Breaking News

လင်းသစ်နီ ● သမိုင်းတစ်ခု

လင်းသစ်နီ ● သမိုင်းတစ်ခု
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၉

အခြေအနေက
စာလုံးပေါင်း မပြောင်းဘူး

တစ်ဖက်စာမျက်နှာရဲ့ အဖွဲ့နွဲ့လွန်မျက်နှာပေးမှာ
စာရွက်လွတ်တွေ လက်ရေးလှတယ်

စာသားကို အောက်တစ်ကြောင်း ဆွဲချတော့
နေကြာပန်းပေါ်လာတင်နေတဲ့ မိုးရေစက်လေးတောင် တောင့်ခဲလို့

ဇာတ်လမ်းမှားပြီး
ပန်းခွေချရမယ်ဆိုတဲ့ နားနဲ့
ငါ မင်းကို
ကျိန်ဆဲနေပါတယ်။   ။

လင်းသစ်နီ