Breaking News

ဆောင်းလူ ● နံနက်ခင်းများ


ဆောင်းလူ ● နံနက်ခင်းများ
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၉

နံနက်ခင်းများ
အမှန်အကန် သတင်းများ ...
မမှန်မကန် သတင်းများ ...
အကြံအဖန် သတင်းများ ...
ဦးတည်ရာမဲ့ .....

နံနက်ခင်းများ
ဘာသာစကားများ ...
ဘာသာပြန်ချက်များ ...
ဝိဝါဒတွေနဲ့
ဦးတည်ရာမဲ့ ....

နံနက်ခင်းများ
ဘလက်ကော်ဖီတခွက်
ကိုက်ခဲနေမှုအတွက်
ဖြေသိမ့်နေမှုက
ဦးတည်ရာမဲ့ ...

နံနက်ခင်းများ
လောကဓံတင်ဆက်မှု ၂၂ ဟာ
တလောကလုံး မှောင်မဲ
ရုပ်သေတွေ ဖွဲ့စည်းပုံပျက်မှုက
ဦးတည်ရာမဲ့ ....

နံနက်ခင်းများ
သတင်းတွေ ပြန့်ကျဲ ...
ပုလင်းတွေ ပြန့်ကျဲ ...
ဦးတည်ချက်တွေ ပြန့်ကျဲ ...
....
....
....
ဒါပေမယ့်
နံနက်ခင်းများရဲ့
ဦးတည်ရာလမ်းဟာ
ညက အရှိန်အဝါနဲ့
ပန်းနုရောင်သမ်းနေတယ် ...။

ဧပြီ ၃၀၊ ၂၀၁၇
၇ း ၄၉ နာရီ