Breaking News

မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း (၆)


မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း (၆)

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၉

အခန်း ၁ အပိုင်း ၆မိုင်းလားမြို့နယ်


ကျိုင်းတုံခရိုင်အတွင်း မိုင်းလားမြို့နယ်အားထည့်သွင်းဖွဲ့စည်းထား သော်လည်း မိုင်းလားမြို့နယ် အစိုးရက၎င်း တပ်မတော်က၎င်းထိမ်းချူပ်နိုင်ခြင်းမရှိပေ။ ထို့အတူ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်းမှ ဆီလူးဒေသ သည်၎င်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲအတွင်းရှိ နန့်ပန်းဒေသသည်၎င်း ၁၉၇၁/၇၂ ခုနှစ်များကစတင်၍ ဗမာပြည်ကွန်မြူနစ် ပါတီ၏ထိမ်းချူပ်မှုအောက်တွင် ရောက်ရှိခဲ့ပြီနောက် ၁၉၈၉ ခုနှစ် CPB ပြို ကွဲပြီး မိုင်းလား အထူးဒေသ ၄ ဟူ၍ NDAA ၏ထိမ်းချူပ်မှု အောက်တွင်ရှိနေ
သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ထိုဒေသများနှင့်ပတ်သက်၍ သီးခြားထပ်မံ ဖေါ်ပြပါမည်။

တာချီလိတ်မြို့နယ်

ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းဘေးကမြို့ ဖြစ်သည်။ ယခင်က မယ် ဆိုင်ချောင်းဖြတ်သည့် ကူးတို့နေရာဖြစ်ပြီး ရေဆိပ်တွင် မယ်ဇလီပင်တပင်ရှိသည်ကို အစွဲပြု ပြီး တာခီလိတ် ဝါ မယ်ဇလီပင်ရေဆိပ်ဟု ခေါ်ကြရာမှ တာချီ လိတ်ဟု အမည်တွင်ခဲ့သည်ဟု ဆိုကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ စော်ဘွားခေတ်က ဟောင်လိတ်တွင် မြို့စားရုံးစိုက်ပြီး တာချီလိတ်တွင် အိမ်ခြေ ၄/၅ အိမ်သာရှိသည်ဟုဆိုသည်။ စော်ဘွားများအား အာဏာစွန့်စေပြီးနောက် ၁၉၆၃ ခုနှစ်တွင် နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ပြည်မမှတိုက်ရိုက်အုပ်ချ ုပ်ရေး အစပြု ခဲ့သည်။ တာချီ လိတ်မြို့ နယ်အတွင်းရှိ ကျ ိုက်လပ်မြို့ အား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၂/၄/၂၀၀၂ ရက်စွဲပါစာဖြင့်၎င်း ၊ တာလေမြို့ အား ပြည်ထဲ ရေးဝန်ကြီးဌာန၏ ၉/၈/၂၀၀၂ ရက်စွဲပါစာဖြင့်ဖွဲ့စည်းခဲ့သည်။ တကယ်တမ်း ဆိုလျင် တာချီ လိတ်မြို့ သည် ခေတ်သစ်နယ်စပ်ကုန်သွယ်ရေးနှင့် ရွှေတြိဂံ နယ်မှ မူးယစ်ရောင်းဝယ်မှု များနှင့်အတူ စည်ကားလာခဲ့သောမြို့ဖြစ်သည်။

တာချီလိတ်မြို့ နယ် သည် ၁၃၈၅ စတုရန်းမိုင် ကျယ်ဝန်းပြီး တာချီ လိတ်မြို့ ၊ တာလေမြို့ ၊ ကျ ိုက်လပ်မြို့ တို့ပါဝင်သည်။ တာချီလိတ်မြို့ နယ်သည် မြောက်ဖက်၌ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ အရှေ့ဖက်တွင် လာအိုနိုင်ငံ၊ အရှေ့တောင်နှင့်တောင်ဖက်တွင် ထိုင်းနိုင်ငံနှင့် အနောက်ဖက်တွင် မိုင်းဆတ်ခရိုင်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေပါသည်။

