Breaking News

ပန်းချီဆရာကြီး ဦးသက်ညွန့်၏ ဈာပန အခမ်းအနား (ဇူလိုင် ၁၃)



ပန်းချီဆရာကြီး ဦးသက်ညွန့်၏ ဈာပန အခမ်းအနား (ဇူလိုင် ၁၃)

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဇူလိုင် ၁၄၊ ၂၀၁၉

(၈၈) မျိုးဆက်​ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဦးဆောင်သူဖြစ်​တဲ့ ဦးမင်းကိုနိုင်၏ ဖခင်ဖြစ်သူ ပန်းချီဆရာကြီး ဦးသက်ညွန့် အသက်(၉၃)နှစ်၏ ဈာပနအခမ်းအနားအား ယနေ့ နေ့လည် (၃းဝဝ)နာရီအချိန်​၌ ရေဝေးသုသာန်​တွင်​ ကျင်းပပြုလုပ်ခဲ့သည်​။

အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ BOD အဖွဲ့ဒု-ဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင် ၊BOD အဖွဲ့ဝင် ကိုမျိုး(မြန်မာစာ) နှင့် အသင်းသူ/သားများက ကူညီဖေးမခဲ့ကြပြီး ကွယ်​လွန်​သူ ဆရာကြီး ဦးသက်​ညွန်​့၏ မိသားစုများ ၊ ​ဆွေ မျိုးများ နှင့် ပန်းချီဆရာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်​များ လိုက်​ပါပို့​ဆောင်​ခဲ့ကြသည်။