Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၆)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၆)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) အောက်တိုဘာ ၂၄၊ ၂၀၁၉

အပိုင်း (၄) - ဘိန်းဗိုလ်ချုပ် ဟီးရိုးအင်းရာဇာ

ခွန်ဆာ


ရပ်နီးရပ်ဝေး ပုပ်ပုပ်သိုးသိုး နာမည်ကျော်ကြားရတာက ခွန်ဆာဖွဲ့စည်း လိုက်တဲ့ လူအများသိရှိကြတဲ့''ရှမ်းပြည်ထောင်စုသမ္မတနိုင်ငံတော် ကြောင့် မဟုတ်ပါလေ။ အစစ်အမှန်က သူအပတ်တကုတ် ဒုက္ခဆင်းရဲ ကြိုးပမ်း ဆောင်ရွက်တဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေး ''ဘုရင့်နိုင်ငံတော်'' ကနေ ရရှိလာတဲ့ ရလာဒ်အကျိုးဖြစ်ပါတယ်။ ကုလသမဂ္ဂကြီး ကောက်ယူရရှိထား တဲ့ စာရင်းဇယားအရ - ၁၉၄၉ ခုနှစ် ရွှေတြိဂံ ဘိန်းထွက်နှုန်းက ၃၇ တန်ပါ။ ၆၀ ခုနှစ် ကုန်ဆုံးလုအပိုင်းရောက်လာတော့ တအားထိုးတက်လာပါတယ်။ တန်ချိန် ၁၀ဝ၀ ပါတဲ့။ ၉၀ ခုနှစ်ပိုင်းမှာ ဘိန်းအထွက်နှုန်းက စံချိန်ချိုးလောက် တဲ့ တန် ၂၅၀ဝ ဖြစ်လာပါတယ်။ ဟီးရိုးအင်း ဘိန်းဖြူထွက်နှုန်းက တန် ၂၅၀ ကျော်ပါတယ်။ ကမ္ဘာ့ဘိန်းထွက်နှုန်း စုစုပေါင်းရဲ့ ၈၅ プ နေရာယူထားပါတယ်။ ခွန်ဆာအုပ်စု နှစ်စဉ် ဘိန်းမှောင်ခို သယ်ယူပို့ဆောင်တာက ဟီးရိုးအင်း အပိုင်းမှာဆို ကမ္ဘာ့ဟီးရိုးအင်းရဲ့ ၆၀ プ မှာ ရှိပါတယ်။

နိုင်ငံတကာ ဘိန်းတိုက်ဖျက်ရေးအဖွဲ့အစည်းကြီးက ခွန်ဆာကို ကမ္ဘာ့ ထိပ်တန်းဘိန်းရာဇဝတ်သားလို့ တစ်လျှောက်လုံး သတ်မှတ်ထားပါတယ်။ မြင့် မြင့်မားမား ဆုကြေးဝရမ်းထုတ်ပြီး ခွန်ဆာကို ရှင်းပစ်ချင်နေကြပါတယ်။ ဒါပေ မဲ့ ဒေသခံတွေ ကြည်ညိုလေးစားအားထားကြတဲ့ ''ပေါ်လွင်ထင်ရှားတဲ့ ခွန်ဆာ'' ဟာ သေမင်းတမန်ရဲ့ နောက်ကနေ ဒလကြမ်း တစ်ကြိမ် ပြီးတစ်ကြိမ် လိုက် နေတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်က ပြောခဲ့ဖူးပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ကျော်လွှားဖြတ်သန်း ခဲ့တဲ့ ''အကြိမ်ပေါင်း ၄၀ မကတဲ့ လုပ်ကြံမှုတွေ၊ ချုံခိုတိုက်ခိုက်မှုတွေကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဉာဏ်နီဉာဏ်နက်ဆင် အကောက်ကြံတာတွေ၊ ထောင်ချောက်ဆင်ကွက်တွေ'' ကိုလည်း သူ အကြိမ် ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ခွန်ဆာဟာ သူ့ဘဝရပ်တည်ရှင်သန် ရပ်တည်ခြင်းကနေ ကမ္ဘာ့မငြိမ်မသက်မှုတွေကို လှုပ်ရမ်းမွှေနှောက်တဲ့ ကမ္ဘာမှာ ကိန်းဂဏန်းအနည်းစုသာရှိတဲ့ တကယ့်မလွယ်တဲ့ လူပုဂ္ဂိုလ်ထဲက လူတစ်ယောက် ဖြစ်ပါတယ်။

ခွန်ဆာ  ။ ၁၇-၂-၁၉၃၄ ခုနှစ်မှာ မွေးဖွားပါတယ်။ မြန်မာပြည် ရှမ်းပြည်နယ် တန့်ယန်းမြို့ကလေး လွိုင်မော်တောင်လုံးကျန်ရွာကြီး က သူ့ရဲ့ ချက်မြှုပ်ဇာတိဖြစ်ပါတယ်။ သူ့မှာ နာမည်သုံးခုရှိပါတယ်။ ခွန်ဆာက ထိုင်း (ရှမ်း) နာမည်ပါ။ တရုတ်နာမည်က ကျန်းချီဖူး၊ မြန်မာနာမည်က ကွမ်း ယွဲ့။ ရှေးဦးဘိုးဘေးက ယူနန်ကနေ ပြောင်းရွှေ့လာပြီး ရှမ်းပြည်နယ်မှာ အခြေ ချတဲ့ ဟန်တရုတ်လူမျိုးဖြစ်ပါတယ်။ ခွန်ဆာလက်ထက်ရောက်တော့ ဆွေမျိုးဆက် အဋ္ဌမမြောက်ရောက်သွားပါပြီ။ သူ့ဖခင်က ခွန်အိုက်။ တရုတ်နာမည်က ကျန်း ပိန်ရောင်ဖြစ်ပြီး၊ မိခင်က နန်းစိန်းလူ ဖြစ်တယ်။ မိခင်ဟာ နယ်မြေဒေသခံ ရှမ်းတိုင်းရင်းသူဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေက မကြာခဏ ရွံရွာမုန်းတီး ပြီး သူ့ကို ''ဟန် (တရုတ်) ရှမ်းကပြား'' လို့ ဆဲကြ ဆိုကြတယ်။ အိမ်ထောင်စုကြီး ကနေ ပေါက်ဖွားလာတာဖြစ်ပေမယ့် ငယ်စဉ်ကတည်းက မိဘနှစ်ပါး တိမ်းပါး သွားပြီး အဘိုးတွေ၊ ဦးလေး၊ ဘကြီးတွေရဲ့ ကျွေးမွေးမှုကနေ လူလားမြောက် လာရတာဖြစ်တယ်။ ဘဝလမ်းက ဆင်းရဲတယ်။ ကြမ်းတမ်းတယ်။ ခွန်ဆာတို့ မိဘဆွေမျိုးစုကြီးနဲ့ ရှမ်းပြည်နယ်က ခဝါအုပ်စုလူမျိုးစုတို့ဟာ ကမ္ဘာ့ရန်သူတော် ကြီးတွေ ဖြစ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် အမုန်းတရားရန်ညှိုးကြီးများက ကြောက်ခမန်းလိလိပါပဲ။ ခွန်ဆာ့အဘိုးနဲ့ ဦးလေးဘကြီးတို့က ခွန်ဆာ့ကို အပြင်ခေါ်ထုတ်သွားပြီး ရန်ညှိုးဘေးကို ရှောင်တိမ်းနေကြရပါတယ်။

၅၀ ခုနှစ်ဆန်းစ ကာလ။ အသက် ၂၀ အရွယ် ငယ်ရွယ်သေးတဲ့ ခွန်ဆာဟာ ကူမင်တန်တပ်အြွကင်းအကျန်တို့နဲ့ လိုက်ပါပြီး ကိုးကန့်မှာဖွင့်တဲ့ စစ်ပညာကျောင်းကို တက်ရောက်ပါတယ်။ အဲဒီမှာ စစ်ပညာကို အပြည့်အဝ သင်ယူရရှိလိုက်ပါတယ်။ ကျောင်းပြီးတော့ ကိုယ့်ရဲ့ မွေးရပ်ဇာတိမြေကို ပြန် လာပြီး လွိုင်မော်စော်ဘွား အရိုက်အရာကို ဆက်ခံလိုက်တယ်။ တဆက်တည်းပဲ အမြန်ဆုံး လူစုဖွဲ့ပြီး ဘိန်းကုန်ကူးတဲ့ လက်နက်ကိုင်အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ခွန်ဆာက မြန်မာအစိုးရအပေါ် သစ္စာစောင့်သိကြောင်း ကျမ်း ကျိန်ခဲ့တယ်။ ''ပန်လုံနယ်မြေပြည်သူ့ကာကွယ်ရေးတပ် ညွှန်ကြားရေးအရာရှိ'' ခန့်အပ်ခံလိုက်ရတယ်။ တရားဝင် အသိအမှတ်ပြု နေထိုင်ခွင့်ရပါတယ်။ ခွန် ဆာဟာ ရေထဲရောက်သွားတဲ့ ငါး ဖြစ်သွားပါပြီ။ သူဟာ တစ်ဖက်က သူ စိုး မိုးတဲ့ နယ်မြေဒေသမှာ ပေါ်ပီဘိန်းပင်စိုက်ပျိုးမှုကို အသာကုန် တိုးချဲ့လုပ်ကိုင် ပါတယ်။ ဒါ့အပြင် ကင်းဂိတ်စခန်းတွေပါ ဖွင့်လှစ်တည်ဆောက်လိုက်ပြန်တယ်။ နယ်မြေဖြတ်သန်းတဲ့ ဘိန်းမှန်သမျှကို အခွန်အတုပ်ကောက်ခံပါတယ်။ တစ်ပြိုင် တည်းပဲ မော်ဖီးယားနှင့် ဟီးရိုးအင်း ဘိန်းဖြူထုတ်လုပ်တဲ့ စက်ရုံ အလုပ်ရုံတွေ ပါ တည်ဆောက်လိုက်ပြန်တယ်။ မူးယစ်ဆေးဝါးကို တိုက်ရိုက်ထုတ်လုပ်ဖြန့်ချိ ရောင်းချပါတယ်။ အခြားတစ်ဖက်ကလည်း နယ်မြေအသီးသီးက ဘိန်းကုန်ကူးကြ တဲ့ လက်နက်ကိုင် အဖွဲ့ငယ်ကလေးတွေကို နှိမ်နင်းတန် နှိမ်နင်း၊ သိမ်းသွင်း တန် သိမ်းသွင်းတဲ့ အလုပ်ကို လုပ်ပြန်တယ်။ မိမိရဲ့ အင်အားကို တောင့်တင်း လာအောင် တိုးချဲ့လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ ရွှေတြိဂံက အင်အားအကြီးဆုံး ဘိန်းကုန်ကူးတဲ့ လက်နက်ကိုင်အဖွဲ့ကြီးဖြစ်လာပါတယ်။ ရွှေတြိဂံရဲ့ ၇၀ プ ရိတဲ့ ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းကုန်ကူးတဲ့ လုပ်ငန်းအစိတ်အပိုင်းကြီးကို ထိန်းချုပ်လိုက်ပါတယ်။ ဒါကြောင့်လည်း ပီတိအပြည့်နဲ့ မိမိကိုယ်ကို ''ဟီးရိုးအင်း ဘိန်းဖြူ ဘုရင်'' ရယ်လို့ ကင်ပွန်းတပြွေ်ကးကြော်ခဲ့ပါတယ်။

၇၀ ခုနှစ်နောက်ပိုင်းကာလကနေ ၈၀ ခုနှစ် အစဦးပိုင်းကာလတွေက ခွန်ဆာဟာ မူးယစ်ဆေးဝါးလုပ်ငန်းအပြင် စစ်ရေးအင်အားကပါ လျှမ်းလျှမ်း တောက်နေတဲ့အချိန် ဖြစ်နေပါတယ်။ သူ့မှာအင်အား ၇၀ဝ၀ ကျော်တဲ့ လက် နက်ကိုင်တပ်ဖွဲ့ကြီးက ရှိနေပါပြီ။ ရွှေတြိဂံ ဘိန်းထုတ်လုပ်မှုနဲ့ ဘိန်းကုန်ကူးမှုရဲ့ ၇၀プ ကို စိုးမိုးနေပါပြီ။ တကယ့်ကို အဓိကရ ဘိန်းဘုရင်ကြီး ဖြစ်သွားပါပြီ။ ထိုင်း၊ လော၊ မြန်မာ သုံးနိုင်ငံ အစိုးရတို့ရဲ့ မျက်စိစပါးမွှေးစူးဒဏ်ခံနေရတဲ့ ဘိန်းကင်ဆာဘု ခွန်ဆာဖြစ်နေပါပြီ။ သူ့ရဲ့ လူသူအင်အားက တစ်သောင်းခွဲ တောင် ရောက်ရှိလာပါပြီ။ လစဉ်စစ်သုံးစရိတ် ကုန်ကျငွေက ဒေါ်လာ ၅ သိန်း ရှိပါတယ်။

ဒါ့အပြင် ခွန်ဆာဟာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွေမှာ မြေယာတွေ၊ တိုက်တာအိမ်ခြေတို့နှင့် တခြားလုပ်ငန်းခွင်တွေပါ ပိုင်ဆိုင်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကိုပါ ထိုင်းနိုုင်ငံရဲ့ ဘန်ကောက်၊ ချင်းမိုင်နှင့် ယဲ့ဖုန်းစုန်ဒေသတွေမှာ သူ့ရဲ့နာမည်ဝှက်နဲ့ ပုလဲ၊ ကျောက်မျက်ရတနာဆိုင်ကြီး တွေ ဖွင့်လှစ်ခိုင်းထားပါတယ်။ သတင်းစကားအရ ကြားသိရတဲ့အချက်တစ်ချက် က ရှိနေပြန်ပါသေးတယ်။ အဲဒီသတင်းစကားကတော့ ခွန်ဆာရဲ့ မယားကြီး၊ မယားငယ်တွေအထဲက တစ်ယောက်ဟာ မြန်မာနိုင်ငံ မန္တလေးသူ ငါးဖမ်းသင်္ဘော တွေ ပိုင်ဆိုင်တဲ့ သူဋ္ဌေးသြွူကယ်တစ်ယောက်ဖြစ်ပါသတဲ့။ ခွန်ဆာရဲ့ သားတွေ သမီးတွေအားလုံး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျဆီကို ပို့ထားပြီး ပညာ သင်စေပါသတဲ့။

