ဝင်းတင့်ထွန်း - ရဲဘော်ကျော်မြ ( သို့မဟုတ် ) တူတံဇဉ်အလံအောက်ကလူ (၂)
ဝင်းတင့်ထွန်း - ရဲဘော်ကျော်မြ ( သို့မဟုတ် ) တူတံဇဉ်အလံအောက်ကလူ (၂)
(မိုးမခ) မေ ရ၊ ၂၀၁၉(ဒီမိုကရေစီသစ် ဖေ့စ်ဘွတ်စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)
( ၄ )
စိတ်ဝါဒ ဆန်လိုက်တာလို့ပဲ ဆိုချင်ဆို၊ သူနဲ့ ကျွန်တော်ဟာ ဘယ့်လောက်အထုံရေစက် ကြီးလိုက်ပါသလဲ - ဆိုတော့၊ သူ တောခိုသွားလို့၊ လွတ်မြောက်ဒေသဆီ ရောက်သွားပြီးလို့ (၃) နှစ်ကျော်ကျော်ခန့် အကြာမှာပဲ သူနဲ့ကျွန်တော်ဟာ ချိန်းဆိုထားခြင်းမရှိရပါပဲ ကြံကြံဖန်ဖန် ပြန်လည်ဆုံတွေ့ရ ပြန်ပါတယ်။
ရန်ကုန် သမိုင်း-ဦးဘဟန်လမ်းထဲက ကျွန်တော်ရဲ့မိတ်ဆွေရင်း ရှေ့နေကြီးတယောက်ရဲ့ အိမ်ခန်းလေးထဲမှာပါ။ ရှေ့နေကြီးရော သူ့ရဲ့ဇနီးသည်ဟာ နိုင်ငံရေးအရ ကျွန်တော်နဲ့ချိတ်ဆက်မိကာ ဝါဒဖြန့်ချိရေး လုပ်ငန်းတချို့မှာပါ လက်တွေ့ပူးပေါင်းလုပ်ဆောင်နေကြချိန် ဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်နဲ့ဆက်စပ် ပတ်သက်နေကြသူတွေ ဖြစ်နေကြပါပြီ။ ရှေ့နေကြီးရဲ့ဇနီးသည်က ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့အပြင်၊ ရှမ်းသွေးလဲ ပါသူဖြစ်ပါတယ်။
သူတို့ရဲ့အိမ်လေးဟာ ခပ်ကျဉ်းကျဉ်းပါ။ ဧည့်ခန်းလိုလို ပင်မအခန်းနဲ့ တဆက်တည်းမှာ မီးဖိုချောင်ခန်းလဲဖြစတဲ့ ထမင်းစားခန်းလေးရှိပါတယ်။ သူတို့အိမ်လေးဟာ လူပျိုလူလွတ်ဖြစ်တဲ့ ကျွန်တော့်အတွက် မကြာခဏ စားအိမ်သောက်အိမ်လေးလိုလဲ ဖြစ်နေခဲ့ပါတယ်။
အဲဒီနေ့ဟာ မှတ်မှတ်ရရ ပြောရရင်- မဆလစစ်အစိုးရရဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် ၂/၈၀ မထုတ်ပြန်ခင် (၃)ရက်လောက်အကွာ၊ ၁၉၈၀ပြည့် မေလ နောက်ဆုံးအပတ်ထဲမှာ ဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင် တပတ်လောက်ကပဲ ရန်ကုန်ယူဂျီတာဝန်ခံဇော်ဦး ( နောင်-သစ္စာဖေါက်)ဟာ ကျွန်တော့်ရုံး အထိ ပေါက်ချလာပြီး၊
“ ကိုကျော်မြ ရှမ်းပြည်ဘက်ကနေ မန္တလေးဘက်အထိ ဆင်းလာတဲ့သတင်း ခပ်သဲ့သဲ့ ကြားရတယ်။ ရန်ကုန်အထိ ရောက်လာဖြစ်တယ်ဆိုရင်တော့ ခင်ဗျားဆီ သူ ရောက်ကောင်း ရောက်လာနိုင်တယ်။ သူက ခင်ဗျားတို့အစုက သွားတဲ့လူ ဖြစ်ရုံမက၊ ခင်ဗျားနဲ့လဲ သိပ်ခင်တယ်မဟုတ်လား။ ဒီတော့ တကယ်လို့များ သူ ခင်ဗျားဆီ ရောက်လာတယ်ဆိုရင်တော့ မဖြစ်ဖြစ်အောင် ပြောပေးပါဗျာ။ သူနဲ့အရေး ကြီးတဲ့ကိစ္စတခု ပြောလိုက် ပေးလိုက်စရာရှိလို့ပါ။ ကျွန်တော့်မှာ အဲဒီအထိ တခေါက်တခေါက် ဆင်းသွား ဖို့ဆိုတာ မလွယ်လို့ပါ- ကိစ္စကလဲ အရေးကြီးလို့ပါ-” တဲ့။
ကျွန်တော်ကတော့ သူပြောသလို တွက်ဆ မ ထားမိပါ။
အဲဒီနေ့က ရှေ့နေကြီးအိမ်ကို ဝင်လိုက်တော့ မီးဖိုချောင်ခန်းထဲ ထမင်းစားနေကြရာမှ ကျွန်တော်လာရာဘက်ဆီ မျက်နှာမူ ထမင်းစားနေတဲ့ ရှေ့နေကြီးက- “ ဟာ လာဗျို့- လာလာ- ထမင်းမစားရသေးလဲ ဝင်စား ဗျာ..” လို့လှမ်းအော်လိုက်တဲ့အတွက်၊ ကျွန်တော်ကလဲ “ စားပါဗျာ- စားကြပါ ကျွန်တော်စားပြီးပြီ-” လို့ပြန် ဖြေလိုက်မိရင်း၊ ဧည့်ခန်းလေးထဲက ကုလားထိုင်လွတ်တလုံးပေါ် ဝင်ထိုင်နေလိုက်ပါတယ်။ အဲဒီအချိန်မှာ- မီးဖိုချောင်ခန်းထဲကနေ ထမင်းစားပြီးပြီးချင်း ခပ်သုတ်သုတ် လက်စသတ်ပြီး ထွက်လာပုံရတဲ့သူကတေ - ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး ကိုလှသောင်းပါပဲ။
