Breaking News

ကိုစိမ်းလန်း(သုံးခွ) - အမည်ကိုပီပီသသခေါ်ချင်သည်

Art- Than Htay Maung


ကိုစိမ်းလန်း(သုံးခွ) - အမည်ကိုပီပီသသခေါ်ချင်သည်

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၉
ကိုယ့်ကိုယ်ကို
အထိတ်တလန့်မွေးမြူနေရ
ကာလတခုလုံးမှိုင်းမှုန်လို့။

စိတ်နာချက်က
ကောင်းကင်တခုလုံးကို..
ခေါင်းငိုက်စိုက်ချထားတယ်
မျှော်မကြည့်ချင်လောက်အောင်..
ပိုးကိုက်ထားတဲ့ပန်းတွေက
အတုံးအရုံး
ကိုယ့်နေရာကိုယ်
မသတီစရာဖြစ်ခဲ့ရ ။

နောက်ထပ်
ခေတ်ဘယ်နှစ်ခါ
နှစ်ဘယ်နှစ်ရာ
စောင့်ရမှာလဲ
ဘဝတိုင်းလည်းလူဖြစ်ဦးမှ
လူဖြစ်ပြီဆို
လူလိုနေချင်တယ်
လူအစစ်တွေနဲ့ပေါင်းချင်တယ်
ဆုတောင်းရုံနဲ့ထူးခြားမလာ

အမှန်တရားဟာသွေးကြောင်လွန်းတယ် ။ ။