ခွန်ဆာဟာ ကူမင်တန်အဖွဲ့အစည်းကြီးနဲ့ ၄င်းနေရာတို့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ အထူးစုံစမ်းထောက်လှမ်းရေး သတင်းတပ်ဖွဲ့ အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းဆက်သွယ်မှုတွေ ရှိနေပါသတဲ့။ ဒီအတွက် ကြောင့်လည်း ၁၉၆၉ ခုနှစ်မှာ ကူမင်တန်ပါတီက ခွန်ဆာကို ''နိုင်ငံရပ်ခြား တရုတ်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး သမဂ္ဂလေးကြိမ်မြောက် လုပ်ငန်း ကော်မတီ အတိုင်ပင်ခံ'' ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ခွန်ဆာဟာ ထိုင်ဝမ်အုပ်စု ရဲ့ ဒေသခံ ''ပြည်မကြီးကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း'' လှုပ်ရှားမှုကြီး မှာ အစွမ်းကုန်ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ခွန်ဆာဟာ ကူမင်တန်တို့နဲ့ ဆက်ဆံရာမှာ တစ်လျှောက်လုံး ပူးချည် ခွာချည် နည်းဗျူဟာကို သုံးပါတယ်။

၁၉၈၆ ခုနှစ်မှာ ခွန်ဆာဟာ မော်ထိုင်းစစ်ခေါင်းဆောင်ကို အတည်ပြု ခံ လုယူရရှိပါတယ်။ ၁၉၆၉ ခုနှစ် အောက်တိုဘာလ မြန်မာပြည် အရှေ့မြောက် ပိုင်း စစ်ဒေသဦးစီးမှူး ကာနယ်စတင်းက ကြေးနန်းရိုက်ပို့လိုက်တယ်။ စစ်ဦးစီး ချုပ်ရုံးရှိရာ တောင်ကြီးကိုလာရောက်ပြီး အရေးပေါ် စစ်ရေးညီလာခံကို တက် ရောက်ဖို့ ခွန်ဆာကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် လေယာဉ်ပါစေလွှတ် ပြီး လားရှိုးကနေ ဂုဏ်ပြုစောင့်ကြိုနေကြပါတယ်။ အထူးတလည် ပြင်ဆင်မွမ်း မံထားပြီး တခမ်းတနားနဲ့ ကြိုဆိုသမှုကို အစောင့်အကြပ်မပါ၊ အကာအကွယ် ဘာတစ်ခုမှ တပ်ဆင်မထားတဲ့ ခွန်ဆာဟာ မြွော်ကားြွကားနဲ့ ထောင်ချောက်ထဲဆီ လှမ်းလို့ဝင်လာပါပြီ။ သူတောင်ကြီးကို ဆိုက်ရောက်လာပါတယ်။ ဒီတော့မှ အရေးပေါ်ဆိုတဲ့ ဘာအစည်းအဝေး၊ ဘာညီလာခံမှ မရှိတာကို သူ သိလိုက်ရ တယ်။ တကယ်ပြင်ဆင်ထားတာကတော့ ''သတ်ကွင်းဧည့်ခံစာပွဲကြီး'' နှင့် လက်ထိပ်တွေသာ။ အဲဒီနောက် သူဟာ ဖမ်းဆီးခံ ထောင်နန်းစံ လိုက်ရလေ တယ်။

ဉာဏ်နီ ဉာဏ်နက် အကွက်ဆင်ပြီး ခွန်ဆာကို ဖမ်းဆီးလိုက်တဲ့ တစ် ချိန်တည်းမှာပဲ စောစောပိုင်းကတည်းက တိတ်တဆိတ် ကြိုတင်ပြင်ဆင်ထားတဲ့ မြန်မာအစိုးရတပ်ဟာ အလျင်အမြန်ပဲ ခွန်ဆာ့မူးယစ်ဆေးဝါးလက်နက်ကိုင် တပ်ဖွဲ့ကြီးကို အတိုးအတာ ပမာဏကြီးမားတဲ့ သုတ်သင်ရှင်းလင်းရေး ထိုးစစ်ကို ဆင်နွှဲလေတယ်။ ခေါင်းဆောင်မှု ကင်းမဲ့သွားတဲ့ နဂါးအုပ် ခွန်ဆာအဖွဲ့ကြီးဟာ တဒင်္ဂလောက်တော့ ဘေးကြပ်နံကြပ် အခြေဆိုးကို ကျရောက်သွားပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်နေပြီးဖြစ်တဲ့ ဒုတိယကမ္ဘာစစ် ပြည်ပခရီး ရှည်ချီ တပ်သားဟောင်းကြီးတွေဟာ စစ်ဗျူဟာ အတော့်ကိုရှိတဲ့ ခွန်ဆာရဲ့ စစ်ဦးစီးချုပ် ကျန်းစူးချွမ် (''ရွှေတြိဂံအစစ်အမှန် ခေါင်းဆောင်ကြီး'' ရယ်လို့ သတ်မှတ်ခံထားရတဲ့သူပါ) နောက်ပြီး ''ကျန်းစူးချွမ်ကို နားလည်သဘောပေါက် ရင် ရွှေတြိဂံလို သဘောပေါက်သိရှိလိမ့်မယ်'' ရယ်လို့ အဆိုရှိပါတယ်)။ ဖရိုဖရဲ ဖြစ်သွားတဲ့တပ်ကို ကျန်းစူးချွမ် အမြန်ပြန်လည်စုစည်းနိုင်လိုက်တယ်။ မြင့်မား တဲ့ ချုံနွယ်ပိတ်ပေါင်းတောနက် စစ်ရေးနည်းဗျူဟာနဲ့ တိုက်ရင်း ဆုတ်ရင်း ဆုတ်ခွာလာလိုက်ကြတာ တောရိုင်းမြက်မဲကြီး ရောက်တော့မှ ဆုတ်ခွာမှု ရပ် ဆိုင်းလိုက်ပြီး တပ်နားလိုက်ပါတယ်။

နာကျင်မှုကို တစိမ့်စိမ့် တွေးလေ ပို၍ နာကျင်လေပါပဲ။ ''အမြင့်မှာ နေရင် အဝေးကို မြင်လေ'' နိုင်ငံရေး အသိဉာဏ်ရင့်ကျက်တဲ့ ကျန်းစူးချွမ် အနာဂတ်ကို ထွင်းဖောက်မြင်တွေ့လိုက်ပါပြီ။ ဘိန်းကုန်ကူးခြင်းလုပ်ငန်းက တစ်နေ့တစ်ချိန်မှာ လူတကာရဲ့ တံတွေးခွက်ထဲ ပက်လက်မျောတော့မှာကို ကျန်းစူးချွမ် အမြင်စူးစူးနဲ့ ထိုးထွင်းသိမြင်လိုက်ပါတယ်။ ထိုနည်းအတူ ဘိန်းကုန် ကူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းလည်းပဲ နိုင်ငံတကာမှာ ဥပဒေမဲ့ အဖွဲ့အစည်း ဖြစ်သွားမှာ သေချာနေပါတယ်။ ဒီဆိုင်းဘုတ်ကြီးကို ထပ်မံပြီး ဦးထိပ်ရွက်တင် ထားလို့ မဖြစ်နိုင်တော့ပါ။ ကျန်းစူးချွမ်ဟာ ၄င်းရဲ့ လက်အောက်ခံ ဘိန်းလက် နက်ကိုင်အဖွဲ့အစည်းရဲ့ နာမည်ကို ''ရှမ်းပြည်နယ်တော်လှန်ရေးတပ်မတော်'' ဆိုတဲ့ နာမည်ပြောင်းလဲပစ်လိုက်ပါတယ်။ ဒါ့အပြင် အတိအလင်း ကြေညာချက် ထုတ်ပြန်လိုက်တယ်။ ရှမ်းတိုင်းရင်းသား သွေးချင်းတို့ရဲ့''လွတ်လပ်ရေး''အတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားကြမယ်။ ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းကုန်ကူးခြင်း ဆိုတာက ရှမ်းပြည်နယ် လွတ်လပ်ရေးအရေးတော်ပုံကြီးရဲ့ ''ရန်ပုံငွေ'' ရရှိရေး ရဲ့ ပြင်ဆင်မှုလုပ်ရပ်သာလျှင် ဖြစ်ခဲ့ပါတယ်ဆိုပြီး ကြေညာချက်ကို ထုတ်ပြန် လိုက်ပါတယ်။ ကျန်းစူးချွမ် ထုတ်သုံးလိုက်တဲ့ အပေါက်အလမ်းတည့်တည့် နိုင်ငံရေး နည်းလမ်း တကယ့်ကိုပဲ ပြင်ပနိုင်ငံက အချို့လူတွေရဲ့ ချီးမွမ်းတာတွေ နှင့်အသိအမှတ်ပြုတာတွေကို လှိုက်လှိုက်လှဲလှဲ ခံယူရရှိပါတယ်။ သတင်းစကား အရ ကြားသိရတာက သမ္မတကာတာအုပ်ချုပ်တဲ့ အဲဒီကာလမှာ အမေရိကန် အစိုးရက အမေရိကန် ပြည်ထောင်စုရဲ့ ''လူ့အခွင့်အရေးအလေးထားမှု'' မူဝါဒနှင့် ထုံးတမ်းစဉ်လာကို အခြေခံပြီးထားတယ်ရယ်လို့ သိရှိရပါတယ်။ ဒါ ကြောင့်လည်း အရေးတယူဂရုထားပြီး အင်မတန် တကြွ်ကမှုအသွင်နဲ့ ရွှေတြိဂံ ဆီကို လူသူစေလွှတ်လေတယ်။ အားတက်သရောနဲ့ ခွန်ဆာရဲ့ ''အမျိုးသား လွတ်လပ်ရေးအရေးတော်ပုံ'' နှင့် ဘိန်းကုန်ကူးမှုကြားက ပတ်သက်မှုတို့ကို လာရောက်စူးစမ်းလေ့လာလေတယ်။ ဒီနောက်ပိုင်းမှာ အမေရိကန် ကိုယ်စား လှယ်အဖွဲ့ရဲ့ ဆန်းစစ်လေ့လာချက်အစီရင်ခံစာထဲမှာ ခွန်ဆာရဲ့ ''ရှမ်းပြည်နယ် ပြည်သူလူထု လွတ်လပ်မှုတော်လှန်ရေး အရေးတော်ပုံ ဦးဆောင်မှု'' ကို အပြည့်အဝ စာနာထောက်ထားကြပါတယ်။ ခွန်ဆာဟာ အဆင့်လွန်ဘိန်းဘုရင် အဖြစ်ဆိုးကနေပြီး ခန္ဓာကိုယ်လေးတစ်ချက် လှုပ်ရမ်းလိုက်ရုံနဲ့ ''အမျိုးသားသူရဲ ကောင်း'' တစ်ယောက် ဖြစ်မြောက်သွားလေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဘိန်းသိုက်မြုံစစ်ပွဲ ပုံဖော်ခံရချက်ကနေပြီး ''ရှမ်ပြည်နယ်အမျိုးသားတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲ'' ဆိုတဲ့ အမည်နာမကောင်းကို လှလှပပလေး ခိုးယူလဲ လှယ်ပစ်လိုက်လေတယ်။ အနောက်နိုင်ငံ သရော်လှောင်ပြောင်ကြပြီး ဝေဖန်ချက် တွေ ပေးကြပါတယ်။ ''အကယ်၍ ခွန်ဆာလို လူတွေအားလုံး တော်လှန်ရေး တပ်ဖွဲ့ဖြစ်သွားနိုင်ဆိုရင် ကမ္ဘာပေါ်က ရှိရှိသမျှ ဘိန်းရာဇာကြီးတွေအားလုံးပဲ တော်လှန်ရေးသမားကြီးတွေ ဖြစ်သွားကုန်ချေပြီကော''

လေးနှစ်တာကာလ ရောက်လုနီးပါပြီ။ ခွန်ဆာအကျဉ်းကျခံရမှုက လွတ်လမ်းကို မျှော်မှန်းလို့ မရသေးပါ။ ၁၉၇၃ ခုနှစ် ဧပြီလ။ မြန်မာ့သင်္ကြန် အခါတော်မီကာလ။ ကျန်စူးချွမ်းက ထူးဆန်းထွေပြားပြီး ဉာဏ်နီဉာဏ်နက် နှစ်ရပ်သုံးရလေတယ်။ သူက လက်ရွေးစင် အထူးကွန်မင်ဒိုတပ်ဖွဲ့လေးကို မြန်မာနိုင်ငံတောင်ကြီးမြို့ အဆင့်မြင့် အိမ်ယာနယ်မြေ '' သီတဘောင်က ခမ်းနားသိုက်ဝန်းလှတဲ့ ညစာစားပွဲကြီးဆီ စေလွှတ်လိုက်ပါတယ်။ အဲဒီအခမ်း အနားမှာဆို ဆိုဗီယက်ရုရှားက အထူးစေလွှတ်ပြီး မြန်မာအစိုးရရဲ့ ဆေးပညာ လုပ်ငန်းကို ''ကူညီ'' ဆောင်ရွက်ပေးတဲ့ ဆရာဝန် ဖေ့ထ်မိစကီးနှင့် ဆရာဝန် ဝေလ်ကော့တ်လော့ဖ် (အိုက်စားနီးယားဒေသသား) တို့ကို ပြန်ပေးဆွဲ လိုက်လေ တယ်။ ကျန်းစူးချွမ် မျှော်မှန်းထားတာက သူ့ရဲ့ ဒီလှုပ်ရှားမှုက နိုင်ငံတကာ အရှုပ်အရှငး်သေးသေးမွှားမွှားလေးတစ်ကြိမ် ပေါ်ပေါက်သလောက်ပဲ ဖြစ်လာ ချေလိမ့်မယ်လို့ သူ ထင်မှတ်ထားပါတယ်။ သူထင်သလို ဖြစ်လာတာနဲ့ ဓားစာခံ အလဲအလှယ် နည်းစနစ်နဲ့ မြန်မာအစိုးရကို အကြပ်ကိုင်ပြီး သူတို့ရဲ့ ခေါင်း ဆောင်ခွန်ဆာကို မြန်မာအစိုးရက လွှတ်ပေးလိမ့်မယ်ရယ်လို့ တွက်ချက်ထားပါ တယ်။ မထင်မှတ်ဘဲ ရုရှားအစိုးရက အေးစက်စက်ပဲ နေလိုက်တယ်။ တစိုးတစိမှ လေသံမထွက်ဘူး။ ဒီတော့ မြန်မာအစိုးရဘက်က တပ်ရွှေ့ပြောင်းမှုကြီးကနေ လုပ်လာပါတယ်။ သူပုန်သူကန်ကို ဝိုင်းပတ်ချေမှုန်းဖြစ်မယ်တွေ၊ ဘာတွေပါ ညာသံပေးလာပါတယ်။ ပေသီးအတွက် အချက်မှားသွားတဲ့ စစ်ရေးဝနေတဲ့ ခွန်ဆာ့ရဲ့ စစ်ဦးစီးချုပ် ကျန်းစူးချွမ် မျက်လုံးပြူး မျက်ဆံပြူးတွေဖြစ်သွားပြီး မတတ်သာဘဲ ဓားစာခံ ရုရှားဒေါက်တာ နှစ်ယောက်ကို ဒရောသောပါးဆွဲပြီး တောတွေကိုဖြတ်၊ တောင်တွေကို ကျော်နင်းပြီး သုံးနိုင်ငံ နယ်နိမိတ်တစ်ဝိုက်မှာ ပြေးလွှားရှောင်တိမ်းရရှာတယ်။ တစ်ခါတစ်ရံများ ရုရှားဒေါက်တာနှစ်ယောက်ကို ထမ်းစင်နဲ့တောင် ထမ်းခေါ်ကြရပါတယ်။

