Breaking News

တိုးနှောင်မိုး- ရေတံခွန်ပွဲတော်

ရေတံခွန်ပွဲတော်

တိုးနှောင်မိုး

(မိုးမခ) ဇွန် ၁၅၊ ၂၀၁၉


မိုးရွာရွာ နေပူပူ
အလံတိုင်ထိပ်ကအလံလို
လွှင့်နေတဲ့ ကျနော့်ဘဝ။

တိတ်ဆိတ်မှုက
ကြမ်းကြားကလေလို
သာယာမှုက
ဗူးခါးရေလို
တောပြုန်းတာကအစ
ချယ်ရီတွေမပွင့်ချင်တော့တဲ့အဆုံး
ပိတောက်တွေဟာ အခုတ်အချိုးခံပြီး ပွင့်ခဲ့တယ်။

လန်နေတဲ့စာရွက်တွေလို
ပျော်ရွှင်ခြင်းက ပန်းထွက်နေသလား
အိပ်မက်မဆန်ဘူး
လက်တွေ့က ပူစပ်ပူလောင်
တေးက
လေချွန်ထွက်သွားပြီ။ ။