Breaking News

ရဲရင့်သက်ဇွဲ ● ဥရောပရဲ့ နွေညများ

ရဲရင့်သက်ဇွဲ ● ဥရောပရဲ့ နွေညများ
(မိုးမခ) ဇွန် ၂၊ ၂၀၁၉

ညတရေးနိုးတော့
အိမ်ပြူတင်းပေါက်က
နေရာင်ဟာ တိုးလို့ဝင်နေတယ် ...။

စိတ်ပျက်ခြင်းနဲ့ အိပ်ပျက်ခြင်းက
အိပ်စက်ခြင်းကို အလဲထိုး
ဆိုညဉ်းခဲ့ဘူးတဲ့ သီးချင်းအလိုက်မျိုး
အိပ်မရတော့တဲ့အတူ
မထူးတဲ့ညမို့ တံခါးကိုဖွင့်ကာ
ဒုတ်ကောက်ကိုဆွဲ
ညရဲ့နေ့ခင်းထဲကို တိုးဝင်လိုက်တယ် .....။

ညသန်းခေါင် တောက်လောင်နေတဲ့
နေမင်းကြီးကို နှုတ်ခွန်းဆက်
ငါ့အိမ်နဘေးက
စိမ်းလန်းသော ငြိမ်းချမ်းသော
တောအုပ်ကြီးကို နှုတ်ခွန်းဆက်
ရေကန်တွေရှိရာဘက်
ငါ လမ်းလျှောက်ထွက်ခဲ့တယ် .....။

လမ်းတလျှောက်မှာ
ငှက်တို့ရဲ့ တီတီတာတာ အသံကြားက
ဇင်ယော်ငှက်တိုရဲ့ စူးစူးရှရှအော်သံက
တိတ်ဆိတ်တဲ့ ညရဲ့ နေ့ခင်းကို လှုပ်နှိုးနေသလိုပါပဲ...

ငါလည်းလေ သီချင်းတပိုင်းတစကို တိုးတိုးဆိုငြီး
အိပ်မရတဲ့အပူမီးတွေနဲ့
ဥရောပ ရဲ့နွေညများကိုဖြတ်သန်းနေခဲ့တယ်....။

တောင်ကုန်းလေးတခုကို တက်လှမ်းတဲ့အခါ
ကံမကောင်းစွာ ရေတွင်းလေးတခုကိုမှ
မတွေ့ရသော်လည်း
ရေကန်ကြီးတခုကိုတွေ့တော့
နှင်းရေလို့အော်ခဲ့တယ် ....။

အခုတော့ ကန်စပ်မှာရပ်ရင်းငေး
ပြန်သင့် မပြန်သင့်
ဆုံးဖြတ်ခွင့်မရှိတော့တဲ့အတွေး
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီအကွာအဝေး
ဥရောပ နွေညများမှာ အလွမ်းတွေဟာ
ကျိုးပဲ့ကြေမွလို့.....။

ရဲရင့်သက်ဇွဲ
၁ ဇွန် ၂၀၁၉