မြန်မာ့ ''ဓားစာခံအကြပ်အတည်း'' ကြီးက အချိန်ကာလ တစ်နှစ်ကျော် ကြာ သောင်မတင်ရေမကျအဖြစ်ကို ရောက်နေရတယ်။ မော်စကိုလည်း ရေငုံ နှုတ်ပိတ်နေတယ်။ ဖြူတယ်၊ မည်းတယ် ဘာတစ်ခွန်းမှ ထုတ်ဖော်မပြော။ ဒီတော့ ရုရှားဓားစာခံနှစ်ယောက်ကိစ္စက လည်မြို့မှာ ''ငါးရိုးစူး'' နေပြီလေ။ မြို့ချမရ၊ ထွေးထုတ်မရ၊ ကန့်လန့်ကြီး ခံနေတယ်။ ဒီတော့ ဉာဏ်ကြီးရှင် ကျန်းစူးချွမ် နောက်တစ်မျိုး ကြံရတော့တယ်။

သူ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပလိုက်တယ်။ ဆိုဗီယက် ရုရှား အစိုးရနဲ့ မြန်မာအစိုးရတို့ လူပြန်ပေးဆွဲ ဓားစာခံလုပ်မှု အန္တရာယ်ဆိုးကို လျစ် လျူရှုထားခြင်းဟာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီးတော့ ကမ္ဘာကို ထုတ်ပြန်အသိပေးလိုက်တယ်။ ဒီတစ်ချီတော့ နိုင်ငံတကာရဲ့ အာဘော်တွေက ဝေဖန်တိုက်ခိုက်လာကြတော့တယ်။ ကမ္ဘာ့မီဒီယာသတင်းဌာနတွေက ဆိုဗီယက် ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့ကို လူသားဝါဒမဆန်တဲ့ သူတွေလို့ ဝိုင်းဝန်းပြစ် တင်ရှုတ်ချကြတယ်။ ပြဿနာရပ်ကြီးတစ်ခုလုံးရဲ့ အစပျိုးသူတွေကို ပြစ်တင် ရှုပ်ချသူတွေက နည်းနည်းလေးပဲ ရှိပါတယ်။ ငပြူးက ပြဲပြတဲ့ ကျန်းစူးချွမ်က ထိုစဉ်က ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျန်ဆာ့ - ချာမာနန် (၇၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ) ကို ဖိတ်ခေါ်ပြီး ကြားဝင် ပုဏ္ဏးတိုင် ခန့်လိုက်တယ်။ ဒါကတော့ ၁၉၇၄ ခုနှစ် မိုးအကုန် ဆောင်းအကူးအချိန် ကာလဖြစ်တယ်။ ထိုင်းဗိုလ်ချုပ်ကြီး ကျန်းဆာ့ကိုယ်တိုင် ရဟတ်ယာဉ်စီးပြီး မန်စင်းတျဲ့မြို့ငယ်လေးဆီ ရောက်ရှိလာပါတယ်။ ကျွေးမွေး ထားတာမှာ အသားအရေစိုပြေပြီး ဝဖြိုးတဲ့ ရုရှားဆရာဝန်နှစ်ယောက်ကို သူ စီးလာတဲ့ ရဟတ်ယာဉ်နဲ့ပဲ ခေါ်ဆောင်သွားပါတယ်။ နောက်ပြီး ဘန်ကောက်က ရုရှားသံရုံးကို လွှဲပြောင်းပေးအပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ခွန်ဆာကို အမြန်ဆုံး လွှတ်ပေးလိုက်ဖို့ မြန်မာအစိုးရကို အစွမ်းကုန် တိုက်တွန်းလိုက်ပါတယ်။ ဒီတော့ မြန်မာအစိုးရခမျာလည်း တခြားနည်းလမ်း ရှာမတွေ့တာနဲ့ စည်းကမ်း ချက်ချမှတ်ပြီး ခွန်ဆာကို လွှတ်ပေးလိုက်လေတယ်။ အဲဒီစည်းကမ်းချက်က ခွန်ဆာဟာ ရန်ကုန်မှာ အခြေချနေထိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် လစဉ်မြန်မာ အစိုးရရဲ့ လုံခြုံရေးဌာနမှာ မိမိရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အစီရင်ခံရမှာ ဖြစ်တယ်။

ရွှေတြိဂံမှာ နိုင်ငံရေးသံခင်း တမန်ခင်း ခင်းကျင်းပြီး နှစ်ကာလပေါင်း များစွာ ပရိယာယ်ဆင်လေ့ရှိတဲ့ ''ဟီးရိုးအင်း ဘိန်းဖြူဘုရင်'' က ဘယ့်နှယ်လုပ် ပြီး စကားနာယူရမှာလိမ့်။ ဒီလိုနဲ့ တစ်နှစ်ပြည့်ပြီးတဲ့နောက် ၁၉၇၆ ခုနှစ် ဖေ ဖော်ဝါရီလရဲ့ နေ့တစ်နေ့ ရွှေချောင်းတွေ၊ ဒေါ်လာတွေ လမ်းခင်းချပြီး ဂျစ်ကား တစ်စီးက ခွန်ဆာကို မြန်မာနိုင်ငံ လားရှိုးမြို့ အနီးအနားက တောင်ကြားဆီကို ပို့ဆောင်လိုက်တယ်။ ခွန်ဆာဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ရွှေတြိဂံတောတောင် စိမ့်စမ်း၊ စုံနံ့သာမြိုင် နန်းတော်ဟောင်းမှာ ''တပ်ပြန်ဆုံ'' ကြလေတယ်။ ခွန်ဆာ ငါးနှစ်တာ လှောင်ပိတ်ခံရပြီးတဲ့နောက် ခုနောက်ဆုံးနိဂုံးမှာ လှောင်အိမ်စခန်းက တဖန်လွတ်လပ်မှုကို စံမြန်းရပြန်ပြီ။ သူ့ထွက်ဆိုချက် စကားအရပြောရမယ်ဆိုရင် ဒီ ၆ နှစ်တာကာလမှာ တက္ကသိုလ်ပညာရပ်ကြီး နှစ်ရပ်ကို သူ ဘွဲ့ယူဆွတ်ခူး ရရှိလိုက်ပါတယ်ရယ်လို့ ရယ်ကာ မောကာ ပြောရှာပါတယ်။ ဒီဘာသာရပ်ကြီး နှစ်ရပ်ဆိုတာက စိတ်ဓာတ်ရေးရာ ခွန်အားဆုလာဘ်ဘွဲ့ထူးနဲ့ ဗဟုသုတအသိ အမြင် ဘွဲ့ထူး ဘွဲ့မြတ်ကြီးကို သူ ဆွတ်ခူးရရှိသွားရပါတယ်လို့ ဝမ်းမြောက်ဝမ်း သာနဲ့ ပြောပြပါတယ်။ မြန်မာအစိုးရအနေနဲ့က ပြောရမယ်ဆိုရင် တောသုံး ထောင်ကို စိုးမိုးတဲ့ ကေသရာဇာခြင်္သေ့ကြီး သူ့တော သူ့တောင် သူ့ဂနိုင်ဗွေ ဆီကို ပြန်လည်ရောက်ရှိသွားချေပြီ။ သဘောအလျောက် ဒါဟာ မကောင်းတဲ့ အမှုပါ။ ဒါကြောင့် ချက်ချင်းပဲ တပ်အလုံးအရင်း စေလွှတ်ပြီး ခွန်ဆာ့လက်နက် ကိုင်တပ်ဖွဲ့ကို ဝိုင်းရံပိတ်ဆို့ပြီး လိုက်လံတိုက်ခိုက်လေတယ်။ ခွန်ဆာလည်း နောက်ထပ်တစ်ကြိမ် ထူထပ်တဲ့ တောနက်ကြီးထဲ ဝင်ပြေးပြီး ပြောက်ကျားစစ် ဆင်ရေးကို ဆင်နွှဲလေတယ်။ နောက်ဆုံး မတတ်သာတော့ဘဲအဆုံး ထိုင်းနိုင်ငံ ချင်းလိုင်တစိုက်ဆီ ထွက်ပြေးရလေတယ်။ တစ်ချိန်က ၁၉၅၀- ၁၉၅၁ ကူမင် တန် တပ်အြွကင်းအကျန်တပ်တွေ အထပ်ထပ် ချခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် နယ်နိမိတ်တကြောမှာ လှည့်ပတ်လှုပ်ရှားနေလေတယ်။ ဌာနချုပ်စခန်းကို ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းလိုင်၊ ယဲ့ဖုန်းစုံ သုံးနေရာ ဆက်နေတဲ့ ရှည်မျောမျော နေရာ ''မန်းစင်းတျဲ့'' မှာ တပ်စခန်းချလိုက်လေတယ်။ (မန်းစင်းတျဲ့ဆိုတာ ထိုင်း (ရှမ်း) ဘာသာစကားပါ။ အဓိပ္ပာယ်က ''ပူအိုက်လွန်းလို့ ကျောက်တုံး ကျောက်ခဲတောင်မှ ကွဲအက်တဲ့နေရာ''ဆိုတဲ့ အဓိပ္ပာယ်ပါ။

မန်စင်းတျဲ့က တောင်ကြားချိုင့်ဝှမ်းထဲမျာ ရှိပါတယ်။ အရှည် ၃ ကီလိုမီတာ၊ အကျယ် ၃"၅ ကီလိုမီတာရှိပြီး လေးဘက်လေးလံ တောင်မြင့်ကြီး တွေ ဝိုင်းရံထားပါတယ်။ မြေအနေအထားက မက်စောက်တယ်။ သောက်သုံး ရေတွေ အလျှံပယ်ပေါများတယ်။ တောထူထပ် ပိတ်ဖုံးနေတယ်။ မြန်မာနိုင်ငံနဲ့ ၈ ကီလိုမီတာသာ ကွာဝေးတယ်။ ထိုစဉ်အခါတုန်းက ဒီနေရာမှာ အိမ်ခြေ ၂၇၃ လုံးသာရှိတယ်။ လူဦးရေက ၁၆၀ဝ ကျော်ရုံကလေး။ ခွန်ဆာက မြို့ရဲ့ လေးဘက်လေးလံမှာ လက်နက်ခဲယမ်း မီးကျောက် ဂိုဒေါင်တွေ စစ်ရေးလေ့ ကျင့်ကွင်းနှင့် ဟီးရိုးအင်းဘိန်းဖြူချက်စက်ရုံတွေ တည်ဆောက်ထားပါတယ်။ မြို့ရဲ့ မြောက်ဘက် မြင့်မားတဲ့နေရာမှာ လူပေါင်း ၁၀ဝ၀ ဆန့်တဲ့ တပ်စခန်း ဆောက်လုပ်ထားပါတယ်။ မူးယစ်ဆေးဝါး နှလုံးသည်းပွတ်ဖြစ်တဲ့ ထုတ်လုပ်မှုနဲ့ ဘိန်းကုန်ကူးမှုတို့ကို ကာကွယ်စောင့်ရှောက်ရေးပဲဖြစ်တယ်။ မန်စင်းတျဲ့ လေး ဘက် လေးလံက ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းမှာပါ။ တခြား တပ်စခန်းလေးခုကို ခွန်ဆာတည်ဆောက်ထားပြန်တယ်။ ခွန်ဆာတို့အုပ်စု မြန်မာနိုင်ငံနယ်နိမိတ် အတွင်းဘက်မှာ အချက်အချာကျတဲ့ ပွိုင့်ချက်မှာ ရှမ်းပြည်နယ်ရဲ့ မန်ခရိုင်ကို တည်ထားပါတယ်။ ၄င်းနေရာနှင့် ထိုင်းနိုင်ငံ ယဲ့ဖုန်းစုန်မြို့ရဲ့ ပေါ့စုန်းဟိုရွာက နယ်ခြားမျဉ်းတစ်ကြောင်းသာ ခြားပါတယ်။ ဒီနေရာဟာ ခွန်ဆာရဲ့ နောက်ဆုံး စခန်းကြီးပါပဲ။ ခွန်ဆာဂိုဏ်းရဲ့ နောက်တန်းထောက်ပံ့ရေးစခန်းကြီးလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးကြီးငယ်ငယ်တို့ရဲ့ သားငယ် သမီးငယ်တွေနှင့် ခွန်ဆာပိုင်ဥစ္စာဓနတွေကို စောင့်ကြပ်ကြည့်ရှုပေးတဲ့ လုပ်ငန်းပါ ပါဝင်ပါတယ်။ ဒါတွေအားလုံးကို ခွန်ဆာရဲ့ ယောက်ဖ (ဇနီးသည်ရဲ့ မောင်) က တာဝန်ယူ အုပ်ချုပ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုကို ရရှိဖို့အတွက် ခွန်ဆာရဲ့ တင်ပြ ချက်က - အမေရိကန်နိုင်ငံကသာ ဒေါ်လာ ၅၃ သန်းထုတ်ပေးလိုက်ရင် ရွှေ တြိဂံက ဘိန်းအားလုံးကို သူတာဝန်ယူပြီး သိမ်းကျုံးဝယ်လိုက်ပါ့မယ်။ မူးယစ် ဆေးဝါးတွေ နိုင်ငံတကာ ဈေးကွက်ထဲ နောက်ထပ် ဥပဒေမဲ့ ဝင်ရောက်မှာကို ပိတ်ပင်တားမြစ်နိုင်တယ်လို့ ခွန်ဆာက ဆိုပါတယ်။ ၁၉၇၇ ခုနှစ်က အမေရိကန် လွှတ်တော်အမတ်တချို့က နယူးယော့ပြည်နယ် ယခင်အမတ်ဖြစ်တဲ့ အောက်မူး ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပါတယ်။ ခွန်ဆာနဲ့ တွေ့ကြတော့ ခွန်ဆာအဆိုပြုချက်ကို အလေးအနက် စဉ်းစားပေးပါ့မယ်လို့ သူ့ သဘောထားကို ထုတ်ဖော်ပြောသွားပါတယ်။