တာချီလိတ်မြို့နယ်သည် တောင်ကြားလွင်ပြင်ဒေသဖြစ်ပြီး မြစ်ချောင်းများစွာ ဖြတ်သန်းစီးဆင်နေသည်။ မယ်ဆိုင်ချောင်းသည် မိုင်းဆတ်မြို့နယ်မှ အခြေခံ၍ အနောက်မှအရှေ့သို့ ၃၈ မိုင်၊ မယ်ဟုတ်ချောင်းသည် မိုင်းဖြတ်မြို့ နယ်မှအခြေခံ၍ မြောက်မှတောင်သို့ ၃၁ မိုင်၊ မယ်ခေါင်ချောင်းသည် လွယ်တော်ခမ်းကျေ းရွာအုပ်စု ဖလဲတောင်မှ မြစ်ဖျားခံကာ မြောက်မှတောင်သို့ ၃၅ မိုင်၊ မဲခေါင်မြစ်သည် တရုတ်ပြည်မှမြစ်ဖျားခံကာ မြန်မာ-လာအိုနယ်စပ် အတိုင်း မြောက်မှတောင်သို့ ၈၂ မိုင်၊ တာလေမြို့တွင် နမ့်မွေးချောင်းသည် မိုင်း
ဖြတ်မြို့နယ်မှ မြစ်ဖျားခံကာ မြောက်မှတောင်သို့ ၄၇ မိုင်၊ နမ့်လင်းချောင်းသည် မိုင်းဖြတ်မြို့နယ်မှ မြစ်ဖျားခံကာ မြောက်မှတောင်သို့၎င်း၊ ကျိုက်လပ်မြို့ တွင် ဝမ်လုံချောင်းသည် မိုင်းယောင်းမြို့နယ်မှမြစ်ဖျားခံကာ မြောက်မှတောင်သို့ ၆ မိုင်၊ နမ့်ဟချောင်းသည် မြောက်မှတောင်သို့ ၈ မိုင်အသီးသီးစီးဆင်းနေသည်။ တာချီလိတ်မြို့နယ်အတွင်း မယ်ဟုတ်၊ မယ်ခေါင်ချောင်းတို့သည် မယ်ဆိုင် ချောင်းမှတဆင့် မဲခေါင်မြစ်သို့ စီးဝင်သည်။ နမ့်မွေ၊ နမ့်လင်း၊ ဝမ်လုံချောင်း များသည်လည်း မဲခေါင်မြစ်အတွင်းသို့စီးဝင်ကြသည်။

တာချီလိတ်မြို့ နယ်အတွင်း အမြင့်ဆုံး ငွေစေတီတောင်မှာ ၁၈၄၂ ပေ မြင့်ပြီး ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၈၅ ပေ အမြင့်တွင် ရှိပါသည်။ တာချီ လိတ် မြို့နယ်သည် ရှမ်းအရှေ့တွင် အနိမ့်ဆုံးဒေသဖြစ်သကဲ့ သို့မြစ်ချောင်းပေါများသည့်ဒေသလည်းဖြစ်သည်။ တာချီလိတ်မြို့ နယ်တွင် နွေရာသီ၌ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်ထိရှိပြီး ဆောင်းရာသီ၌ အနိမ့်ဆုံးအပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်ထိ ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် မိုးရွာရက် ၈၁ ရက်နှင့်မိုးရေချိန်လက်မ ၇၄.၀၇ လက်မရှိပြီး ၂၀၁၇ တွင် မိုးရွာရက် ၇၄ ရက်နှင့် မိုးရေချိန် ၇၀.၆၀ လက်မရှိသည်ဟုဆိုပါသည်။

တာချီလိတ်မြို့ နယ်အတွင်းရှိသစ်တောများတွင် ကျွန်း၊ ပိတောက်၊ ပျ ဉ်း ကတိုး၊ သင်္ကန်း၊ အင်ကြင်း၊ ယင်းတိုက်၊ ထောက်ကြံ့၊ စကားဝါ၊ ကညင်၊ နှော၊ ကုက္ကို ၊ ထိန်၊ ဝါးဖြူ ၊ ကြိမ်ခိုစသည်တို့ပေါက်ရောက်ကြပြီး ဂျီ ၊ ဝက်ဝံ၊ မြွေ၊ ပဒပ်၊ တောကြောင်၊ တောခွေး၊ ဖွတ်၊ ခွေးအ၊ တောဝက်ဖြူ ၊ သစ်တောက်ငှက်၊ ဘုတ်စသည် တောကောင်များ ကျက်စားကြပါသည်။

