Breaking News

ရွှေပြည်စိုး - ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်စာရင်းဝင် ဒေါ်အောင်ဆန်းစုကြည်

၂၀၁၉ ဇွန်လဆန်း ချက်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်


ရွှေပြည်စိုး - ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်စာရင်းဝင် ဒေါ်အောင်ဆန်းစုကြည်

(မိုးမခ) ဇွန် ၁၃၊ ၂၀၁၉

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီးများ စာရင်းဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပါ သည်။ ထိုသို့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီးများ စာရင်းဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်းကို များစွာသော သာဓကများထဲမှ အောက်ပါ သာဓကကြီး ၂ ခုကို ရှေးဦးစွာ ဖော်ပြပါမည်။

က။ ၁၉၉၁ - ဒီဇင်ဘာ - ၁၀ ရက်နေ့က နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၌ ဂုဏ်ပြု ချီးမြှင့်သည့် သမိုင်း ဝင် Noble Peace Prize (ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကြီး)နှင့်

ခ။ ၂၀၁၀ ခုနှစ်က ဗြိတိန်နိုင်ငံမှ ကမ္ဘာကျော် စွယ်စုံကျမ်းများ ထုတ်ဝေသည့် Britannica Educational Publishing မှ ဂုဏ်ပြု ဖော်ပြသည့် THE 100 MOST INFLUENTIAL WORLD LEADERS OF ALL TIME (ခေတ်အဆက်ဆက် အထင်ရှား အကျော်ကြားဆုံးသော ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် ၁၀ဝ တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဖော်ပြထားသည်များ ဖြစ်ပါသည်။

က။ 1991 Nobel Peace Prize (၁၉၉၁ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကြီး)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် တဦးတည်းသော ကမ္ဘာ့ ထိပ် တန်း ခေါင်းဆောင်စာရင်းဝင် ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါသည်။ ထိုသို့ ပြောရခြင်း၏ အကြောင်းရင်းမှာ နိုဗယ်လ်ဆုပေးရေး ကော်မတီသည် ဒေါ်စု၏ ဉာဏ်ပညာ အရည်အချင်းရှိမှု၊ အမျှော်အမြင်ကြီးမားမှု၊ ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းမှု၊ တိုင်းသူပြည်သားများ ကောင်းကျိုး ချမ်းသာ ကို ရှေ့ ရှုပြီး မိသားစုစွန့်၊ ကိုယ်ကျိုးစွန့်၊ အသက်စွန့်ခြင်း၊ အနစ်နာခံ၊ ဆင်းရဲပင်ပန်းခံ၊ အကြိမ်ကြိမ် အချုပ်ခံခြင်းနှင့် ပြည်သူလူထုကို ကောင်းကျိုးမပြုသည့် စစ်အာဏာရှင်စနစ်ဆိုးကြိး ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားရေး တစိုက်မတ်မတ် ဆောင်ရွက်မှုများကို အသိအမှတ်ပြု ထောက်ခံသော အားဖြင့်လည်းကောင်း၊ ဒေါ်စု၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ကမ္ဘာကပါ သိရှိစေရန်အတွက် လည်းကောင်း Nobel Peace Prize ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရပါသည်။

(ထိုဆုနှင်းသဘင်သို့ ဒေါ်စု၏ ခင်ပွန်း Dr. Michael Aris, သားကြီး Alexander, သားငယ် Kim တို့ တက်ရောက်ခါ Alexander က မိခင် ဒေါ်စု ကိုယ်စား မိန့်ခွန်းပြောကြားပါသည်။ ထို့နောက် Alexander ကပင် ရွှေတံဆိပ်ဆုကို လက်ခံပြီး Kim က Nobel ဆု မှတ်တမ်းတင်လက်မှ ရယူခဲ့ကြပါ သည်။)

