Breaking News

မိတဆိုး- မိုးမင်းသိမ်း မြန်မာပြန်သည်




မိတဆိုး
မိုးမင်းသိမ်း -မြန်မာပြန် 

Chinese Cinderella - Adeline Yen Mah
#န်ဖိုး - ၃၅၀၀ ကျပ်
#စာမျက်နှာ - ၂၆၃


ကမ္ဘာတစ်​လွှား နာမည်​ကြီး HBO ရုပ်​သံစီးရီးတစ်​ဖြစ်တဲ့ GOT ထဲမှာ တီရီယွန်​ ဆိုတဲ့ ဂျပု​လေးက ​ပြောဖူးတယ်​။ ကိုယ့်ကို ​မွေးဖွားခဲ့ရလို့ မိခင်​သေဆုံးသွားခဲ့ရင်​ မိမိ ဖခင်​နဲ့တကွ ကိုယ့်ထက်​ကြီးတဲ့ ​မောင်​နှမ​တွေက အဲဒီက​လေးဟာ ဂြိုဟ်​​ကောင်​ပဲလို့ သတ်​မှတ်​ကြတယ်​တဲ့ ။ ဘာ​ကြောင့် အဲလိုအယူအစွဲ​တွေ ကြီးကြတာလဲ ၊ ​မွေးလာတဲ့ က​လေးက​ရော တကယ်​ပဲအပြစ်​ရှိသလား ။ စဉ်းစားစရာ​ကောင်းတဲ့ မိသားစုတွင်း ပြဿနာတစ်​ခုပါပဲ ။
တျန်​ကျင်းမြို့က လူလတ်​တန်းစား မိသားစုတစ်​ခုက ငါး​ယောက်​​မြောက်​သမီးအဖြစ်​ ​မွေးဖွားလာတဲ့ အက်​ဒီလင်းယန်​ရဲ့ အဖြစ်​ကလည်း အဲလို ထပ်​တူထပ်​မျှပဲ ။
ဒီစာအုပ်​ မိတဆိုးဟာ တရုတ်​စာ​ရေးဆရာမ အက်​ဒီလင်းယန်​မားရဲ့ ကိုယ်​တိုင်​​ရေးဝတ္ထုဟန်​ အတ္ထုပ္ပတ္တိ စာအုပ်​တစ်​အုပ်​ ဖြစ်​ပါတယ်​ ။ လျစ်​လျူရှုခံရပြီး မိဘရဲ့ ချစ်​ခင်​မြတ်​နိုးခြင်းမခံကြရတဲ့ ကမ္ဘာအနှံ့ကက​လေးငယ်​များအတွက်​ သီးသန့်အမှာစကားပါးချင်​လို့ ဒီစာအုပ်​ကို ​ရေးသားရခြင်းဖြစ်​တယ်​လို့ စာ​ရေးဆရာမက ဆို ထားပါတယ်​ ။
အက်​ဒီလင်းယန်​ကို ​မွေးပြီး မကြာခင်​ ​မေ​မေဆုံးပါးသွားလို့ အစ်​မကြီးနဲ့အစ်​ကိုသုံး​ယောက်​က သူ့ကို အပြစ်​ဖို့ကြပြီး လုံးဝ ခွင့်မလွှတ်​ကြဘူးတဲ့ ။ ​မွေးကတည်းက ​မေတ္တာမရခဲ့တဲ့ဘဝမျိုးမှာ အက်​ဒီလင်းယန်​ ရှင်​သန်​လာရတယ်​။ သူ့ကို နားလည်​မှုပေးပြီး ​စောင့်​ရှောက်​ခဲ့သူက​တော့ သူ့​မေ​မေနဲ့ ရှန်​ဟိုင်းက ဘဏ်​တိုက်​တစ်​ခုမှာ အတူတူလုပ်​ခဲ့ဖူးတဲ့သူ ၊ သူ့​ဖေ​ဖေရဲ့ အစ်​မကြီးလည်း ဖြစ်​သူ ၊ မိသားစုအ​ပေါ် အနွံအတာခံပြီး အရှက်​အ​ကြောက်​ကြီးတဲ့အပျိုကြီး။ အက်​ဒီလင်းယန်​က ကြီးကြီး ပါပါလို့ ​ခေါ်ခံရတဲ့သူပေါ့ ။