၇၀ ခုနှစ်ကုန်ဆုံးတော့မယ့်အပိုင်း။ ခွန်ဆာဟာ ရှမ်းပြည်ထောင်စု သမ္မတ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် တွဲဖက်ကာ ကာကွယ်ရေးဝန်ကြီး အရိုက်အရာပိုင်းနဲ့ မန်စင်းတျဲ့မှာ အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီဝင်နဲ့ လျှို့ဝှက်တွေ့ဆုံကြပါတယ်။ လွှတ်တော်အမတ် အောက်ဖူးလဲ ပါလာပါတယ်။ ခွန်ဆာက အမေရိကန်အမတ်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်း အသေးစိတ်အချက်အလက် ပါဝင်တဲ့ စီမံကိန်းစာတမ်းကို ပေးအပ်လိုက် ပါတယ်။ ပါဝင်တဲ့ အမြုတေအချက်က ''အမေရိကန်အစိုးရက နှစ်စဉ်မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး စရိတ်စက သန်းပေါင်း ၇၀ဝ၀ ဒေါ်လာရဲ့ ၅プ၊ တစ်နည်း ဆိုရင် ဒေါ်လာ ၃၅ သန်း ရှမ်းပြည်နယ် သမ္မတနိုင်ငံကို အကူအညီပေးအပ်ရပါ တယ်။ ခွန်ဆာက သူထိန်းချုပ်ထားတဲ့ မူးယစ်ဆေးဝါးအားလုံးကို အပ်နှံပြီး အမေရိကန်အစိုးရက တာဝန်ယူဖျက်ဆီးရပါမယ်''။ ခွန်ဆာရဲ့အဆိုက အမေရိ ကန်အစိုုးရဟာ ခွန်အားများများစားစား စိုက်မထုတ်ရဘဲ မူးယစ်ဆေးဝါးကို တိုက်ဖျက်ပစ်နိုင်မှာဖြစ်တယ်။ ရှမ်းပြည်နယ် လွတ်မြောက်ရေးဘုရင့်နိုင်ငံတော် ကြီးရဲ့ စီးပွားရေး ပြဿနာလည်းပဲ ပြေလည်သွားပါလိမ့်မယ်။

ဒါပေမဲ့ ၄င်းအဆိုပြုချက်ကို အမေရိကန်အစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။ အကြောင်းပြချက်က အမေရိကန်အစိုးရက ဘိန်းကုန်ကူးသူ တွေနဲ့ အပေးအယူအဆက်အဆံ လုံးဝမပြုလုပ်နိုင်ပါလို့ ပြန်ကြားလိုက်ပါတယ်။ ဒီအကြောင်းနှင့်စပ်လျဉ်းပြီး အမေရိကန်လွှတ်တော်က ထိုအခင်းဖြစ်ပွားတဲ့နှစ် မှာပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၁၀ဝ၀ သုံးစွဲသွား မယ်လို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ အမေရိကန်အစိုးရက နယူး ယော့မှာ အချက် ၁၀ ချက်နဲ့ မူးယစ်ဆေးဝါး ပြစ်မှုတရားခံ ခွန်ဆာဆိုပြီး ရုံး တင်တရားစွဲလိုက်ပါတယ်။ ဒါ့အပြင် ဆုကြေးငွေ သန်း (၂၀) ဝရမ်းထုတ်လိုက်ပါ တယ်။

၁၉၇၉ ခုနှစ် ဗီယက်နမ်တွေ ကမ္ဘောဒီးယားကို ကျူးကျော်ပြီးတဲ့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဟာ ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်းဆီကို ဝင်ရောက် နေတဲ့ ခွန်ဆာ့အရေးကို ဂရုမစိုက်အားနိုင်။ ခွန်ဆာရဲ့ ဘိန်းဘုရင့် နိုင်ငံတော် ကြီး အခွင့်အခါကောင်းနဲ့ ကြုံကြိုက်လေတော့ ဘက်စုံစည်ပင် ဖွံ့ဖြိုးတဲ့ကာလထဲဆီ ချဉ်းနင်းဝင်ရောက်လို့ နေလေတယ်။ ဟီးရိုးအင်း ဘိန်းဖြူမွမ်းမံထုတ်လုပ်တဲ့ စက်ရုံပင် ဆယ်လုံးကျော်ကျော်ရှိလာပါတယ်။ အစပိုင်းတုန်းက ခွန်ဆာ့ဘိန်းဖြူ ဂိုဏ်းက နံပါတ် ၃ အဆင့် ဟီးရိုးအင်းလောက်သာ ထုတ်လုပ်နိုင်စွမ်းရှိတာပါ။ နောက်ပိုင်းမှာ ဟောင်ကောင် မူးယစ်ဆေးဝါး ကျွမ်းကျင်ပါရဂူကြီးကို ငွေကြေး တနင့်တပိုးပေးပြီး ပြုပြင်ထုတ်လုပ်လိုက်လေတယ်။ ဘိန်းဖြူနံပါတ် ၄ ကို ထုတ်လုပ်လေတယ်။ ခွန်ဆာနှင့် သူ့ညာလက်ရုံး ကျန်းစူးချွမ်တို့ အဲဒီထုတ်ကုန် အသစ်ပေါ်မှာ ''ခြင်္သေ့နှစ်ကောင် ကမ္ဘာကို ခြေချနင်း'' တံဆိပ်ကပ်လိုက်တယ်။ ထိုအချိန်ထိုအခါက အစပြုပြီး ''ခြင်္သေ့နှစ်ကောင် ကမ္ဘာကို ခြေချနင်း'' က နာမ်စားဝေါဟာရတစ်ရပ်အဖြစ် တွင်ကျယ်သွားပါတယ်။ ဒီအချိန် ဒီကာလတုန်း က ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းမှာ ဘိန်းဖြူဂိုဏ်းဂဏတွေ ကြာလေ များလာ လေပါ။ ဘိန်းဖြူ ဖြတ်သန်းရာ လမ်းကြောင်းက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် ဖြစ်နေပါတယ်။ ဘန်ကောက်ဟာ ''ဘိန်းမြို့တော်'' ရယ်လို့ ကမ္ဘာမှာ တွင်ကျယ် နေပါပြီ။ ထိုတုန်းက အခြေအနေကို ပြန်တွေးကြည့်တော့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျန်းဆာ့ခမြာ ခွန်ဆာကို လက်ရဖမ်းမိရေးရော၊ လွတ်မြောက်ရေး အတွက်ရော သူ့ခမျာ ပင်ပင်ပန်းပန်း ဒေါင်ချာစိုင်းခဲ့ရတယ်။ ဒီကြိုးပမ်းမှုတွေက အခုတော့ တစ်နေ့တခြား ''ကျားမွေးထားရင် တစ်ချိန်ချိန်မှာ ဘေးဥပါဒ်တွေ ဖြစ်လာချေမယ်'' စကားပုံ ဆိုထုံးစကားလို ဖြစ်လာချေပြီတကား။

ပြည်တွင်းရော ပြည်ပကပါ ထိုုင်းအစိုးရ ယခင်ကာလတွေက ဘိန်း ပြဿနာရပ်အပေါ် ထားရှိခဲ့တဲ့ မူဝါဒအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက် ခိုက်လာကြလေပြီ။ ယခင်ဝန်ကြီးချုပ် လီခေါလိ-ပါမိုမင်းသားက ထောက်ပြခဲ့ ဖူးပါတယ်။ ''ထိုတုန်းက ခွန်ဆာဂိုဏ်းက သေးသေးကလေးပါ။ ဘယ်လို ဘေး ဒုက္ခဆိုးမှ ပေးမှာမဟုတ်ပါဘူး။ ဘာနဲ့တူသလဲဆိုတော့ လူ့ကိုယ်ပေါ်က အသားပိုလေးလိုပေါ့ဗျာ။ စစချင်းတော့ သာမန်အသားပိုကလေးပါ။ ဒါပေမဲ့ ခုတော့ ကင်ဆာ ဖြစ်သွားချေပြီတဲ့ဗျာ''။ ယခင် ဝန်ကြီးချုပ် လီပိန် - ထိန်စု လာလွမ်ခံ ပြောကြားပါတယ်။ အဲဒီ ဘိန်းကုန်ကူးအဖွဲ့က ကျွန်တော်တို့ နိုင်ငံ အတွက် အင်မတန် ဘေးအန္တရာယ်ကြီးပါတယ်။ သူတို့တွေ ကာလရှည်ကြာစွာ ကျွန်တော်တို့နိုင်ငံမှာ ဘိန်းကုန်ကူးတာတွေ လုပ်ကိုင်နေကြတယ်။ ကျွန်တော်တို့ ကာလရှည်ကြာစွာ ဒီအသွင်သဏ္ဍာန်ကို ပေါ့တီးပေါ့ဆ လျစ်လျူရှုထားခဲ့ပါတယ်''။ ထိုင်းအစိုးရက ဒီလိုမျိုး ဆိုးကျိုးဒုက္ခပေးတဲ့ ခွန်ဆာကို ထိုင်းနိုင်ငံတံခါးအပြင် ဘက်ဆီ မောင်းထုတ်ပစ်ဖို့ကို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ခွန်ဆာဟာ ထိုင်း နိုင်ငံရဲ့ ဆုကြေးငွေ ဖမ်းဝရမ်း ထုတ်ခံရတဲ့ ရာဇဝတ်သားဖြစ်သွားပါချေပြီ။ ထိုင်းရဲဘက်ကို သစ္စာဆို ပြောကြပါတယ်။ ခွန်ဆာကိုသာ ဖမ်းမိရင် သူ့ကို တရားရုံတင် တရားစွဲနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံလက်ထဲ ချက်ချင်းလွှဲအပ်မှာဖြစ်တယ် ရယ်လို့ ြွေကးကြော်ကတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအစိုးရစစ်တပ်နဲ့ ပူးတွဲ ဆောင်ရွက်ပြီး ခွန်ဆာစခန်းကို ရှင်းပစ်ဖို့ကို လှုပ်ရှားနေပါပြီ။ ထိုင်းနိုင်ငံက ထိုင်းမြန်မာ နယ်နိမိတ်ပိတ်ဆို့ရေးကို တိုးချဲ့ဆောင်ရွက်လိုက်ပါတယ်။ ခွန်ဆာရဲ့ နိုင်ငံခြားကနေ ဝယ်ခြမ်းလိုက်တဲ့ ရုရှားလုပ် ှဗြ-၇ ပခုံးထမ်း ဝေဟင်ပစ် ဒုံးကျည်ကိုလည်းပဲ ထိုင်းတို့ ရှာဖွေတွေ့ရှိပြီး ထိန်းသိမ်းထားလိုက်တယ်။ ခွန် ဆာဂိုဏ်းသား ၇ ယောက်ကိုလည်း ထိုင်းတို့ ဖမ်းဆီးလိုက်တယ်။

၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ အယောက် (၃၀ဝ) ပါ ထိုင်း - မြန်မာ တပ်သားတွေကို အမေရိကန်အကူအညီပေးတဲ့ ရဟတ်ယာဉ်နဲ့ ရွှေတြိဂံက ထိုးစစ်ဆင်တိုက်ခိုက်လေတယ်။ ဒီတစ်ချီ အမြစ်ပြတ်တိုက်ပွဲဟာ အင်မတန် ပြင်းထန်လှပါတယ်။ ၂၁-၁-၁၉၈၂ ခုနှစ် နံနက်စောစောစီးစီးပိုင်း၊ အမေရိကန် တို့ရဲ့ အပြင်းအထန်တောင်းဆိုချက်ကြောင့် ထိုင်းအစိုးရက တပ်ခွဲ (၁၂) ခွဲ၊ တပ်သားအင်အားပေါင်း (၁၀ဝ၀) နဲ့ ခွန်ဆာ့ မန်စင်းတျဲ့ စခန်းကြီးကို ရုတ်တရက် ဝင်စီးလေတယ်။ ခွန်ဆာက တပ်အင်အား ၂၀ဝ၀ နဲ့ ပြန်လည်ခုခံ ပါတယ်။ ထိုင်းတို့က နောက်ချန်တပ်တွေကို ရွှေ့ပြောင်းပြီး တပ်ကူဖြည့်လိုက် တယ်။ စစ်ရဟတ်ယာဉ်တွေ၊ အမြောက်ကြီးတွေ၊ တင့်ကားတွေ ထုတ်သုံးပြီး ဝိုင်းရံထားလိုက်တယ်။ တိုက်ပွဲက ပြင်းထန်လွန်းတယ်၊ သုံးရက် သုံးညကြာ တိုက်ကြရပြီး နောက်ဆုံးမှာ မန်စင်းတျဲ့မြို့ကို ထိုင်းတို့ သိမ်းပိုက်လိုက်တယ်။ ၁၉၈၂ ခုနှစ် ဇူလိုင်လ။ ထိုင်းအစိုးရက ထိုင်းဘတ်ငွေ ၅ သိန်း (အမေရိကန် ဒေါ်လာ နှစ်သောင်းခွဲနဲ့ ညီမျှတယ်) ဆုကြေးငွေနဲ့ ခွန်ဆာခေါင်းကို တန်ကြေး ဖြတ် ထုတ်ပြန်လိုက်တယ်။ အဲဒီနှစ် အောက်တိုဘာလမှာ ထိုင်းဝန်ကြီးချုပ် လီပိန်-ထိန်စူလာလွမ် အမေရိကန် အလည်အပတ် ခရီးထွက်တဲ့ကာလမှာ ထိုင်းနိုင်ငံ စစ်ဘက် ရဲဘက်အဖွဲ့အစည်းက အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး မန်စင်းတျဲ့ ထဲ ထိုးဖောက်ဝင်ရောက်ပြီး ခွန်ဆာကို ဖမ်းမိဖို့ ကြိုးပမ်းပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး မအောင်မြင်လိုက်ပါ။ နောက်ပိုင်းမှာ ထိုင်းနိုင်ငံ စစ်ဘက်ရဲဘက်ကပဲ ခွန်ဆာ့ရဲ့ ဘန်ကောက်နေအိမ်ကို ဝင်စီးပြီး ရှာဖွေပြန်တယ်။ ဒါလည်းပဲ အရိပ် အယောင်တောင် မတွေ့ရပါ။ ဒါ့အပြင် ထိုင်းစစ်ဘက် ရဲဘက်ကပဲ ခွန်ဆာရဲ့ မန်စင်းတျဲ့ အခြေစိုက်စခန်းကို မွှေနှောက်ရှာဖွေပြန်တယ်။ ဘိန်းမည်း ၁ ပိဿာ၊ ဟီးရိုးအင်း ဘိန်းဖြူ ၁ ဂရမ်လောက်လေးတောင်မှ ရှာမတွေ့ပါ။ နောက်ဆုံးတော့လည်း ထိုင်းတပ်သားတို့ဟာ ပေါ်ပီဘိန်းပျိုးပင်လေးတွေကိုသာ နှုတ်ယူလာပြီး သတင်းထောက်တွေကို ပြပါတယ်။ ပါလာကြတဲ့ သတင်းထောက် တွေက အဲဒီဘိန်းပျိုပင်လေးတွေကို ဓာတ်ပုံရိုက်ယူလိုက်ပြီး သတင်းတွေထဲမှာ ''စစ်ဆင်ရေး ရလာဒ် ဖမ်းဆီးလိုက်သော ပစ္စည်းများ'' ဆိုတဲ့ ဘိန်းပျိုပင်ဓာတ်ပုံ သာ ပါလာပါတယ်။

မန်စင်းတျဲ့ကနေ ခွန်ဆာ ဆုတ်ခွာလာပြီးတဲ့နောက် လက်နက်အပြည့် အစုံ တပ်ဆင်ထားတဲ့ တပ်ဖွဲ့ငယ်လေးတစ်ဖွဲ့ စေလွှတ်ပြီး ထိုင်းနိုင်ငံတပ်ဖွဲ့နဲ့ တောကြီးမျက်မည်းထဲမှာ စာကလေးစစ်ပွဲ (ပြောက်ကျားတိုက်နည်းထဲက တစ် နညး်) ဆင်နွှဲလေတယ်။ ၂၆-၁-၁၉၈၃ နေ့ လင်းအားကြီး နံနက်ခင်း၊ ခွန်ဆာ့ရဲ့ တပ်ဖွဲ့ငယ်လေးဟာ မြန်မာထိုင်းနယ်စပ် တာချီလိတ်မြို့ကိုဖြတ်တဲ့ မြစ်ဝှမ်းမယ် ဆိုင်နှင့် မယ်ဆန်က ရဲဌာနနှင့် ထိုင်းလယ်ယာ ဘဏ်တိုက်ကို ဝင်စီးလေတယ်။ ရဲတစ်ယောက်နှင့် အရပ်သားလေးယောက်ကို ပစ်သတ်လိုက်တယ်။ မော်တော် ကားငါးစီးကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ၂၈-၁-၁၉၈၃ မနက်ပိုင်း။ ခွန်ဆာ့တပ်က အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြတ်သန်းမောင်းနှင်နေတဲ့ ကား ၈ စီးကို ထပ် ဆင့် မီးရှို့ဖျက်ဆီးလိုက်ပြန်တယ်။ တဖန် အနီးနားရွာတွေကို ဝင်ရောက်ပြီး တောင်သူလယ်သမားတွေရဲ့ ပစ္စည်းတွေကို ပြောင်တလင်းခါသွားအောင် လု ယက်ကြပြန်တယ်။ ချင်းလိုင်နယ်မြို့လေးတဝိုက်က မယ်ဆိုင်၊ မယ်ဆန်က အရပ်သူ အရပ်သားတွေ နေအိမ်တံခါးကို ပိတ်ထားကြရတယ်။ လာရောက် လည်ပတ်ကြတဲ့ ခရီးသည်တွေ လုံးဝပျောက်ကွယ်သွားကြတယ်။ ဒါ့အပြင် ခြေလျင်တပ်၊ မြင်းတပ်အင်အား ၇၀ဝ၀ နဲ့ ရုံးစိုက်ရာ ချင်းလိုက်မြို့ကို ပါဝင်စီး မယ်။ ချင်းမိုင်တစ်မြို့လုံးကို တက်တက်ပြောင်အောင် လုယက်ပစ်လိုက်မယ်လို့ ပါ ခွန်ဆာ အော်ကြီးဟစ်ကျယ် ြွေကးကြော်လိုက်ပြန်တယ်။

ခွန်ဆာရဲ့ ဒီအကြိမ်ကြိမ် အုတ်အော်သောင်းနင်း စီးနင်းမှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက မြို့ရွာတွေအားလုံး ငိုယိုအော်ဟစ်သံတွေ သောသော ကို ညံလေတယ်။ မှီတင်းနေထိုင်ကြတဲ့ အရပ်သူ အရပ်သားတွေ တစ်နေ့တစ် ရက်ထဲမှာတင် ကျီးလန့်စာစား၊ အထိတ်တလန့် ဖြစ်နေကြရတယ်။ ငွေကြေး ချမ်းသာသူတွေက တောင်ဘက်ပိုင်းဆီ သုတ်ခြေတင် ထွက်ပြေးကြလေတယ်။ ဒါ့အပြင် ကုလသမဂ္ဂက ဦးစီးဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ချင်းလိုင်းရုံးလုပ်ငန်းဌာနနှင့် ချင်းလိုင် အခြေစိုက် အမေရိကန်ကောင်စစ်ဝန် သံတမန်ရုံးတွေလည်းပဲ အထိတ်တလန့် စိုးရိမ်တကြီးဖြစ်နေရပါတယ်။ သံတမန် မိသားစုဝင်တွေအပြင် တာဝန်ထမ်းဆောင်ကြတဲ့ လူတွေကပါ ဘန်ကောက်ဆီကို ဆုတ်ခွာပြေးကြရတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ စစ်ဘက်ရဲဘက်တို့ကို ၄င်းတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ အဖွဲ့သားတွေနဲ့ ရုံးအဆောက်အဦးတွေကို တိုးမြှင့်ကာကွယ်ပေးဖို့ ကိုလည်း ဝိုင်းဝန်းတောင်းဆိုကြပါတယ်။

၃-၂-၁၉၈၃ ည ၇ နာရီဝန်းကျင်။ လူ ၃ ယောင်တင်ဆောင်ထားတဲ့ အပြာရောင်ဆလွန်းကားငယ်လေးတစ်စီး မယ်ဆိုင်လမ်းမကြီးပေါ်မှာ မောင်းနှင် နေပါတယ်။ လမ်းသွားလမ်းလာတွေကို လက်ကမ်းကြေငြာတွေ ဖြန့်ကျဲလိုက် တယ်။ ခွန်ဆာဂိုဏ်းက ဖန်တီးတဲ့ လက်ကမ်းပိုစကာတွေက ထိုင်းအစိုးရကို ထိုးနှက်တိုက်ခိုက်တဲ့ ပိုစတာဖြစ်ပါတယ်။ ထိုင်းအစိုးရက မန်စင်းတျဲ့မြို့ငယ်လေး က ပြည်သူပြည်သားတွေကို သတ်ဖြတ်ဒုက္ခပေးမှုတွေကို ဖြစ်စေခဲ့တယ်လို့ ပိုစတာစာတမ်းထဲမှာ ဖော်ပြထားပါတယ်။ ဒီအတွက် သူတို့တတွေဟာ ထိုင်း အစိုးရနဲ့ ဆန့်ကျင်မှုမပြုတော့ဘဲ တောတောင်ထဲမှာပဲ အေးအေးဆေးဆေးနဲ့ ဧကစာရီကျင့် ဘဝမြှုပ်နှံနေချေဖို့ကို ဆုံးဖြတ်လိုက်ပါပြီလို့ ဖော်ပြထားပါတယ်။ ထိုနှစ် မတ်၊ ဧပြီလတွေကြားမှာ ခွန်ဆာ့ရဲ့ လက်အောက်ခံအရာရှိတစ်ယောက်က ထိုင်းနိုင်ငံ ချင်းလိုင်မြို့ '' တောင်တန်းဒေသနေ တိုင်းရင်းသားများ ကယ်ဆယ် စောင့်ရှောက်မှု ဖွံ့ဖြိုးရေးစင်တာ'' အရာရှိနဲ့ တွေ့ဆုံပါတယ်။ ခွန်ဆာ့ဘက်က ထိုင်းအစိုးရဆီ တောင်းဆိုတဲ့ ''အကြံပြုချက်'' တွေကို တဆင့် ပြန်လည်ပြောကြား ပေးဖို့ကို တောင်းဆိုပါတယ်။

(၁) မန်စင်းတျဲ့အနီးအနားက တခြားနေရာတစ်ခုခုမှာ သူတို့ကို တပ်စခန်းဖွင့်လှစ်ဖို့ကို ခွင့်ပြုရပါမယ်။ အသေးစိတ် အချက် အလက်ကို ထိုင်းတို့ဘက်က ချမှတ်ပေးပါ။

(၂) မန်စင်းတျဲ့တိုက်ပွဲတုန်းက ခွန်ဆာ့ဂိုဏ်းဆီက သိမ်းဆည်းသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ခွန်ဆာ့ထံ ပြန်လည်ပေးဖို့ကို တောင်းဆိုပါတယ်။ ဘာကြောင့်ဆိုရင် ဒီလက်နက်တွေက မြန်မာအစိုးရကို ရင်ဆိုင်တိုက်ခိုက်ဖို့သာ ဖြစ်တယ်။ ထိုင်းတို့ကို ရန်သူအဖြစ် သတ်မှတ်မထားချေ။

(၃) ခွန်ဆာ့တပ်ဖွဲ့ဟာ ထိုင်းအစိုးရရဲ့ အကျိုးရှိမယ့်ကိစ္စတွေကို အစွမ်းကုန် ဆောင်ရွက်ပေးမယ်။ ထိုင်းမြောက်ပိုင်းနယ်မြေ အေးချမ်းသာယာရေးကို ပါဝင်လုပ်ဆောင်ပေးမယ်။

ထိုင်းဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကြည်းတပ်စစ်ဦးစီးချုပ်တွေက လည်း အလားတူအကြောင်းအရာပါတဲ့ စာတွေကို ရရှိကြပါတယ်။ ဒါပေမဲ့လို့ ထိုင်းအစိုးရကတော့ ခွန်ဆာ့ရဲ့ အကြံပြုတောင်းဆိုချက်တွေကို ပြတ်ပြတ်သားသား ပဲ ပယ်ချလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ခိုင်စီက သတင်းလောက ပိုင်းတွေဆီ သဘောထားကြေညာချက်ကို ထုတ်ပြန်ပါတယ်။ ''အစိုးရဘက်က ဒီအကြောင်းကိစ္စကို ထင်းလင်းပြတ်သားတဲ့ မူဝါဒပြဋ္ဌာန်းချက်တွေထဲမှာ ပါရှိ ပြီးသား ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းကိစ္စနှင့် စပ်လျဉ်းပြီး တစ်စုံတစ်ရာ ဆွေးနွေးတိုင်ပင်စရာ မရှိပါ။ ဘာကြောင့်ဆိုရင် နိုင်ငံ့ပြည်သူပြည်သားတို့ရဲ့ လုံခြုံရေးနှင့် သက်ဆိုင်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဘက်က ဘယ်လို ဘိန်းအဖွဲ့အစည်းမျိုးရဲ့ တင်ပြတဲ့ အချက်အလက်ကို လက်မခံနိုင်ပါ''

၁၉၈၂ ခုနှစ် နှစ်ကုန်ပိုင်း။ ခွန်ဆာ့ ပင်မတပ်ဟာ မန်စင်းတျဲ့မြို့ကနေ ဆုတ်ခွာလိုက်တယ်။ ဒီနောက်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်တန်းဒေသ တွေဆီ စခန်းသစ်တည်ဆောက်လိုက်ပါတယ်။ ဒါ့အပြင် ထိုင်းမြန်မာနယ်စပ် မြန်မာ့ဘက်မှာ ပါရှိတဲ့ အနောက်ဘက်အတိုင်း ကီလိုမိတာ ၅၀ ကျော် ခရီးနှင် လာပြီး ''တိုးရီလန်းရွာကို ရောက်တဲ့အထိ။ တပ်စခန်း ချထားလိုက်တယ်။ ၄င်းရွာတောင်ဘက်မှာ ထိုင်း - မြန်မာနယ်စပ်ကို ကန့်လန့်ဖြတ်ထားတဲ့ တောင် တန်းငယ်လေးတစ်ခုရှိပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အခြေချခဲ့တဲ့ နေရာဖြစ်တယ်။ ခွန်ဆာက တပ်ဖွဲ့စေလွှတ်ပြီး မူလအဖွဲ့ငယ်လေး ကို နှင်ထုတ်လိုက်တယ်။ ဒီလိုနဲ့ပဲ တိုးရီလန်းရွာကလေးက ခွန်ဆာ့ဌာနချုပ် စခန်းသစ်ကြီးဖြစ်သွားပါတယ်။ တိုးရီလန်းရွာက ထိုင်း-မြန်မာနယ်စပ်၊ ထိုင်း ဘက်ကျရောက်ပြီး ချင်းလိုင်ရုံးစိုက်မြို့ရဲ့ မယ်အိုင်နဲ့ ၁၃ ကီလိုမီတာသာ ကွာ ဝေးပါတယ်။

ခွန်ဆာဟာ တိုးရီလန်းရွာကို အခြေစိုက်စခန်းကြီးအဖြစ် ရွေးချယ်တည် ဆောက်ပြီးတဲ့နောက် နယ်မြေကို အမြန်ဆုံး ချဲ့ထွင်လေတယ်။ သူ ပိုင်စိုးတဲ့ ဝန်းကျင်တကြောဟာ ရွာတပ်စခန်း ငါးရွာရှိပါတယ်။ ကိုယ့်ဘာသာ ''ဘုံအဖွဲ့လို သတ်မှတ်လိုက်တယ်။ လွတ်မြောက်တဲ့နယ်မြေလို့ပါ ကြေညာလိုက်တယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်အုပ်စိုးမှုကို မခံပါ။ ခွန်ဆာက တိုးရီလန်းရွာကိုပါ '' ရွာသာယာ'' ရယ်လို့ ပြောင်းလဲခေါ်ဝေါ်ပါတယ်။ အဲဒီမှာ လက်နက်ကိုင်တပ် စခန်း ၄ ခု ဖွဲ့စည်းထားတယ်။ ပုံမှန်တပ်ဖွဲ့ကလွဲပြီး၊ ကူမင်တန်ဆီက သင်ကြား တတ်ကျွမ်းထားတဲ့ ''အိမ်စောင့်တပ်'' စနစ်အတိုင်း လူအင်အားတစ်သောင်းကျော် ရှိတဲ့ အရံတပ်ကိုပါ ဖွဲ့စည်းထားပြန်တယ်။ တပ်ခွဲမှူးအဆင့်ရဲ့ အထက်စစ်အရာရှိ တိုင်း ဘိန်းချက်စက်ရုံရဲ့ အစုရှယ်ယာဝင်ပိုင်ခွင့်ရှိပါတယ်။ သူက စီးပွားရေး အကျိုးအမြတ်ရဲ့ သူ့လူစုကို စုစည်းထားပါတယ်။