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်စာရင်းဝင် တဦးဖြစ်ကြောင်း ၁၉၉၁ - ဒီဇင်ဘာ-၁၀ ရက်နေ့တွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ဒေါ်စုအား ချီးမြှင့်သည့် အခမ်းအနားက သက်သေထူနေပါသည်။ ၎င်းနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူသည့် နေ့ထူး နေ့မြတ်ကြီးဟု ပြောလျှင် မှားမည် မထင်ပါ။ ထိုငြိမ်းချမ်းရေး နိုဗယ်လ်ဆုကြီး ဒေါ်စုအား ချီးမြှင့်ကြောင်း ကြားသိရသည်အတွက် ကျနော်သည် သန်းပေါင်း ၅၀ ကျော်သော တိုင်းသူပြည်သားများကဲ့သို့ အတိုင်းထက်အလွန် ဝမ်းသာကြည်နူးသကဲ့သို့ ဂုဏ်ယူ၍လည်း မဆုံးပါ။ အကြောင်းမှာ ဒေါ်စု ချီးမြှင့် ခံရသည့် နိုဗယ်လ်ဆုသည် ကမ္ဘာ့အကြီးမြတ်ဆုံးဆု ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုဆုကြီးနှင့်အတူ ဆုငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်းနှင့် ရွှေတံဆိပ်ပါ တပါတည်း ချီးမြှင့်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင် ထိုစဉ်က ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ထဲမှာမှ မြန်မာနိုင်ငံထဲမှ ဒေါ်စု တဦးတည်းက တကမ္ဘာ လုံးရှိ လူဦးရေ သန်းပေါင်း ၃,ဝ၀ဝ ခန့်တွင်မှ ပြိုင်ဘက်ကင်းသည့် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ကိုသာ ရွေးချယ် ချီးမြှင့်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ထိုမျှမက ပို၍ပို၍ ဂုဏ်ယူရသည့် အခြားအကြောင်းများမှာ -

၁။ ဒေါ်အောင်ဆန်းစုကြည်အား နိုဗယ်လ်ဆု ချီးမြှင့်သည့် အခမ်းအနားသို့ နော်ဝေနိုင်ငံ ဘုရင်ကြီး King Harald V နှင့် မိဖုရားကြီးတို့ ကိုယ်တိုင် တက်ရောက် ဂုဏ်ပြု အားပေးခြင်းကြောင့် လည်းကောင်း၊

၂။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက်သည့် Dr. Michael Aris, သားအဖ ၃ ဦး၊ မြန်မာ ဆရာတော် သံဃာတော်အချို့၊ မြန်မာနိုင်ငံသား အတော်များများ၊ နိုဗယ်လ်ဆု ရရှိပြီး သူများ၊ နိုဗယ်လဆုပေးရေး ကော်မတီဝင်များ၊ ဝန်ကြီးများ၊ အမတ်များ၊ တက္ကသိုလ် ပါမောက္ခ များ၊ ဌာနမှူးများ၊ အော်စလိုမြို့ရှိ နိုင်ငံခြား သံတမန်များ ..... စသည့် ဧည့်သည်တော် ၅၀ဝ ခန့် တက်ရောက်ခြင်းကြောင့်လည်းကောင်း၊

၃။ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆု ချီးမြှင့်ခံရချိန်တွင် ဒေါ်စု၏ အသက်သည် ၄၆ နှစ်သာ ရှိသေးသဖြင့် နိုဗယ်လ်ဆု ရရှိသူများအနက် ဒုတိယ အသက်အငယ်ဆုံး ဆုရှင် ဖြစ်ခြင်း ကြောင့်လည်းကောင်း၊

၄။ နိုဗယ်လ်ဆုနှင်းသဘင်ပြီး၍ ညပိုင်းတွင် နော်ဝေ ဝန်ကြီးချုပ်နှင့် NCGUB ဝန်ကြီးချုပ်တို့ ဦးဆောင်သော ငြိမ်းချမ်းရေး မြတ်နိုးသူ ပရိသတ် ၁,ဝ၀ဝ ခန့်တို့သည် ဒေါ်စုပုံနှင့် မီးရှူးမီးတိုင် များ ကိုင်ဆောင်၍ စီတန်း လှည့်လည်ရင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းခြင်းတို့ကြောင့် ဂုဏ်ယူ၍ မဆုံးအောင် ဖြစ်မိပါသည်။

