Breaking News

ထွန်းဝေမြင့် - သူတို့ကဗျာတွေ


ထွန်းဝေမြင့် - သူတို့ကဗျာတွေ

(မိုးမခ) ဇွန် ၂၊ ၂၀၁၉
(မိုးမခ ဇန်-မတ် ၂၀၁၉ ပုံနှိပ်မဂ္ဂဇင်းကနေ ပြန်ဖော်ပြပါတယ်)

သစ်ရွက်တွေ ကြွေတာ မြင်ခဲ့ရ။
ကြယ်တွေ ကြွေတာ မြင်ခဲ့ရ။


ငါတို့မိတ်ဆွေ ကဗျာဆရာတွေ
အချိန်မတိုင်မီ ကြွေကြရ။

တယောက်ပြီး တစ်ယောက် ကြွေကြရ။

မနေ့က တွေ့ကြသေးတယ်။

ဒီနေ့ မရှိတော့ဘူး။

ငါကိုယ်တိုင် မနက်ဖြန် မသေချာ။

လောက ဓမ္မတာထဲ
ငါ့ မိတ်ဆွေ ကဗျာဆရာတွေ
သူတို့ ကဗျာတွေ ချန်ထားရစ်ကြတယ်။

သူတို့ကဗျာတွေ
အမှန်တရား မြတ်နိုးကြောင်း ကဗျာတွေ
မတရားမှုကို ခုခံတွန်းလှန်တဲ့ ကဗျာတွေ
သူတို့ကဗျာတွေ ရှင်သန်နေကြတယ်။

ထွန်းဝေမြင့်
၁၈. ၁. ၂၀၁၉
Design Credit - New Yorker