သူက ကျွန်တော့်ကို မြင်မြင်ချင်း မျက်စေ့တဖက် မှိတ် ပြလိုက်သလို၊ ပါးစပ်နားကို ဖျတ်ကနဲ လက်ညှိုးတချောင်း ကန့်လန့်ဖြတ်လုပ်ပြရင်း ‘ဘာမှမပြောပါနဲ့ဗျာ’ ဆိုတဲ့အသွင် လုပ်ပြတဲ့အတွက်၊ ကျွန်တော်က မျက်နှာကို တဖက်လွှဲထားကာ တုံဏှိဘာဝေ ဆိတ်ဆိတ်နေ လိုက်ရပါတယ်။ ကိုလှသောင်းက အနားက လွတ်နေတဲ့ တခြားကုလားထိုင်တလုံးမှာ ဝင်ထိုင်ပါတယ်။
အဲဒီ အချိန်မှာ ထမင်းစားပြီးပြီဖြစ်ဟန်တူတဲ့ ရှေ့နေကြီးရော ဇနီးသည်ပါ ခပ်လေးလေး ခပ်တွေတွေမျက်နှာပေး နဲ့ထွက်လာပါတယ်။ အဲဒီအချိန်မှာ- တစုံတရာကို စဉ်းစားသလိုလိုလုပ်နေရာက ဆုံးဖြတ်ချက်တခုကို ချ လိုက်ပြီးတဲ့ဟန်ပန်နဲ့ (ခုတင်ကပဲ နှုတ်ပိတ်ထားခဲ့ရာက-) ကိုလှသောင်းဟာ ကျွန်တော့်မျက်နှာဆီ လှမ်း ကြည့်ကာ ကျွန်တော့်နာမည်ကိုပါ ရုတ်တရက်ခေါ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ- “ ဘယ်နှယ်တုန်း- နေကောင်းလား၊ တောင်ကုန်းပေါ်က ဦးလေးတို့မိသားစုကော နေကောင်းကြလား-” လို့သူကပဲ စတင်စ ကားဆိုလာပါတယ်။
အဲဒီတော့မှ ကျွန်တော်ကလဲ “အားလုံးနေကောင်းပါတယ်။ ခင်ဗျားလဲ ၀လာသလိုပဲ” လို့ အလိုက်သင့် ပြန်ဖြေလိုက်ရာ၊ အိမ်ရှင်ရှေ့နေကြီးမှာ အံသြတကြီးဖြစ်သွားပြီး- “ ခင်ဗျားတို့တွေက အ ရင်ကတည်းက အသ တွေလားဗျ-” လို့ခပ်သွက်သွက်မေးလာပါတယ်။ အဲဒီတော့မှ ‘ဟုတ်တယ်’ လို့ပြိုင်တူ လိုလို ပြောလိုက်မိရာ- ရှေ့နေကြီးက ‘တော်ပါသေးရဲ့ဗျာ..ကျွန်တော်က ဟိုစဉ်းစား သည်စဉ်းစားနဲ့ဖြစ်နေ တာ-’ လို့ပြောရင်း ခပ်ပြုံးပြုံး ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။
( အကြောင်းရင်းက- ဒီလိုပါ- )
ကိုလှသောင်း (ကိုကျော်မြ) ဒီတခေါက် ရန်ကုန်ကို ဆင်းလာတာဟာ သူ့အကြောင်းနဲ့သူပါ။ ဗဟိုကပေးလိုက်တဲ့အထူးတာဝန်တရပ်နဲ့ ဘယ်ယူဂျီလမ်းကြောင်းကမှ လာတာမဟုတ်ပဲ၊ သီးသန့်လမ်းကြောင်းကနေ လာတာပါ။ ရန်ကုန်ဟာ သူကျွမ်းကျင်ပြီးနယ်မြေဖြစ်ပေမဲ့၊ လိုအပ်ရင် တည်းလို့ခိုလို့ ဝင်လို့ထွက် လို့ရအောင် အရှေ့မြောက်ရှိ ကိုဇော်ထွန်း (ကိုခင်မောင်ဖြူ) ဆီကနေ မိတ်ဆက်စာတစောင်ကိုလဲ ယူလာ ခဲ့တယ်ဆိုပါတယ်။ ကိုဇော်ထွန်းရဲ့စာက သူနဲ့အင်မတန်ရင်းနှီးပြီး သူအင်မတန်ယုံကြည်စိတ်ချတဲ့ ရှေ့နေ ကြီးလင်မယားထံ ရေးပေးလိုက်တဲ့စာပါ။ ဘယ်သူနဲ့မှ မတိုးရအောင် အဲသလိုစီစဉ်လာခဲ့ပါမှ ကျွန်တော်နဲ့ တည့်တည့်တိုးရတဲ့အဖြစ်ပါပဲ။ ( ကိုဇော်ထွန်းက သူ့လူတွေဟာ ဘယ်သူနဲ့မှ ပတ်သက်မှု ရှိသေးဟန်မတူ -လို့ယူဆပြီး အခုလို စာရေးပေးလိုက်ပုံရပါတယ်။) အဲဒီမှာ စိတ်ထက်တဲ့ရှေ့နေကြီးက စာဟာ ကိုခင်မောင် ဖြူရဲ့စာမှန်း သိလိုက်ရပေမဲ့၊ တဖက်က လက်တွေ့အလုပ်လုပ်နေတဲ့သူဟာ ကျွန်တော်နဲ့ပဲ ဖြစ်နေတဲ့ အ ပေါ်မှာ- ပါတီဗဟိုတခုတည်းက ဖြစ်ပါလျက်၊ ဘာလို့ဒီလို ဖြစ်ရသလဲ-ဆိုတာ ဇဝေဇဝါဖြစ်သွားရင်း၊ အခုစာ နဲ့လာသူဟာ တကယ်ပါတီဗဟိုကမှ ဟုတ်ပါ့မလား၊ ထောက်လှမ်းရေးက အစတစစ ရထားပြီးသားကနေ အစီအစဉ်ရှိရှိ ဂွင်ဆင်ပြီး လာတာများ ဖြစ်နေမလား-ဆိုတဲ့အထိ ဟိုတွေးသည်တွေး တွေးစရာတွေ ဖြစ်သွား ရတယ်ဆိုပါတယ်။ သိပ်မဟန်ဘူးဆိုရင်တော့ စာနဲ့လာတဲ့ ဒီလူကို ဘယ်လိုရှင်းပစ်လိုက်ရမလဲဆိုတာအ ထိတောင် အတွေးဝင်သွားခဲ့ရတယ်ဆိုပါတယ်။