တာချီလိတ်မြို့နယ်အတွင်း နေထိုင်ကြသော လူဦးရေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁။ ရှမ်း ၆၉,၆၅၁ ဦး
၂။ အာခါ ၂၅,၁၇၆ ဦး
၃။ လားဟူ ၂၂,၂၉၂ ဦး
၄။ ဗမာ ၁၅,၂၄၆ ဦး
၅။ လွယ် ၂,၀၁၅ ဦး
၆။ ဝ ၅၈၄ ဦး တို့အဓိကနေထိုင်ကြပြီး တမျ ိုးလျင် လူဦးရေရာဂဏန်းရှိသော အခြားတိုင်းရင်းသားလူမျ ိုးများလည်းနေထိုင်ကြပါ သည်။ စုစုပေါင်းလူဦးရေ ၁၄၀,၁၀၈ ဦးရှိသည်ဟုဆိုပါသည်။

မြို့ပေါ်ရပ်ကွက် ၁၈ ခုတွင် အိမ်ခြေ ၉,၈၉၇ အိမ်၊ အိမ်ထောင်စု ၁၀,၅၇၄ စုရှိပြီး လူဦးရေ ၅၃,၁၇၂ ဦးရှိပါသည်။ ကျေးလက်တွင် ကျေးရွာအုပ်စု ၁၃ ခု၊ ကျေးရွာ ၃၂၀ ရွာ၌ လူဦးရေ ၈၆,၉၃၆ ဦးနေထိုင်ကြပါသည်။

တာချီလိတ်မြို့ နယ်အတွင်း ဘာသာရေးကိုးကွယ်မှု မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြို့ နယ် - ဗုဒ္ဓဘာသာ - ခရစ်ယာန် - နတ် - ဟိန္ဒူ  -  မွတ်စလင် - အခြား
တာချီလိတ် - ၇၆,၈၅၉ - ၃၁,၆၂၉ -  ၁,၂၄၁ - ၁၈၇ - ၃၀၆  - ၃၅၅
တာလေ -  ၈,၉၂၈ -  ၉,၆၂၅  -  -  ၂၇ -  ၂၁၂
ကျိုက်လပ် -  ၆,၁၉၂ -  ၄,၅၄၅ -  -  -   ၂
စုစုပေါင်း - ၉၁,၉၇၉ - ၄၅,၇၉၉ -  ၁,၂၄၁ - ၁၈၇  - ၃၃၃ - ၅၆၉

တာချီလိတ်မြို့နယ်တွင်း၌ ဗုဒ္ဓဘာသာ ဘုရား ၃ ဆူ၊ စေတီ ၈၄ ဆူ၊ ဘုန်းကြီးကျောင်း ၁၆၇ ကျောင်း၊ သီလရှင်ကျောင်း ၃ ကျောင်း၊ ရဟန်း ၇၇၅ ပါး၊ သာမဏေ ၁၉၃၁ ပါး၊ သီလရင် ၇၅ ပါးရှိပါသည်။ ခရစ်ယန် ဘုရား ကျောင်းမှာ မြို့ပေါ်၌ ၁၇ ကျောင်း၊ ကျေးလက်၌ ၇၇ ကျောင်းရှိသည်။ ထို့ပြင် တရုတ်ဘုံကျောင်း ၂ ခု၊ ဟိန္ဒူ ဘုရားကျောင်း ၁ ခု၊ မွတ်စလင်ဗလီ ၁ ခုရှိပါ သည်။

တာချီလိတ်မြို့ နယ်တွင်းရှိ မြေအမျ ို းအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လယ်မြေ - ၂၂,၄၁၆ ဧက
၂။ ယာမြေ - ၁၀,၃၉၉ ဧက
၃။ ဥယျ ဉ်မြေ - ၂၈,၄၃၂ ဧက
၄။ တောင်ယာ - ၂,၃၄၀ ဧက
၅။ ကြိုးဝိုင်း - ၅၇,၈၆၂ ဧက
၆။ တောရိုင်း - ၁၉၀,၃၈၀ ဧက
၇။ မြေရိုင်း - ၁၃၈,၀၁၉ ဧက
၈။ စိုက်ပျ ို းမရသည့်မြေ - ၄၃၅,၉၅၇ ဧက တို့ဖြစ်ပါသည်။

