Breaking News

အပူဒဏ်နှင့် မောင်မိုးသူ


အပူဒဏ်နှင့် မောင်မိုးသူ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၉
ကုမုဒြာဂျာနယ်အွန်လိုင်းကနေ ကူးပါတယ်

မိုးလေဝသပညာရှင် ဦးထွန်းလွင်ဟာ လူထုဦးစိန်ဝင်းနဲ့ မန္တလေးမြို့ ဖားသား လဖုန်း ကျောင်းထွက်များ ဖြစ်ကြပါတယ်။ နှစ်ဦးစလုံးဟာ စိန်ပီတာကျောင်းထွက် ဖြစ်ပြီး မောင်မိိုးသူ ထက် ငယ်ကြပါတယ်။ သူတို့နှစ်ဦးစလုံးက မောင်မိိုးသူ ခင်မင် လေးစားရသူများ ဖြစ်ပါတယ်။ လူထုဦးစိန် ဝင်းကမူ ဦးဝင်းတင်၊ မောင်မိိုးသူတို့နဲ့ နိုင်ငံ ရေး စကားပြောဖော်ပြောဖက်ဖြစ်ပြီး ဦးဝင်း တင် ထောင်ထဲရှိစဉ် ဦးဝင်းတင်အတွက် စာအုပ်စာတမ်း အင်္ဂလိပ်၊မြန်မာ ဂျာနယ် များကို စုစည်းပြီး ဦးဝင်းတင်ထံ ထောင်ဝင် စာ သွားပို့သူ ကိုမောင်မောင်ခင်က ကြာသ ပတေးနေ့တွင် ကိုစိန်ဝင်းထံ လာယူရလေ့ ရှိပါတယ်။ ၄င်းကြာသပတေးနေ့တွင် ကို စိန်ဝင်းတို့မိသားစုက ကိုမောင်မောင်ခင်နဲ့ မောင်မိိုးသူ တို့ကို မုန့်တီ၊ မြီးရှည် အစရှိ သည်တို့နဲ့ လုပ်ကိုင်ကျွေးမွေးတတ်တယ် ခင်ဗျ။ မောင်မိိုးသူ ကြာသပတေးနေ့တွင် နေ့တိုင်းလိုလို ရောက်ရှိခဲ့ဖူးပါတယ်။ ဦးဝင်း တင် ထောင်မှ လွတ်လာသည့်အခါတွင် ကိုစိန်ဝင်းအိမ်တွင် ဦးဝင်းတင်၊ ကိုစိန်ဝင်း နဲ့ မောင်မိိုးသူတို့ နိုင်ငံရေး ဆွေးနွေးဖော် ဆွေးနွေးဖက်များ ဖြစ်ခဲ့ကြပါတယ်။

အဲသည်အချိန်က ကိုစိန်ဝင်းဇနီး နုနုနဲ့ သမီးချောအိတို့က ဦးဝင်းတင်နဲ့ မောင်မိိုး သူ တို့ကို အမြဲလုပ်ကိုင်ကျွေးမွေးလေ့ရှိပါ တယ်။ တစ်ခါတစ်ရံ အချက်အပြုတ် ဝါသ နာပါလှသည့် ကိုမောင်မောင်ခင်ရဲ့ အစွမ်း ပြ လက်ရာများကိုလည်း စားသောက်ခဲ့ရ ပါတယ်။ ယခုအခါမှာတော့ လူထုဦးစိန်ဝင်း လည်း ကွယ်လွန်သွားခဲ့ပြီ။ ဦးဝင်းတင် လည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုစိန်ဝင်းရဲ့သမီး ချောအိကမူ ယခုထက် တိုင် မောင်မိိုးသူ ကို မြီးရှည်၊ မုန့်တီများ လုပ်ကိုင်ကျွေးမွေးနေဆဲ ဖြစ်ပါတယ်။

ကိုစိန်ဝင်းရဲ့ ကျောင်းနေဖက်မှာ မိုး လေဝသပညာရှင် ဦးထွန်းလွင်ဖြစ်ပြီး ကာတွန်း အော်ပီကျယ်နဲ့ ဟောပြောဖက် ပုဂ္ဂိုလ်တစ် ဦး ဖြစ်ပါတယ်။ မနေ့ တစ်နေ့ ကပဲ နာရေးကူညီမှုအသင်းတွင် စာပေနဲ့ ပညာရှင်များစုပေါင်းပြီး မြစ်ဆုံ အပြီးတိုင် ရပ်ဆိုင်းရေး ဖွဲ့စည်းခဲ့ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ၄င်းဆွေးနွေးပွဲတွင် စာရေးဆရာ ကိုတာ၊ စာရေးဆရာမ ဂျူး၊စာရေးဆရာ ပုတီးကုန်း မောင်စိန်ဝင်းနဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်တို့ ဟော ပြောခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုခဲ့ရ ပါတယ်။