၁၉၈၃ ခုနှစ် နှစ်ဆန်းပိုင်း။ ခွန်ဆာရဲ့ ကိုလံဘီယာ သတင်းထောက် တိုက်နီးစ်-ရေးရှဲလ် တွေ့ဆုံကြပါတယ်။ အောက်မှာ ဖော်ပြထားတာတွေက ကိုလံဘီယာဂျာနယ်မှာ ရေးသားထားတဲ့ ပြောကြဆိုကြတဲ့ တချို့အကြောင်းအရာ တွေကို ဖော်ပြလိုက်ပါတယ်။

ခွန်ဆာကိုယ့်အကြောင်းကိုယ် မိတ်ဆက်လိုက်တယ်။ ကျွန်တော်လိုင် ဝန်ဟိုရွာမှာ မွေးဖွားပါတယ်။ တရုတ်ပြည်နယ်နိမိတ်နဲ့ နီးကပ်ပါတယ်။ ကျွန်တော့်ဖခင်မှာ မိသားစုဝင် ၈ ဦးရှိပါတယ်။ ကျွန်တော်က အကြီးဆုံးသားဦး ပါခင်ဗျာ။ ကျွန်တော်နဲ့ ကျွန်တော့်အဘိုးနဲ့က တစ်ပုံစံတည်းဗျ။ နှစ်ဦးစလုံး ကျွန်တော်တို့ရွာရဲ့ သူကြီးတွေလေဗျ။ ကျွန်တော့်အသက် ၅ နှစ်သားအရွယ်မှာ မိခင်ဆုံးသွားပါတယ်။ မေမေဟာ တရုတ်ပြည်က ရှမ်းတိုင်းရင်းသူစစ်စစ်ပါ။ ဒါပေမဲ့ မေမေ့ကို မွေးဖွားတာက ဆားချွန်းဆိုတဲ့ ရွာမှာပါ။ ဒုတိယကမ္ဘာ့စစ် မီးကြီးတုန်းက ဖေဖေက အင်္ဂလိပ်တွေနဲ့အတူ လက်တွဲပြီး ဂျပန်ကို တော်လှန်ခဲ့ တယ်။ ဂျပန်တော်လှန်ရေးစစ်ပွဲမှာ ဖေဖေ ပါဝင်ခဲ့တယ်ပေါ့ဗျာ။ ကျွန်တော့်မှာ ငယ်ငယ်ကလေးတည်းက အမေက မရှိ၊ အဖေက တော်လှန်ရေးစစ်ပွဲထဲမှာ။ ဒါကြောင့်လည်း ဘိုးဘိုးရယ်၊ ဘွားဘွားရယ် သူတို့က ကျွန်တော့်ကို အရွယ် ရောက်လာအောင် ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှင်တွေပေါ့ဗျာ။ ကျွန်တော့်အသက် ၂၀ မှာ ဘိုးဘိုးနာမကျန်းဖြစ်ပြီး ဆုံးသွားတယ်။ ဘိုးဘိုးဆုံးသွားတော့ ဘိုးဘိုးရဲ့ အရိုက်အရာ ရွာသူကြီးရာထူးကို ကျွန်တော် ဆက်ခံလိုက်ပါတယ်။

သုံးနှစ်အကြာမှာ ကျွန်တော် လွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံ ရေး လှုပ်ရှားဆောင်ရွက်ပါတယ်။ ကျွန်တော်က မြန်မာက ခွဲထွက်ပြီး လွတ်လပ် ရေး ရယူမှာပါ။ ဒါ့အပြင် မြန်မာက ကျွန်တော်တို့ကို အသိအမှတ် ပြုစေလိုပါ တယ်။ ၁၉၄၇ ခုနှစ် အင်္ဂလိပ်တို့နဲ့ ဆွေးနွေးညှိနှိုင်းတုန်းက ဒီပြဿနာကို ဖြေ ရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လွတ်မြောက်မှု မရရှိရုံသာ မကသေးဘူးဗျ။ ဖမ်းဆီးခံ၊ ထောင်ချခံလိုက်ရတယ် လေ။ ဒီတော့ မတတ်သာတဲ့ နောက်ဆုံး ဒီလက်နက်ကိုပဲ ပြန်လည်ဆွဲကိုင်ရ တော့တယ်ဗျာ။ အစောပိုင်းတုန်းကတော့ ကျွန်တော်တို့မှာ တပ်သားအင်အား ဆယ်ဂဏန်းကျော်ကျော်လေးသာရှိတာ။ ၁၉၅၂ ခုနှစ်မှာ ကျွန်တော်တို့ စွန့်ဦး တီထွင်မှုတစ်ရပ်အနေနဲ့ ''ရှမ်းပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့'' ဖွဲ့လိုက်တယ်။ တရုတ်ကူမင်တန် စစ်ဗိုလ်တစ်ယောက် (အဲ ဟိုတုန်းက သူတို့လည်းပဲ ကျွန်တော် တို့ရဲ့ ရန်သူပဲလေ) က ကျွန်တော်တို့နဲ့ လာပူးပေါင်းတယ်။ ဒါ့အပြင် ကျွန်တော်တို့ ကို စစ်သင်တန်းတွေပေးတယ်။ (အဲဒီလူဟာ နောက်ပိုင်းမှာ ခွန်ဆာအားထားရ တဲ့ ကျန်းစူးချွမ်ဖြစ်ပါတယ်)

ကနေ့ ကျွန်တော်တို့တပ်ဖွဲ့ဟာ ပုံမှန်အတည်တကျတပ်ဖွဲ့ကြီး ဖြစ်သွား ပါပြီ။ အင်အားလေးထောင်မှာပါ။ နောက်ပြီးတော့လည်း အင်အား တစ်သောင်း ကျော် အရံတပ်ပါ ရှိနေပါသေးတယ်။ အရံတပ်ဖွဲ့ဟာ သာမန်အချိန်တွေမှာ လယ်ယာစိုက်ပျိုးရပါတယ်။ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းကာလက လေးနှစ်ဖြစ်ပါ တယ်။ အသက် ၁၄-၁၆ နှစ်အရွယ် လူငယ်လေးတွေပါ။ စစ်မှုထမ်းကာလမှာ နားခွင့်မရှိပါဘူး။ သွားနေပြန်နေတာနဲ့ လမ်းမှာ မလိုအပ်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ တစ်ယောက်ကို လစဉ်တပ်ထောက်ပံ့ကြေး ၅ ဒေါ်လာပေးပါတယ်။ တိုက်ပွဲမှာ ကျဆုံးရင် သူ့မိသားစုကို ၁၀ ဒေါ်လာပေးပါ တယ်။ တပ်ဗိုလ်တပ်မှုူးတွေက နည်းနည်းပိုရပါတယ်။ သူတို့ကို အရောင်းအဝယ် လုပ်ခွင့်ပေးထားပါတယ်။ မြန်မာအစိုးရက ကျွန်တော်တို့ကို ရှင်းပစ်လိုက်ချင်ပါ တယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့မှာက မြေသြဇာ အတော့်ကို ကောင်းတဲ့ လယ်ယာမြေတွေ ရှိတာကို သူတို့ သိကြတယ်လေ။ ကျွန်တော်တို့မှာ သစ်တော တွေ၊ ရွှေ၊ ကြေး ယူရေနီယမ်အစရှိတဲ့ သတ္တုတွင်းတွေ ရှိတယ်။ ကျောက်မျက် ရတနာတွင်းတွေ၊ ပတ္တမြားတွေရှိတယ်။ နောက်ပြီး လယ်ယာလုပ်ငန်းဖွံ့ဖြိုးလာ ချေရှိပါတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်း ပြည်ပကိုထုတ်ဖို့ သူတို့ ခွင့်ပြုစေချင် ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အကူအညီ လိုအပ်နေပါတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ ဒီမှာက ဘာမဆို လိုအပ်နေတယ်လေဗျ။ ဆရာ ဝန်တွေ လိုတယ်၊ ကုသဖို့ ဆေးဝါးတွေ မရှိဘူး။ ကျောင်းဆရာ မရှိဘူး။ ကျောင်းလည်းပဲ မရှိဘူး။ ဒါတွေကို ကျွန်တော် ရန်ကုန်က မြန်မာအစိုးရဆီကို စာရေးပေးပို့ခဲ့ဖူးပါတယ်။ အရောင်းအဝယ်လုပ်ကြဖို့ ကျွန်တော် သူတိုု့နဲ့ ဆွေး နွေးလိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တုန့်ပြန်ချက် စစ်တပ်ကြီးတွေ စေလွှတ်ပြီး ကျွန်တော်တို့ကို ဝိုင်းထားလိုက်ကြတယ်လေဗျာ။

ကျွန်တော့်ရဲ့ ပြည်သူတွေ ချမ်းသာသုခ ရှိစေလိုတာက ကျွန်တော့် ဆန္ဒပါ။ ကျွန်တော်တို့ ဘိန်းတွေ ထုတ်လုပ်ကြတယ်။ ရောင်းချကြတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ စစ်ပွဲတွေကို ထောက်ခံအားပေးဖို့ ဒီတိုက်ပွဲတွေကို အောင်မြင်ဖို့ပဲ။

သတင်းထောက်က မေးတယ်။ ''တစ်ကမ္ဘာလုံးက ခင်ဗျားကို ''ဟီးရိုး အင်း ဘိန်းဖြူဘုရင်'' လို့ခေါ်ကြတယ်။ ခင်ဗျားက ရွှေတြိဂံမှာ ဒီဘိန်းရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းကို ဘယ်လိုမျိုး စတင်ဖော်ဆောင်လိုက်တာလဲဗျ။''

ခွန်ဆာဖြေ - '' ကျွန်တော့်ရဲ့ ပြည်သူ ရှမ်းပြည်နယ်လူထုနဲ့ ကျွန်တော် ဟာ အားလုံးဟာ မြန်မာနိုင်ငံဆီကရယ်၊ ထိုင်းနိုင်ငံဆီကလည်း ပါတာပေါ့ဗျာ။ ကျွန်တော်တို့ လွတ်လပ်ရေးအတွက် တိုက်ကြခိုက်ကြတာပါ။ ကျွန်တော်တို့မှာ ပြင်ပက ဘယ်လိုအကူအညီမျိုးမှ မရဘူးလေ။ ဒီတော့ ပေါ်ပီဘိန်းပင် စိုက်ပျိုး ရတာ ဒါသဘာဝပဲလေ။ ကျွန်တော်တို့ရဲ့ ရပေါက်ရလမ်းမှာ စီးပွားရေးရင်းမြစ် တစ်ခုတည်းပေါ့ဗျ။

မေး - ''လူတွေက ထင်ကြေးတွေ ပေးနေကြပါတယ်။ ခင်ဗျားဟာ ဘိန်းကနေ သူဋ္ဌေးဖြစ်တာပါတဲ့။ ဒါ ဟုတ်ပါသလားခင်ဗျာ''

ဖြေ - ''ဒါလား၊ တကယ့်ကို ရယ်စရာပါဗျာ။ ကျွန်တော်လက်နက်တွေ ဝယ်ရမယ်လေဗျ။ လက်နက်အလက်ပေါင်း လေးထောင်ကျော် တပ်ဆင်ရမယ့် တပ်ဖွဲ့မှာ ဘယ်နှယ့်လုပ်ပြီး ပိုက်ဆံတွေ ပေါပေါများများရှိနေမှာလဲဗျ။ ဟိုးအရင်တုန်းကတော့ ဗီယက်နမ်စစ်ပွဲ ရှိနေစဉ်တုန်းကပေါ့ဗျာ။ လောက်တက် ခြစားနေတဲ့ လောစစ်တပ်ဆီက လက်နက်ဝယ်လို့ ရသေးတယ်ဗျ''

မေး - ''ဘယ်ဈေးလဲ''

ဖြေ - အရင်တုန်းကတော့ ဒေါ်လာ ၅၀ နဲ့ ြ-၁၆ တစ်လက် ဝယ်လို့ ရပါတယ်။ အခုဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၂၀ဝ-၂၅၀ ပေးမှ တစ်လက်ပဲ ဝယ်လို့ရနိုင်မှာခင်ဗျ။ ဒါကလည်း ကြားခံလူနဲ့မှ အလုပ်ဖြစ်တာ။ မဆိုးပါဘူး။ ကျွန်တော့်မှာ ဘိန်းအများကြီးရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံကတော့ သိပ်ပြီး များများစားစား မရှိပါဘူး။ ပိုက်ဆံက ခုနကပြောတဲ့ ကြားခံလူကပဲ အမြတ်ရသွားတာပါ။ သူတို့ ဟီးရိုးအင်း ၁ ကီလိုဂရမ်ဝယ်ရင် ဒေါ်လာ ၂၀ဝ ပဲ ကျွန်တော်တို့ကို ရှင်းပေးတာပါနော်။ ဒါပေမဲ့ အမေရိကန်ရောက်သွားတဲ့ နောက် အနည်းဆုံး ဒေါ်လာ နှစ်သိန်းနဲ့ ပြန်ရောင်းချမှာနော်။ ကဲ ခင်ဗျားပဲ တွေးကြည့်လေဗျာ။ တကယ့်တကယ်တော့ ဘယ်သူ့မှာ ပိုက်ဆံရှိမလဲဗျာ။

မေး - ''၁၉၆၇ ခုနှစ်တုန်းက ဒီရာစုခေတ်မှာ နာမည်အကျော်ကြားဆုံး ကုန်သည်တပ်ဖွဲ့တစ်ဖွဲ့ ခင်ဗျားဖွဲ့စည်းနိုင်ခဲ့တယ်ရယ်လို့ ကြားသိရပါတယ်။ လူသူအင်အားက အယောက် ၅၀ဝ၊ အသုံးပြုတဲ့ တိရစ္ဆာန်ကောင်ရေက ၃၀ဝ၊ အဲဒါတွေနဲ့ မူးယစ်ဆေးဝါး ၁၆ - တန် ထိုင်းနိုင်ငံဆီ သယ်ယူသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ကူမင်တန်ဘက်တော်သားတွေက အတင်းတိုက်ခိုက်လုယူသွားတယ်တဲ့။ အဲဒါကစပြီး ရွှေတြိဂံမြေစစ်ပွဲတွေ အစ ပြုတော့တာပဲတဲ့။ အဲဒါ ဟုတ်ပါသလားခင်ဗျာ''

ဖြေ - ''အဲဒီတစ်ပွဲတိုက်ပြီး ခိုက်ပြီးတဲ့နောက် မြန်မာအစိုးရက နေရာ တကာ ကျွန်တော့်ကို လိုက်ဖမ်းတယ်လေ။ ကျွန်တော်က် ရန်ကုန်အစိုးရ သိပ် ဖမ်းချင်နေတဲ့ ထိပ်ဆုံးကလူ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘာတွေဖြစ်လာသလဲ။ ကျွန်တော့်ရဲ့ တပ်က ချက်ချင်းပဲ အင်အားတစ်သောင်းကျော် နင်းကန်းတိုးသွား တာဗျ''

