Breaking News

ကိုသန်းလွင် ● အီဗော်လူးရှင်းနှင့် နှလုံးရောဂါ

ကိုသန်းလွင် ● အီဗော်လူးရှင်းနှင့် နှလုံးရောဂါ
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၉

(၁)
လူတို့၏ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်လျက်ရှိသော အချက် သုံးချက်ရှိပါသည်။ (၁) ရောဂါ ကပ်ရောက်ခြင်း၊ (၂) ထိခိုက်ဒဏ်ရာရခြင်းနှင့် (၃) အစားအစာပြတ်လတ်ခြင်းတို့ ဖြစ်ကြပါသည်။ စောစောစီးစီး ၎င်းတို့၏တိုက်ခိုက်ခြင်းကို ခံရပြီ ဆိုလျှင် ကျွန်တော်တို့ရပ်တည်မှုအတွက် အဓိကလိုအပ်သောလုပ်ငန်းများကို မလုပ်ဆောင်နိုင်ကြတော့ပါ။ လူဟူ၍ အသက် ပြန်လည် မွေးထုတ်ခြင်း (Reproduction) ဖြစ်ပါသည်။ တချိန်တည်းမှာပင် ထိုအန္တရာယ်သုံးခုကို ရှောင်ရှားနိုင်ရန် နည်း လမ်းတွေ့ ရှိဖို့ဖြစ်ပါသည်။

ကျွန်တော်တို့သည် နှလုံးရောဂါနှင့် သေကြရပါသည်။ သွေးကြောထဲတွင် ကိုလက်စထရော (Cholesterol) မှ ဖြစ်ပေါ်သော အမှုံ၊ အနည်များနှင့် ပိတ်ဆို့ပြီး သွေးများမလည်ပတ်နိုင်၍ နှလုံးရောဂါဖြစ်ပွားကြရပါသည်။ ထို့အခါ (Stoke) နှင့် (Heart attak)  ရကြပါသည်။ လူတို့၏သမိုင်းဖြစ်စဉ်တွင်ဤဖြစ်ရပ်ကိုကာကွယ်နိုင်သောနည်းလမ်း ကိုရှာ၍ မတွေ့နိုင်ကြတော့ပြီလော။ သို့မဟုတ် လူတို့၏ အီဗော်လူးရှင်းသီအိုရီအရ ဤ အရှုပ်အထွေးအတွင်းမှ ထွက်ပေါက်ကို မတွေ့နိုင်ကြတော့ပြီလော။

ရှေးက ဘိုလီဗီယားနိုင်ငံ သစ်တောများထဲတွင် (Tsimane) လူမျိုးများတွင် နှလုံးရောဂါအနည်းဆုံးဖြစ်ရာ ၎င်းတို့ထံမှ ဘ၀ နေနည်းကို မည်သို့ရှိသည်ဆိုခြင်းကို လေ့လာကြရပါသည်။ သူတို့မှာလည်း ပြင်ပမှရန် အန္တရာယ်အပေါင်းကို မည်သို့ ကာ ကွယ်သည့်နည်းရှိရပါမည်။ လူတွင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်သောနည်းစနစ်ရှိပါသည်။ ထိုစနစ်သည် ပြင်ပမှ အန္တရာယ် များကို အမြဲတစေ ကြည့်ရှု့နေကြရပါသည်။

ပြင်ပမှ အန္တရာယ်များဝင်ရောက်လာသည့်အခါ ကိုယ်ခန္ဓာက (Inflammation) ခေါ် ခုခံကာကွယ်သည့်စနစ်ကို ဖြန့်ထုတ်ပါ သည်။ ဥပမာ အအေးမိ၊ ဖျားနာ (Flu) ဖြစ်သည့်အခါ ကိုယ်ခန္ဓာတစ်ခုလုံး ပူကြက်နေပြီး လူကို အန္တရာယ်ဖြစ်စေသောအရာများကိုတိုက်ထုတ်ပါသည်။ ဤကာကွယ်ရေးစနစ်သည် လူ့ကိုယ်ခန္ဓာအနာတရဖြစ်ပြီး ကိုယ်ခန္ဓာနှင့် ပြင်ပကမ္ဘာတို့ ဆက် သွယ်ရေးစနစ် ပျက်ပြားသွားသည့်အခါတွင်လည်း ဖြစ်ပွားလေ့ရှိပါသည်။ ထိုအခါ ဆဲလ်များမှ ထုတ်လွှတ်သည့်ပစ္စည်းများက ဒဏ်ရာကိုပိတ်ဆို့စေပါသည်။ ပြောင်းလဲလာသည့် အခြေအနေများအရ ထိုသို့ဖြစ်ပေါ်လာခြင်းများမှာ ပိုမိုအားကောင်းလာ ကြပါသည်။