စိုက်ပျ ို းသည့်သီးနှံနှင့်အထွက်နှုံးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ် - အမျိုးအစား - စိုက်ဧက - ထွက်ရှိမှု
၁။ မိုးစပါး - ၂၈,၁၂၃-  ၂,၂၄၉,၈၂၀ တင်း
၂။ နွေစပါး - ၅၂၇ - ၄၅,၅၉၀ တင်း
၃။ အစေ့ထုတ်ပြောင်း-  ၁,၆၈၆ - ၁၀၉,၁၃၅ တင်း
၄။ ဖူးစားပြောင်း - ၅၅၆ - ၇,၄၄၅,၉၅၂
၅။ မြေပဲ - ၇၅၆ - ၃၃,၄၃၀ တင်း
၆။ ပဲပုပ် - ၁,၀၀၉ - ၁၆,၉၉၂ တင်း

တာချီလိတ်မြို့ နယ်အတွင်း စိုက်ပျ ို းရေးမှာ ကျေ းလက်နေလူထု အတွက် အဓိကအသက်မွေးဝမ်းကျောင်းဖြစ်နေဆဲဖြစ်သည်။ တာချီလိတ်မြို့ နယ်၏ ဆန်ဖူလုံမှု မှာ ၉၄% ဖြစ်ပြီး ဆီဖူလုံမှု မှာ ၂၈.၂၄% ဖြစ်သည်။ လယ် ယာစိုက်ပျ ို းရေးလုပ်ငန်း၌ ကျွဲ ၃၂၆ ကောင်၊ နွား ၂၇၄ ကောင်အသုံးပြု သည့် အပြင် လယ်ထွန်စက် ၂၆ စီး၊ လက်တွန်းလယ်ထွန်စက် ၁၆၁၂ စီး၊ ရိတ်သိမ်း စက် ၇၅ စီး၊ ချွေ လှေ့စက် ၁၇၆ စက် ပါအသုံးပြုသည်ကို တွေ့ရသည်။ တာချီ လိတ်မြို့နယ်အတွင်း၌ မြစိမ်းရောင်ကျေးရွာ ၁၃ ရွာရှိသည်ဟုဆိုပါသည်။

၂၀၁၇ ခုနှစ်တွင် မြို့နယ်တွင်း မွေးမြူ ရေးကဏ္ဏ၌

၁။ ကျွဲ - ၂၁,၉၀၄ ကောင်
၂။ နွား - ၁၆,၄၅၄ ကောင်
၃။ ဝက် - ၅၇,၁၂၉ ကောင်
၄။ သိုး/ဆိတ် - ၆,၁၁၇ ကောင်
၅။ ကြက် - ၃၈၅,၀၀၃ ကောင်
၆။ ဘဲ - ၂၇,၉၈၆ ကောင် တို့ရှိပါသည်။

တာချီလိတ်စက်မှုဇုံဟု ထူထောင်ထားသော်လည်း ကားပြင်ရုံများသာရှိသည်။ သို့သော် မြို့နယ်တွင်း၌ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများအဖြစ်  -
၁။ ရေသန့်စက်ရုံ ၂၀ - လုပ်သား ၁၅၆ ဦး
၂။ ဝပ်ရှော့ ၃၇ ။ ၁၈၅ ဦး
၃။ သစ်စက် ၁၁ ။ ၅၅ ဦး
၄။ အရက်ချက်စက်ရုံ ၁ ။ ၅ ဦး
၅။ ဖိနပ်ချ ုပ်စက်ရုံ ၁ ။ ၁၁၈ ဦး
၆။ ဆန်စက် ၂ ။ ၁၄ ဦး
၇။ စက်ချ ုပ် ၂၆ ။ ၁၀၅ ဦး
၈။ ကျောက်သွေး ၁ ။ ၄ ဦး
၉။ အလူမီနီယံ ၁၅ ။ ၇၅ ဦး တို့ရှိသည် ဟုဆိုပါသည်။

