Breaking News

သင်းရည်လွင် ● ကျေးကျွန်တဦးလို မြစ်က


သင်းရည်လွင် ● ကျေးကျွန်တဦးလို မြစ်က
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၉

ပြာလဲ့လဲ့ စာသားတွေ  ငါ့ကျောပေါ်ရေးပါ
ရေးလက်စ စာသားတွေ ငါမကြည့်ရဲ
တက်တူးအပြောင်းအလဲ ခေတ်ကို

တံတားတစင်း တည်ဆောက်ပြီးတိုင်း
ငါ့ရင်ဘတ်တွေ  အောင့်အောင့်သွား
သူတို့အဆင်ပြေကြပါတယ်
သူဒီလိုပြောခဲ့သေးရဲ့

တသက်တာ
မင်းကူးခပ်ခဲ့တဲ့ရေချိုးဆိပ်မှာ
ငါ့ကိုမျှားခဲ့
ငါ့ကိုယ်ငါ မျှားခဲ့
ဘာမှပြန်မရမှာ သိသိ
လက်ချိုးရေတွက်ဖို့ ခွန်အားမလို
ငါ့ရေတံခွန်လေးစီးဆင်းမြဲ
တသက် ပျော်ချင်လို့
ဘဝကို စိုက်ပျိုးခဲ့တာပါ

ကျေးကျွန်တစ်ယောက်
သူ့ သခင်ကို စိုးရိမ်စိတ်နဲ့ချစ်တဲ့ပုံမျိုး
ဘယ်လိုအက္ခရာ ကဗျည်းမလိုဘူး

ငါ့ကျောပေါ်မှာ ရေပြာပြာ။

သင်းရည်လွင်

၂၇ အေပရယ်လ် ၂၀၁၉