( ဒါကို ကိုလှသောင်းရှေ့မှာတော့ မပြော၊ နောက်ပိုင်းမှာမှ ကျွန်တော့်ကို ပြောပြလို့သိလိုက်ရတာပါ။ ) ဖြစ်ရပုံကတော့- အဲသလိုကို ဖြစ်ခဲ့ရတာပါ။ အဲဒီတုန်းက ကိုလှသောင်းဟာ ရှေ့နေကြီးရဲ့အိမ်မှာလဲ ညအိပ်ဖြစ်ခဲ့သလို၊ ကျွန်တော့်ရဲ့ညအိပ်ရာ နေရာဖြစ်တဲ့ ကျွန်တော့်ရဲ့ရုံးထဲအထိတောင် နှစ်ရက်တိတိ လိုက်လံ ညအိပ်ရင်း ပြောစရာစကားမျိုးစုံကို ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အရင်က ကိုနိုင်ဝင်းနဲ့အတူနေခဲ့တဲ့အိမ်နဲ့ခြံလေးကိုလဲ ရောင်းချ ရှင်းလင်း ပစ်ခဲ့ပြီးပြီ ဖြစ်တာကြောင့်၊ ခြေသလုံးအိမ်တိုင်သမားဖြစ်နေတဲ့ ကျွန်တောဟာ ညညမှာ ကျွန်တော့်ရုံးကိုပဲ သွားသွားပြီး အိပ်နေချိန်ဖြစ်ပါတယ်။ သူက သူသွားချင်တဲ့နေရာတွေဆီ ဘယ်လိုသွားရမလဲ-ဆိုတာမျိုးက အစ တိုင်ပင်ခဲ့တာတွေလဲ ရှိပါတယ်။
နောက်ထပ် နှစ်ရက်လောက်အကြာမှာတော့- သူက “ ဇော်ဦးကို အ ကြောင်းကြားချင် ကြားလိုက်တော့ဗျာ၊ ကျွန်တော့်မှာ ငွေ အခက်အခဲ ရှိနေပြီ၊ သူ့ဆီက ဆွဲသွားမယ်၊ သူ နဲ့ တွေ့ဖို့မပါပေမဲ့ ကြည့်ကျက် လုပ်သွားရမှာပဲ-” လို့ဆိုလာတဲ့အတွက် ကျွန်တော်က ဇော်ဦးကို ချိန်းပေးခဲ့ ရပါတယ်။ “ ကိုကျော်မြ ကနေ့ပဲ ရောက်လာတယ်-” ဆိုပြီး ချိန်ပေးလိုက်ရတာ ဖြစ်ပါတယ်။ တကယ်က ကိုကျော်မြ ရောက်နေတာက တပတ်လောက်တောင် ရှိနေပြီဖြစ်ပါတယ်။
နောက်ပိုင်းမှာ ၁၉၈၂ ထဲမှာ ဇော်ဦးရော ကျွန်တော်တို့တတွေအပါ စစ်အစိုးရ ထောက်လှမ်းရေးရဲ့ဖမ်း
ဆီးမှုကို ခံလိုက်ကြရပါတယ်။ ဇော်ဦးရဲ့ ဖေါ်ချက်အရ လူပေါင်း (၁၈၀)ကျော်တောင် အဖမ်းခံလိုက်ရတဲ့ ရန်ကုန်အပါ တပြည်လုံး ယူဂျီလှုပ်ရှားမှု ဖေါ်ထုတ်အရေးယူခံလိုက်ရမှုကြီးဖြစ်ပါတယ်။ အဲဒီမှာ ထောက်လှမ်း ရေးပါးကွက်သားများရဲ့ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို ကျောကော့အောင် ခံခဲ့ရရာမှာ- ‘ ၁၉၈၀
ပြည့်နှစ်ထဲမှာ ကိုကျော်မြ တောထဲကနေ ရန်ကုန်ကို ဗဟိုကော်မတီရဲ့အထူးတာဝန်ပေးချက်နဲ့ရောက်ရှိလာ
ခဲ့မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဖေါ်ထုတ်စစ်ဆေးချက်ဟာ ကျွန်တော့်အတွက် ရေဆုံးရေဖျား အသေအလဲ ခံခဲ့ရတဲ့
အချက်တချက် ဖြစ်ခဲ့ရပါတယ်။
ဆီးမှုကို ခံလိုက်ကြရပါတယ်။ ဇော်ဦးရဲ့ ဖေါ်ချက်အရ လူပေါင်း (၁၈၀)ကျော်တောင် အဖမ်းခံလိုက်ရတဲ့ ရန်ကုန်အပါ တပြည်လုံး ယူဂျီလှုပ်ရှားမှု ဖေါ်ထုတ်အရေးယူခံလိုက်ရမှုကြီးဖြစ်ပါတယ်။ အဲဒီမှာ ထောက်လှမ်း ရေးပါးကွက်သားများရဲ့ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို ကျောကော့အောင် ခံခဲ့ရရာမှာ- ‘ ၁၉၈၀
ပြည့်နှစ်ထဲမှာ ကိုကျော်မြ တောထဲကနေ ရန်ကုန်ကို ဗဟိုကော်မတီရဲ့အထူးတာဝန်ပေးချက်နဲ့ရောက်ရှိလာ
ခဲ့မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဖေါ်ထုတ်စစ်ဆေးချက်ဟာ ကျွန်တော့်အတွက် ရေဆုံးရေဖျား အသေအလဲ ခံခဲ့ရတဲ့
အချက်တချက် ဖြစ်ခဲ့ရပါတယ်။
ဇော်ဦးဟာ ကျွန်တော့်ဖက်ကို မျှားဦးလှည့်ပေးပြီး၊ သူ မသိခဲ့တာတွေကိုပါ နှပ်ကြောင်းပေးပြီး ဖေါ်ခဲ့ ဖေါက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်မှာ ဒဏ်ရာပေါင်းစုံ ရခဲ့ရပါတယ်။ ကျွန်တော့် ဘဝမှာ ကိုကျော်မြနဲ့ပတ်သက်လို့ မမေ့စရာ အဖြစ်အပျက်တခုလို့ပဲ ဆိုလိုက်ချင်ပါတယ်။
( ၅ )
ကိုကျော်မြ နဲ့ကျွန်တော့်အကြားမှာ ဘဝရေစက်က ဘယ့်လောက်ကြီးလိုက်ပါသလဲဆိုရင်- အဖြစ်က