ထိုဆုနှင်းသဘင် စတင်ကျင်းပချိန်တွင် “မြနန်းဂီရိ သေလာတောင်” သီချင်းကို ထိုစဉ်က စင်္ကာပူနိုင်ငံ တက္ကသိုလ်တခုတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော ပါမောက္ခ ဒေါက်တာ ဦးမြမောင်က စည်း၊ ဝါး နှင့် သီဆိုပြီး ဦးထွန်းအောင်က မြန်မာစောင်းတီး၍ ဖျော် ဖြေကြပါသည်။

(အထက်ဖော်ပြပါ သတင်းနှင့် အကြောင်းအရာအချို့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော် ရီဒါပြည်နယ်တွင် နေထိုင်ပြီး ထိုဆုနှင်းသဘင်သို့ သတင်းစာဆရာ၊ စာရေးဆရာကြီး ကြေးမုံ ဦး သောင်းနှင့်အတူ ကိုယ်တိုင် တက်ရောက်ခဲ့သော ဒေါက်တာ ဦးကျင်ဟိုး ရေးသားသော “မမေ့နိုင် သည့် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုနှင်းပွဲ”အမည်ရှိ ဆောင်းပါးနှင့် “1991 Nobel Peace Prize Accepting Ceremony” ဟူသော စီဒီခွေအရ ဖြစ်ပါသည်။)

ခ။ THE 100 MOST INFLUENTIAL WORLD LEADERS OF ALL TIME

ခုဆက်လက်ပြီး ဗြိတိန်နိ်ုင်ငံမှ ကမ္ဘာကျော် Britannica Educational Publishing ၏ “THE 100 MOST INFLUENTIAL WORLD LEADERS OF ALL TIME” သည် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် ၁၀ဝ စာရင်းဝင် ဖြစ်ကြောင်း ဆက်လက် ဖော်ပြပါမည်။

စွယ်စုံကျမ်း များစွာ ထုတ်ဝေခဲ့သော ဗြိတိန်နိုင်ငံ၏ Britannica Educational Publishing မှ ထုတ်ဝေသော THE 100 MOST INFLUENTIAL WORLD LEADERS OF ALL TIME” ဟူသော ကမ္ဘာကျော် စာအုပ်ကြီးတွင် ကဏ္ဍအလိုက် ဖော်ပြခြင်း ခံရသည့် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၁၀ဝ စာရင်းတွင် မြန်မာနိုင်ငံမှ တဦးတည်းသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

စွယ်စုံကျမ်းနှင့် အလားတူသော ထိုစာအုပ်ကြီးတွင် ကမ္ဘာတလွှား နိုင်ငံပေါင်းများစွာထဲမှ ခေတ် အလိုက်၊ ကဏ္ဍအလိုက် ထင်ရှား ကျော်ကြားသည့် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှု၊ အတွေးအခေါ်ရှင်များ၊ သိပ္ပံပညာ ထူးချွန်သူများနှင့် နိုင်ငံ့ အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ကြသော ဘုရင်၊ ဘုရင်မများ၊ သမ္မတ၊ ဝန်ကြီးချုပ်များ ..... စသည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့် ၎င်းတို့၏ ထူးချွန်သော ဆောင်ရွက်ချက် - စသည်များကို ဖော် ပြထားပါသည်။ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုထိုသော ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး များနှင့် တတန်းတည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထိုပုဂ္ဂိုလ်ကြီးများနှင့် တန်းတူ ဖော်ပြခြင်း ခံရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်းကောင်း၊ နိုင်ငံသူနိုင်ငံသားများ အနေဖြင့်လည်းကောင်း ဂုဏ်ယူ၍မဆုံးနိုင်အောင် ဖြစ်မိပါသည်။

ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၁၀ဝ စာရင်းဝင်တဦး ဖြစ်ရန် အလွန်ခက်ခဲလှပါသည်။ ထိုသို့ အလွန်ခက်ခဲသည့်ကြားမှ ဒေါ်စု ပါဝင်လာရခြင်းမှာ ဒေါ်စု၏ ပညာအရည်အချင်း၊ နိုင်ငံရေး၊ ဒီမိုကရေစီ ရေး၊ ပြဿနာဟူသမျှကို အကြမ်းမဖက်သော ငြိမ်းချမ်းသောနည်းဖြင့် အမျှော်အမြင် ကြီးမားစွာ ဖြေ ရှင်းမှုများအပြင် ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ ဇွဲသတ္တိရှိမှု၊ ခိုင်မာသော ရည်ရွယ်ချက်ရှိမှု ... အစုစုတို့ ကြောင့် Britannica Educational Publishing က ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် စာရင်းဝင်အဖြစ် ရွေးချယ် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင် ၁၀ဝ စာရင်းဝင်ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း ဒုတိယအကြိမ် ထပ်လောင်း အတည် ပြုရမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ချီးမြှင့်ခံရခြင်းနှင့် ၂၀၁၀ ခုနှစ်က Britannica Educational Publishing က ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၁၀ဝ စာရင်း ဝင်အဖြစ် ရွေးချယ်ခြင်းများအပြင် နိုင်ငံအတော်များများမှ တက္ကသိုလ်များကလည်း အလားတူ ဂုဏ် ထူးဆောင်ဆုများ၊ ပါရဂူဘွဲ့များနှင့် အခြားဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခံထားရပါသည်။ အဆိုပါ ဆုတံဆိပ်၊ ဘွဲ့ စသည်များကို လက်လှမ်းမီသမျှ ထပ်မံ တင်ပြပါမည်။

အမေရိကန် အခြေစိုက် Time Magazine တွင် ဖော်ပြမှုများ -

၁။ April-26-2004 – The Time 100 The Lives and Ideas of the World's Most Influential People စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် Unbearable Choices အဖြစ် ရွေးချယ် ဖော်ပြခြင်းခံရပါသည်။

၂။ August-29-2008 တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား “ကမ္ဘာ့ သြဝါဒ လွှမ်းမိုးမှု အကြီးမားဆုံး အမျိုးသမီး ၁၀ဝ စာရင်းဝင်ဖြစ်ကြောင်း ရွေးချယ် ဂုဏ်ပြု ဖော်ပြထားပါသည်။

၃။ Jannuary-10-2011 တွင် “Burma's Aung San Suu Kyi is a beacon of freedom in a Country without it အဖြစ် ဖော်ပြခြင်းခံရပါသည်။

၄။ April-22-2011 တွင် Time Magazine ၏ ၂၀၁၁ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀ဝ စာရင်းတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထည့်သွင်း ဖော်ပြထားပါ သည်။

၅။ May-2-2011 တွင် The World's Most Influential People ၁၀ဝ စာရင်းတွင် ဒေါ်စုအား Burma's flames of democracy အဖြစ် ဖော်ပြထားပါသည်။

၆။ May-9-2016 တွင် “THE 100 MOST INFLUENTIAL PEOPLE” စာရင်းတွင် ဒေါ်စုအား A beacon of hope အဖြစ် ဂုဏ်ပြုဖော်ပြထားပါသည်။

ထို့ပြင် -

Sakarov Prize for Freedom of Thought

European Parliament

EU

1991

Honorary Dcotorate in Political Science

Thammasat University

Thailand

1992

Honorary Doctorate of Law

University of Toronto

Canada

1993

Honorary Doctorate in Philosophy & Letters

Free University of Brussels

Belgium

1994

Honorary Doctorate of Law

University of Oxford

U.K.

1995

Honorary Doctor of Law

American University

USA

1997

Honorary Doctorate of Law

Charles University in Prague

Czech Republic

1997

Honorary Doctorate Degree in Politics, Philosophy and Economics

Rangsit Universit;y

Thailand

2004

Honorary of Doctorate of Law

The University of Cape Town

South Africa

2007

The Honorary Doctorate of Laws

University of Ulster

Ireland

2009

Queen of Myanmar’s Democracy and Human Rights Award

Manav Ekta Parishad

India

2010

Honorary Peace Award

Sakai

Japan

2012

Honorary Doctorate of Law

University Hong Kong

Hong Kong

2012


အထက်ဖော်ပြပါ “ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင် စာရင်းဝင် ပုဂ္ဂိုလ်ကြီးများနည်းတူ ဂုဏ်ပြု ဖော်ပြခြင်းခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား “နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီး”အဖြစ် ဂုဏ်ယူ ကြောင်း မှတ်တမ်းတင် ဖော်ပြလိုက်ရပါကြောင်း။

အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။

ရွှေပြည်စိုး

(June 8, 2019)