Breaking News

သစ်ကောင်းအိမ် - မိုးပျံပူဖောင်းများ


သစ်ကောင်းအိမ် - မိုးပျံပူဖောင်းများ
မိုးမခ၊ မေ ၁၁၊ ၂၀၁၉

အနာဂတ်စိတ်ကူးစိတ်သန်းစီမံကိန်းခရီး
မိုးပျံပူဖောင်းတွေစီးပြီး
ခရီးထွက်သွားကြတယ်

တိမ်လှလှတွေကိုတော့
မြင်လိုက်ရ

ဓာတ်ကြိုးတန်းတွေမှာ ငြိ
သူတို့ခန္ဓာကိုယ်တွေပေါက်ပြဲကုန်ကြရဲ့

ညနေခင်း နေသာတယ်
သက်တန့်တစင်း ထွက်လာတယ်
တောင်ခြေမှာ မြူတွေဆိုင်းနေတယ်

(၁၉၉၅)