ဒေသတွင်း၌ သတ္တု တူးဖေါ်ရေးကုမ္ပဏီ ၂၇ ခုရှိပြီး( နောက်ပိုင်း ကုမ္ပဏီငယ်များစွာထပ်ဖွဲ့ကြသည်) တာလေ အာရဲဒေသ၌ ရွှေနှင့် မဂ္ဂနီးစ် တူးဖေါ်လျက်ရှိပါသည်။ နယ်စပ်မြို့ ဖြစ်သည့်အားလျော်စွာ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများဖြစ်ထွန်းမှု များရှိသည်။ ၎င်းနယ်စပ်ကုန်သွယ်ရေးအား သီးခြားဖေါ်ပြပါမည်။ နယ်စပ်ကုန်သွယ်ရေးအပြင် ထိုင်း၊ တရုတ်တို့နှင့် ဆက်စပ်သည့် ခရီးသွားလုပ်ငန်း ထွန်းကားပြီး တာချီလိတ်၌ ဟိုတယ် ၄၁ လုံး၊ အခန်းပေါင်း ၁၉၆၃ ခန်းရှိပါသည်။ တာချီလိတ်မြို့နယ်သည် စိုက်ပျ ို း ရေးမွေးမြူ ရေးလုပ်ငန်းသာမက နယ်စပ်ကုန်သွယ်ရေး၊ သတ္တု တူးဖေါ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် စက်မှု လုပ်ငန်းအသေးစားများဖြစ်ထွန်း သည့် မြို့ နယ်ဟု ဆိုရပါမည်။

တာချီလိတ်မြို့ နယ်၏ အလုပ်လက်မဲ့နှုံ းမှာ
အလုပ်လုပ်နိုင်သူ -  ၈၅,၅၂၈ ဦး
အလုပ်ရှိသူ - ၄၄,၅၃၃ ဦး
အလုပ်လက်မဲ့ - ၄၀,၉၉၅ ဦး
အလုပ်လက်မဲနှုံး - ၄၇.၉% ဖြစ်သည်။ ရှမ်းအရှေ့ ဒေသတွင်း ၌ စိုက်ပျ ို းရေး၊ မွေးမြူရေးလုပ်ငန်းသာမက နယ်စပ်ကုန်သွယ်ရေး၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ သတ္တု တူးဖေါ်ရေးလုပ်ငန်းများအပြင် စက်မှု လက်မှု လုပ် ငန်းငယ်များများပြားသည့်မြို့နယ်အတွင်း အလုပ်လက်မဲနှုံးမြင့်တက်မှု သည်အံ့သြဘွယ်ဖြစ်သည်။

တာချီလိတ်၌ ခရီးသွားလာရေးအတွက် ကားဂိတ် ၃၃ ခုရှိသည်။ တောင်ကြီး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်းတို့သို့ ကားကြီး ကားငယ်များ ဖြင့်နေ့စဉ် ပြေးဆွဲလျက်ရှိသည်။ တာချီလိတ်မှ တာလေသို့ မိုင် ၃၀၊ တာလေမှ ကျိုက်လပ်သို့ ၃၅ မိုင်၊ တာချီလိတ်မှ မိုင်းဖြတ်သို့ ၅၁ မိုင်၊ မိုင်းဖြတ်မှ ကျိုင်းတုံသို့ ၅၂ မိုင်၊ တာချီလိတ်မှ မိုင်းဆတ်သို့ မိုင် ၆၀ ကွာဝေးပြီး ကားလမ်းကွန် ယက်ဖြန့်ကျက်ထားနိုင်သည်။ သို့သော် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံလမ်းမကြီးမှာ ကောင်းမွန်သော်လည်း ကျန်ကားလမ်းများမှာ သာမန်မျှ သာရှိပါသည်။
တာချီလိတ်မြို့ အား ပုဂ္ဂလိက ကုမ္ပဏီများမှ ရေပေးဝေရန် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လျပ်စစ်ဓါတ်အားအား ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ချိ သည် ကို တွေ့ရပါသည်။