မေး - '' ၁၉၆၉ ခုနှစ် အောက်တိုဘာလ။ ခင်ဗျားကို မန္တလေးမှာ ဖမ်းဆီးလိုက်တယ်။ ဒီနောက် ထောင်ထဲမှာ ၅ နှစ် ကြာခဲ့တယ်။ ဒီအချိန်မှာ ခင်ဗျားအားထားရတဲ့ ဗိုလ်တစ်ယောက်ဟာ ရုရှားပါရဂူနှစ်ယောက်ကို ဖမ်းဆီး လိုက်တယ်။ ဒီရုရှားနှစ်ယောက်နဲ့ ခင်ဗျားကို အလဲအလှယ်လုပ်လိုက်တော့မှ ခင်ဗျား ပြန်လွတ်လာတယ်။ ဒီလိုဟုတ်ပါသလား''

ဖြေ - ''ဟုတ်ပါတယ်။ ဆွေးနွေးညှိနှိုင်းချိန် အင်မတန် ရှည်လျားပါ တယ်။ ဒါပေမဲ့ ဆောင်ရွက်ချက်တိုင်းဟာ ကျေနပ်အားရစရာပါပဲ''

မေး - ''လွန်ခဲ့တဲ့ နှစ်တွေတုန်းက ခင်ဗျားက အမေရိကန်ကို ဘိန်းတွေ ရောင်းချပေးမယ်ဆိုပြီး အကြံပေးတိုက်တွန်းပါတယ်တဲ့။ အဲဒီအပေးအယူ ဆောင်ရွက်ချက်က ဘယ်လိုရှိပါသလဲ''

ဖြေ - '' ဘိန်းအားလုံး သူတို့ကို ရောင်းချပေးမယ်၊ ဝယ်လိုက်ပါလို့ ကျွန်တော်တို့ အကြံပေးတိုက်တွန်းခဲ့တာ မှန်ပါတယ်။ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးပပျောက်ရေးကို ကျွန်တော်တို့ အကူအညီပေးတာပဲဗျ။ မူးယစ် ဆေးဝါးသုံးစွဲမှု ဒီပြဿနာကို ဖြေရှင်းပေးတာပါပဲ''

မေး - ''အရောင်းအဝယ်က ဘယ်နေရာမှာ ပြောကြတာလဲ ခင်ဗျာ''

ဖြေ - ''ထိုင်းနိုင်ငံရဲ့ တစ်နေရာမှာပါ။ အမေရိကန် ကိုယ်စားလှယ်က် လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပါတယ်။ သူက ရဟတ်ယာဉ်နဲ့ သွားလာတာ ပါ။ ဒီတုန်းက ကျွန်တော် ရှိမနေပါဘူးခင်ဗျာ။ တိုင်ပင်ညှိနှိှုုင်းတုန်းက သူတို့က ဒေါ်လာသန်းပေါင်း ၃၅ သန်းနဲ့ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ ဘိန်းအားလုံးကို ဝယ်လိုက်ပါလို့ ကျွန်တော်တို့ အကြံပေးတိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ အသိအမှတ်ပြုတဲ့ ရန်ကုန်က နိုင်ငံရေးအာဏာရှိတဲ့ တရာဝင်ကိုယ်စားလှယ် မဟုတ်ဘူးဆိုပြီး ဂျင်မီကာတာအစိုးရက တင်းခံပြီး ပြောပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်သားအားလုံးက ကျွန်တော်တို့ဟာ သူတို့ရဲ့ တရားဝင်အသိအမှတ်ပြု တဲ့ အစိုးရဖြစ်တယ်လို့ ပြောပါတယ်။ ဒီနယ်မြေက တရားဥပဒေနဲ့ အညီဆုံး အစိုးရဖြစ်ပါတယ်။ ဒီမှာက တိုင်းပြည်ဘုရင်မရှိဘူးဆိုပေမယ့် အမေရိကန်တို့က ထိုအချိန်တုန်းက အဲသလိုမျိုး မကြည့်ဘူးလေ။ ဒါကြောင့် အရောင်းအဝယ် စကားလည်း ဘာတစ်ခွန်းမှ ပြောရဆိုရတယ် မရှိပါ။

မေး - ''ထိုင်းအစိုးရက ခင်ဗျားတို့ကို မန်စင်းတျဲ့ကနေ နှင်ထုတ်လိုက် တယ်။ ကနေ့ရော ခင်ဗျားတို့နဲ့ ထိုင်းအစိုးရတို့ကြား ဆက်ဆံရေးတွေ ဘယ်လို များ ရှိနေပါသလဲ''

ဖြေ - ''ကျွန်တော်တို့နဲ့ ထိုင်းအရင်အစိုးရနဲ့က တရင်းတနှီးရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးပိန် အစိုးရတက်လာပြီးတဲ့နောက် အနေအထားက ပြောင်း သွားပါတယ်။ အမေရိကန်အစိုးရက သူတို့ကို ဒေါ်လာ ၃၅ သိန်း ပံ့ပိုးပေးတယ် လေ။ အဲဒါတွေနဲ့ ကျွန်တော်တို့ကို ဝိုင်းတော့တယ်ဗျာ''

မေး - ''ဒီလိုဆိုတော့ ခင်ဗျားစကားအရဆို သူတို့ ပိုက်ဆံကြောင့် တိုက်တယ်ပေါ့၊ ဟုတ်လား''

ဖြေ - ''ထိုင်းတွေ ကျွန်တော်တို့ မန်စင်းတျဲ့ကို ဝင်တိုက်တာ သူတို့ပဲ အကျများတာဗျ။ သူတို့ဘက်က် လူ ၉၀ သေတယ်၊ အယောက် ၁၀ဝ ထိခိုက် ဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က ၆ ယောက်သေတယ်။ ၁၀ ယောက် ဒဏ်ရာရတယ်''

မေး - ''ထိုင်းနှင့် ခင်ဗျားတို့ တိုက်ကြတယ်။ အမေရိကန်က ခင်ဗျား တို့နဲ့ အရောင်းအဝယ် မလုပ်ဘူး၊ ဒါဆို ခင်ဗျားတို့ရဲ့ ''နိုင်ငံတာ်'' ကို တည်တံ့ ခိုင်မြဲအောင် ဘယ်လိုထိန်းသိမ်းမလဲ ခင်ဗျာ''

ဖြေ - ''ဘိန်းကိုချည်း အားထားလို့က အကြပ်အတည်းရှိမှာပဲ။ ဒါ ကြောင့် ပြုပြင်ရမှာပေါ့ဗျ။ ကျွန်တော်တို့ ကျောက်မျက်ရတနာအရောင်းအဝယ် လုပ်တယ်။ အရပ်သားတွေ အခွန်အတုပ်ပေးကြတယ်။ ဒါပေမဲ့ သိပ်မမြင့်ဘူး နော်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့အားလုံးက ငမွဲတွေကိုးဗျ''

မေး - ''ခင်ဗျားရဲ့ အခွန်ကောက်တဲ့ နည်းဥပဒေက ဘယ်လိုများလဲ ခင်ဗျာ''

ဖြေ - ''လယ်ယာတောင်သူတွေက ကုန်ပစ္စည်းနဲ့ ပေးကြတယ်။ ဥပမာ - ကြက်၊ ဝက်၊ ပြောင်း၊ သစ်သီး အစရှိတဲ့ ပစ္စည်းတွေနဲ့ ပေးကြတယ်။ ကျွန်တာတွေကတော့ ပိုက်ဆံငွေကြေးနဲ့ပေါ့။ ဒါတွေကလွဲပြီး ကျွန်တော်တို့ရဲ နယ်မြေတွေကို ဖြတ်သန်းကြတဲ့ ကုန်သည်တိုင်း ထိုင်းနိုင်ငံဘက်ကပဲ လာလာ၊ ထိုင်းနိုင်ငံဘက်ဆီကိုပဲ သွားသွား အားလုံး အခွန်ကောက်ယူတယ်''

မေး - ''ခင်ဗျားတို့ ဘာကြောင့် ဘိန်းသာစိုက်ပြီး တခြားသီးနှံ ဘာ ကြောင့် မစိုက်ကြတာလဲဗျာ''

ဖြေ - ''တခြားစီးပွားရေးကိုက်တဲ့ သီးနှံကို ပြောင်းစိုက်ပါပြီတဲ့။ အဲဒါ နောက်နှစ်အတော်လေးကြာလာတော့မှ အကျိုးအမြတ်ရှိလာမှာဗျ။ ကဲ ဒါဆို ဒီကာလအတော်အတွင်းမှာ ကျွန်တော်တို့ ဘာနဲ့ စားမလဲ။် ဘယ့်နှယ်လုပ်ပြီး် အသက်ရှင်နိုင်မလဲ''

မေး - ''ခင်ဗျားဗျာ၊ လက်ဖက်တို့၊ ကော်ဖီတို့ ဘာတို့ပေါ့ဗျာ။ အဲဒါတွေ စိုက်ပြီးလည်း ရောင်းနိုင်တာပဲ၊ မဟုတ်ဘူးလားဗျာ''

ဖြေ - '' ကျွန်တော်တို့ ဘယ်သွားပြီး ရောင်းမလဲ၊ ဘယ်လို သယ်ထုတ် သွားမလဲ၊ ဟောဒီမှာက ဖြောင့်ဖြူးတဲ့လမ်းတစ်လမ်းတောင်မှ မရှိတဲ့နေရာဗျ။ ခင်ဗျားဖြတ်လာခဲ့တာပဲ။ မြင်ခဲ့တယ် မဟုတ်လားဗျာ''

မေး - ''ဒါဆိုရင် ပြောင်းလဲနိုင်ချေမရှိနိုင်တော့ဘူးဆိုတဲ့ သဘောလား ခင်ဗျာ''

ဖြေ - ''ကျွန်တော်တို့ ပြင်ပကမ္ဘာရဲ့ စီးပွားရေးအကူအညီတွေ လိုအပ် နေပါတယ်။ ပြင်ပက စိုက်ပျိုးရေးကျွမ်းကျင်တဲ့ ဆရာတွေ ကျွန်တော်တို့ဆီ လွှတ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ မြေအနေအထားကို သုတေသနပြုပေး မယ်၊ ဘယ်လိုမျိုး ပြုပြင်ရင်ဖြင့် ပေါ်ပီပင်တစ်မျိုးတည်း စိုက်ပျိုးတာထက် သင့်တော်မလဲဆိုတာတွေပေါ့နော်။ ဒါကြောင့်လည်းပဲ ပြုပြင်ပြောင်းလဲချင်တယ် ဆိုရုံနဲ့ လွယ်လွယ်လေး ဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာပဲ။ ဒီမှာက် ပေါ်ပီပင် စိုက်လိုက်တယ်။ အပင်ရှင်သန်ကြီးထွားတာ ကောင်းမှ ကောင်းကိုး။ ဒါဟာလည်း ဗျာ။ စစချင်းတုန်းကလည်း အခက်အခဲနဲ့ပါပဲ။ အအေးဒဏ်ခံနိုင်ရမယ်။ ရေဝပ် ခံနိုင်ရမယ်။ ဒါတွေ ခံနိုင်တယ်ဆိုရင် နောင်ဆို လုပ်ရ အဆင်ပြေသွားပြီလေ''

မေး - ''ဟီးရိုအင်းဘိန်းဖြူက လူတွေကို ဒုက္ခပေးတာကို ခင်ဗျား သိပါတယ်နော်။ လူငယ်လူရွယ် အထောင်အသောင်း ဘေးဆိုးကြီးခံနေရတဲ့ ရှေ့မှာ။ ခင်ဗျား နည်းနည်းလေးမှ မကြည့်တော့ဘူးတဲ့လားဗျာ''

ဖြေ - ''မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်တဲ့ ဘယ်လိုနေရာမျိုးကို မဆို ကျွန်တော် အရောက်သွားချင်ပါတယ်ဗျာ။ ဘန်ကောက်ကို သွားချင်တယ်။ အမေရိကန်ကိုလည်း သွားချင်တာပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့ မဆွေးနွေး၊ မတိုင် ပင်ကြဘူးလေ။ ဘိန်းဖြူက ပုံမပျက် ကမ္ဘာ့နေရာအနှံ့ ပျံ့သွားမှာပဲ''

မေး - '' ခင်ဗျားက် ကြည့်ရှုပါတယ်လို့ ပြောတယ်။ ဘာကို ကြည့်ရှု တာလဲ''

ဖြေ - ''ကျွန်တော်တို့ ရှမ်းပြည်နယ်သားတွေက ဘိန်းဟာ မကောင်း တဲ့အရာဆိုတာ သဘာဝကိုက သိနှင့်ပြီးသားပါ။ သုံးစွဲတဲ့သူတွေ ဒုက္ခရောက်ကြ ရတယ်။ ရောင်းတဲ့သူတွေ ချမ်းသာကြတယ်။ ခင်ဗျား နည်းနည်းတော့ စဉ်းစား ပြီးရင် စဉ်းစားပါဦးဗျာ။ ရုရှားတွေ၊ အမေရိကန်တွေ နူထရွန်ဗုံးတွေ ထုတ်တယ် ဗျာ။ ဒါကို ကျဲချရင် လူသေ မသေဆိုတဲ့ မေးခွန်းကို လူတွေ ဘာကြောင့် နည်းနည်းလေးတောင် မမေးကြတာလဲဟင်။ ဘိန်းဖြူသုံးစွဲတဲ့လူလည်း သေရမှာ ပဲ။ ဒါပေမဲ့ သူက် သူ့ဘာသာ သေလမ်းရှာပြီး သေတာခင်ဗျ။ နူထရွန်ဗုံးနဲ့ သေရမယ့်သူက သူ့ဘာသာ သေလမ်းဆီသွားတာ မဟုတ်ဘူးနော်။ ဘိန်းဖြူ သုံးစွဲရင် သေမယ်။ ဒါကို သုံးတဲ့သူတွေ သိနှင့်ပြီးသားလေဗျာ။ ဒါက သူတို့က တယ်ပြီး ဇိမ်ခံချင်ကြတာကိုးဗျ။ သူတို့က ပိုက်ဆံမနှမြောဘဲ ရွှေတွေ ငွေတွေပေး ပြီး သေလမ်းဆီကို သွားကြတဲ့သူတွေဗျ''

မေး - ''မြန်မာနှင့် ထိုင်းတို့က ခင်ဗျားကို ဖမ်းမယ်တဲ့။ ခင်ဗျား မကြောက်ဘူးလားဟင်''

