Breaking News

ကန့်ကွက်သည့်ကြားမှ မြိတ်စည်ပင် ကန်ဖျားစျေးကို ပိတ်လိုက်ပြီ




ကန့်ကွက်သည့်ကြားမှ မြိတ်စည်ပင် ကန်ဖျားစျေးကို ပိတ်လိုက်ပြီ

သတင်း၊ ဓာတ်ပုံ - စိုးစံမင်း
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၉

စည်ပင်ဝန်ကြီးမှ ဖျက်​သိမ်းရန်​ ၄လဆိုင်းငံ့ထားသည့် ကန်ဖျားကုန်စိမ်းဈေးကို မြိတ်​စည်ပင်က ဖယ်ရှားရှင်းလင်းလိုက်သည်။ 

တနင်္သာရီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ စည်​ပင်​ဝန်​ကြီးမှ မြိတ်​မြို့ရှိကန်​ဖျားကုန်​စိမ်း​ဈေးအား ​ဈေးသူ​ဈေးသားများ၏အခက်​အခဲနှင့် မိုးတွင်းကာလ​ကြောင့် ၄လဆိုင်းငံထားရန်​ ညွှန်​ကြား​သော်​လည်း မြိတ်​စည်​ပင်​မှ ဇူလိုင် ၁၃ ရက်က လာ​ရောက်​ရှင်းလင်းသွားပြီဖြစ်​​ကြောင်းသိရသည်​။ 

ယင်းကိစ္စနှင့် ပတ်သက်​ပြီး ဇူလိုင်​ ၁၂ရက်​​နေ့က ထားဝယ်​မြို့ရှိ တနင်္သာရီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ​ဈေးသူ​ဈေးသားများနှင့်တွေ့ဆုံစဉ်​ ကတိ​ပေး​ပြောကြားခဲ့​ကြောင်း သိရသည်​။ မြိတ်​စည်​ပင်​ဥက္ကဌ ဦးမြတ်​ကိုကို ထံ ဆက်​သွယ်​ခဲ့​သော်​လည်း ​ပြန်​လည်​​ဖြေကြားမှုမရရှိခဲ့​​ပေ။