ဦးထွန်းလွင်ရဲ့ မိုးလေဝသ ပြောဆို ချက်များမှာ အလွန်လေးစားစရာကောင်း ပြီး တွက်ချက်မှုများကလည်း ကမ်ဘာအဆင့် မီသဖြင့် တိုင်းပြည်နဲ့အဝှမ်း ဦးထွန်းလွင်ရဲ့ မိုးလေဝသဟောပြောချက်များကို သတင်း ဌာနများမှတစ်ဆင့် အမြဲဖတ်ရှုနားထောင် နေကြရပါတယ်။ သည်နှစ်နွေအပူချိန်မှာ မတ်လကတည်းက အပူချိန်မြင့်မားလာပြီး ခရမ်းလွန်ရောင်ခြည်များလည်း လွန်ကဲ နေကြောင်း၊ ဆက်လက်ပြီး ဧပြီလတွင် လည်း အပူချိန်မြင့်မားနေမယ့်အကြောင်း နဲ့ လျှပ်စီးမိုးကြိုးများလည်း ထစ်ချုန်းရွာ သွန်းနိုင်ကြောင်း စသည် စသည်အားဖြင့် ဦးထွန်းလွင်ရဲ့ မိုးလေဝသ ဟောစာတမ်း များကို ဖတ်ရှုနေရပါတယ်။

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မောင်မိိုးသူ ကတော့ ကားနဲ့လာခေါ်သူမရှိရင် ဘယ်မှ သွားနိုင်သူ မဟုတ်ပါ။ ယခင် သောကြာနေ့ များတွင် မိုးကုတ်အသင်း အတွင်းရေးမှူး ဖြစ်သည့် ကိုသန်းဝင်းက အမြဲ မနက် ရးဝဝ နာရီတွင် ဖုန်းဆက်ပြီး ကားနဲ့လာခေါ်ပါ တယ်။ မောင်မိိုးသူက စပို့ရှပ်အကျျီ င်္ဘောင်း ဘီရှည်ဝတ်ပြီး ၁၉ ထစ်ရှိသော ပထမထပ် တိုက်ခန်းမှဆင်းပြီး လှေကားအရင်း အုတ် ခုံပေါ်တွင် ထိုင်ပြီး စောင့် ၊ ကိုသန်းဝင်း ကား ပေါ် တက်၊ ပြည်သူ့ရင်ပြင်က မော နင်း စတား ကိုသွား ၊ ဆိုင်ရောက်တဲ့အခါ ဟွန်း တီး လိုက် ရင် ဆိုင်မှ ကလေးတွေက မောင်မိိုး သူကို လာတွဲခေါ်၊ မောင်မိိုးသူ တို့ reserve လုပ်ထားတဲ့ ခုံတန်း ရှည်မှာ ထိုင် ပြီး သောကြာစကားဝိုင်းစပါ တော့ တယ်။

အဲသည်လို အဲသည်လို မနက်ပိုင်း မနက်ပိုင်းကို ထွက်လေ့ရှိတဲ့ မောင်မိိုးသူရဲ့ ဝတ်စုံပြည့် ယူနီဖောင်းက စပို့ရှပ် တစ်ထည်၊ ခါးရှုံ့ဘောင်းဘီရှည်၊ ညှပ်ဖိနပ်နဲ့ တုတ် ကောက်တို့ ဖြစ်ပါတယ်။ အဲသည်လို အဲ သည်လို စတိုင်ကျနေရာက အခုတော့ အားလုံးဝယ်ပေးထားကြတဲ့ စပို့ရှပ်များ ဝတ်ဆင်ရာတွင်  အပူဒဏ်ကြောင့် ခက်ခဲ လာပါတယ်။ မောင်မိိုးသူ ကိုယ်တိုင် က မနက်တစ်ခေါက်သာ လာကြိုသူ ပြန်ပို့ သူ ရှိလို့ ထွက်နိုင်သော်လည်း ကျန်တဲ့ မိသား စုများဟာ ဘတ်စ်ကား စီးသွားကြရ ပါ တယ်။

