့ မိမိကိုယ်ကိုယ် ပြုစုကာကွယ် စောင့်ရှောက်ကြပါမှ မအလ ဈေးကွက်ကနေ လွတ်ကင်းကြရမယ်။
ပညာ၊ ကျန်းမာ ဆိုတာကလည်း ဈေးကွက်စီးပွားရေးအဖြစ် မအလခေတ် ကသောကမျော ချီတက်နေတာ။
ဂိုက်တယောက် ခေါ် တဘာသာ တသိန်းခွဲကျပ်။
ရောဂါရလို့ကတော့ ဆေးမရှိ၊ ဆေးရုံနဲ့ ဆရာ၊ ဆရာမသာ ရှိတဲ့ ခေတ်ကြီးမှာ မတော် သေဖို့လမ်းက ရာခိုင်နှုန်းအပြည့်။
မအလခေတ် ဈေးကွက်တွေ အင်အားကောင်းလာတာဆို မမြင်ဖူးတဲ့အမြင်၊ မကြားဖူးတဲ့စကား၊ လိုင်းပေါင်းစုံ ဈေးကွက်ကြီးအောက် ပြည်သူတွေဘဝ ပိပြားလို့ပါပဲ။
ဖလော်ဒါဟန်
၂၈.၆.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar