Breaking News

ငြိမ်းချမ်းစစ်နိုင် - သင်္ကြန်သည် သံချပ်ကိုများ အလိုမရှိတော့ပြီလော


ငြိမ်းချမ်းစစ်နိုင် - သင်္ကြန်သည် သံချပ်ကိုများ အလိုမရှိတော့ပြီလော
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၉



ကျောင်းသားလူငယ်များရဲ့ ဒေါင်းတို့မျိုးဆက်နဲ့ အိုးဝေသံ သံချပ်အဖွဲ့ တို့ဟာ ယခုနှစ်သင်္ကြန်မှာ အတားအဆီး အမျိုးမျိုး ကြံုတွေ့ခဲ့ပါတယ် ။ ထွေအုပ်မှ တားဆီးခြင်း ၊ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်း ၊ တပ်မတေ်ာမှ တရားစွဲဆိုခြင်း ၊ လူအုပ်စုမှ ဟန့်တားနှောင့်ယှက်ခြင်း ၊ ပန်းအိုးဖြင့် ပဈပေါက်ခြင်း တို့ကို သံချပ်အဖွဲ့တွေ ရင်ဆိုင်ခဲ့ရပါတယ် ။

ယခုနှစ် သင်္ကြန်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းကို ဒေးဒရဲ တံတားအဆင်း၌ ဒေးဒရဲမြို့နယ်မှူး အမိန့်ဖြင့် ရှေ့ဆက်မသွားရန် ရဲတပ်ဖွဲ့မှ စတင် တားဆီးခဲ့သည် ။ ထို့နောက် ဒေးဒရဲမြို့တွင် ဒေါင်းတို့မျိုးဆက် သံချပ်အသင်း ဖျေ်ာဖြေနေစဉ် ဆက်လက်မဖျေ်ာဖြေရန် ရဲတပ်ဖွဲ့မှ ထပ်မံတားဆီးခဲ့သည် ။ ထို့အပြင် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် ကျောင်းကုန်းမြို့သို့ ဖျေ်ာဖြေရန် သွားရောက်စဉ် လမ်းတွင် လူအုပ်စုမှ ဟန့်တား နှောင့်ယှက်ခဲ့ကြောင်း သိရသည် ။

" ဒေးဒရဲတိုးဂိတ်မှာ မြို့နယ်ထွေအုပ်က ညွှန်ကြားထားလို့ဆိုပြီး တားဆီးခဲ့တာ ။ ဒေးဒရဲမှာ ရဲတပ်ဖွဲ့ဝင်တွေ သံချပ်ကို ဖျေ်ာဖြေဖို့ ခွင့်မပြုတာကြောင့် လာတားတာတွေ ကြံုတယ်။ ကျောင်းကုန်းမြို့မှာ ကားတွေ ဆိုင်ကယ်တွေနဲ့ လူအယောက် ၈၀၊ ၁၀ဝ လောက် မြို့အဝင် လမ်းမကြီးကို ပိတ်ပြီး လူတံတိုင်းကာပြီး သံချပ်ကားကို တားတယ်။ ဆဲဆို ကြိမ်းမောင်း လင်ဗန်းတီးတာမျိုးတွေ ကြံုရတယ် ။ မဖွယ်မရာတွေ လုပ်ပြတယ် ။ ရဲ တစ်ယောက်မှ ရောက်မလာဘူး။ တားခံရတာ နာရီဝက်လောက် ကြာတယ် " ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ရဲသူက ဆိုသည် ။

မြို့နှင့် အ​​တေ်ာ​ဝေးသည်အထိ ကားများ ဆိုင်ကယ်များဖြင့် လိုက်ကာ ​' ဒေါင်းတို့မျိုးဆက် အလိုမရှိ ' ဟု ​အေ်ာ​နေကြဆဲ ဖြဈကြောင်း ၊ ရဲအင်အား မရှိကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ဖြိုးမင်းက ပြောသည် ။ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် ထန်းတပင်တွင်လည်း ရဲတပ်ဖွဲ့၏ တားဆီးခြင်း ကြံုခဲ့ရသည် ။

" သူတို့ဘာသာ သံချပ်​ထိုးဖို့ လာတာကို ဘာဖြစ်​လို့ လူစုလူဝေးနဲ့ ရန်​ရှာဖို့ လုပ်​ကြသလဲ ၊ ဘယ်​သူတွေက လုပ်​တာလဲ ၊ လုပ်​ခွင်​့ရှိသလား ၊ ဒါ မင်​းမဲ့တိုင်​းပြည်​မဟုတ်​ဘူးေလ ။ သံချပ်​ထဲမှာ ကိုယ်​့အကြောင်​း ပါမှာကြောက်​ရင်​ နိုင်ငံရေးတာဝန်​ မထမ်​းဆောင်​နဲ့ ။ သံချပ်​ဆိုတာ ဆင်​ဆာ မတင်​သည်​ဖြစ်​စေ ပြည်​သူရှေ့မှာ ပြည်​သူကို သက်​သေထားပြီး ပြောတဲ့စကား​ ။ မဟုတ်​တာကို အဟုတ်​ထင်​အောင်​ သံချပ်​ထိုးရင်​ တရားစွဲကြ ၊ ဟုတ်​တာကို ဝေဖန်​ထောက်​ပြရင်​ အောင်​့ခံ ။ သံချပ်​တိုင်​ရာမှာ အာဏာပိုင်​ အဖွဲ့အစည်​းတွေကို ဝေဖန်​တာတွေ ပါမယ်​ ။ ဝေဖန်​ထောက်​ပြတာတွေက မှန်​ရင်​ ပြည်​သူတွေက သြဘာပေးမယ်​ ။ ပုတ်​ခတ်​တာတွေပါရင်​ လူတွေက အော့နှလုံးနာမယ်​ ။ သက်​ဆိုင်​ရာတွေက ဒီသံချပ်​တွေကိုနားထောင်​ကြပါ ။ ကိုယ်​့ လုပ်​ဆောင်​ချက်​ ၊ လိုအပ်​ချက်​တွေကို ပြန်​သုံးသပ်​ ပြင်​ဆင်​ကြပေါ့ ။ ဝေဖန်​ထောက်​ပြမှုမရှိရင်​၊ ရှိခွင်​့မရရင်​ ဒီမိုကရေစီ ဆိတ်​သုဉ်​းသွားပါလိမ်​့မယ်​ " လို့ စာရေးဆရာ ထင်​လင်​းဦးက ဆိုသည် ။



ဆင်ဆာတင်ခိုင်းခြင်းသည် လွတ်လပ်စွာ ထုတ်ဖေ်ာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဟု ယူဆသည့်အတွက် ဆင်ဆာမတင်ကြောင်း သံချပ်အဖွဲ့များထံမှ သိရသည် ။ ဆင်ဆာမတင်သော အိုးဝေသံ ၊ ဒေါင်းတို့မျိုးဆက် ၊ ဒို့အသံနှင့် ကျောင်းနံရံ သံချပ်အဖွဲ့ တို့သည် ရန်ကုန်မြို့ရှိ ဖျေ်ာဖြေရေးနှင့် ဆုပေး မဏ္ဍပ်များတွင် ယှဉ်ပြိုင် ဖျေ်ာဖြေခွင့် မရခဲ့ကြောင်း သိရသည်။




သံချပ်သည် အစိုးရ၏ အလွဲအမှားကို ထောက်ပြ၍ ပြည်သူများ၏ အခက်အခဲကို တင်ပြသော ချဈစရာ ရိုးရာ အစဉ်အလာ အနုပညာ ဖြစ်သည် ။ သံချပ်စာသားများတွင် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်းအရာများ ပါဝင်သည် ။ သံချပ် တဈသင်းရဲ့ ကုန်ကျစရိတ်သည် သိန်း ၆၀ မှ သိန်း ၂၀ဝ အထိ ရှိကြောင်း သိရသည် ။




ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် (၄၆) လမ်း ၊ ရန်ကင်းနှင့် ဗဟန်း ဦးချဈမောင်လမ်း တို့တွင် အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် စင်ပေ်ါတွင် ဖျေ်ာဖြေခွင့် မရသဖြင့် မဏ္ဍပ်ဘေးတွင် ပြည်သူများအား မြေဝိုင်း ဖျေ်ာဖြေခဲ့ရသည်။




" ခွင့်ပြုချက်တော့ မတင်တော့ပါ... သံချပ်ဆင်ဆာ ထံုးစံမဟုတ်လို့

စင်္ကာပူကို ကျေ်ာမယ်ဆို... ကုန်စျေးနှုန်းလား စနဈလားဗျ

တကယ်တမ်းတော့ ကျေ်ာနေတာ... ကုန်စျေးနှုန်းသာ စင်္ကာပူကျေ်ာတက်

အခြေခံလူတန်းစား သနားပါ... ထမင်းနပ်တောင် မမှန်တော့ဘူးတဲ့

အလုပ်သမားတွေလဲ ညှာတာပါ... လုပ်အားလစာ မညီမျှပါဘူး

နိုင်ငံရေးကြီး အီလည်လည်... အဆီအဆိမ့်တွေ စားတာများလို့

စနစ်ယုတ်ကို အမြစ်ဖြုတ် ... စစ်ဗိုလ်ချုပ်တွေ တောထုတ်တောထုတ်

ခရိုနီက ထားစရာမရှိ... ဒို့ပြည်သူက စားစရာမရှိ

တရုတ်ကြီးဆီ တင်တဲ့ကြွေး သိန်းစိန် သန်းရွှေ ပြန်ပေး ပြန်ပေး

တိုင်းပြည်ကောင်းဖို့ မင်းလောင်း​ပေါ် ...​ပေါ်တဲ့မင်းလောင်း သွေးသစ်လောင်းစို့

ပညာရေး ပညာရေး... ပြင်မယ်ညာတဲ့ ပြင်ညာရေး "

ဒါကတော့ အိုးဝေသံ သံချပ်အဖွဲ့ရဲ့ သင်္ကြန်သံချပ် အချို့ပါ ။




(၂၀၁၉) သင်္ကြန်တွင် အိုးဝေသံ သံချပ်အဖွဲ့သည် နှစ်စဉ်တက်နေကျ အမာခံ မဏ္ဍပ်တွေ ဖြစ်တဲ့ ဗမာသစ်မဏ္ဍပ်နဲ့ သန်လျင်မြို့နယ် မဏ္ဍပ်တွေမှာ တက်ရောက်ဖျော်ဖြေခွင့် ၊ ပြိုင်ပွဲဝင်ခွင့် မရခဲ့ကြောင်း သိရသည် ။ ထို့အပြင် မအူပင် ၊ သာကေတ ၊ တောင်ဒဂံု ၊ ဒဂံုဆိပ်ကမ်းနှင့် ရေကျေ်ာလမ်းတွင် ဖျေ်ာဖြေခွင့်မပြုကြောင်း ထွေအုပ်မှ တားမြဈခဲ့သည်။ 'အိုးဝေသံ' ဖျေ်ာဖြေခဲ့တဲ့ နေရာတွေကို နယ်ထိန်းတွေရောက်လာပြီး အချိန် ဘယ်လောက် ကြာသလဲ၊ ဆုငွေ ဘယ်လောက် ရသလဲဟု မေးမြန်းခဲ့ကြောင်း သိရသည် ။ အိုးဝေသံ သံချပ်အဖွဲ့အား ရွှေပြည်သာမြို့နယ်တွင် ရဲနှင့် ရဲသတင်းပေးများမှ ကိုယ်ရေးအကျဉ်းများ မှတ်သားခဲ့သည်။ အိုးဝေသံ သံချပ်ကား နောက်သို့ ရဲနှင့် ထွေအုပ်မှ ကား ၊ ဆိုင်ကယ်များဖြင့် လိုက်လာပြီး ဖျေ်ာဖြေရန် ဖိတ်ကြားထားသော နေရာများတွင် ဖိအားပေးခြင်း ၊ သံချပ် ဖျေ်ာဖြေနေစဉ် ဘေးတွင် စအဖနှင့် SB သတင်းတပ်ဖွဲ့မှ အရပ်ဝတ်အချို့က ပေ်ါပေ်ါထင်ထင် ပြူးတူးပြဲတဲ ဓာတ်ပံု ၊ ဗွီဒီယို ရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။




သံချပ်အဖွဲ့တွေကို တားဆီးပိတ်ပင်တာဟာ အစိုးရအပါအဝင် ပြည်ထဲရေးရဲ့ လုပ်ပံုလုပ်နည်း အမှားတွေကြောင့် ဖြဈကြောင်း အိုးဝေသံ သံချပ်အဖွဲ့ ခေါင်းဆောင် ကိုမင်းသွေးသဈက ဆိုသည် ။




" ပြည်တွင်းစစ်ကြီး ကြာခဲ့ပြီ... မျိုးဆက်သံုးခု ရှိခဲ့ပြီဗျ

ပြည်တွင်းစစ်ကြီး ဖြဈခဲ့တာ... ကမ္ဘာပေ်ါမှာ အရှည်ကြာဆံုးတဲ့

ဂုဏ်ယူရမလား ငိုရမလားဟ... ဒို့နိုင်ငံရဲ့ ပြည်တွင်းစစ်က

ငြိမ်းချမ်းရေးကို လိုချင်တယ်... ပစ်တာ ခတ်တာ ရပ်ကြပါတော့

ငြိမ်းချမ်းရေးကို လိုချင်တယ်... ညစ်တာ ပတ်တာ ရပ်ကြပါတော့

ငြိမ်းချမ်းသာယာ ပြည်မြန်မာ... စာအုပ်ထဲမှာ တွေ့ဖူးပါရဲ့

လက်တွေ့ဘဝမှာ မသေချာ... ပြေးလိုက်ရှောင်လိုက် ပုန်းလိုက်ခိုလိုက်

တိုင်းရင်းသားကို စာနာပါ... လူနည်းစုလဲ အသက်နဲ့ပါပဲ

တောင်တန်းတွေမှာ ယမ်းခိုးဝေ... မြေပြန့်မှာရော လံုခြံုလို့လား

အာဏာရှင်စိတ် မကုန်သေးရင်... ဖယ်ဒရယ်ကြားရင် နားခါးမှာပဲ "




သင်္ကြန်နဲ့ သံချပ်ဟာ အတွဲအစပ် လိုက်ဖက်လှသည် ။




မန္တလေးမြို့မှ ဟိုထိုးဒီထိုး​ ရွှေလက်​ညှိုး သံချပ်​အဖွဲ့ လှည်​့လည်​ ဖျေ်ာဖြေစဉ် ယခုနှဈတွင် သံချပ်ကားကို ပန်းအိုးဖြင့် ပစ်ပေါက်ခြင်း ကြံုခဲ့ရသည် ။




" ရွှေလက်​ညှိုး သံချပ်​ကား ပန်​းအိုးနဲ့ ထုခံရပါတယ်​။ ၂၀ဝ၈ ဖျက်​သိမ်​း​ရေး ဆိုတာကို ပစ်သွားတာပါ။

၂၀ဝ၈ ဖျက်​သိမ်​း​ရေးကို မလိုလားတဲ့ အုပ်​စုရဲ့ လက်​ချက်​လို့ ယူဆပါတယ်​ " လို့ ရတနာပံုတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ)မှ စည်းရံုးရေးမှူး ကိုရဲမျိုးဆွေက ဆိုသည် ။




" ကျည်​ဆံ​တွေမှာ အသိဉာဏ်မရှိဘူး

လူဆိုတာဟာ အသိဉာဏ်ရှိတယ် ​...

ထစ်ခနဲဆို စစ်​ကိုပြင်​

တကယ်​ထိတာ ပြည်​သူ့ရင်​ဘတ်...

စစ်ဆင်ရေးတွေရဲ့ နောက်ကွယ်မှာ

ထိုးစစ္သ်တွေဟာ ဝှက်​ဖဲတွေပဲ...

လွှတ်​​တေ်ာ​ထဲက အစိပ်​သား​တွေ

အိမ်​ပြန်​တန်​းလျား ဘယ်​အချိန်​များလဲ...

တန်​ခိုးထွား​နေတဲ့ အမျိုးသား​တွေ​

စစ်​တန်​းလျားကို ပြန်​ကြပြန်​ကြ....

ဒီမိုး ဒီ​လှေ ဒီ​ရေ နဲ့ဆို​ ရှေ့ကိုဆက်​ဖို့ မဖြစ်​နိုင်​ဘူး

လှေက​သေးပြီး တပ်​ကြီး​နေ​တော့

ဒီ​လှေနဲ့ဆို တပ်​ မ​တေ်ာ​ဘူး "




ဒါကတော့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းကို တပ်က တရားစွဲတဲ့အထိ ဖြဈစေခဲ့တဲ့ သင်္ကြန်သံချပ်ရဲ့ အစိပ်အပိုင်း တစ်ခုသာ ။




ယခုနှစ်သင်္ကြန်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းကို မင်္ဂလာဒံုကြံခင်းစု ဘောလံုးကွင်းမှာ ရဲနှင့် အရပ်ဝတ် လူအင်အား များစွာဖြင့် ဝိုင်းထားပြီး စခန်းသို့ ခေ်ါဆောင်သွားခဲ့သည် ။ မရမ်းကုန်းရဲစခန်းမှ မနက် ၃ နာရီကျေ်ာမှ ပြန်ခွင့်ရခဲ့ကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုဇေယျာလွင်ထံမှ သိရသည် ။




ထို့နောက် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ ၊ ကိုဇေ်ာလင်းထွဋ် (ခ) ဖိုးသား ၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်း တို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့် (ကြည်း)မှ တရားလို ပြုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ၊ နိုင်ငံတေ်ာအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် အသီးသီး အမှုဖွင့်ခဲ့ပြီး မရမ်​းကုန်​းမြို့နယ်​တရားရံုးက ဖမ်​းဝရမ်​းထုတ်​ခဲ့သည်​။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ မကေခိုင်ထွန်းကို ရန်ကုန်ကလေးဆေးရံု (ဟယ်လ်ပင်) ၌် သူနာပြုတာဝန် ထမ်းဆောင်နေစဉ် မရမ်းကုန်းရဲစခန်းမှ နေ့လည်ပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှ ငွေကျပ် သိန်း ၂၀ဝ ဖြင့် အာမခံ ပေးခဲ့သည်။




"မကေခိုင်ထွန်းကို ဖမ်းတော့ ဝရမ်းပြပြီး ဖမ်းတာ။ ဝရမ်းထဲမှာ ၅ ဦးပါတယ် ။ တပ်မတေ်ာက အမှုဖွင့်တာ။ ရန်ကုန်တိုင်းက " ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ သိရသည် ။ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ဖြိုးမင်းနှင့် ကိုဇေ်ာလင်းထွဋ် တို့ကို ဖမ်းဆီးခေ်ါဆောင်ရန် ၎င်းတို့၏နေအိမ်များသို့ ရဲတပ်ဖွဲ့မှ ရောက်ရှိလာခဲ့သည် ။




" ကေကြီးကို အရင် ဝင်ဖမ်းတယ် ။ ဖိုးသားနဲ့ ဒီရေ့အိမ်ကို တဈနေ့လံုး ရဲတွေ ၃ ခေါက်ထက်မနည်း လာရှာတယ် ။ ဖိုးသားအိမ်ရှေ့မှာ တဈညလံုးစောင့်နေတယ် ။ ဒီရေ့ အဖေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးရံုးမှာ ခေ်ါပြီး မေးတယ် ။ ကျွန်တေ်ာ့အိမ်နဲ့ ပိုင်ရဲသူ အိမ်ကို ရဲတွေ လံုးဝမလာဘူး ။ အငယ်တွေ အိမ်တွေကို ဖိအားပေးပြီး အငယ်တွေကို ခြောက်လှန့်ချင်တဲ့ သဘောလားပေါ့ " လို့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုဇေယျာလွင်က ဆိုသည် ။




" အိမ်ကို နေ့လည်လောက်က အရပ်ဝတ်တွေရောက်လာပြီး အဖေကို ကျွန်တေ်ာ့အကြောင်း လာမေးတယ်။ ညနေ မြောက်ဥက္ကလာစခန်းမှူး ရောက်လာပြီး ရပ်ကွက်ရံုးမှာ ထပ်မေးတယ်။ ၉ နာရီ မရမ်းကုန်းစခန်းမှူး ရောက်လာပြီး ခင်များသားကို အာမခံပေးပါ့မယ် ပြန်လွတ်မှာပါ မက်လံုးပေးပြီး ပြောတယ်။ ကျွန်တေ်ာလည်း မလာနိုင်ဘူး၊ ဖမ်းချင် လိုက်ဖမ်းလို့ပဲ ပြောထားတယ်။ တဈညလံုး စောင့်မယ့် သဘော ရှိတယ်။ ဖိုးသားအိမ်လည်း ဒီအတိုင်းပဲ ။ မိဘတွေကို ဖိအားပေးတဲ့ သောက်ကျင့် မပျောက်​သေးဘူး " လို့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ဖြိုးမင်းက ဆိုသည် ။




ဒဂံုတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးမင်းအား တပ်မှ တရားစွဲဆိုမှုကြောင့် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရန် အခက်အခဲရှိသဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အရေးပေ်ါအစည်းအဝေး ကျင်းပခဲ့ကြောင်း ဒဂံုတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည် ။




သရေ်ာစာဟာ ပြဈမှုမမြောက်ဘူးလို့ အမေရိကန် အခြေစိုက် လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထောက်ပြပြောဆိုသည် ။ ယခုနှဈတွင် သံချပ်အဖွဲ့များနည်းတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့ကိုလည်း တပ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ၊ နိုင်ငံတေ်ာအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ထောင်ချခဲ့သည် ။ ဧရာဝတီသတင်းဌာနကိုလည်း တပ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။




ဒေါင်းတို့မျိုးဆက် သံချပ်အသင်းဟာ ၂၀၁၆ သင်္ကြန်အကျ​နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်း၏ ဖိတ်ကြားချက်အရ စခန်းတွင်းသို့ ဝင်ရောက်ဖျေ်ာဖြေတင်ဆက်ခဲ့သည် ။ ထိုကာလက သံချပ်အဖွဲ့တွေအနေနဲ့ အဆင်ပြေတဲ့ အနေအထားမှာ ရှိပြီး ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး ပြေလည်ခဲ့သည် ။ ရဲဆိုသည်မှာ ကာချုပ်လက်အောက်ရှိ ပြည်ထဲရေး၏ အုပ်ချုပ်မှုအောက်တွင် ရှိသည် ။




" သံချပ်ဆင်ဆာ လုပ်ရမယ်

အပြောင်းအလဲဆိုတာ ဒါကြီးလားဟ

သံချပ်ဆင်ဆာ ဖြုတ်ကြပါ

တရားစောင့်ရင် သံလျက်မကျိုးဘူး

တဖက်ပိတ်တဲ့ လွှတ်တေ်ာမှာ

စစ်ထွက်တဝက် ထောင်ထွက်တဝက်

စစ်သားအဆို မဲမနိုင်

ကိုယ့်နေရာမဟုတ်တော့ ဒီလိုပါပဲ

အရင်နဲ့အခု ဘာကွာတယ်

၆၆ (ဃ) နဲ့ ၅ (ည) ပါပဲ

စီးပြား ၆ဆ တကယ်ဆို

အမလေးဟယ် မပြောကောင်းမဆိုကောင်း

လစ်ဘရယ်ဝတ်တဲ့ ဘရာစီယာ

ဇာသက်သက်နဲ့ ကြိုးမပါဘူး

အမျိုး ဘာသာ သာသနာ

တိပ်ကပ်ရံုနဲ့ မပြီးပါဘူး

ဒေါင်းအလံ ၂ဖွဲ့ ခွပ်တဲ့အခါ

နံပါတ်တုတ်က ပြံုးစိပြံုးစိ

လေနဲ့ဝမ်းနဲ့ ကွဲစေချင်

ထောင်ထမင်းထောင်ဟင်း ကွြားစရာမဟုတ်

ကဏ္ဍအစံု လွဲနေရင်

အားအင်တွေဟာ အချည်းနှီးပဲ "




ဒါကတော့ ၂၀၁၇ ခုနှဈက သင်္ကြန်သံချပ် အချို့ ဖြဈတယ် ။




မနှစ်က ၂၀၁၈ သင်္ကြန်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှုကို ရင်ဆိုင်ခဲ့ရသေ်ာငြား ငြိမ်းချမ်းရေးမိခင် မဏ္ဍပ်မှ သံချပ် ပထမဆု ဆုကြေးငွေ ရရှိခဲ့သည် ။




ယခုနှစ် ၂၀၁၉ သင်္ကြန်မှာတော့ သံချပ်အဖွဲ့များကို တားဆီး တရားစွဲတဲ့ သတင်းတွေဟာ New York Times သတင်းစာမှာ ဖေ်ာပြခြင်းခံရတဲ့အထိ ကမ္ဘာကျေ်ာသွားခဲ့သည် ။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို တရားစွဲဆိုမှု တပ်မှ ရုပ်သိမ်းပေးရန် အသံ - လွတ်လပ်စွာထုတ်ဖေ်ာပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့မှ တောင်းဆိုခဲ့သည် ။