ထိုသို့ပြင်ပရန်များအေးငြိမ်းသွားသည့်အခါ ပြင်ပသို့ ရန်ကိုကာကွယ်လိုခြင်းများသည်အတွင်း ကိုယ်ခန္ဓာကလီစာများဘက် သို့ လှည့်လာပါသည်။ ထို့ကြောင့် သွေးကြောအတွင်းတွင် ချေးပိတ်ခြင်းများမှာ (Inflammation) ကြောင့်ပင် ဖြစ်ပါသည်။ သွေးကြောထဲတွင်တွေ့ရသည့် အဆီအစအနများ၊ ကိုလက်စထရောများဖြင့် သွေးကြောပိတ်စေသည့်အရာများက ကျွန် တော်တို့၏ နှလုံး၊ ဦးနှောက်နှင့် ခြေလက်များအတွင်းတွင် ပိတ်ဆို့စေပြီးနှလုံးရောဂါနှင့် ခြေလက်အင်္ဂါဖြတ်တောက်ရခြင်းများကို ဖြစ်စေပါသည်။

တတိယအန္တရာယ်ဖြစ်သည့် အစာရေစာပြတ်လပ်ခြင်းမှာ အစာတစ်ခုနှင့် တစ်ခုအကြား ကာလခြားသောကြောင့် ဖြစ်ရပါ သည်။ ဦးနှောက်ကို အမြဲအလုပ်လုပ်စေရန် သကြားကျွေးရပါသည်။ ဂလူးကို့စ်ခေါ် သကြားဓာတ်သည် ဦးနှောက်ကို အမြဲပံ့ ပိုးပေးနေရသဖြင့် သွေးထဲတွင် အလုံအလောက်ရှိစေရန် လိုအပ်ပါသည်။ ဆာလောင်သော အခြေအနေကို ခံနိုင်ရေရှိစေရန် သွေးထဲတွင် ဂလူးကို့စ် ဓါတ်လိုပါသည်။  သွေးထဲမှ သကြား ပမာဏကို လျှော့ ချစေသောအရာမှာ  အင်ဆူလင်ဟိုမုန်းဖြစ်ပါသည်။ ထို အင်ဆူလင်များပြားလာသောအခါ ဆီးချိုရောဂါဖြစ်ပွားရပါသည်။ ထို့ကြောင့်သွေးထဲမှ ကိုလက်စထရောများပြား စေခြင်း ဖြင့် တစ်ချိန်က ပြင်ပရန်များကို ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြရာ ယခုအခါမှာတော့သွေးထဲမှာ ကိုလက်စထရောနည်း လေလေ ကောင်းလေလေဖြစ်သည်ဟု ယုံကြည်ကြပါသည်။

အီဗော်လူရှင်းသည် နှလုံးရောဂါနှင့်ပတ်သက်၍အခြားနည်းဖြင့် ပတ်သက်နေသေးသည်။ လူတို့တွင် အဝလွန်ခြင်းသည် နှလုံးရောဂါကို ဖြစ်စေသည်။ ကျျွန်တော်တို့သည်ဆာလောင်ချိန်တွင်အသုံးပြုရန်အတွက် အစားအစာများကို ကိုယ်ခန္ဓာတွင် သိုမှီးထားရသည်။ အဆီဓါတ်များပြားနေခြင်းကို အဝလွန်သည်ဟု နားလည်ကြရပါသည်။ ကိုယ်ခန္ဓာတွင်အဆီပိုများရှိနေ ခြင်းသည် ရောဂါများကိုတိုက်ဖျက်ရန်အတွက် (Inflammation) အချိန်တွင်လည်း အသုံးဝင်သည်။ သို့သော်အဆီများခြင်းက သွေးကြောပိတ်သော ရောဂါနှင့် ဆီးချိုနှင့် သွေးတိုးရောဂါကိုဖြစ်ပွားစေသည်။

အီဗော်လူးရှင်းသည် ဆားကိုအသုံးနည်းသောအာဖရိကတိုက်မှ လူများကိုလည်းတစ်နည်းသက်ရောက်မှုရှိသည် သူတို့သည် အစားအသောက်တွက် ဆားအနည်းငယ်သာ သုံးသဖြင့် သူတို့ချွေးထွက်ရာတွင် ကုန်ခမ်းသွားသည်။ ယခုခေတ်လူများ၏ဆားအသုံးများပုံမှာ ဆာအသုံးနည်းခဲ့သောခေတ်ကထက် အဆပါင်းများစွာပို၍စားသုံးသည်။ ထို့ကြောင့် ဆားအသုံးများသော ယခုအချိန်တွင်သွေးတိုးသော ရောဂါမှာ ပို၍အဖြစ်များသည်။

ထိုသို့ အီဗော်လူးရှင်းအရ ပြောင်းလဲရခြင်းကို ဗြောင်းပြန်လှန်ပြစ်နိုင်ပါမည်လား။ Inflammatory မဖြစ်အောင် ကာကွယ် သော ဆေးများပေါ်နေပြီဖြစ်ရာ ထိုဆေးများမှာ ကိုလက်စထရောကြောင့် သွေးကြောပိတ်သောရောဂါများကို ကာကွယ်နိုင်ပါ သည်။

သို့သော်လည်း အရေးကြီးဆုံးအချက်မှာ ဤသို့သော အကြောင်းများကြောင့် ဤသို့သွေးကြောပိတ်သော ရောဂါကို ကာ ကွယ်ရင်းနှင့် ရောဂါဖြစ်ပွားခြင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆာလောင်ခြင်းတို့မှ ကာကွယ်ရန်အချက်များ ကိုကိုယ်ခန္ဓာကတုန့် ပြန်လာခြင်းပင်ဖြစ်သည်။ ထိုအကြောင်းများကြောင့် ကျွန်တော်တို့သည် အသက်ရှည်အောင် နေလာနိုင်သည်။ ကျွန်တော် တို့ ဘဝနေနည်း (Life Style) အရ ထိုအန္တရယ်များကို ကျော်လွှားလာနိုင်ခြင်းပင် ဖြစ်၏။ ကျွန်တော်တို့ လူ့ဘဝနေထိုင်နည်းမှန်သွားသောကြောင့် (Gene) ကို ပြောင်းလဲစရာမလိုဘဲ အန္တရာယ်များကို ခံနိုင်ရည်ရှိလာကြသည်။

ကျွန်တော်တို့ ဘဝနေနည်းနှင့် အစားအသောက်တို့ကို ကျွန်တော်တို့ကိုယ်ခန္ဓာ၏ ခံနိုင်ရည်ကို ထိခိုက်စေမည့် နည်းလမ်းများ ကို ရှောင်ရှားကြရန်လိုသည်။ သွေးကြောပိတ်ခြင်းမှာ ဖြစ်ပေါ်နေခဲ့သည်မှာ ကြာပါပြီ။ နှစ်ပေါင်း ၅၃၀၀ ရှည်ကြာသည့်ရေခဲပြင် တွင်ပိတ်မိနေသော မာမီများတွင် အဆီများတွင် သွေးကြောပိတ်စေနိုင်သော ကိုလက်ထစရောကို တွေ့ရှိခဲ့ကြသည်။ သို့တိုင် အောင် ဤသွေးကြောပိတ်ရောဂါနှင့် လူများမသေကြရခြင်းမှာ ကျွန်တော်တို့၏ ဘဝနေနည်း မှန်ကန်သောကြောင့် ဖြစ်ပါ သည်။ မကြာမီက နှလုံးရောဂါ ဖြစ်ပွားခြင်း သိသိသာသာလျော့ကျသွားခြင်းမှာ ဘဝနေနည်းမှန်ကန်ခြင်းနှင့် ခေတ်သစ်ဆေး ပညာ၏ အောင်မြင်မှုပင်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ကျန်းမာရေးကောင်းမွန်ခြင်း (Fit) ဖြစ်မှုအတွက် ကျွန်တော်တို့၏ မျိုးရိုးဗီဇကို ဘာမှပြုပြင်စရာမ လိုပါ။ အစားအသောက်ဆင်ခြင်ခြင်းဖြင့် နှလုံးကို ပိုမိုကျန်းမာနိုင်စေသည်ဟုဆိုလျှင်  တခုသေသေချာသည်မှာ ကျွန်တော်တို့၏ အစာများတွင်အဆီ၊ ဆား၊ သကြားနှင့်အသားများအချိုးအစားမှန်မှန်နှင့် ဘယ်အရာကိုမှအလွန် အကျွံမသုံးစွဲခြင်းပင်ဖြစ် သည်။ လိုအပ်သော ကယ်လီရီအမှန်ရအောင် ဂရုစိုက်ခြင်းသည် အကောင်းဆုံးနည်း လမ်းဖြစ်သည်။

အသက်ရှည်ရှည်နေနိုင်ရန်နည်းလမ်းမှာ (Tsimaus) တို့ကဲ့သို့ နေနည်းလည်းမဟုတ်၊ ဓလေ့ထုံးတမ်းနှင့် လိုက်နာခဲ့သော ဥပဒေများကို လစ်လျူရှုရန်လည်းမဟုတ်။ ကျွန်တော်တို့လိုက်နာရန်မှာ နှစ်ရာထောင်ချီ၍ လိုက်နာခဲ့ကြသော အီဗော်လူးရှင်း အရ နေခဲ့ကြသော ဘဝနေနည်းကို ကြည့်၍နေကြရန်ပင်ဖြစ်သည်။ နှလုံးရောဂါသည် မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော ရောဂါမဟုတ်ပါ။ ယနေ့လူသတ်သော ရောဂါတစ်ခုအဖြစ် ကြီးကျယ်မနေခြင်းမှာ လူတို့က လက်တွေ့လေ့လာ တွေ့ရှိချက် များအရ နေထိုင်နိုင်ကြ၍ဖြစ်ပါသည်။

Ref: Evolution Gave us Heart Disease, We are not stuck with it. By Haider Warraich New York Times Aug 8 2019