Breaking News

မောင်လူပေ - အသွင်သစ်နဲ့ ချီတက်တော့မဲ့ Facebook


မောင်လူပေ - အသွင်သစ်နဲ့ ချီတက်တော့မဲ့ Facebook 
(မိုးမခ) မေ ၁၊ ၂၀၁၉


ဆီလီကွန်တောင်ကြားရဲ့မြို့တော် ဆန်ဟိုဆေး( San Jose, CA) မှာ ကျင်းပနေတဲ့ F8 လို့ခေါ်တဲ့ Facebook ရဲ့ developer conference မှာ မတ် ဇတ်ကာဘတ် ( Mark Zuckerberg) ကိုယ်တိုင်တက်ရောက်ပြီး ပြောကြားသွားတာကတော့ Facebook ကို အသွင်သစ် အမြင်သစ်နဲ့ ချီတက်မယ်။ အနာဂတ်ဟာ ကိုယ်ပိုင်(မည်သူမျှ မသိစေရ) ဖြစ်စေရမယ် ပါတဲ့။ The Future is Private ဆိုပဲ။

Facebook ရဲ့ အမှတ်အသား လိုဂို logo ကစပြီး ပြောင်းပါလိမ့်မယ်။ လေးထောင့်ကနေ အဝိုင်းဖြစ်လာမယ်။ သူ့ရဲ့အမှတ်အသား အပြာရောင်တွေ လျှော့သွားမယ်။ ဖုန်းတွေမှာရော၊ ကွန်ပြူတာမှာပါ အကုန်လုံး အသွင်ပြောင်းသွားပါလိမ့်မယ်။

ဒေတာ data တွေကို ပိုင်ရှင်တွေမသိပဲရောင်းစားတယ်လို့ နာမည်ပျက်တဲ့ Facebook ဟာ သူရဲ့ပြောင်းလည်းမဲ့ဟာတွေကို အဆင့်ဆင့် ဖော်ပြထားတယ်။ Private Interactions, (ကိုယ်ရေးကိုယ်တာအချက်အလက်တွေ) Encryption (ဖျက်ထားပြီး လုံခြုံစွာရှိစေမယ်) , Reduce Permanence ( အရင်က ရေးခဲ့တာတွေက ကိုယ့်ကိုယ်ပြန်ပြီးချောက်လှန့်တာ မခံရစေအောင် လျော့ချတာ), Safety ( လုံခြုံရေးအပြည့်ရှိစေမယ်။ ဒေတာတွေ မရောင်းစားဘူး။) Interoperability ( ကိုယ့်အချင်းချင်း မိတ်ဆွေ ရီးစားတွေ ရှာတဲ့အခါ အတွင်းလူပဲအသိပေးမယ်။), Data Storage ( ကိုယ့်ဒေတာတွေများလာရင် သိမ်းဆည်းထားဖို့) တို့ ဖြစ်ပါသတဲ့။

တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားတာပါ။ အတိအကျမဟုတ်။ နားလည်သဘောပေါက်လွယ်အောင် ရေးပါတယ်။

သုံးစွဲသူရဲ့ ဒေတာတွေရောင်းပြီး ချမ်းသားတဲ့ သူဌေးက ဒေတာမရောင်းဘူးဆိုတော့ ဘယ်ကနေ ပိုက်ဆံရှာမယ်တော့ ထည့်မပြောသွားပါဘူး။ ဒီဆရာလေးလည်း ဒေတာတွေ လုံခြုံမှုမရှိလို့ဆိုပြီး ဟိုကတရားစွဲ၊ ဒီက တရားစွဲနဲ့မို့ ခေါင်းရှုပ်နေပုံရပါတယ်။ သူ့ဆီက ဒေတာတွေစုပြီး ၂၀၁၆ အမေရိကန်ပြည်ထောင်စုသမ္မတေ ရွေးကောက်််််််််််််််််််််််််််််ပွဲမှာ လုပ်စားသွားခဲ့ပါတယ်။

မတ် ဇတ်ကာဘတ်က သူရဲ့ ဝတ်မြဲဖြစ်တဲ့ တီရှပ် လက်ရှည်အပြာရောင် ဂျင်းဘောင်းဘီအမဲရောင်နဲ့ ထွက်လာပါတယ်။ ပေါ့ပေါ့ပါးပါး သူ့စတိုင်ပေါ့။ ရာသီပူရင် တီရှပ်လက်တိုဝတ်တတ်သူပါ။ အခုက အေးနေသေးလို့ လက်ရှည်ဝတ်ထားတာပါ။ ဗမာပြည်မှာဆိုရင် သူဌေးပုံမပေါက်ဘူးလို့ ပြောကြလေမလား လို့ တွေးမိတယ်။ ဗမာဓါတ်ရှင်ထဲက သူဌေးဆိုတာ ကုတ်အကျီအကောင်းစားနဲ့ အတက်ချီကေ့ကိုင်ပြီး သွားကြလာကြတာ။ သူဌေးပုံပေါက်ပေါက် မပေါက်ပေါက် မတ် ဇတ်ကာဘတ်ကတော့ သူချမ်းသာသမျှ အကုန်လှူမယ်လို့ ပြောထားသူမို့ သာဓုအကြိမ်ကြိမ်ခေါ်ထားပါတယ်။

မြန်မာတွေအကြိုက် Facebook ကြီးကတော့ ဘယ်လိုပုံစံနဲ့ထွက်လာသည်ဖြစ်စေ၊ မြန်မာလူမျိုးများကတော့ ဆက်လက်၍ သုံးနေကြမှာတော့ အသေအချာပါပဲ။

Facebook ကြီး အသက်ရာကျော်ရှည်ပါစေ။
ချစ်တဲ့
မောင်လူပေ