တာချီလိတ်မြို့ နယ်၏ ပညာရေးကဏ္ဏ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကုန်စာရင်းအရ တာချီလိတ်၊ ဆန်ဆိုင်း၊ တာလေ၊ ကျ ိုက်လပ်၊ ဟောင်လိတ်၊ မိုင်းကိုးတို့တွင် အထက ၆ ခု (ဆရာ ၃၁၇ ဦး၊ ကျောင်းသား ၁၁,၀၄၄ ဦး) ရှိ  သည်။ ပါလိုင်၊ ပုန်းထွန်၊ ဝမ်တုံ၊ နားအွန်တို့တွင် အလက ၄ ခု ( ဆရာ ၇၆ ဦး၊
ကျောင်းသား ၂,၀၀၄ ဦး)၊ မြို့နယ်တခုလုံး၌ အမက ၁၀၈ ကျောင်း( ဆရာ ၄၈၅ ဦး၊ ကျောင်းသား ၁၂,၈၃၁ ဦး ) ၊ မူကြို ၂၁ ကျောင်း( ဆရာ ၃၄ ဦး၊ ကျောင်းသား ၅၄၇ ဦး) ၊ ဘကကျောင်း ၆ ကျောင်း (ဆရာ ၅၁ ဦး၊ ကျောင်း သား ၆၈၅ ဦး) ရှိသည်ဟုဆိုသည်။

ကျောင်းနေရွယ်ကလေး ကျောင်းအပ်မှုနှုံးမှာ
၅ နှစ်ပြည့်ကလေးဦးရေ ၄,၀၁၂ ဦး
ကျောင်းအပ်နှံသူ ၃,၆၉၉ ဦး
ကျောင်းအပ်မှုနှုံး ၉၂.၁၉% ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းရောက်ရှိဖြေဆိုမှု မှာ၂၀၁၆/၁၇ ၌
စာရင်းရှိ ၁,၀၆၆ ဦး
ဖြေဆိုသူ ၉၆၅ ဦး
အောင်မြင်သူ ၁၆၅ ဦး
အောင်ချက် ၁၅.၈၅% ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုံးမှာ
မြို့နယ်လူဦးရေ ၁၄၀,၀၄၁ ဦး
၁၅ နှစ်အထက် ၁၀၀,၅၀၀ ဦး
စာတတ်မြောက်သူ ၁၂၅,၉၆၆ ဦး
စာတတ်မြောက်နှုံး ၉၀% ရှိသည်ဟု ဆိုပါသည်။ ( ဤ ကိန်း ဂဏန်းမှာ တာချီလိတ် အထွေထွေအုပ်ချ ုပ်ရေးဥိးစီးဌာန၏ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂ ရက်ထုတ်ပါ ကိန်းဂဏန်းဖြစ်သည်။ လွဲချော်မှု ရှိနိုင်သည်ဟု
ယူဆရသည့် ကိန်းဂဏန်းဖြစ်ပါသည်။)

တာချီလိတ်မြို့နယ် ကျန်းမာရေးကဏ္ဏ၌ တာချီလိတ်တွင် ကုတင် ၁၀၀ဆန့်ဆေးရုံ ၁ ရုံ၊ ဝမ်ပုံ၊ တာလေ၊ ကျ ိုက်လပ်တို့တွင် ၁၆ ကုတင် ဆေးရုံ ၃ ရုံ နှင့် ကုတင် ၃၀ ဆန့်ပုဂ္ဂလိက ဆေးရုံ ၁ ရုံရှိပါသည်။ မြို့နယ်တွင်းရှိ မယ်ယန်း၊ မိုင်းကိုး၊ မိုင်းဖုန်း၊ မိုင်းဟဲ၊ စန်းလု၊ မိုင်လင်းတို့တွင် ကျေးလက်ကျန်းမာရေး ဌာန ၆ ခုရှိပြီး ၎င်းအောက်တွင် ကျန်းမာရေးဌာနခွဲ ၂၈ ရှိသည်။

ထိုဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန် ၂၂ ဦး၊ သူနာပြု ၉၄ ဦး၊ လက်ထောက်ကျန်းမာရေးမှူ း ၉ ဦးရှိပြီး ဆရာဝန်နှင့်လူဦးရေ ၁: ၆၃၆၅ ၊ သူနာပြု နှင့်လူဦးရေ ၁: ၁၄၈၉ ၊ လက်ထောက်ကျန်းမာရေးမှူ းနှင့်လူဦးရေ ၁: ၁၅၅၆၀ ရှိသည်။

မြို့နယ်တွင်းအဖြစ်များသည့် ရောဂါများမှာ ငှက်ဖျား၊ တီဘီ၊ ဝမ်းလျှော၊ ဝမ်းကိုက်နှင့် ARI တို့ဖြစ်ပါသည်။ မွေးကင်းစ ကလေးသေနှုံး ၉.၆၂% ရှိပါ သည်။

