တာပလု - နယ်စပ်မြို့ရဲ့ မျက်ရည်မဲ့ ညတွေ
တာပလု - နယ်စပ်မြို့ရဲ့ မျက်ရည်မဲ့ ညတွေ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၆
ကျနော့်လည်ပင်းမှာ သတ္တုကလစ်လေးနဲ့ ချည်ထားတဲ့ ကော်ပြားလေး ရှိတယ်။ အဲဒီကော်ပြားထဲမှာ ကုဒ်နံပါတ်တခုနဲ့ မိုက်ခရိုချစ်ပ် (Microchip)သေးသေးလေးတခု မြှုပ်နှံထားတယ်။
အဲဒီ သေးငယ်တဲ့ ချစ်ပ်ပြားလေးဟာ ကျနော့်ရဲ့ တရားဝင်မှုကို ညွှန်ပြနေတယ်။ ကျနော့်မှာ အမည်ရှိတယ်၊ မွေးသက္ကရာဇ်ရှိတယ်၊ ကျန်းမာရေးမှတ်တမ်းနဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့အကြောင်း အထောက်အထားရှိတယ်။ ဒီမြို့ကြီးရဲ့ ဒေတာဘေ့စ်ထဲမှာ ကျနော်ဟာ သက်ရှိတကောင်အဖြစ် စနစ်တကျ စာရင်းဝင်ထားတယ်။
အဲဒီနေ့က ခြံဝင်းထဲမှာ နေပူရှိန်းရှိန်းတက်လာတော့ ကျနော့်ရဲ့ ဗီဇစိတ်က ထိန်းမရအောင် ကြမ်းတမ်းသွားခဲ့တယ်။ အကြောင်းပြချက် မရှိပါဘူး။
သဘာဝရဲ့ ဆွဲအား၊ ခေါင်းထဲက သွေးကြောတွေ ခုတ်မောင်းသွားတဲ့ အဟုန်ကြောင့် လျှောက်လမ်းအတိုင်း သုတ်သုတ်သုတ်သုတ်နဲ့ လျှောက်လာတဲ့ ကြောင်လေးရဲ့ လက်မောင်းကို ကျနော် ခုန်အုပ်ပြီး ကိုက်ဆွဲလိုက်မိတာ။
သူ့နာမည်အရင်းက ရှိတယ်။ သူ့ကိုကြောင်လေးလို့ပဲ အများကခေါ်ကြတယ်။ အထူးသဖြင့် သူနဲ့သိတဲ့ ငယ်ပေါင်းတွေက သူ့ကိုရွာမှာထဲက ကြောင်လေးလို့ပဲ ခေါ်ကြတာ။
စူးစူးဝါးဝါး အော်သံနဲ့အတူ အသားစတွေ ပဲ့ထွက်သွားတဲ့ ရောဂါဆန်းဆန်း အနံ့အသက်က ကျနော့်နှာခေါင်းထဲ စိမ့်ဝင်လာခဲ့တယ်။ ကြောင်လေးရဲ့ မျက်နှာမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်ထက်၊ "ငါဒုက္ခရောက်ပြန်ပြီ" ဆိုတဲ့ ပုံစံမျိုးကိုပဲ မြင်လိုက်ရတာ။
ကျနော် သွားတွေကို စေ့ထားတုန်း၊ လက်မောင်းကို မလွှတ်တမ်း တွန်းကန်ထားတုန်းမှာပဲ သူဌေး ရောက်လာပြီး ကျနော့်ကို ဆွဲခွာတယ်။
ကြောင်လေးလက်မောင်းက သွေးတွေ စီးကျလာတာ အောက်က ကွန်ကရစ်ခင်းထားတဲ့ လမ်းမပေါ်မှာ အကွက်လိုက် ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူဌေးရဲ့ မျက်လုံးထဲမှာ မြင်လိုက်ရတာက ကြောင်လေးရဲ့ နာကျင်မှုထက်၊ ဥပဒေရဲ့ အပြစ်ဒဏ်ကို ပိုပြီး စိုးရိမ်သွားတဲ့ ပုံမျိုးပါ။
ထိုင်းနိုင်ငံရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အက်ဥပဒေအရ အိမ်မွေးတိရစ္ဆာန်တကောင်က လူကို အန္တရာယ်ပြုရင် ပိုင်ရှင်မှာ တာဝန်အပြည့်ရှိတယ်။ ကြောင်လေးကို ဆေးရုံပို့ဖို့ ကားပေါ်တင်ပေးရင်း သူဌေးရဲ့ လက်တွေ တုန်နေခဲ့တာကို ကျနော် စူးစိုက်ကြည့်နေမိခဲ့တယ်။