မိ​ထွေးဖြစ်​သူရဲ့ နှိမ်​ချဆက်​ဆံမှု ၊ အစ်​မကြီးနဲ့ အစ်​ကိုသုံး​ယောက်​ရဲ့ အနိုင်​ကျင့်မှု​တွေကို သည်းခံပြီး ​ကျောင်းစာဘက်​မှာတော်​​အောင်​ သူကြိုးစားခဲ့တယ်​။ အ​တော်​​ဝေးလှတဲ့ကျောင်းကို ဆယ့်နှစ်​ရာသီ ​ခြေလျင်​သွားပြီး ​ကျောင်းတက်​ခဲ့ရတယ်​ ။ ​နေပူပူ ၊ မိုးရွာရွာ ၊ မုန်​တိုင်းကျကျ​ ကျောင်းကို ​ခြေလျင်​ပဲ သူသွားခဲ့တယ်​ ။ သူဟာ ​ကျောင်းတက်​ရတာကို ​ပျော်​ရွှင်​​နေတယ်​ ။ ဘာဖြစ်​လို့လဲ ဆို​တော့ သူ့မိသားစုအိမ်​ဟာ ငရဲဘုံ ဖြစ်​​နေပြီး ​ကျောင်းက​တော့ သူ့အတွက်​ သုခဘုံပမာ ဖြစ်​​နေလို့ပါပဲ ။ သနားစရာ​ကောင်းတဲ့ အက်​ဒီလင်းယန်​ရဲ့ ငယ်​ဘဝ​ပေါ့။ .
က​လေးအရွယ်​ကတည်းက ဖိနှိပ်​ချုပ်​ချယ်​မှု​တွေ ၊ အနိုင်​ကျင့်မှု​တွေကို ကြိတ်​မှိတ်​သည်​ခံခဲ့ပြီး အ​ကောင်းဘက်​ရောက်​​အောင်​ ကြိုးစားခဲ့လို့ အက်​ဒီလင်းယန်​ဟာ ရှာမှရှားတဲ့ စိတ်​ဓာတ်​ကြံ့ခိုင်တဲ့ မိန်းက​လေးတစ်​​ယောက်​လို့ဆိုရမှာပဲ ။ သူ့လိုမျိုးအဖိနှိပ်​ခံရတဲ့က​လေး​တွေကို ဘဝအ​ပေါ် အဆိုးမမြင်​​စေဘဲ အ​ကောင်းဘက်​ကိုရောက်​​စေချင်​တဲ့ ​စေတနာနဲ့ သူ့ရဲ့ လျို့ဝှက်​တဲ့ ငယ်​ဘဝကို အရင်းအတိုင်းရေးသားပြခြင်းလည်း ဖြစ်​ပါတယ်​တဲ့ ။
မတရား ဖိနှိပ်​ညှဉ်းပန်းသူ​တွေနဲ့ ကြုံ​တွေ့ ​နေရ​ပေမဲ့ မိမိဟာ အဖိုးထိုက်​တန်​သူဖြစ်​ပြီး တစ်​မူထူးခြားသူ ဖြစ်​တယ်​လို့ ကိုယ့်ကိုယ်​ကိုယ်​ ယုံကြည်​ထား​စေချင်​ပါတယ်​လို့လည်းစာ​ရေးဆရာမက အား​ပေးထားပါတယ်​ ။
"အပြုသ​ဘော​ဆောင်​သည့် အိပ်​မက်​တစ်​ခုက အဖျက်​သ​ဘော ​ဆောင်​သည့် ပကတိအ​ခြေအ​နေ ​ထောင်​​ပေါင်းများစွာတို့ထက်​ ပို၍ အ​ရေးပါ အရာ​ရောက်​သည်​ " လို့ အက်​ဒ်​ဒီလင်းယန်​က အား​ပေးစကား ​ပြောကြားလိုက်​ပါတယ်​ ။
တရုတ်​ပြည်​​နောက်​ခံဝတ္ထု​တွေဆို ယဉ်​​ကျေးမှု​တော်​လှန်​​ရေး​ခေတ်​ ​နောက်​ခံ​တွေ ၊ ကွန်​မြူနစ်​ပါတီ ​နောက်​ခံဇာတ်​လမ်းတွေနဲ့ ဖတ်​ရတာများပါတယ်​ ။ ဒီ မိတဆိုးစာအုပ်​က​တော့ သာမန်​ပြည်​သူ က​လေးတစ်​​ယောက်​ မိသားစု ဖိနှိပ်​မှုအတွင်​း ဖြတ်​​ကျော်​မှု တစ်​မူထူးခြားစွာ ဖတ်​ရှုရမှာ ဖြစ်​ပါတယ်​။ ဘာသာပြန်​ ဆရာ မိုးမင်းသိမ်းရဲ့ ​ချော​မွေ့တဲ့ဘာသာပြန်​လက်​ရာနဲ့အတူ မိတဆိုးဝတ္ထုကို ခံစားကြည့်ကြပါစို့ ။
-
အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက်
Wun Zinn To Home (ဖုန်း - 09 96 999 8500) ၊ Pann Satt Lann Books (09 788 397540) တို့တွင် ဝယ်ယူရရှိနိုင်ပါ သည်။
#ဆက်သွယ်ရန် - 09450623383 ၊ 0945062338