အဲသလောက်နဲ့လဲ အဆုံးမသတ်နိုင်ခဲ့ပါ။ ကျွန်တော် နှစ်ပြည့်လို့ ထောင်ကထွက်၊ သိပ်မကြာခင် ဒေါ်ဒေါ် ဒေါ်ကြည်ကြည် (ဥက္ကဌသခင်ဇင့် ဇနီး) အဖမ်းခံရတဲ့ကိစ္စနဲ့ဆက်စပ်ပြီး ထပ်မံဝရမ်းပြေးရ ၊ ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်းကြီးပေါ်ထွက်လာမှ ရန်ကုန်ကို ပြန်ကပ်နိုင်ခဲ့ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတော့ တတ်နိုင်ရာရာ နေရာလေးတွေကနေ ပါဝင်လှုပ်ရှားခဲ့ရ ၊ နောက်ဆုံး ‘ ပြည်သူ့တိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ရင်း၊ ပြည်သူ့တိုးတက်ရေးပါတီကို ဗကပ ရဲ့မြေပေါ်ပါတီဆိုတဲ့ စွပ်စွဲချက်နဲ့ နဝတက ဖျက်သိမ်းပစ်ကာ ဗဟိုကော်မတီဝင်တွေအားလုံးကို လိုက်လံဖမ်းဆီးရာမှာ ထပ်မံ တကျော့ပြန်ဝရမ်းပြေးဖြစ်ခဲ့ရပြန်ရင်း၊ နောက်ဆုံး မန္တလေးမြို့က ဘုန်းကြီးကျောင်းတိုက်တွေ၊ မိတ်ရင်းတွေ ထံ လှည့်လည်ခိုလှုံ လှုပ်ရှားနေခဲ့ရာက မန္တလေးမှာ ကိုကျော်မြနဲ့လဲ တကျော့ပြန် ပြန်လည်တွေ့ဆုံရပြန် ပါလေတယ်။
မန္တလေးမှာ ၀ရမ်းပြေးအဖြစ် ရောက်ရှိနေတဲ့ ကျွန်တော့်ကို မန္တလေးသားတပိုင်းသဖွယ် ဖြစ်နေတဲ့ သူက- သတိတရ ချိန်းဆို တွေ့ဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့တွေ့တော့- သူက သူ့ရဲ့မူပိုင်အပြုံး ပြုံးစစနဲ့ “ ဟေ့လူ- ကျွန်တော်တော့ မိန်းမလဲ ရနေပြီဗျ-” တဲ့။ “ အဲဒါ ခင်ဗျားနဲ့လဲ မိတ်ဆက်ပေး တွေ့ပေးရဦးမယ်-” လို့ပါ တဆက်တည်း သူကပြောလာရုံမက၊ တကယ်လဲ သူက ကျွန်တော့်ကိုခေါ်သွားကာ မိတ်ဆက် ပေးခဲ့ပါတယ်။ သူက သူ့ဇနီးနဲ့မိတ်ဆက်ပေးတဲ့အခါ၊ ကျွန်တော့်ကို ‘ ကိုအောင်’ ဆိုတဲ့နာမည်နဲ့မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက မန္တလေးမှာ ကျွန်တော်အသုံးပြုနေတဲ့နာမည်ဟာ ‘ကိုအောင်’ ပါ။ ဒါ ကြောင့် ဟာသဉာဏ် အလွန်ရွှင်တဲ့ ကိုသိန်းသန်းဦး (မောင်ကမ္ဘာ)ကဆိုရင်- ကျွန်တော့်ကို ‘ပထမံကြီး’ ‘မြေလျှောက်ဝိဇ္ဇာကြီး’ လို့လဲ ကျွန်တော့်နောက်ကွယ်မှာ ခေါ်လေ့ရှိပါတယ်။
( ၅ )
ကိုကျော်မြ နဲ့ကျွန်တော့်အကြားမှာ ဘဝရေစက်က ဘယ့်လောက်ကြီးလိုက်ပါသလဲဆိုရင်- အဖြစ်က
အဲသလောက်နဲ့လဲ အဆုံးမသတ်နိုင်ခဲ့ပါ။ ကျွန်တော် နှစ်ပြည့်လို့ ထောင်ကထွက်၊ သိပ်မကြာခင် ဒေါ်ဒေါ် ဒေါ်ကြည်ကြည် (ဥက္ကဌသခင်ဇင့် ဇနီး) အဖမ်းခံရတဲ့ကိစ္စနဲ့ဆက်စပ်ပြီး ထပ်မံဝရမ်းပြေးရ ၊ ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်းကြီးပေါ်ထွက်လာမှ ရန်ကုန်ကို ပြန်ကပ်နိုင်ခဲ့ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတော့ တတ်နိုင်ရာရာ နေရာလေးတွေကနေ ပါဝင်လှုပ်ရှားခဲ့ရ ၊ နောက်ဆုံး ‘ ပြည်သူ့တိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ရင်း၊ ပြည်သူ့တိုးတက်ရေးပါတီကို ဗကပ ရဲ့မြေပေါ်ပါတီဆိုတဲ့ စွပ်စွဲချက်နဲ့ နဝတက ဖျက်သိမ်းပစ်ကာ ဗဟိုကော်မတီဝင်တွေအားလုံးကို လိုက်လံဖမ်းဆီးရာမှာ ထပ်မံ တကျော့ပြန်ဝရမ်းပြေးဖြစ်ခဲ့ရပြန်ရင်း၊ နောက်ဆုံး မန္တလေးမြို့က ဘုန်းကြီးကျောင်းတိုက်တွေ၊ မိတ်ရင်းတွေ ထံ လှည့်လည်ခိုလှုံ လှုပ်ရှားနေခဲ့ရာက မန္တလေးမှာ ကိုကျော်မြနဲ့လဲ တကျော့ပြန် ပြန်လည်တွေ့ဆုံရပြန် ပါလေတယ်။