အဲဒီ အရေးပေါ်ကားပေါ်ပါသွားတဲ့ ကြောင်လေးမှာရော ဒီလို တရားဝင်ဖြစ်တည်မှု ခိုင်ခိုင်မာမာ ရှိရဲ့လား။ ကျနော့်လည်ပင်းက မိုက်ခရိုချစ်ပ်လိုမျိုး သူ့မှာရော ဘာ အထောက်အထား ရှိသလဲ။
ဆေးရုံကနေ ပြန်ရောက်လာတော့ ကြောင်လေးရဲ့ လက်မောင်းမှာ ပတ္တီဖြူကြီးတွေ ပတ်ထားရပြီ။ ၂၄ ချက်တောင် ချုပ်လိုက်ရတယ်ဆိုတဲ့ အနာဒဏ်ရာဟာ သူ့ရဲ့ တတ်နိုင်သမျှ သာမန်ဘဝလေးကို ခေတ္တခဏ ရပ်တန့်ပစ်လိုက်တာပါပဲ။
ကျနော့်ကို သူဌေးက ခြံထောင့်က သံလှောင်အိမ်ထဲမှာ ခဏ ခေတ္တ ပိတ်ထားလိုက်တယ်။ ကျနော် လှောင်အိမ်သံတိုင်တွေ ကြားကနေ ကြောင်လေးကို လှမ်းကြည့်နေမိတယ်။ ကြောင်လေးဟာ အစိမ်းရောင်ဆေးနံ့တွေ သင်းနေတဲ့ သူ့လက်မောင်းကို ကိုင်ရင်း ခြံထဲက သစ်ပင်အောက်မှာ ထိုင်နေတာ။ သူ့မျက်လုံးထဲမှာ ကျနော့်အပေါ် ဒေါသထွက်တာမျိုး မရှိဘူး။
"ဒီခွေးလည်း ဘာမှ မသိလို့ ကိုက်တာပါပဲ" ဆိုတဲ့ ငြိမ်းချမ်းမှုမျိုးပဲ သူ့ပုံစံက။
သူတို့လို ရွှေ့ပြောင်းလုပ်သားတွေအတွက် အန္တရာယ်ဆိုတာ ခွေးကိုက်တာ တခုတည်း မဟုတ်ဘူးဆိုတာ ကျနော် နားလည်လာခဲ့တယ်။ လမ်းမပေါ်မှာ ကင်းလှည့်ကားတွေ ဖြတ်သွားတိုင်း ကြောင်လေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ မျက်လုံးထဲမှာ တွေ့ရတဲ့ ထိတ်လန့်မှုက ကျနော့်ကို ကိုက်တုန်းက ကြောက်ရွံ့မှုထက် အဆပေါင်းများစွာ ပိုပါတယ်။
ခွေးတကောင်ဖြစ်တဲ့ ကျနော်ကတော့ လမ်းမပေါ်မှာ လွတ်လပ်စွာ လှည့်ပတ်သွားလာနိုင်ပေမဲ့၊ လူသားတယောက်ဖြစ်တဲ့ ကြောင်လေးကတော့ ရဲကားဥသံ ကြားတာနဲ့ အမှောင်ထဲမှာ ပုန်းကွယ်ရရှာတယ်။
ထိုင်းနိုင်ငံရဲ့ မြို့ပြသမိုင်းမှာ ခွေးတွေဟာ အခွင့်အရေးရရှိထားတဲ့ သတ္တဝါတွေ ဖြစ်လာခဲ့တာ ကြာပါပြီ။ ၂၅၅၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု တားမြစ်ရေးအက်ဥပဒေအရ ကျနော်တို့မှာ အစာဝဝစားခွင့်၊ လုံခြုံစွာနေထိုင်ခွင့်နဲ့ ညှင်းပန်းမခံရပိုင်ခွင့်တွေ အပြည့်ရှိတယ်။ ၂၀၂၆ အရောက်မှာ ဘန်ကောက်လို မြို့ကြီးတွေ၊ နယ်စပ်မြို့တွေမှာပါ မွေးမြူခွင့်ကန့်သတ်ချက်တွေ၊ မှတ်ပုံတင်စနစ်တွေကို တင်းကြပ်စွာ ကျင့်သုံးလာကြပြန်တယ်။
ဥပဒေစနစ်ကြီးတခုလုံးဟာ ကျနော့်လို ခွေးတကောင်ကို လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုအဖြစ် အသိအမှတ်ပြုထားတယ်။ မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကြောင်လေးတို့လို လူတွေအတွက်တော့ ဥပဒေဆိုတာ အကာအကွယ်မဟုတ်ဘဲ စိုးရိမ်ထိတ်လန့်စရာ အရာတခုလို ဖြစ်နေခဲ့တယ်။
