Breaking News

သင်းရည်လွင်- မိုးသက်လေထဲ

မိုးသက်လေထဲ
သင်းရည်လွင်
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၉


တောင်လေတရွေ့ရွေ့ပြေးလာတော့
မိုးသည်းသည်း ရန်လိုခြင်းအသင့်
ငါးတို့ရေစီးသန်နေ့တွေဆီ

အိမ်ပြန်​လာတဲ့အခါ
အဝေးက ဒုက္ခပိုက်ကွန်ကို မေ့ဖူးတယ်


ခလုပ်ကန်သင်းတွေဖြာကျနေတဲ့
လောက ဝမ်းတစ်​ထွာ 
သူ ရှင်​သန်​ထမြောက်​ဖို့
ရေပြာပြာ မိုးဦး ရေဦးထဲ


လှိုင်းတွေသီတဲ့ တေးမှာ
တစ်​ချို့အရာတွေက
ပုံသဏ္ဏာန်​ အမျိုးမျိုးနဲ့
နစ်​ခဲ့ဖူးတာပေါ့


ပြန်​လိုက ပြန်​ပါ
ပင်လယ်ဆီ ခရီးက မမြင်ရသေး
ဒီလိုပဲ တိုက်ပွဲဆိုတာ
အနိုင်အရှုံးဆိုတာထက်
ငါးတွေ ဘယ်လိုရှင်သန်နေသလဲ
အဲဒါ အရေးကြီးတယ် ။ ။