ထိုနည်းတူ မောင်မိိုးသူထံ လာကြသူ များကလည်း ဘတ်စ်ကားစီးပြီး လာကြပါ တယ်။ အဲသည်ထဲမှာ မောင်မိိုးသူ ဆောင်း ပါးများကို ရိုက်ပေးတဲ့ ဟန်သစ်နိုင်လည်း ပါတာပေါ့။ ဟန်သစ်နိုင်က မင်္ဂလာဒုံမှာ နေတော့ ကားမှတ်တိုင်ကို နေပူထဲမှာ လမ်း လျှောက်ပြီးတော့ အဲကွန်းကား ပေါ် တက် ၊ အဲကွန်းဘတ်စ်ကားကြီးနဲ့ ရန်ကုန် မြို့လယ်ရောက်ရှိချိန် နေက အတော်ပူနေ ပါတယ်။ အဲသည် အပူ ဒဏ်က နေ ၃၁ လမ်း အ ထက် လမ်းမှာရှိတဲ့ မောင် မိိုးသူ တိုက်ခန်း ပေါ်တက်လာရပါတယ်။ မောင် မိိုး သူ တိုက်ခန်းကျတော့လည်း အဲ ကွန်း က ဖွင့်ထားလေတော့ ဟန်သစ် နိုင်ခမျာ အပူတစ်လှည့်၊ အအေးတစ်လှည့် ဖြစ်ပြီး နှပ်တရှုံ့ရှုံ့ဖြစ်ရှာလေရဲ့။

သည်အပူဒဏ်ဟာ ဧပြီလအထိ ဆက် လက် မြင့်မားနေဦးမယ်လို့ ဆိုထားပါ တယ်။ တစ်ပြည်လုံးမှာလည်း လွန်ခဲ့တဲ့ နှစ် နှစ်လောက်ကစပြီး မန္တလေးကစလိုက် တဲ့ လမ်းလျှောက်သင်္ကြန်ဆိုတဲ့ဟာကြီးက သည်နှစ်တော့ ရန်ကုန်အပါအဝင် စစ်ကိုင်း တိုင်းမှာလည်း မုံရွာ ချင်းတွင်းမြစ် သဲသောင် ပြင်ပေါ်မှာ လမ်းလျှောက်သင်္ကြန်တဲ့၊ ပြည် မှာလည်း လမ်းလျှောက်သင်္ကြန်တဲ့၊ ရန် ကုန် မှာလည်း လမ်းလျှောက်သင်္ကြန် တဲ့၊ ဧရာဝတီတိုင်းမှာလည်း လမ်းလျှောက် သင်္ကြန်တဲ့၊ လမ်း လျှောက်သင်္ကြန်ကို ပြန်လည်ဖော်ထုတ် လုပ်ဆောင်လာတာ မောင်မိိုးသူ နှစ်ခြိုက် သဘောကျပါတယ်။

မောင်မိိုးသူက နိုင်ငံခြား တေးသီချင်း တွေကို တီးကြမှုတ်ကြ၊ ရေပိုက်လုံးကြီးတွေ နဲ့ ရေတွေဖြုန်းတီးနေကြတာကို မျက်စိ နောက်နေတာ ကြာပါပြီ။ ကိုယ်တိုင် သွား ရောက်တာတော့ မဟုတ်ပါဘူး။ ရုပ်မြင် သံကြားတွေမှာ မြင်တာပါ။

ဒါပေမဲ့ လမ်းလျှောက်သင်္ကြန်ဆိုတော့ ပိုက်လုံးကြီးတွေနဲ့ ပက်စရာလည်း မလို တော့ဘူး။ စတုဒိသာများလည်း အပြိုင်အ ဆိုင် ကျွေးကြလေတော့ လူမျိုးစုအလိုက် အကအဖွဲ့တွေ၊ ယိမ်းအဖွဲ့တွေရှိကြမယ် ဆိုလေတော့ အနောက်ဆန်တဲ့ သင်္ကြန် ကနေပြီး ရိုးရာဆန်တဲ့ လမ်းလျှောက် သင်္ကြန်ဖြစ်လာတော့ ဝမ်းသာစရာပါပဲ။

ဒါပေမဲ့ အပူဒဏ်က လွန်ကဲဦးမယ် ဆိုတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း သွား ကြလာကြဖို့ ၊ အပျော်မလွန်ကြဖို့ တိုက် တွန်း လိုက်ရပါတယ်။