Breaking News

Sketching Walkers Sketch Art Exhibition (ကြော်ငြာ)

နေရာစုံက ကောက်ကြောင်းတွေတွေ့ရမယ့် Sketching Walkers အမည်ရတဲ့ Sketch Art Exhibition
(မိုးမခ) မေ ၉၊ ၂၀၁၉

၂၀၁၉ မေ ၁၁ ကနေ ၁၅ ရက်နေ့ထိ ဗိုလ်အောင်ကျော်လမ်း Art Gallery မှာ Sketching Walkers ဒါမှမဟုတ် လမ်းလျှောက်ကောက်ကြောင်းများလို့ အမည်ရနိုင်မည့် Sketch Art Exhibition တခုကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပါဝင်ရေးဆွဲထားသူတွေကတော့ ATH၊ အောင်ထွဋ်ခေါင်၊ အောင်မျိုးမင်း၊ ကျားပေါက်၊ လူမော်ဟန်၊ ဝင်းထွန်းသန့် တို့ ဖြစ်ကြပါတယ်။

မြန်မာပြည်နေရပ်တချို့ရဲ့ပုံတွေ၊ ထင်းရှားတဲ့ အဆောက်အဦတွေ၊ စေတီပုထိုးတွေကုကို ကောက်ကြောင်းပန်းချီပုံစံတွေနဲ့ မြင်တွေ့ရမှာဖြစ်လို့ သွားရောက်လေ့လာကြည့်ရှုသင့်တဲ့ ပြပွဲတခုလည်း ဖြစ်ပါတယ်။

ပြပွဲဖွင့်ပွဲအခမ်းအနားကို မေ ၁၁၊ ၂၀၁၉ (စနေ) နေ့ နံနက် ၁၀ နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နေရာကတော့ No 287/289 (1st Floor) Bo Aung Kyaw (Middle), Kauk Tadar Township မှာရှိတဲ့ Bo Aung Kyaw St. Art Gallery မှာဖြစ်ပါတယ်။

Sketching Walkers Sketch Art Exhibition (ကြော်ငြာ)
May 11 to 15, 2019
Bo Aung Kyaw St. Art Gallery