Breaking News

အုပ်မိုး ● ကျွဲပခုံးမျာသည် ဤပခုံးဖြစ်သည်

 အုပ်မိုး ● ကျွဲပခုံးမျာသည် ဤပခုံးဖြစ်သည်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၉

ကျားကိုက်ပါတယ်ဆိုမှ
ကုတ်ခြစ်ခဲ့သေးသလားဆိုတော့ ....
သေသူရဲ့တမလွန်ဟာ
ကြောင်ရုပ်ထိုးမှ
ထိုင်းမှိုင်းခဲ့ပြီ။

ငါ့ဓားငါဆွဲနှုတ်မိတာ
ငါ့လက်ဗွေရာ
ငါ့ဗိုက်က အမည်မဲ့ ....။

ဗိုက်ချည့်သက်သက်ဆိုလည်း
ထပ်အငှားချမိဦးမှာဘဲ။

အခုတော့..
အသက်တန်းလန်းကို
ယီးလေးခိုစီးခံလိုက်ရတယ်။

အုပ်မိုး
ဧပြီ ၂၀၊ ၂၀၁၉