Breaking News

ဆောင်းယွန်းလ ● ခြောက်သွေ့သော ကောက်ကွေ့မှု


ဆောင်းယွန်းလ ● ခြောက်သွေ့သော ကောက်ကွေ့မှု
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၉

အမျိုးကိုချစ်လို့ဆိုပြီး
အမြစ်ကိုချိုးခဲ့တယ်

အသီးမသီးတော့တဲ့ အပင်တွေရယ်
အရွက်မဝေတော့သော အကိုင်းများနဲ့
အကြံမရှိလို့
အကြည့်မခံခဲ့သော သစ်တောများ

ပူလောင်အိုက်စပ်မှုအကြောင်းဆွေးနွေးရင်း
ပေါ့ဆမီးက နွေခေါင်ခေါင်ကိုပြာကျအောင်လောင်တယ်

မှောင်အတိပြီးသောညတွေကို သဘာဝကျစေဖို့
လျှပ်စစ်မီးကို ခွဲတမ်းဖို့နေရသော မြို့ကြီးတွေနဲ့
ဘုရားတရားတ ပုတီးစိတ်ရင်းက
မုဒိမ်းမှုတွေ တဟုန်ထိုးကြီးပြင်းလာပုံ

ထိုကမ္ဘာကြီးအား
အထက်စီးကကြည့်မြင်နိုင်ဖို့ရာအတွက်
မြေတွင်းနက်နက်ထဲကို ဆင်းခဲ့ရလေတယ်။

ဆောင်းယွန်းလ