တာချီလိတ်တွင် INGO များအဖြစ် ASG ၊ World Vision နှင့် Malteser တို့ရှိသည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အဓိက ဆောင်ရွက်ရွက်သော အဖွဲ့အစည်းများဖြစ်သည်။ လူဇင်ဘတ်မှ LUX DEV ကလည်း လူဦးရေ ၂၀၀၀ ခန့် ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ကျိ ုက်လပ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီခဲ့သည်ကို တွေ့ရသည်။

တာချီလိတ်မြို့ တွင် အခြေစိုက်သော နိုင်ငံရေးပါတီများမှာ
၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ NDF
၇။ အာခါအမျ ို းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၈။ လားဟူအမျ ို းသားဖွံဖြိုးတိုးတက်ရေးပါတီ
၉။ ဝ အမျ ို းသားစည်းလုံးညီညွတ်ရေးပါတီ တို့ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တာချီ လိတ်မြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလည်နေရာအတွက် ဝင်ရောက်အရွေးခံရာတွင်

မဲပေးနိုင်သူ ၁၀၉,၈၂၇ ဦး
မဲလာပေးသူ ၆၇,၅၄၂ ဦး - ၆၁.၅၀%
NLD က ၃၀,၀၄၀ - မဲ ၄၄.၄၇% ဖြင့်အနိုင်ရသည်။
USDP က ၁၀,၉၁၆ မဲ ၁၆.၁၆% ဖြင့် ဒုတိယ
SNLD က ၆,၉၂၅ မဲ ၁၀.၂၅% ဖြင့်တတိယ
SNDP က ၆,၃၉၄ မဲ ၉.၄၆% ဖြင့်စတုတ္ထအသီသီးရသည်။

ပြည်နယ်လွှတ်တော် အမှတ် ၁ ကိုယ်စားလည်နေရာအတွက် ယှဉ်ပြိုင်ရာတွင်

မဲပေးနိုင်သူ ၆၂,၁၀၆ ဦး
မဲလာပေးသူ ၃၅,၂၁၃ ဦး ၅၆.၇၀%
NLD က ၁၈,၆၅၈ မဲ ၅၆.၀၀% ဖြင့်အနိုင်ရသည်။
USDP က ၆,၁၇၄ မဲ ၁၈.၅၃% ဖြင့် ဒုတိယ
SNLD က ၂,၈၁၂ မဲ ၈.၄၄% ဖြင့်တတိယလိုက်သည်။

ပြည်နယ်လွှတ်တော်အမှတ် ၂ ကိုယ်စားလည်နေရာအတွက် အရွေးခံရာတွင်

မဲပေးနိုင်သူ ၄၇,၇၂၁ ဦး
မဲလာပေးသူ ၃၁,၁၇၆ ဦး ၆၅.၃၃%
NLD က ၁၂,၁၉၂ မဲ ၄၁.၈၀% ဖြင့်အနိုင်ရသည်။
SNDP က ၄,၇၄၉ မဲ ၁၆.၂၈% ဖြင့် ဒုတိယ
USDP က ၄,၅၃၀ မဲ ၁၅.၅၃% ဖြင့် တတိယ
SNLD က ၄,၀၁၄ မဲ ၁၃.၇၆% ဖြင့်စတုတ္ထအသီးသီးရရှိကြ၏။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တာချီလိတ်မြို့နယ်ရှိ မဲပေးနိုင်သူ လူဦးရေ စာရင်းမှာ ၁၀၉,၈၂၇ ဦးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ထိ  အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာန၏စာရင်းအရ မြို့နယ်လူဦးရေစုစုပေါင်းမှ ၁၄၀,၁၀၈ ဦးဖြစ်ပြီး မဲပေးနိုင်သူ အသက် ၁၈ နှစ်အထက်မှာ ၈၅,၅၆၉ ဦးဖြစ်
ပါသည်။ ကိန်းဂဏန်းများကွာဟမှု ကြီးမားသည်။ မဲပေးနိုင်သူလူဦးရေ ကွာ ဟမှု မှာ ၂၄,၂၅၈ ဦးဖြစ်နေသည်။ အထွေထွေအုပ်ချ ုပ်ရေးဦးဌာနစာရင်းတွင် မပါသော တပ်မတော်သားနှင့် မိသားစုဝင်များသည်လည်း တာချီလိတ်တွင် ဤမျှ မရှိနိုင်ပေ။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး