Breaking News

ဆောင်းယွန်းလ ● မိုးတလင်း မှောင်မိုက်သွားတဲ့အတွေးများ

ဆောင်းယွန်းလ ● မိုးတလင်း မှောင်မိုက်သွားတဲ့အတွေးများ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၉

ရုတ်တရက်ထပေါက်တဲ့ ဗုံးတလုံးလိုမျိုး
ပွင့်လင်းမှုဟာ မီးလိုထတောက်တယ်
စရိုက်စုံတဲ့အမှိုက်ပုံကြီးထဲ မုဒိမ်းမှုတွေက မှိုလိုပေါက်လို့

မြင်သာတဲ့အခင်းအကျင်းမှာ 
ကျပျောက်သွားတဲ့တရားဟာ ကောက်ရိုးပုံထဲက အပ်တိုတချောင်းဘဲ

ဇာတ်ကပေရှည်ပြီး 
မပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို 
ပက်ပက်စက်စက်ထိုင်ကြည့်နေရတဲ့ သုံးကားပေါင်း မိုးတလင်းများ
သူ့အကြောင်းနဲ့ကိုယ် မှောင်မိုက်နေရဆဲ

အပ္ပါယ်ငရဲထက် လူ့ဘဝငရဲက ပိုပြီးပူတယ်

ပြောင်းလဲမှုအကြောင်းကို စာအုပ်ထူထူဖတ်ပြီးမှ နားလည်နိုင်သလို
ခေါင်းကွဲဖို့အရေး ပါးပါးလေးဘဲတွေးဖို့လိုတယ်
လူကြီးတွေပိုနေတာကို လျှော့ဖို့ခက်ပြီး
ကလေးတွေငိုနေတာကို ချော့ဖို့ခက်နေတဲ့ခေတ်ကြီး

စစ်မီးတွေလောင်မြိုက်နေသလို အချစ်မီးတွေမှောင်မိုက်နေတယ်
တရားကိုဝယ်ဖို့ ခေါင်ခိုက်နေတဲ့ဈေး
အကြွေးဝယ်လို့ရရင် သိပ်ကောင်းမယ်။

ဆောင်းယွန်းလ