Breaking News

ကိုသန်းလွင် - အချုပ်အချာ အာဏာ (Ko Than Lwin - Safe Vaccines for Children in China, Translation)

Getty Images, NY Times

ကိုသန်းလွင် - အချုပ်အချာ အာဏာ (Ko Than Lwin - Safe Vaccines for Children in China, Translation)
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၉

လွန်ခဲ့ သောလစောစောပိုင်းကတရုတ်ပြည်အရှေ့ပိုင်း ဂျင်ဟူ (Jinhu County) နယ်တွင်အဘယ့်ကြောင့်ကလေး ငယ် ၁၄၅ယောက်မှာ ဒိတ်လွန်နေသော ပိုလီယိုဆေးကို ထိုးပေးရပါသနည်း ဟု မေးခွန်းထုတ်ခဲ့ကြပါသည်။ ဤ သည်မှာ၇နှစ်အတွင်း ၅ကြိမ်မြောက်ထိုးဆေးနှင့်ပါတ်သတ်၍ မေးခွန်းထုတ်ရခြင်းဖြစ်ပါသည်။ နိုင်ငံ၏ဆေးပညာ လုပ်ငန်း၊ ကလေးများကာကွယ်ရေးဆေးထိုးပေးရေး စီမံကိန်းနှင့် တာဝန်ရှိအစိုးရအမှုထမ်းများအပေါ် မေးခွန်း ထုတ်ခြင်း ဖြစ်ပါသည်။ အုပ်ချုပ်သည့်အစိုးရ (CCP-Chinese Comunist Paty) ကွန်မြူနစ်ပါတီကိုမေးခွန်းထုတ် ခြင်းလည်းဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က တရုတ်ပြည်၏အကြီးဆုံး ဆေးထုတ်လုပ်သူကအနည်းဆုံး ၂၅၀,ဝ၀ဝ မျှသော အဆင့်အတန်း မမှီသည့်ဆေးများကိုထုတ်ဝေခဲ့ပါသည်။ ထိုဆေးများမှာDiphtheria, Tetausနှင့်ချောင်းဆိုးဆေးတို့ ဖြစ်ပါသည်။ ထိုသို့ဖြစ်ပြီး များမကြာမှီမှာပင် ထို့ထက်ဆိုးသောဆေးများပါဝင်ပါတ်သက်ကြောင်းတွေ့လာရပါသည်။ လူပေါင်း ၃၀ဝ,ဝ၀ဝ ကျော်ကိုစစ်တမ်းကောက်ယူရာ ၇၉%မျှသောဖြေဆိုသူတို့က ယခင်ကသူတို့၏ကလေးငယ်များကို တရုတ်လုပ် ဆေးများဖြင့် ထိုးပေးပါမည်ဟုဆိုသော်လည်း၊ ဤဖြစ်ရပ်ဖြစ်ပြီးသည့်နောက်ပိုင်းတွင် ၂၀% ကသာ ထိုသို့လုပ်ပါမည်ဟု ကတိပေးကြသည်။ ၆၀%မျှသော လူတို့သည် တရုတ်ပြည်၏ပြင်ပတွင် မိမိ တို့၏ကလေး များကို ကာကွယ်ဆေးထိုးလိုကြသည်။

ထို့ကြောင့်ယခုလတွင်ဒေသဆိုင်ရာတာဝန်ရှိသူများ မှာဆန္ဒပြပွဲများနှင့်ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့်ဒေသ ဆိုင်ရာပုဂ္ဂိုလ်တို့ကတီဗွီထဲမှ ဖြေရှင်းချက်ပေးရာ သူတို့၏တင်းနေသောမျက်နှာနှင့်(Burberry) ဘာဘာရီ ရှပ် အင်္ကျီ များကို ဝတ်ဆင်ထားရာ အဖြစ်အပျက်နှင့် ဆီလျော်မှုမရှိဟု ဝေဖန်ကြသည်။ ထို့ကြောင့် ဒေသဆိုင်ရာ ပုဂ္ဂိုလ်များကို အလုပ်မှထုတ်ပယ်ခြင်း အင်တာနက်မှ ဆေးထုတ်လုပ်သောကုမ္ပဏီကို ကြီးစွာသော ဒဏ်ပေး ဆောင်ခြင်းတို့မှာ ပြည်သူလူထု၏ ဒေါသကို ဖြေဖျက်မသွားစေနိုင်။