ကျနော့်ကို သူဌေးက အခြားသူတယောက်ဆီ ရောင်းထုတ်ပစ်လိုက်တဲ့နေ့က၊ ပွဲစားက ခေါ်သွားတုန်း လမ်းမှာ နယ်စပ်မြို့ရဲ့ မြန်မာလက်ဖက်ရည်ဆိုင်လေးရှေ့က အဖြတ်မှာ ကြောင်လေးကို တွေ့လိုက်တယ်။
ကြောင်လေးက အိတ်ကပ်ထဲ လက်တဖက်ထည့်၊ ကျန်လက်တဖက်နဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း သူငယ်ချင်းတယောက်နဲ့ စကားပြောနေတာပါ။
သူ့လက်မောင်းမှာ အနာဖေးတက်စပြုနေပြီဖြစ်တဲ့၊ ဓားတုံးတုံးနဲ့ ခုတ်ထားသလို အမာရွတ်ကြီးက ပေါ်လွင်လို့နေတယ်။
"အဲဒီခွေးကို ငါ့သူဌေးက ရောင်းလိုက်ပြီကွာ... ဘယ်သူဝယ်သွားလဲတော့ မသိဘူး" လို့ ကြောင်လေးက စိတ်အေးလက်အေး ရယ်မောရင်း ပြောနေတာကို ကျနော် ကြားလိုက်ရတယ်။
သူ့စကားသံထဲမှာ နာကျည်းမှု၊ စိမ်းကားမှု သို့မဟုတ် ရင်နာမှု စတာတွေ ဘာမှ ပါမလာဘူး။ ဒါဟာ ဒီမြို့မှာ ဘဝကို ရုန်းကန်နေရတဲ့ ရွှေ့ပြောင်းလုပ်သားတယောက်ရဲ့ ရင့်ကျက်မှု သို့မဟုတ် ထုံထိုင်းသွားမှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အရာရာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ပဲ၊ ဖြစ်ပျက်သမျှ ဒဏ်ရာတွေကို ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် ပေါ့ပေါ့ပါးပါးလေး လက်ခံပစ်လိုက်နိုင်တဲ့ သတ္တိမျိုးပေါ့။
ကျနော် ကားပေါ်ကနေ ကြောင်လေးကို ငေးကြည့်နေမိခဲ့တယ်။ ကျနော့်မှာ ပိုင်ရှင်သစ်ရှိလာမယ်၊ အိမ်သစ်ရောက်သွားမယ်။ ဥပဒေအရိပ်အောက်မှာ ကျနော့်ရပိုင်ခွင့်တွေ၊ စောင့်ရှောက်မှုတွေ ဆက်လက်တည်ရှိနေဦးမယ်။
ကြောင်လေးကတော့ မနက်ဖြန်ဆိုတဲ့ အချိန်ဇယားထဲမှာ အလုပ်ပြုတ်ရင် စက်ရုံပြောင်းရမယ်၊ စက်ရုံမရရင် ဆောက်လုပ်ရေးဆိုက်သွားရမယ်၊ အဆိုးဆုံးအခြေအနေမှာ တိုင်းပြည်မဲ့ အမှောင်ထုထဲမှာ ပုန်းကွယ်ရင်း ရုန်းကန်ရဦးမယ်။
ကျနော်ဟာ တိရစ္ဆာန်တကောင်မဟုတ်ဘဲ လူတယောက်ဖြစ်ခဲ့ရင် ကြောင်လေးကို သွားပြီး လက်ဆွဲနှုတ်ဆက် အားနာတဲ့အကြောင်း ပြောမိမှာ သေချာပါတယ်။ ကျနော်ဟာ ခွေးတကောင် ဖြစ်တာမို့၊ ကားနောက်ဖုံးထဲကနေ နယ်စပ်မြို့ရဲ့ ဖုန်ထူထူ လမ်းမကြီးကိုပဲ ငေးကြည့်နေနိုင်ခဲ့တယ်။
ထိုင်းနိုင်ငံဆိုတာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်နဲ့ ရိက္ခာဝမ်းစာကို ထောက်ပံ့ပေးထားတဲ့၊ မရှိမဖြစ် နားခိုရာ အိုအေဆစ်ကြီး ဖြစ်ပါတယ်။
ဒီနေရာမှာ ချစ်ကြည်ရေးတွေ၊ ဖေးမမှုတွေ၊ အခွင့်အလမ်းတွေ ရှိနေတာ မှန်ပေမဲ့၊ ဥပဒေနဲ့ တည်ဆောက်ထားတဲ့ ဘောင်တွေရဲ့ အပြင်ဘက်မှာ ကျန်ရစ်ခဲ့ရတဲ့ လူပေါင်းများစွာရဲ့ အကာအကွယ်မဲ့မှုကတော့ ကြီးမားတဲ့ အမှောင်ထုကြီးအဖြစ် တည်ရှိနေဆဲပါ။