မန္တလေးမှာ ၀ရမ်းပြေးအဖြစ် ရောက်ရှိနေတဲ့ ကျွန်တော့်ကို မန္တလေးသားတပိုင်းသဖွယ် ဖြစ်နေတဲ့ သူက- သတိတရ ချိန်းဆို တွေ့ဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့တွေ့တော့- သူက သူ့ရဲ့မူပိုင်အပြုံး ပြုံးစစနဲ့ “ ဟေ့လူ- ကျွန်တော်တော့ မိန်းမလဲ ရနေပြီဗျ-” တဲ့။ “ အဲဒါ ခင်ဗျားနဲ့လဲ မိတ်ဆက်ပေး တွေ့ပေးရဦးမယ်-” လို့ပါ တဆက်တည်း သူကပြောလာရုံမက၊ တကယ်လဲ သူက ကျွန်တော့်ကိုခေါ်သွားကာ မိတ်ဆက် ပေးခဲ့ပါတယ်။ သူက သူ့ဇနီးနဲ့မိတ်ဆက်ပေးတဲ့အခါ၊ ကျွန်တော့်ကို ‘ ကိုအောင်’ ဆိုတဲ့နာမည်နဲ့မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက မန္တလေးမှာ ကျွန်တော်အသုံးပြုနေတဲ့နာမည်ဟာ ‘ကိုအောင်’ ပါ။ ဒါ ကြောင့် ဟာသဉာဏ် အလွန်ရွှင်တဲ့ ကိုသိန်းသန်းဦး (မောင်ကမ္ဘာ)ကဆိုရင်- ကျွန်တော့်ကို ‘ပထမံကြီး’ ‘မြေလျှောက်ဝိဇ္ဇာကြီး’ လို့လဲ ကျွန်တော့်နောက်ကွယ်မှာ ခေါ်လေ့ရှိပါတယ်။
အဲဒီတုန်းက သူတို့လင်မယားနှစ်ယောက်လုံး ခိုနေကြတဲ့ သူတို့ရဲ့ ‘ဝပ်ကျင်း’ လေးတခုလို့ ပြောရမယ့် နေရာက နှင်းဆီခြံလေးနဲ့အိမ် ဖြစ်နေရာ၊ ကျွန်တော်က တခါက ကျွန်တော်တို့တွေ အတူနေထိုင်ခဲ့ကြဖူးတဲ့ ဖေါ့ကန်က နှင်းဆီခြံအိမ်လေးကိုတောင် ဖျတ်ကနဲ သတိရလိုက်မိပါတယ်။ ကိုနိုင်ဝင်းဆွေရဲ့မဟူရာမျက်နှာ ကြီးကိုပါ ဖျတ်ကနဲ သတိရလိုက်မိပါသေးတယ်။
“ အေးဗျာ.. ဒီနှင်းဆီတွေကို မြင်ရပြန်တော့- ကိုနိုင်ဝင်းရဲ့နှင်းဆီတွေကိုလဲ သတိရမိတယ်ဗျာ-တကယ် ကို လွမ်းစရာပဲ-” လို့လဲ ပြောလိုက်မိပါတယ်။ ကိုကျော်မြ ရဲ့မျက်နှာပြင်ပေါ်မှာလဲ အလွမ်းရိပ်တစ ဖြတ် သန်းသွားသယောင်လဲ မြင်လိုက်ရပါတယ်။ ဘေးဘေးဘီဘီမှာ လူတယောက်မှ မရှိတဲ့အချိန်မှာ သူက-
“ ကျွန်တော်လဲ လွမ်းတာပါပဲ ၊ ဒါပေမဲ့ အဖြစ်တွေက မထင်မှတ်ထားတာတွေကိုပဲ ဖြစ်ခဲ့ကြတာလို့ဆိုရမှာပဲ၊ ကျွန်တော့်ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ စပြီးစည်းရုံးခဲ့တာ ကိုနိုင်ဝင်းပဲလေ။ ဒါကြောင့် ပါတီမှာ ပါတီဝင်တွေ စတင်သိမ်းသွင်းတော့- ကျွန်တော် ပထမဆုံးတောင်းဆိုခဲ့တာက ကျွန်တော့်ကို ပါတီဝင်အဖြစ် ပေးမယ်ဆိုရင်- ကိုကျော်ဆိုင်ကို ပါတီဝင်အဖြစ် ပေးပြီးနောက်မှ ကျွန်တော့်ကို ပေးဖို့တောင်တောင်း ဆိုခဲ့ဖူးပါတယ်-” လို့တလုံးချင်း တလုံးချင်း လေးလေးတွဲ့တွဲ့ကြီး ပြောရှာပါတယ်။ ‘ကိုကျော်ဆိုင်’ဆိုတာ အရှေ့မြောက်ဒေသရောက် ကိုနိုင်ဝင်းဆွေ ရဲ့ပါတီတွင်းနာမည်လေ၊ ယူဂျီဘဝမှာလဲ ကိုကျော်ဆိုင်ပါပဲလေ။ အဲဒီနေ့က ကျွန်တော်လဲ သူတို့လျှို့ဝှက်နေထိုင်နေရာ၊ အဲဒီနှင်းဆီခြံအိမ်လေးမှာပဲ ညအိပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီခြံလေးထဲမှာ ရံဖန်ရံခါ ဝင်ထွက်ဖြစ်ရင်း၊ တပတ်နီးပါးကြာမျှအထိလဲ နားခိုနေထိုင်ခဲ့ရဖူး
ပါတယ်။
ကျွန်တော်က မန္တလေးမှာ နိုင်ငံရေးဝရမ်းပြေးအဖြစ်နဲ့ ဖြတ်သန်းနေရစဉ်မှာ အများဆုံးက ဘုန်းကြီး ကျောင်းတွေမှာ၊ ရံဖန်ရံခါကတော့ ရန်ကင်းတောင်ခြေအနီးက ကျွန်တော့်ရဲဘော် အမွှာညီနောင်ရဲ့ခြံလေး ထဲမှာ နေလေ့ ခိုလေ့ ရှိပါတယ်။ ၀ရမ်းပြေးဆိုတော့ တနေရာတည်းမှာ ကျောက်ချနေလို့မဖြစ်လေတော့ မကြာခဏ လိုအပ်သလို အပြောင်းအလဲလုပ်ပြီး နေရလေ့ရှိပါတယ်။ အမွှာညီနောင်ရဲ့ ရန်ကင်းတောင်ခြေ အနီးက ခြံလေးဟာ လယ်မြေကနေ ခြံအဖြစ် စတင်ပြောင်းလဲ တည်ခါစပဲ ရှိပါသေးတယ်။ အမွှာညီနောင် ဟာ အဲဒီခြံလေးထဲမှာ အိပ်လေ့မရှိပဲ၊ အဲဒီခြံလေးရဲ့သော့တစုံကို ကျွန်တော့်ကိုပဲ ပေးထားတဲ့အပြင်၊ ကြိုက် သလို တကိုယ်တော် နေထိုင်စားသောက်နိုင်ဖို့ ဆန်၊ ဆီ၊ ဆား၊ ငံပိ၊ ငါးခြောက်လေးတွေပါ ဝယ်ယူပေးပို့ ထားလေ့ရှိပါတယ်။ အဲဒီတော့ အဲဒီခြံလေးထဲမှာ ကျွန်တော်တယောက်တည်းပဲ နေတဲ့အခါ၊ ကျွန်တော်ရှိရာ ဆီကို မကြာခဏဆိုသလို ရောက်လာလေ့ရှိသူကလဲ ကိုကျော်မြပဲ ဖြစ်ပါတယ်။ သူက စက်ဘီးတစီးနဲ့ခြေ စကြာဖြန့်နေလေ့ရှိရာ၊ ကျွန်တော်နဲ့တွေ့ချင်တဲ့အခါ (ဒါမှမဟုတ်) ခရီးကြုံတဲ့အခါတွေမှာ ဝင်လာလေ့ရှိပါ တယ်။ များသောအားဖြင့် ညနေ နေဝင်ရီတရောအချိန်မျိုးတွေမှာ ပေါက်ချလာလေ့ ရှိပါတယ်။ လာတဲ့အခါ တိုင်းလိုလိုမှာလဲ အစိတ်သားလောက်ရှိမယ့် ဝက်သားထုပ်လေးနဲ့ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းလေးတွေပါ ပါလာလေ့ရှိရာ၊ ဟိုတုန်းက ကျွန်တော်တို့နေထိုင်ရာ အင်းစိန်-ဖေါ့ကန်အိမ်လေးဆီကို ရံဖန်ရံခါ ရောက် ရောက်လာတတ်တဲ့ သူ့ရဲ့ကျောင်းသားဘဝက ရုပ်ပုံလေးတွေကို ပြန်ပြန် အမှတ်ရချင်စရာပါပဲ။ ကွာတာ က ဟိုတုန်းက ဝက်သားထုပ်လေးက တဆယ်သားထုပ်လောက်သာဖြစ်ပြီး၊ အခုက အစိတ်သားထုပ် လောက်ဖြစ်လာတာပါပဲ။
သူက ရောက်လာတာနဲ့ ဟိုတုန်းကအတိုင်း- ဝက်သားလေးတွေကို တုံးတစ်ပြီး ခရမ်းချဉ်သီးများများနဲ့ ဟင်းချက်ပါမယ်။ ထမင်းမချက်ရသေးရင် ထမင်းပါ သူ ချက်ပါလိမ့်မယ်။ ထမင်းက ကျွန်တော်ချက်ထားပြီး သားဖြစ်တတ်ရာ သူ ဖွဖွလေး ပြုံးသွားပါလိမ့်မယ်။ ကျွန်တော်က နောက်နေ့မနက်စောစော ထမင်းကြမ်း စားဖို့အထိပါ ပိုပိုမိုမို ချက်ထားလေ့ရှိလေတော့- နှစ်ယောက်စားရင်လဲ မလောက်မင ဖြစ်စရာမရှိပါ။ ထုံးစံ အတိုင်း ထင်းမီးခိုးတွေနဲ့အပြိုင် သူ့ပါးစပ်ဖျားက ဆေးပေါ့လိပ်မီးခိုးတွေကလဲ တလူလူထနေလေ့ရှိပါတယ်။ ကျွန်တော်က “ ဟေ့လူ- ခင်ဗျားအမျိုးသမီးက ခုလို ညပိုင်း အိမ်ပြန်မရောက်ရင်-စိတ်တွေဘာတွေ ပူမ နေဘူးလား” လို့မေးရင်- သူက အားရပါးရပြုံးလိုက်ပြီး “ ရိုးနေပါပြီဗျာ- ကျွန်တော်ကလဲ ဘယ်ကိုသွားမယ်လို့သာ ပြောမပြဖြစ်တာ၊ ကိစ္စရှိတယ်- ညမှာ နီးရာ ကြုံရာ အိပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးလောက်တော့ အသိ ပေးခဲ့ပါတယ်။ သူက သဘောပေါက်နေ ရိုးနေပြီဗျ။ သူကိုယ်တိုင်လဲ ဖြတ်သန်းမှုက ရှိနေပြီးသားလေ-” တဲ့။
တကယ်ကတော့ ကျွန်တော်ကလဲ နိုင်ငံရေးဝရမ်းပြေး၊ သူကလဲ နိုင်ငံရေး ၀ရမ်းပြေးပါပဲ။ ကျွန်တော်က ပြည်သူ့တိုးတက်ရေးပါတီ အဖျက်သိမ်းခံရရင်း လိုက်လံဖမ်းဆီးနေမှုကြောင့် ပြေးနေရသူ။ သူက ယူဂျီ ၄၈၂၈ ပါတီကော်မတီရဲ့အရေးကြီးကော်မတီဝင်တယောက်အနေနဲ့ ရန်သူ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက် ရင်း ပြေးနေရသူ ။ မတူတာက မန္တလေးဒေသတဝိုက်မှာ ကျွန်တော်ဟာ တစိမ်း၊ ဧည့်သည် ။ သူက ကျွမ်း ကျင်ပြီးသား နယ်ခံ၊ အိမ်ရှင်။ မန္တလေးတဝိုက်မှာ နေစဉ်တလျောက်လုံး သူက ကျွန်တော့်ကို အကူအညီမျိုးစုံ ပေးခဲ့ပါတယ်။ ကျွန်တော့် လက်မှာ နာရီ မရှိတာကို သတိပြုမိပြီး၊ “ ဟေ့လူ - အချိန်က အရေးကြီးတယ်။ တခါ တခါ အချိန်းအချက်ရှိ ရင် တိကျဖို့လိုတယ်လေ..” လို့ဆိုပြီး နာရီတလုံးဝယ်ပေးခဲ့ဖူးသလို၊ အင်းကျီ၊ ပုဆိုး၊ ဦးထုပ်ကအစ ဝယ် ပေးခဲ့ဖူးပါတယ်။ သူက အကူအညီ လိုပြီဆိုရင်လဲ- ကျွန်တော့်ကို မရမက ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အကူ အညီတောင်းလေ့ ရှိပါတယ်။
အတိုချုပ်ပြီး ပြောရရင်- သူ မန္တလေးကနေ ရန်ကုန်ကို ပြောင်းရွှေ့တော့ဖို့ ပြင်ဆင်နေချိန်မှာ သူက အ တင်းအကျပ်ကို နားပူနားဆာလုပ်ပြီး အကူအညီတောင်းတဲ့အတွက်၊ ရန်ကုန်က ကျွန်တော်နဲ့ရင်းနှီးတဲ့ ကျွန်းပြန်ရဲဘော်တယောက်ကို မန္တလေး ဆင်းလာဖို့ လှမ်းမှာခဲ့ရပြီး၊ သူနဲ့ မိတ်ဆက်ပေးခဲ့ရသလို၊ တကသ ကျောင်းသူဟောင်း အစ်မကြီးတယောက်နဲ့လဲ မလွှဲမရှောင်သာ မိတ်ဆက်ပေးခဲ့ရဖူးပါတယ်။ အဲဒီမှာ- “ ကိုယ့်လူ- ခင်ဗျားက မရမကပြောလွန်းလို့သာ ဒီအစ်မနဲ့မိတ်ဆက်ပေးရမှာ-၊ ဒီအစ်မနဲ့ပတ်သက်လို့က တော့ သူ့မှာ ဘယ့်လောက်အခက်အခဲမျိုးစုံ ရှိနေသလဲဆိုတာ ခင်ဗျားလဲ အသိ၊ ဒီတော့ ဘယ်လိုအခက်အ ခဲမျိုးနဲ့ပဲ ကြုံရ ကြုံရ ဒီအစ်မကြီးကို မပေါ်စေရပါဘူးလို့- ခင်ဗျား ကတိအခိုင်အမာပြုရမယ်။ အဲဒါမှ ကျွန် တော့်ဘက်ကလဲ ပွင့်ပွင့်လင်းလင်းပြောပြီး ဆက်သွယ်ပေးနိုင်မယ်-” လို့ပြောဆိုခဲ့ရရာ သူက လေးလေး နက်နက် ကတိပြုခဲ့ပါတယ်။
( ၆ )
နောက်ပိုင်းမှာ ရန်ကုန်မှာ သူရော သူ့ဇနီးပါ အဖမ်းအဆီးခံလိုက်ရကြောင်း- နယ်စပ်တနေရာကနေ ကျွန်တော် စိတ်မကောင်းစွာ ကြားသိလိုက်ရပါတယ်။ လူတွေတချို့ ထပ်ပြီး အဖမ်းအဆီးခံကြရတာကိုလဲ ကြားနေရပေမဲ့၊ သူဟာ သူ ကတိပေးခဲ့တဲ့အတိုင်း ကျွန်တော် မိတ်ဆက်ပေးခဲ့တဲ့ အစ်မကြီးကိုတော့ သူ့
ဆီက အစွန်းအစတောင် မထွက်ခဲ့ပဲ အပြည့်အဝထိန်းသိမ်းသွားခဲ့နိုင်တာ ကျွန်တော်ကတော့ ကျွန်တော့်
လက်တွေ့အရ သိလိုက်ရပါတယ်။ ထပ်ပြီး ကြားရတာက သူ့ဇနီး မရီမှာ ကိုယ်ဝန်ကြီးနဲ့အဖမ်းခံလိုက်ရတာဖြစ်ပြီး ထောင်ထဲမှာပဲ သား လေး မွေးတဲ့အကြောင်း၊ နောက်တော့ ကလေးကို မရီရဲ့အမျိုးတွေဖက်ကပဲ အပြင်ထုတ် ခေါ်ယူသွားပြီ ဖြစ်ကြောင်း-ဆိုတာတွေပါ ကြားရပါတယ်။ နောက်တော့ သူ့သားကြီးနဲ့ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ သူ့ ရဲ့လှပတဲ့ ကဗျာလေးတပုဒ်ကို နယ်စပ်က ကျွန်တော်တို့တတွေအထိ ရရှိ ဖတ်ရှုလိုက်ရပါတယ်။ အနှစ် ချုပ်ကတော့ သူ့ရဲ့သားကြီးကို ရဲဘော်တွေအားလုံးရဲ့လက်ထဲသို့ အပ်နှံလိုက်တဲ့အကြောင်း- ခံစားချက် အပြည့်နဲ့ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ပါတယ်။
နောက်တော့ အားလုံး သိကြတဲ့အတိုင်း ကိုကျော်မြအပါအဝင် ကျွန်တော်တို့ရဲဘော်တွေ တယောက် ပြီးတယောက်၊ တသုတ်ပြီးတသုတ် ထောင်ကနေ လွတ်မြောက်လာကြတာ ကြားရပါတယ်။ နောက်တော့- ကိုကျော်မြ နဲ့မရီတို့ရဲ့သားကြီး- ဆရာဝန်တောင် ဖြစ်နေပြီဆိုတာကအစ၊ ကိုကျော်မြလဲ စာလေးပေလေ
ပြန်ရေးနေပြီ-ဆိုတာပါ ကြားလာရတဲ့အတွက် ရင်ထဲမှာ လှိုက်ကနဲ ကြည်နူးပီတိ ဖြစ်လိုက်ရပါသေးတယ်။ သူ့ရဲ့ကလောင်နာမည်က ‘ လရောင်လင်း’ တဲ့။ ‘ လရောင်လင်း’ နဲ့ရေးတဲ့ သူ့လက်ရာလေးတွေကို မြနန္ဒာ
ဂျာနယ်မှာ- ပိတောက်ပွင့်သစ်မှာ ကြိုကြား ကြိုကြား တွေ့လိုက်ရမိရင်း ဝမ်းသာနေမိပါတယ်။
ပြန်ရေးနေပြီ-ဆိုတာပါ ကြားလာရတဲ့အတွက် ရင်ထဲမှာ လှိုက်ကနဲ ကြည်နူးပီတိ ဖြစ်လိုက်ရပါသေးတယ်။ သူ့ရဲ့ကလောင်နာမည်က ‘ လရောင်လင်း’ တဲ့။ ‘ လရောင်လင်း’ နဲ့ရေးတဲ့ သူ့လက်ရာလေးတွေကို မြနန္ဒာ
ဂျာနယ်မှာ- ပိတောက်ပွင့်သစ်မှာ ကြိုကြား ကြိုကြား တွေ့လိုက်ရမိရင်း ဝမ်းသာနေမိပါတယ်။
၂၀၁၄ နှစ်လယ်ထဲမှာတော့ ‘လရောင်လင်း’ဆိုတဲ့နာမည်နဲ့ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာ အုပ်လေးတအုပ် ကျွန်တော့်လက်ထဲအထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတယ်။ အပေါ်ဆုံးမှာကျွန် တော့်ရဲ့နာမည်ရင်းရော- ကလောင်နာမည် ‘ဝင်းတင့်ထွန်း’ ပါ ရေးထိုးထားပြီး၊ အဲဒီအောက်မှာမှ သူ့ လက် မှတ်တိုလေးနဲ့အတူ ‘လရောင်လင်း’ ဆိုတာကို ရေးသားထားပါတယ်။ စာအုပ်က- “ ရဲဘော်မောင်လေး (သို့မဟုတ်) ပြည်သူ့ဘက်က တော်လှန်ရေးသမား” ဆိုတဲ့ စာအုပ်လေးပါ။ ရန်သူ့စစ်ကြောရေးအတွင်းမှာ အသက်ကိုတောင် စွန့်လွှတ်ပြီး၊ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြသသွားခဲ့တဲ့ ရဲဘော်မောင်လေး (ခေါ်) ဦး မောင်ကို အကြောင်း အထိမ်းအမှတ်ပြု ထုတ်လိုက်တဲ့ စာအုပ်လေးပါ။ အဲဒီထဲမှာ လရောင်လင်း ရဲ့“ဦးလေး အေဝမ်း မသေပါ” ဆိုတဲ့ အမှတ်တရဂုဏ်ပြု လက်ရာလေးပါ ဖတ်လိုက်ရပါတယ်။ ၄၈၂၈ ပါတီကော်မတီမှာ ဦးမောင်လေးက ‘အေဝမ်း’ ၊ သူက ‘အေ သရီး’ မဟုတ်လား။ ဒီဖက်မှာ ၂၀၁၅ ဇန်နဝါရီလဆန်းမှာ ရဲဘော် ထွန်း ကွယ်လွန်တော့- မန္တလေးမှာ ကိုကျော်မြတယောက် မျက်ရည်လဲကျ ငိုလဲငိုတဲ့အကြောင်း- ကြားရပါ တယ်။ ကျွန်တော်တို့တတွေဟာ ရပ်တည်ချက်အရ စိတ်ဓါတ်အရတော့ ခိုင်မာတည်ကြည်နိုင်ကြပေမဲ့၊ ခံ စားတတ်မှုအရ၊ နှလုံးသားအရတော့- မျက်ရည်ဖြိုင်ဖြိုင် ကျတတ်သူတွေ၊ မျက်ရည် မနိုင်သူတွေ ဖြစ်နေကြ ပြီ မဟုတ်လား။ ကျွန်တော်လဲ အတူတူပါပဲ။
နောက်တော့- ကိုကျော်မြလဲ ကျန်းမာရေးက သိပ်မကောင်းဘူး၊ မရီ (မခင်မာ)လဲ ၀ှီးချဲနဲ့သွားလာနေရတယ်-ဆိုတဲ့သတင်းတွေ ဟိုက သည်က ကြားနေခဲ့ရပါတယ်။ ကိုကျော်မြ ခမြာ- ဆိုင်ကယ်ပေါ်တောင် နောက်ကနေ လိုက်စီးဖို့ ဖြောင့်ဖြောင့်တန်းတန်း မတက်နိုင်ရှာတော့ဘူးဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာ တော့ တော်တော်ကို စိတ်မကောင်းကြီးစွာ ခံစားရပါတယ်။
တနှစ်ကတော့ - မန္တလေးမှာ ကျွန်တော်တို့ရဲ့ရဲဘော်တဦးဖြစ်တဲ့ ကဗျာဆရာမကြီး ‘မစိမ်းပင်’ ကွယ်လွန်သွားရှာတဲ့သတင်း ကြားလိုက်ရသလို၊ အဲဒီစျာပနမှာ မစိမ်းပင် ရဲ့ရုပ်ကလာပ်ပေါ်မှာ တူတံဇဉ်အလံ လွှမ်းပေးတဲ့အခါ၊ ကိုယ်တိုင်ကိုယ်ကျ တူတံဇဉ်အလံ လွှမ်းပေးနေတဲ့ ကိုကျော်မြကြီးရဲ့ ဓါတ်ပုံကိုပါ မြင်ခွင့် ရလိုက်ရင်း၊ ပင့်သက်ဖွဖွ ချခဲ့ရပါတယ်။
နောက်တော့- - မနှစ်ပိုင်းကပဲ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ကြီးတယောက်ဖြစ်တဲ့ ‘ကိုခင်ဆွေ’ကြီးရဲ့ စျာပနသတင်း.. အခုတော့- ရဲဘော်ကျော်မြ ရေ.. ခင်ဗျားကိုယ်တိုင်ရဲ့စျာပနသတင်း ဖြစ်နေပါရော့လား။
ဧပြီ (၂၄)ရက်နေ့မှာ ရဲဘော်ကျော်မြ (ခေါ်) ကိုလှသောင်း ဆုံးပါးကွယ်လွန်သွားရှာပြီ ဆိုတဲ့သတင်းဟာ သက်ဆိုင်ရာကနေလဲ ကြားရသလို၊ ကျွန်တော့်ရဲ့ကွန်ပြူတာ အီးမေးလ်စာမျက်နှာပေါ်ကနေလဲ မြင်နေ သိနေခဲ့ရပါတယ်။ ခင်ဗျားရဲ့နောက်ဆုံးအခြေအနေကို ဖေါ်ပြနေတဲ့ စိတ်ထိခိုက်စရာ ဓါတ်ပုံလေး (၅) ပုံထဲ မှာ- ၊ နောက်ဆုံး ဓါတ်ပုံလေးတခုကတော့- တူတံဇဉ် အလံနီကြီး လွှမ်းခြုံထားတဲ့အောက်မှာ- ခင်ဗျား ခင်ဗျားကိုယ်တိုင်ပါပဲလား။
လွှမ်းခြုံထားတဲ့ တူတံဇဉ်အလံနီကြီးအောက်မှာ ခင်ဗျားမျက်နှာဟာ ပကတိတည်ကြည်ငြိမ်သက်လို့ပါလား။ ကိုလှသောင်းရေ- ရဲဘော်ရေ- ရဲဘော်ကျော်မြရေ- ကျွန်တော် အလေးနီပြုလိုက်ပါတယ်။ ။
( ဝင်းတင့်ထွန်း )
၂၈- ၄- ၂၀၁၉
၂၈- ၄- ၂၀၁၉