Breaking News

ကျော်ဟုန်း ● တည်ကြက်ပြဿနာ ရှင်းတမ်း

ကျော်ဟုန်း ● တည်ကြက်ပြဿနာ ရှင်းတမ်း
(မိုးမခ) ဇွန် ၂၊ ၂၀၁၉

မုဆိုးရဲ့ ဉာဏ်နီဉာဏ်နက်ထဲက မျှားခြင်းတခု
သတ်ကွင်းထဲက သူယောင်မယ်
ကျော့ကွင်းအထပ်ထပ်အလယ်မှာ
ဥဒေါင်းမင်းတောင် သမားစဉ်ကျိုးပေါက်
ဂါထာရွတ်ဖို့ မေ့လောက်တဲ့အထိ
သတိအသိ လွဲခဲ့ရဖူူးတဲ့သာဓက
ဗုဒ္ဓဝင်အလာ ရှိခဲ့ဖူးတယ်။

ဓမ္မ၊ အဓမ္မ လွန်ဆွဲပွဲမှာ
ခန္တီမှာ သတိပဌာန် ကပ်
ဉာဏ်စဉ်မှာ ချင့်ချိန်လွှာ ထပ်
ပြတ်သားရဲရင့် ဆုံးဖြတ်မှုလည်း လိုသပ။

တေ့ဖြုတ်မယ့် ခလုတ်
အဝေးက ပုန်းလျှိုး ဝှက်လျှိုး မြား
အားလုံးဟာ စဉ်းလဲခြင်းများ လက်မရွံ့။

ပြဿနာတိုင်းဟာ 
ရှောင်လွှဲခြင်းနဲ့ မဖြေရှင်းနိုင်
ရင်ဆိုင်ချိန် ရဲရင့်
ပြတ်သားချိန် နောက်မရွံ့ မှ
မုဆိုးညစ်ကို သူ့ကျော့ကွင်းနဲ့ သူငြိဖို့
ဉာဏ်စဉ်ကို သုံးရမှာပဲ။

ဓမ္မဆိုလေတိုင်း
နေရာတိုင်း ခန္တီမွေးမရ
တည်ကြက်ကို အရင်ရှင်းမလား
တည်ကြက်ရှင်ကို အရင်ရှင်းမလား။

အသောကဟာ
စစ်နိုင်ပြီးမှ သာသနာပြုတယ်။

ကျော်ဟုန်း
၂၉၊ ၅၊ ၂၀၁၉