ထိုကဲ့သို့ခဏခဏဖြစ်ပျက်ရသောအခါ (သို့မဟုတ်) အစိုးဘက်မှ တခါတရံ လွဲချော်မှုများ ရှိနေသောအခါ လူ အများက နိုင်ငံတော်အစိုးရကို အပြစ်တင်ကြသည်။ ဤဖြစ်ရပ်မှာ ဒေသအတော်များများတွင် ဖြစ်လေ့ရှိသော် လည်း တရုတ်ပြည်တွင်မှု ဤဖြစ်ရပ်မှာ ဆိုးရွားသော အကျိုးသက်ရောက်မှုများရှိသည်။

အစိုးရများအဖို့မိမိတို့အာဏာပိုင်စိုးကြောင်း ကိုအချက် ၃ ချက်ဖြင့်ပြနိုင်ကြပါသည်။ အများပြည်သူတန်ဖိုးထား သည့် အရာတခုကို လက်ခံ၍ပြသခြင်း၊ ရွေးကောက်ပွဲတွင်အောင်ပွဲခံခြင်းနှင့် တရားဥပဒေစိုးမိုးမှုတို့ ဖြစ်ပါသည်။ တရုတ်ပြည်တွင်ဖြစ်ပေါ်နေသည်မှာ စီစီပီ ၏ပါဝါသည်ပေါ်ပြူလာရွေးကောက်ပွဲလုပ်ခြင်း၊ တရားဥပဒေစိုးမိုးမှုရှိ ခြင်းတို့နှင့်အာဏာရလာခြင်းမဟုတ်ဘဲ၊ ကွန်မြူနစ်ပါတီ အနေဖြင့်လည်းပါတီ၏နာမည်သက်သက်ဖြင့်အုပ်ချုပ် ၍ မရ နိုင်တော့ပေ။ ထို့ကြောင့် မိမိ၏ အုပ်ချုပ်ရခြင်းကိုအများပြည်သူတို့၏ကောင်းကျိုးဖြစ်ထွန်းမှုများ စီးပွားရေး အောင်မြင်မှုများနှင့်လူနေမှု အဆင့်အတန်းမြင့်တက်လာခြင်းတို့နှင့် သက်သေပြနေရပေသည်။

ဒီမိုကရေစီအစိုးရအနေဖြင့် မိမိ၏လုပ်ရပ်များကို အမြဲစောင့်ကြည့်နေရမည်။ အဘယ့်ကြောင့်ဆိုသော် နောင် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရလို၍ဖြစ်သည်။ လုပ်နည်းလုပ်ဟန်မျှတမှုများ (လုပ်ရပ်သည် လိုအပ်သော အဖြေထွက်ချင်မှထွက်မည်)ရှိရန်လိုသည်။ လိုအပ်သောရည်ရွယ်ချက်ကိုမပြည့်မီလျင်လည်း နိုင်ငံ၏ ဒီမိုကရေစီ စည်းစနစ် ပျက်စီးသွားသည်မဟုတ်ပေ။ တရုတ်ပြည်တွင် ဤကဲ့သို့မဟုတ်။ သမ္မတရှီဂျင်ပင်းက ၂၀၁၃ ခုနှစ်က “ အစားအသောက်လုံခြုံကောင်းမွန်မှုလောက်ကို သေချာမထိန်းသိမ်းနိုင်ရင်ငါတို့ဟာတိုင်းပြည်ကိုအုပ်ချုပ်ဖို့ သင့်တော်ရဲ့လား” လို့ ပြည်သူတွေကမေးကြလိမ့်မည်ဟုပြောခဲ့သည်။

တရုတ်တို့က သူတို့နိုင်ငံကို အုပ်ချုပ်သော အင်ပါယာ၏ အုပ်ချုပ်ခွင့် အာဏာသည် နိဗ္ဗာန်ကလာသည်ဟု ယူဆ ကြသည်။ သို့သော်ထိုအင်ပါယာကတော်တည့်ဖြောင့်မတ်မှန်ကန်ပါမှတာရှည်ခံမည်ဟုလည်း ယုံကြည်ကြသည်။ ထိုအင်ပါယာကအလွဲသုံးစားလုပ်ပါသော်ပြည်သူတို့တွင်တော်လှန်ပိုင်ခွင့်ဖယ်ရှားပိုင်ခွင့်ရှိသည်ဟုလည်းဆိုသည်

၁၉၄၉ ခုနှစ်က ကွန်မြူနစ်တို့ အောင်ပွဲခံပြီးသည့်နောက်ပိုင်းပြည်သူများသို့ နိုင်ငံတော်က ထိုးဖောက်ဝင်ရောက် ပြီး လူနေမှု အဆင့်အတန်းမြင့်မားရေးကို ကတိအမျိုးမျိုးပေးခဲ့သည်။ ပြည်သူတို့၏ ကျန်းမာရေးမှာ လူသားတို့ တွင် မရှိမဖြစ် ဖြစ်သည်။ မိမိမှာသာ တာဝန်အရှိဆုံးလည်းဖြစ်သည်။ သို့သော် မော်စီတုံး ခေတ်က အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် ပြည်သူတို့ အောက်တန်းကျခဲ့ကြသော်လည်း ကွန်မြူနစ်ပါတီကို မည်သူကမှ မေးခွန်းမထုတ်ခဲ့ ကြပေ။

မော် ကွယ်လွန်ပြီးသောအခါ ပါတီ၏လုပ်ရပ်ကောင်းမကောင်းသည် ပြည်သူပြည်သားတို့၏ ဘဝသာယာမှု ပေါ် တွင် မူတည်ခဲ့သည်။ ကွန်မြူနစ်ပါတီသည် ပါတီအမည်သုံး၍ အုပ်ချုပ်ရန် (Legitimicy) ကိုယူ၍မဖြစ်တော့ပေ။ အကယ်၍သာ “ပေါ်လစီပြုပြင်ရေးနှင့် စီးပွားရေးသာမအောင်မြင်ခဲ့ပါကတင်ရန်မင်ရင်ပြင်မှအရေးသည် ပျောက် ကွယ်သွားလိမ့်မည် မဟုတ်ပေ။” တိန့်ရှောက်ဖိန်းက ၁၉၉၂ခုနှစ်တွင် သည်အတိုင်းမှတ်ချက်ချခဲ့ပါသည်။

တိန့်ရှောင်ဖိန်း၏ပြောကြားချက်သည် လုပ်ရပ် (Performance) များပေါ်တွင် မှုတည်၍ အစိုးရ၏ တရားဝင်မှု၊ မဝင်မှုကိုဆုံးဖြတ်ရ ကြောင်းဝန်ခံလိုက်ခြင်းလည်း ဖြစ်ပါသည်။ ယခုလို အစားအသောက်လုံခြုံမှု မရှိခြင်းမှာ ပေါ်လစီ၏မှားယွင်းမှု တခုဖြစ်ပါသည်။ ဆင်းရဲချမ်းသာ အဆင့်အတန်း ကွဲပြားရခြင်းမှာ စီးပွားရေးစနစ်၏ ပြဿနာပင် ဖြစ်ပါသည်။ တိုင်းပြည်၏ ဗဟိုဦးစီးစနစ်တွင်အထက်အောက်ဆက်ဆံရေးတွင် အလုပ်အောင်မြင် နှင့် တရားဝင်မှုပြဿနာမှာရော၍ ရှုတ်ထွေးနေပါသည်။ တရုတ်ပြည်တွင်အစားအသောက်ခြုံမှုမရှိခြင်း၊ ဆင်းရဲ ချမ်းသာမညီမျှမှု ပြဿနာများမှာ အစိုးရ ၏ပေါ်လစီမှားယွင်းမှု ဟုနားလည်ကြပါသည်။

၂၀၁၂- ၂၀၁၃  ခုနှစ်မစ္စတာရှီဂျင်ပင်း သမ္မတဖြစ်လာပြီးသည့် နောက်ပိုင်းတွင် စနစ်၏ မတည်ငြိမ် မခိုင်ခံ့မှုမှာ ပို၍ထင်ရှားလာပါသည်။ သမ္မတ၏ သက်တမ်းကန့်သတ်မှုကိုပယ်ဖျက်ခြင်း၊ သူ၏ကြောက်မက်ဖွယ်ရာ ကောင်း အောင်ခြစားမှုကိုတိုက်ဖျက်ခြင်းများကြောင့် သူသည်တရုတ်ပြည်၏ခေါင်းဆောင်ကြီးတစ်ယောက် (Paramount Leader) ဖြစ်လာပါသည်။ သို့သော် သူ၏ ရိုးရိုးအတိုင်းမဟုတ်သော ကြီးမားလှသော သြဇာအာဏာမှာ ဝန်ထမ်း အဆင့်ဆင့်တို့တွင် မတည်မငြိမ်ဖြစ်သည့် မလိုလားအပ်သော အကျိုးတရားများဖြစ်ပေါ်စေပါသည်။

ငယ်ရွယ်သော အောက်ခြေလူတန်းစားက ရှီနှင့်အတူ လိုက်ပါလိုကြသည်။ ဥပမာ ပါတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာတွင် ဝိရီယပိုမှုများ၊ အလွန်အကျွံလုပ်မှုများရှိသည်။ သို့သော် ဆေးကုသရေးနှင့် ဆိုင်သည့်ကိစ္စများတွင် အစိုးရက ပြင်းပြင်းထန်ထန်အရေးယူလုပ်ပေးဖို့ပြောဆိုသော်လည်း တချို့ပုဂ္ဂိုလ်များက ဤကိစ္စကို စောင့်ကြည့် ပြီး (Wait and See) နေလိုကြသည်။ ဗဟိုက ချမှတ်လိုက်သော အမိန့်ကို အမြဲ ရှုတ်ထွေးနေသော အခြေအနေ ၌ တသဝေမတိမ်း မလိုက်နာလိုခြင်းပင်ဖြစ်သည်။

ဂျင်ဟူ အစိုးရအဖွဲ့က လေ့လာခြင်းများအရဆိုသော် ဆေးများကို မြို့နယ်အဆင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် ပုဂ္ဂိုလ်၏တာဝန်၌လစ်ဟင်းခြင်းပင်ဖြစ်သည်။ ထိုဌာနမှ ဆိုင်ရာပုဂ္ဂိုလ်တို့ကလည်း သတင်းပို့ရန် လိုအပ်သလို ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည်။ ရီပို့ကအရမူ ဝရုန်းသုန်းကားဖြစ်နေသောအုပ်ချုပ်မှုနှင့်တာဝန်ကို ထမ်းဆောင် ရန် ပျက်ကွက်မှုများဟုဆိုသည်။

ထို့ကြောင့် မြို့နယ်အဆင့် ပေါ်လစီမှားယွင်းမှုက အဓိကပြဿနာဖြစ်သည်။ ပြဿနာများဆက်တိုက်ဖြစ်လာ သောအခါအစိုးရကလည်း လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ အရေးယူသောအခါမှာလည်း လွန်ကျွံသွားသည် များရှိသည်။ အင်တာနက်တွင် ပြည်သူတို့နှင့် တာဝန်ရှိပုဂ္ဂိုလ်များတွေ့ဆုံရာ၌ ခံရသူမိန်းမသား ဇနီး ဖြစ်သူက “ဒီနည်းနှင့် အစိုးရကကျမတို့ကို ဆက်ဆံသလား” ဟုမေးခွန်းကို ပြည်သူများကြားကြရသည်။
အစိုးရကလည်း မိမိလုပ်နိုင်သည်ထက် ပိုမို၍ ကတိမပေးမိရန် လိုသည်။ ပြည်သူအများ၏ လိုအပ်ချက်သည် အစားအစာနှင့်ဆေးလုံခြုံရေးဖြစ်ရာထိုကိစ္စများကိုသာ အလေးထားဖို့ အရေးကြီးသည်။ ထိုအရာများကို ပြည်သူ အတွင်းသို့ရောက်အောင် ဖြန့်ချီရာတွင် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာအင်အားတို့ကို အသုံးပြုရန်လိုသည်။ ဥပမာ နိုင်ငံခြားဆေးဈေးကွက်ကိုတွင်ကျယ်လာအောင် ဖွင့်လှစ်ပေးခြင်း ပြည်သူတို့ကိုစောင့်ကြည့်ခွင့်နှင့်ပါဝင်လုပ်ကိုင် ခွင့်တို့ကို ပေးရန်လိုသည်။

တရုတ်အစိုးရအနေဖြင့်ပြည်သူများ၏အစိုးရအပေါ်မုန်းတီးရမည့်အဖွဲ့အစည်းအဖြစ်မခံယူပါ။ အစိုးရကို ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အစိုးရဟူ၍လက်ခံပြီးဖြစ်သည်။ အစိုးရကလည်း ပြည်သူတို့မကြိုက်နှစ် သော ပေါ်လစီကိုချခြင်းဖြင့်အစိုးရအပေါ် မကျေမနပ်ဖြစ်မှာကိုစိုးရိမ်သည်။ ရှေးယခင်အယူအဆများအတိုင်း အာဏာသည် နိဗ္ဗာန်မှလာသည် အယူအဆအရ တရုတ်ပြည်၏ဆေးပညာမှာ အကောင်းတွေဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။ ပါတီ၏ဦးဆောင်မှု ဆိုသော်လည်း ဗဟိုဦးစီး စနစ်ကိုဖြေလျှော့ပေးရန်လိုပါသည်။

Ref: If a Government Can’t Deliver Safe Vaccines for Children, is It fit to rule? Yanzhong Huang New York Times 30 January 2019