ကျနော် ရောက်ရှိသွားမယ့် အိမ်သစ်ရဲ့ ခြံဝင်းထဲမှာ ကျနော် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရပါလိမ့်မယ်။ ဒီနယ်စပ်မြို့ရဲ့ လမ်းမတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးဆိုက်တွေမှာတော့ လက်မောင်းမှာ ၂၄ ချက်ချုပ်အမာရွတ်ကြီးနဲ့ ကြောင်လေးတို့လို ရွှေ့ပြောင်းလုပ်သားတွေဟာ မနက်ဖြန်ဆိုတဲ့ ခရီးကို ကိုယ့်ဒဏ်ရာကိုယ် ပွတ်သပ်ရင်း ဆက်လက်ခုတ်မောင်းနေကြရဦးမှာပါ။
ခွေးတကောင်ရဲ့ မိုက်ခရိုချစ်ပ်ထက် လုံခြုံမှုနည်းပါးလှတဲ့ ဘဝတွေအတွက် ဥပဒေအရိပ်အာဝါသရဲ့ အကာအကွယ်မှန်သမျှ မနက်ဖြန်များစွာမှာ ပိုမိုနွေးထွေးစွာ ရောက်ရှိလာပါစေလို့ပဲ၊ ခွေးတကောင်ရဲ့ အကြည့်နဲ့ အဝေးကနေ ငေးကြည့်ရင်း ဆုတောင်းပေးနေမိပါတယ်။
လမ်းမကြီးပေါ် ကားက အနည်းငယ်လှုပ်ခါသွားချိန်ကျနော် ‘ကြောင်လေး’ ကို နောက်ဆုံးအကြည့်နဲ့ လှမ်းကြည့်မိတယ်။ သူ့လက်ဖက်ရည်ခွက်ထဲက ရေနွေးငွေ့လေးတွေက လေထုထဲ ပျံ့လွင့်လို့။
ဒီမြို့ဟာ ကျနော့်အတွက် ခိုင်မာတဲ့ ဥပဒေအကာအကွယ်နဲ့ လုံခြုံမှုမှတ်တမ်းတခု ရေးပေးနေပေမဲ့၊ ထိုင်းမြေပေါ် ရောက်လာခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီဖြစ်တဲ့ ‘ကြောင်လေး’ မှာတော့ သူ့ရဲ့တရားဝင်မှုကို သက်သေပြဖို့ စာရွက်စာတမ်းတရွက်မျှ မရှိသေးဘူး။
ကျနော့်လည်ပင်းက မိုက်ခရိုချစ်ပ်ထဲမှာ အမည်၊ မွေးသက္ကရာဇ်နဲ့ ကျန်းမာရေးမှတ်တမ်းတွေ သိုလှောင်ထားပေမဲ့၊ ကြောင်လေးရဲ့ လက်မောင်းမှာတော့ ၂၄ ချက်ချုပ်ခဲ့ရတဲ့ အမာရွတ်ကြီးပဲ ကျန်ခဲ့တယ်။ အနှစ်နှစ်ဆယ်လုံး ဒီမြို့ထဲမှာ အလုပ်လုပ်ခဲ့၊ အသက်ရှင်ခဲ့၊ ရယ်မောခဲ့သူတယောက်ရဲ့ တရားဝင်နေထိုင်ခွင့်ကို သက်သေပြဖို့ အဲဒီဒဏ်ရာကလွဲလို့ ဘာမှမရှိခဲ့ဘူး။
ကားကွေ့လိုက်ချိန်မှာ နောက်ဆုံး ကြားလိုက်ရတာကတော့ လေထဲက သူ့ရဲ့ ရယ်မောသံပဲ။ ဒီနယ်စပ်မြို့ရဲ့ မျက်ရည်မဲ့ညတွေထဲမှာ အဲဒီအသံက ဆက်လက်ရှည်လျားနေမယ့် အရိပ်တခုလို ကျန်ရစ်ခဲ့ပါတယ်။
ကျနော့်လည်ပင်းမှာ မိုက်ခရိုချစ်ပ်လို အာမခံချက်တခု ရှိနေချိန်မှာ ကြောင်လေးရဲ့ လက်မောင်းပေါ်က အမာရွတ်ကတော့ နယ်စပ်မှာ ရုန်းကန်ရတဲ့ ဒဏ်ရာအမှတ်တံဆိပ်အဖြစ် သေရာပါကျန်ရှိနေမှာပါ။
ခွေးတကောင်စာ လုံခြုံမှုမျိုး မရှိရှာတဲ့ လူသားတွေရဲ့ ဘဝဆုတောင်းသံတွေကတော့ တိုးတိုးလေး ပျံလွင့်နေမှာပါပဲ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar