Breaking News

ယံဇငြိဏ်း - လူအ အိပ်မက်


လူအ အိပ်မက်

ယံဇငြိဏ်း

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၉

()
ညက ထူးထူးခြားခြားအိပ်မက်များမက်သည်..အိပ်ရာနိူးတော့သူ့ဆံပင်တွေက သူ့အရပ်ထက် ပိုရှည်နေ တာ တွေ့ရသည်ဘယ်လောက်အတိုင်းအတာအထိရှည်နေတယ်ဆိုတာအတိအကျမပြောနိုင်ပေမယ့် သူမြင်ဖူးတဲ့သစ်ပင်ရှည်တွေထက်ပိုရှည်တာတော့သေချာပါသည်သူ့ဆံပင်တွေဟာ တောအုပ် တစ်အုပ်စာ ဖြစ်နိုင်သည်စိတ်အထင်နဲ့သူ့ဆံပင်တွေကိုခါထုတ်လိုက်တော့..ဆံပင်ရှည်တွေထဲက မြို့ကြီးတစ်မြို့ ထွက်ကျလာခဲ့သည်မြို့ကြီးထဲကနေ ယူနီဖောင်းဝတ်တွေ တန်းစီထွက်လာကြသည်အဝေးကမြင်နေရတဲ့မြင်ကွင်းဆိုတော့ ယူနီဖောင်းတွေကိုသေချာမမြင်ရသိပ်မကြာခင်..လူတွေအတုံးအရုံး လဲကျကုန်သည်ယူနီဖောင်းဝတ်တွေကတော့..သူတို့လက်တွေတစ်ခါခါနဲ့ သူတို့မဟုတ်ကြောင်းပဲ ပြောနေတော့သည်မကြာခင်အချိန်အတွင်းမှာပင် ယူနီဖောင်းတွေချွတ်ပြီး မြို့ကြီးထဲပြန်လည်ဝင်ရောက် ပျောက်ကွယ် သွားကြသည်
   ()  
သူ့ဆံပင်တွေကိုနောက်တစ်ခါ ခါထုတ်လိုက်တော့ စိုက်ခင်းတစ်ခင်းထွက်ကျလာသည်စိုက်ခင်းထဲမှာစိုက်ထားတဲ့တစ်ချို့အပင်တွေက..သူမမြင်ဖူးတဲ့အပင်မျိုးတွေကများနေသည်တစ်ချို့အပင်တွေက အပင်နဲ့လုံးဝမတူ၊ တိရစ္ဆာန်ပုံအပင်လေးများလည်းတွေ့ရသည်လူပုံစံအပင်လေးတွေလည်းတွေ့ရသည်သူယောင်ပင်တွေလားလို့ သူတွေးမိပေမယ့် ဖြစ်နိုင်တယ်/ မဖြစ်နိူင်ဘူးဆိုတာ မသေချာသူယောင်ပင်ကို သူ တစ်ခါမှမမြင်ဖူးသလို.. သူယောင်ပင် အကြောင်းလည်း  သူ မသိ..သူယောင်မယ်တွေကိုလည်း မမြင်ဘူးသူယောင်ဆိုတာမရှိဘူးလားလို့ မေးရင် ဒါလည်း သူ..မဖြေတတ်ပြန်သူ ခေါင်းကို အခါများစွာ ကုတ်ဖဲ့မိလိုက်တာတော့ မှတ်မိသည်
ရာဘင်ဒြာနတ်တဂိုးအကြောင်း..သူ..စဉ်းစားနေတာလား..တဂိုးကဗျာပေါင်းချုပ်..သူဖတ်ဖူးသည်တောငန်းများပျံလေသောအခါ..ဂီတဉ္ဇလီ..နွေဦးတမန်..သူ့ အသည်းစွဲတွေ။ ထိုထက်ပိုပြီးစွဲလန်းမိတာ က တဂိုးရဲ့ စကား..ဂန္ဓီကြီးနှင့် ဆန့်ကျင်ဘက်လုပ်ခဲ့သူ..လက်ယက်ကန်းထက် စက်ယက်ကန်းကို ပို မြတ်နိုးကာ ခေတ်နှင့်အညီသွားလိုသူ..အင်္ဂလိပ်ဘာသာတတ်မှ ကမ္ဘာ့ဉာဏ်ပညာဘဏ်တိုက်ကိုဖွင့် နိုင် မည်ဟု ယုံကြည်သူ..ရှန်တီနိကေတန် တက္ကသိုလ်ကို တည်ထောင်သူ၊ သစ်ရိပ်..ရေကန်ဘေး.. ဟာလာ ဟင်းလင်း စာသင်ခန်းများမှာ.. စာသင်သူ..ကဗျာဆရာကြီးတဂိုး..သွေးစွန်းသောအစိုးရက ပေးထား သည့် Knight hoot ဘွဲ့ကိုအလိုမရှိ..ပြောခဲ့သူ..ရာဘင်ဒြာနတ်တဂိုး၊ တဂိုး ပေါင်းမြောက်များစွာ သူ အိပ်မက်မက်ခဲ့ဖူးသည်သူနိူးလာတော့..တဂိုးပေါင်းများစွာ သူ့ဆံပင်ထဲပြန်ဝင်သွားတာတွေ့လိုက် သည်
    ()
A=X+Y+Z ဟု အိုင်းစတိုင်းကပြောခဲ့သည်..A ဆိုတာ အောင်မြင်ခြင်း..Xဆိုတာ အလုပ်..Yဆိုတာ အနားယူမှု..Zဆိုတာ ဟောင်ဖွာဟောင်ဖွာ မလုပ်ခြင်း..အောင်မြင်ချင်ရင် အလုပ်လုပ်ရမယ်တဲ့..ကံ ကံ၏ အကျိုးကို ယုံကြည်သက်ဝင်မှု ကမ္မသက္ကတသမ္မာဒိဋ္ဌိအကြောင်း သူ စဉ်းစားမိသည်ကံသာလျှင်အမိ ကံသာလျှင် အဖ..ကံမရှိဉာဏ်ရှိတိုင်းမွဲ..ကံစီမံရာ..ဗုဒ္ဓဘာသာဝင်တွေရဲ့အပျင်းစိတ်က ကံ ဆိုသောစကားလုံးအပေါ်တွင်နားလည်မှုလွဲကာ ကံကိုပုံချတတ်ကြသည်..ကံဆိုတာ အလုပ်ဟု သူ ဖတ်ဖူးသည်သူနားလည်ထားသော ကံ နှစ်မျိုးရှိသည်..အတိတ်ကံနှင့်ပစ္စုပ္ပန်ကံ..အတိတ်ကံက အတိတ်ကာလများကပြုလုပ်ခဲ့ဖူးသောအလုပ်များရဲ့အကျိုးဆက်ဖြစ်သည်..ထိုအတိတ်ကလုပ်ဆောင်ခဲ့သမျှကိုပြုပြင်လို့မရတော့..ပစ္စုပ္ပန်ကံကားလက်ရှိကာလနှင့်ဆိုင်သည်..ကောင်းတာဖြစ်ချင်လျှင်ကောင်းတာလုပ်..ယခုပြုလုပ်လိုက်သော ပစ္စုပ္ပန်ကံများသည် နောင်အခါ အတိတ်ကံဖြစ်လာလိမ့်မည်ထို့ကြောင့်..ကံကောင်းချင်လျှင် ယခုကတည်းက ကောင်းအောင်လုပ်..(အတိတ်ကံကိုလည်း အထိုက် အလျောက်ပြုပြင်၍ ရသည်ဟု ယုံပါသည်)။
    
(
)
စာအုပ်ပုံကြီးတစ်ပုံ သူ့ဆီရွေ့လာပြီး စာအုပ်ထဲကစာတွေ သူ့ဦးနှောက်ထဲ အတန်းလိုက်ဝင်သွားကြ သည်ထို့နောက်..သူသည် ရူးသွားသည်ဟု လူတွေပြောကြသည်စာဖတ်သောသူသည် အရူးဟု လူတွေမြင်ကြသည်လူအများစု စာမဖတ်ကြတော့..ဟိုတစ်လောက သူငယ်ချင်းများနှင့်စုပေါင်း ကဗျာစာအုပ်လေး လုပ်ဖြစ်သည်အုပ်ရေ (၅၀၀)..တည်မိတဲ့ဘုရား လင်းတ(လဒ)နားနား ကိုးကွယ်ရပေတော့မည်ဈေးသည်တွေလို onlineပေါ်တတ်ပြီး စာအုပ်ဝယ်ပါ ဘာညာနှင့်အော်ရ ဟစ် ရသည်အသိမှန်သမျှ အားပေးပါဦးပြောရသည်။ ကြာလာတော့ သူ့ဘက်ကသွားပြီး Hi လိုက်တာနှင့် "ဟုတ်ကဲ့.နောက်တော့ ဝယ်မယ် အကို'လို့ အပြောခံရသည်ကဗျာစာအုပ်ထုတ်တာ လူမိုက်အလုပ် ဟု ဆရာတစ်ယောက်ပြောဖူးသည်ဘဝမှာ သူ့အနေဖြင့် တစ်ခါတော့မိုက်ဖူးသည်နောင်အခါ တစ် ကိုယ်တော်မိုက်ဖို့ဆန္ဒရှိသည်အဲဒီအခါကျရင် အုပ်ရေ ၁သောင်း ထုတ်မည်ဖတ်ချင်သူမှန်သမျှ အလကားလိုက်ပေးမည်စာကြည့်တိုက်တွေကို လှူမည်မိုက်စရာရှိလျှင် အဲသည်လိုမိုက်ပစ်မည်.." ကဗျာဆရာလုပ်ပြီး ဈေးမရောင်းလို"။
   
(
)
လူတိုင်း သမ္မတကြီးဖြစ်ခွင့်ရှိသည်အိုင်းစတိုင်းကတော့ ဒေးဗစ်ဘင်ဂူကီယန်က အစ္စရေးသမ္မတ လုပ်ဖို့ကမ်းလှမ်းတဲ့အခါ"မလုပ်ပါ"ဟု ငြင်းခဲ့ဖူးသည်။"ကိုယ်နားမလည်တဲ့အလုပ်ကိုဝင်လုပ်ခြင်းသည် ဘာအတွက်မှကောင်းကျိုးမဖြစ်နိုင် "တဲ့သူက အိုင်းစတိုင်းမဟုတ်။ အိပ်မက်ထဲမှာ သူ သမ္မတကြီး ဖြစ်နေသည်သမ္မတရုံးခန်းထဲမှာထိုင်ပြီး ရောက်လာသမျှတိုင်စာတွေကို ဖတ်နေသည်တစ်ခြားအလုပ်မလုပ်ရဘဲ နေ့စဉ်တိုင်စာတွေချည်းဖတ်နေရသဖြင့် သူ ငြီးငွေ့လာသည်နောက်ဆုံးမှာ သူ သမ္မတရာထူးကနှုတ်ထွက်လိုက်သည်တိုင်စာအများဆုံးနိူင်ငံမှာ သမ္မတမလုပ်လို။...လူမှန်ရင် အကြောက်တရားဝတ်ရုံအသေတစ်ခုတော့ မဖြစ်မနေတပ်ဆင်ထားရမည်ဒါသည် သဘာဝ ဝပ်ကျင်း တစ်ခုဖြစ်သည်လူတိုင်းကြောက်ခွင့်ရှိသည်သို့သော် အကြောင်းအရာသေချာ တိကျမှုမရှိတဲ့ အကြောင်းအရာအပေါ်တွင်တော့ တွေးကြံပြီး ကြံဖန်ကြောက်နေဖို့မလို..လူတစ်ချို့သည် အကြောက် တရားအားကြီးလွန်းသည်သေမှာကြောက်လွန်းသည်ရောဂါတစ်ခုခုကပ်ငြိမှာကြောက်လွန်းသည်..ပစ္စည်းဥစ္စာတွေဆုံးရှုံးရမှာကြောက်လွန်းသည်..ဆွေမျိုးဉာတိတွေနဲ့ဝေးရမှာကြောက်လွန်းသည်..ကြာလာတော့ အကြောက်တရားက ကြီးစိုးမင်းမူသွားခဲ့ပြီအရာရာကို ကြောက်ရွံ့စိတ်ဖြင့်ရင်ဆိုင်နေရသောလူ့ဘဝက မလွယ်
    
  (
)
ကဗျာဝါသနာပါခဲ့ခြင်းသည် တိမ်ဝတ်လွှာပျော့ကို ချုပ်သီဝတ်ဆင်ရခြင်းနှင့်တူသည်လွင့်မျောနေသောတိမ်တိုက်ကြီးကိုစီးပြီး စိတ်ကူးကမ္ဘာထဲလမ်းလျှောက်သွားရသလိုပင် ဖြစ်သည်ကဗျာတစ်ပုဒ်ရဖို့ လွယ်ကူပါသည်။ ကဗျာကောင်းတစ်ပုဒ်ကိုရရှိဖို့ရန်ကတော့ ခက်ခဲပါသည်။ ထိုထက် ကဗျာဆရာကောင်းတစ်ယောက်ကိုရရှိဖို့ရန်ကတော့ ပိုမို၍ ခက်ခဲပါသည်။
ကဗျာရေးစညီငယ်တစ်ယောက်ကို ဆရာချောစာအုပ်တွေဖတ်ဖို့ညွှန်းမိခဲ့သည်။ ဆရာချောဆိုတာဘယ်သူလဲဟုပြန်ပြီးမေးတာခံခဲ့ရဖူးသည်ကဗျာသည် ခေတ်ပညာရေးအတွက် ဝင်ပေါက်ကျဉ်းသောတံခါးတစ်ချပ်သာဖြစ်သည်ကဗျာဗေဒအကြောင်းလေ့လာရမည့်အစား ပြဋ္ဌာန်းစာအုပ်ပါကဗျာများကို ရေးသူ/ကဗျာအမျိုးအစား/ခေတ် စသည်တို့သာ အရအမိကျက်ခဲ့သည်စကားပြေပြန်ထားပြီးသားစာများကိုကျက်မှတ်ပြီး အသိဉာဏ်တံခါးကိုပိတ်လိုက်ကြသည်ခေတ်ပေါ်ကဗျာသည် စာစီစာကုံးများထဲတွင်တောင်ပါဝင်ခွင့်မရ
   ()
စည်းမျဉ်းအရင်ချပြီး နောက်မှဥပဒေလိုက်သော ပညာရေးစနစ်ထဲတွင် သူ ဆရာလုပ်ကြည့်သည်ဆရာဟူသည် မိမိအလုပ်အပေါငြီးငွေ့နေပြီး မလောက်မငလစာလေးဖြင့် ခဏခဏပြောင်းသော စနစ်များကြားထဲတွင် တာဝန်ထမ်းနေသူများဟု သူအဓိပ္ပါယ်ဖွင့်ကြည့်သည်ဆရာဖြစ်ကာစက တက်ကြွခဲ့သောစိတ်များ ၁၀ စုနှစ် တစ်ခုအကြာတွင် လေးလံသွားသည်တော်သော ထက်သော ဆရာများ သူ့ ဆံပင်ရှည်တွေထဲကို အတန်းလိုက်ပြန်ဝင်သွားကြသည်အကြောင်းပြချက်က တစ်ခုပဲ ရှိသည်ခေတ်၊ စနစ်၊ ငွေကြေး၊ စေတနာ....လူသည် ခေတ်အတိုင်း ကိုးရိုးကားယား စီးမျောချင်သော သတ္တဝါဖြစ်သည်အိမ်တစ်လုံးပိုင်ချင်သည်..နွေးထွေးသောဘဝတစ်ခုမှာနေထိုင်ချင်သည်..အဆင်ပြေသောနာရီများဖြင်ရက်လုပ်ချင်သည်..ကြည်နူးခြင်းသံကွန်များဖြင့်ယှဉ်တွဲချင်သည်..သံယောဇဉ်အမှေးများဖြင့်တွဲယှက်ချင်သည်ချစ်ခြင်းမေတ္တာဖြင့် အလံထူချင်သည်လူသည် လူပင်ဖြစ်သည်လူသည် ဆံပင်ရှည်ခြင်း တိုခြင်းနှင့်တော့ သိပ်ပြီးမသက်ဆိုင်ချင်
     ()
ဆံပင်အရှည်တွေအကြောင်းကိုပြန်ပြီးစဉ်းစာမိခဲ့သည်ဆံပင်ရှည်ထားသောခေတ်တစ်ခေတ်ထခဲ့ဖူးသည်သူ့ခေတ်သူ့အခါအလိုက်စတင်တီထွင်ကြသူတွေက လူငယ်တွေပင်..ဆံပင်ဆေးဆိုးကြသည်နားကပ်ပန်ကြသည်တက်တူးထိုးကြသည်ဆံပင်ထောင်ကြသည်ခေတ်ပေါ်ဆိုသည်မှာ ခေတ်က ပေါ်ပေါက်ဖို့လာသည့်အတွက် မဖြစ်မနေပေါ်လာခြင်းပင်ဖြစ်သည်..သူ့ဆံပင်တွေအိပ်မက်ထဲတွင်ရှည်လာရခြင်းမှာလဲ ရှည်ဖို့လိုအပ်လာသောအကြောင့်သာဖြစ်ပေမည်..အဘယ်ကြောင့်ရှည်ဖို့လိုအပ်ပါသလဲကိုတော့ သူလဲ လုံးဝအသိ....
...
သူဆံပင်တွေကို ညှပ်ပစ်ရမယ်၊ ဆံပင်ရှည်တယ်ဆိုတာ သိပ်တော့မကောင်းဆံပင်တွေကို ရိတ်သိမ်း ဖို့ မြက်ရိတ်စက်တစ်လုံးဝယ်ရမည်ဒါဆို ပိုက်ဆံက လိုလာပြန်ပြီလိုတဲ့ပိုက်ဆံဘယ်လို ရှာမလဲ..သူ့ ဆံပင်တွေကိုဖြတ်ပြီး ရောင်းမည်ရောင်းလို့ရတဲ့ငွေနဲ့ မြက်ရိတ်စက်ဝယ်မည်ပြီးမှ မြက်ရိတ်စက်နဲ့ သူ့ ဆံပင်တွေကိုဖြတ်ပစ်မည်သူ့အတွေးသူ သဘောတကျပြုံးလိုက်တယ်၊ လူဆိုတာ စိတ်ကူးယဉ်ပိုင် ခွင့်ရှိသည်မဟုတ်လားစိတ်ကူးရိုင်းတာထက်စာရင် စိတ်ကူးယဉ်တာက ပိုပြီးကောင်းမည်ပင် ဖြစ် သည်ယဉ်ပါများလျှင်တော့ရူးတတ်သည်ယဉ်ယဉ်လေးရူးပေါ့..တစ်ချို့လူတွေလိုပေါ့
   ()
မနက်လင်းတော့ ဆံပင်အထွေးကြီးကိုသယ်လာတဲ့ လူ တစ်ယောက်.. လမ်းမကြီးအတိုင်း လျှောက်လာ နေသည်သူ့ဆံပင်တွေထဲကနေ ကော်ရှင်မာခ့် တွေ ထွက်ကျနေကြသည်တွေ့သမျှလူတိုင်းကိုတော့ ခေါင်းတဆတ်ဆတ် ညိတ်ပြနေပြန်သည်လူတိုင်းကလည်း သူ့ကို အံ့သြခြင်းမျက်ရည်စက်တွေနဲ့ ပစ်ပေါက်နေကြသည်သူက အရူးမဟုတ်တာလည်း သေချာနေ ပြန်သည်

ယံဇငြိဏ်း