ဖြေ - ''သူတို့ ကျွန်တော့်ကို ဖမ်းကြတယ်။ ဒေါ်လာ နှစ်သန်းသုံးပြီး ကျွန်တော့်ခေါင်းကို ယူကြမယ်။ ဒီတော့ ကျွန်တော်တို့ မတတ်သာဘဲ လာဖမ်းတဲ့ သူတွေကို ကျွန်တော်တို့ ဖမ်းပြီး ရှင်းပစ်လိုက်ရတယ်ဗျာ။ ဒါ တကယ့်ကို ရင်နာစရာတွေနော်။ ဒါပေမဲ့ ကျွန်တော့်ကို သတ်လိုက်ပါပြီတဲ့။ ပြဿနာက ပြေလည်မှာ မဟုတ်ဘူးနော်။ နောက်ထပ် ခွန်ဆာအယောက် ငါးဆယ်ပေါ်ချင် ပေါ်လာဦးမှာနော်။ ဘာကြောင့်ဆို ကျွန်တော်တို့က ဘိန်းဖြူအတွက် တိုက်နေ ကြတာမှ မဟုတ်တာ။ ကျွန်တော်တို့က ''ရှမ်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး'' ဖြစ်တာကိုးဗျ။ ဘိန်းဖြူဆိုတာက ကျွန်တော်တို့ကို ထောက်ခံအားပေးတဲ့ စစ်ပွဲ မျှသာဖြစ်တယ်''

မေး - ''ခင်ဗျားဟာ အကြီးဆုံး ရာဇဝတ်ကောင်လို့ ဘန်ကောက်နှင့် ရန်ကုန်က ပြောကြပါတယ်''

ဖြေ - '' အဖြစ်မှန်ကို မသိကြသူတွေကသာ ဒီစကားပြောတာပါ။ ခွန်ဆာဟာ ရှမ်းပြည်နယ်ခေါင်းဆောင်ဖြစ်တယ်။ ပြည်သူလူထုက ကျွန်တော့်ကို အသိအမှတ်ပြုကြတယ်။ ရိုသေလေးစားကြတယ်။ ကျွန်တော့်ရဲ့ တိုက်ပွဲက နိုင်ငံရေး သဘောပေါက်ပါတယ်ဗျ''

မေး - ''ခင်ဗျားနဲ့ ကွန်မြူနစ်တွေ မဟာမိတ်ဖွဲ့ထားသလားဟင်''

ဖြေ - '' အဖြစ်မှန်ကို မသိကြသူတွေကသာ ဒီစကားပြောတာပါ။ ခွန်ဆာဟာ ရှမ်းပြည်နယ်ခေါင်းဆောင်ဖြစ်တယ်။ ပြည်သူလူထုက ကျွန်တော့်ကို အသိအမှတ်ပြုကြတယ်။ ရိုသေလေးစားကြတယ်။ ကျွန်တော့်ရဲ့ တိုက်ပွဲက နိုင်ငံရေး သဘောပါတယ်ဗျ''

မေး - '' ခင်ဗျားနဲ့ ကွန်မြူနစ်တွေ မဟာမိတ်ဖွဲ့ထားသလားဟင်''

ဖြေ - '' လောလောဆယ်တော့ ကျွန်တော်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိပါတယ်။ ဒါပေမဲ့ အတူလက်တွဲ မလုပ်ကြပါ ဘူး။ သူတို့ရဲ့ ပန်းတိုင်က တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအာဏာ ရယူရေးဖြစ်တယ်''

မေး - ''တကယ်လို့ ခင်ဗျား မျှော်မှန်းထားတဲ့ နိုင်ငံတော်ကြီး တကယ့် ကိုပဲ ဖြစ်မြောက်ပါပြီတဲ့။ ခင်ဗျားရဲ့ ဘိန်းကိစ္စကရော ဘယ်နှယ့်လဲဗျ''

ဖြေ - '' နိုင်ငံတော် တစ်နေ့မှာ ပေါ်ပေါက်လာတာနဲ့ ကျွန်တော် ဘိန်းစိက်ခွင့် မပေးတော့ဘူးဗျ။ အခု ကျွန်တော်တို့ ဒီမှာနော်၊ ဘိန်းဖြူ သုံးစွဲ ခွင့်ပေးမထားဘူး။ တားမြစ်ထားတယ်။ ဘယ်လိုလူမျိုးမှ သုံးစွဲလို့ မရဘူး။ အဲ အသက်အရွယ်အိုကြီး အိုမကိုတော့ ဘိန်းရှုခွင့်တော့ ပြုထားပါသေးတယ်။ ကျွန်တော်တို့ ဘိန်းဖြူရဲ့ အဆိပ်အတောက်ကိုတော့ သိကြပါတယ်။ ဒါကြောင့် ဒီမှာ သုံးစွဲခွင့်မပြုဘူး''

မေး - '' ခင်ဗျား ဘယ်လိုမျိုးနဲ့ အရပ်သူ အရပ်သားတွေကို ဘိန်း ပိတ်ပင်ဟန့်တားထားသလဲဗျာ''

ဖြေ - '' ဘိန်းဖြူသုံးစွဲသူမှန်သမျှ တပြေးညီ အပြစ်ပေးတယ်။ သေနတ်နဲ့ ပစ်သတ်တယ်။ ဒီလိုမျိုးလုပ်မှပဲ ဖြေရှင်းနိုင်မျာကိုးဗျ''

ခွန်ဆာအုပ်စုဟာ မြန်မာအစိုးရတပ်နဲ့ အမြဲတမ်း တိုက်ပွဲငယ်လေးတွေ ဖြစ်ကြပါတယ်။ ရှမ်းပြည်နယ်က တခြားလက်နက်ကိုင် တပ်ဖွဲ့ကလေးတွေကို တိုက်ခိုက်ဝါးမြိုပစ်လေ့ရှိတယ်။ ခွန်ဆာဟာ ထိုင်းနိုင်ငံနှင့် ''အိမ်နီးချင်းနိုင်ငံများ နှင့် ချစ်ခင်သင့်မြတ်စွာ မိတ်ဝတ်မပျက် ဆက်ဆံခြင်း'' မူဝါဒကို လက်တွေ့ကျင့် သုံးပါတယ်။ ထိုင်းဘိန်းကုန်သည် နယ်နိမိတ်ဖြတ်ကျော်ပြီး သူထိန်းချုပ်တဲ့ အိမ်လေးဆယ်သာရှိတဲ့ ပန်နိုင်ရွာမှာ အရောင်းအဝယ်လုပ်ဖို့ ဝင်ခွင့်ပေးပါတယ်။ နေ့စဉ် မနက်မိုးလင်းချိန်ကနေ ည ၈ နာရီအထိ ထိုင်းနိုင်ငံက နယ်စပ်နေပြည်သူကို ''ဖွင့်'' ထားပေးပါတယ်။ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၁၆-၁၈ ရက်နေ့တွေ မှာ ခွန်ဆာတပ်ဟာ ပန်နိုင်ရွာမှာ ကြီးကျယ်ခမ်းနားတဲ့ ဘုရားပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပါသွားပါတယ်။ နယ်စပ်တစ်ဖက်က ထိုင်းရွာသူရွာသားတွေနဲ့ လူမှုရေး အဖွဲ့အစည်းက ''လူကြီးလူကောင်း'' တွေကို အထူးဖိတ်ကြားပြီး မိတ်ဆက်ပျော် ပွဲသဘင်ပွဲကြီးပါ ကျင်းပပါတယ်။ ခွန်ဆာဟာ အဲဒီအချိန်ကာလမှာ တပ်ကို အဆက်မပြတ် တိုးချဲ့ပါတယ်။ လက်နက်တွေက ပိုပြီး သစ်လွင်ဆန်းပြားလာ တယ်။ ဒါ့အပြင် ဘိန်းရောင်းချလို့ရရှိတဲ့ အမြတ်ငွေနဲ့ ရုရှားလုပ် မြေပြင်ဝေဟင် ပစ် ဒုံးကျည်ကိုပါ ဝယ်ယူထားပြန်ပါသေးတယ်။ ဒီဒုံးကျည်တွေကို လျှို့ဝှက်ပြီး ၅ နေရာမှာ ဖြန့်ကျက်ထားပါတယ်။ တချို့ ဖြန့်ကျက်တဲ့နေရာဆိုရင် ထိုင်း နယ်နိမိတ်အတွင်းပိုင်းမှာတောင် ရှိနေပါတယ်။

၁၈-၁-၁၉၈၅ ထိုင်းနိုင်ငံထုတ် သတင်းစာတိုင်းလိုလိုက သတင်းရေး သားထားကြပါတယ်။ ''ဘိန်းဖြူဘုရင်ကြီး'' ခွန်ဆာ နှစ်ရှည်လများ စွဲကပ်နေတဲ့ ဆီးချိုရောဂါကြောင့် အိပ်ရာက မထနိုင်တော့ပါ။ ၁၆-၁-၁၉၈၅ နေ့က ရွှေတြိဂံ ရဲ့ လီလန်တောင်တန်းဒေသမှာ ကွယ်လွန်သွားပြီးဖြစ်တယ်။ အသက် ၅၂ နှစ်မှာ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ ထိုင်းနိုင်ငံမြောက်ပိုင်း မန်စင်းတျဲ့မျာ ခွန်ဆာရဲ့ ဂူသင်္ချိုင်းဆီ သွားရောက် ဆောက်လုပ်ကြပါတယ်။ ဘတ်ငွေ သိန်းသုံးဆယ် (ခန့်မှန်းခြေ ဒေါ်လာ ၁၂၀ဝ၀) ဈာပနအခမ်းအနား ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ကို ပြင်ဆင်နေကြပါတယ်။ ဒီသတင်း မှန်၊ မမှန်သိရဖို့ ထိုင်းရဲတွေက အထူးတလည် လူလွှတ်ပြီး သွားစုံ စမ်းခိုင်းပါတယ်။ တဒင်္ဂအချိန်တိုကလေးတော့ လူတွေ အသက်ရှူချောင်သလိုလို တော့ ဖြစ်သွားရတာပေါ့။

ဒါဟာ ခွန်ဆာလည်း ''မဟာဗျူဟာ'' လှည့်ကွက်လို့ ဘယ်သူက ထင်မှာလဲဗျ။ မိမိဟာ အများတကာရဲ့ အော့ကြောလန်ပစ်မှတ်မှန်း တွက်ဆမိတဲ့ ခွန်ဆာဟာ လုံခြုံရာမှာ ပုန်းလျှိုးခိုအောင်းပြီး မထွက်တော့ပါ။ အတုအယောင် သတင်းမှားတွေကို ထုတ်လွှင့်လေတယ်။ ခုလိုမျိုး သူ့ကို သေသွားတယ်ဆိုတဲ့ ကြေညာချက်မျိုးတွေပေါ့။ တကယ့်လက်တွေ့ကတော့ ခွန်ဆာဟာ ဒီလုပ်ကွင်း လုပ်ကွင်းမျိုးနဲ့ တဖြည်းဖြည်းနဲ့ အားမာန်တွေ ပြည့်ဖြိုးလာပါအောင် ဖြည့်နေတာ လည်း ဖြစ်တယ်။ သူက ''မွန်ဂိုဂျင်ဂစ်စခန်း'' တို့လိုမျိုး အကြင်နာကင်းမဲ့တဲ့ ဟန်မျိုးနဲ့ ထိုင်းမြန်မာနယ်စပ် မြန်မာဘက်အပိုင်းမှာရှိတဲ့ မြေပြင်ကျယ်ကြီးမှာ ရှိရှိသမျှ ကြီးကြီးငယ်ငယ်အဖွဲ့မှန်သမျှကို အပြတ်ရှင်းလင်းပစ်လိုက်ပါတယ်။ ဘိန်းကုန်ကူးအဖွဲ့ကြီးကို ဖွဲ့စည်းပြီး အခြေစိုက်စခန်းသစ်တွေ တသီတတန်းကြီး တည်ဆောက်လိုက်ပါတယ်။

၁၉၈၅ ခုနှစ် မတ်လ၊ ခွန်ဆာနှင့် မော်ရှမ်းခေါင်းဆောင်တဲ့နောက် လက်နက်ကိုင်တပ်ဖွဲ့ရှိတဲ့ ရှမ်းပြည်နယ်တော်လှန်ရေးကော်မတီဟာ တော်လှန် ရေးတပ်မတော်နဲ့ ပူးပေါင်းသွားကြပါတယ်။ ''မော်ထိုင်းတပ်မတော်'' ခေါ်ပါ တယ်။ ''ရှမ်းပြည်နယ်တော်လှန်ရေးအစိုးရ'' ဖွဲ့စည်းလိုက်တယ်။ မော်ရှမ်းက ''အစိုးရအဖွဲ့ဥက္ကဋ္ဌ'' ၊ ခွန်ဆာက ''တော်လှန်ရေးတပ်မတော်'' စစ်ဦးစီးချုပ်။ စစ်အာဏာကို အသေဆုပ်ကိုင်ထားပါတယ်။ ''ရှမ်းပြည်နယ်တပ်မတော်''ရဲ့ ဖွဲ့စည်းမှုက အင်မတန် တင်းကြပ်ပါတယ်။ တပ်မ ၆ တပ်နဲ့ ဖွဲ့စည်းထားပါတယ်။

၁၉၈၈ ခုနှစ်။ မြန်မာနိုင်ငံ နယ်နိမိတ်နအတွင်းက အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့အထဲက ၁၅ ဖွဲ့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေ ပါပြီ။ ဒါ့အပြင် အပတ်အခတ်ရပ်စဲရေး သဘောတူကြပါတယ်။ ဆန့်ကျင်တဲ့ အုပ်စုဆိုလို့ ခွန်ဆာတစ်ဂိုဏ်းတည်းသာ ကျန်ပါတော့တယ်။ မြန်မာအစိုးရက အကြိမ်ကြိမ် ကြေညာပါတယ်။ ''ခွန်ဆာဟာ အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်း မဟတ်ုပါ။ သူဟာ လူသားတွေရဲ့ ဘုံရန်သူဖြစ်ပါတယ်''။ အစိုးရက ခွန်ဆာနှင့် လုံးဝမဆွေးနွေးနိုင်ပါ။ လက်နက်ချ အလင်ဝင်ခြင်းသာ သူ့ရဲ့ တစ်ခုတည်းသော လွတ်လမ်း (ထွက်ရပ်ပေါက်လမ်း) ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ် ဒီဇင်ဘာလ။ ခွန်ဆာက ရှမ်းပြည်နယ် ''လွတ်လပ်ရေး'' ကြေငြာလိုက်တယ်။ ''ရှမ်းပြည်နယ်လွတ်လပ်ရေးနိုင်ငံ'' အလံတော်ကို လွှင့်တင် လိုက်တယ်။ သူ့ကိုယ်သူ ''သမ္မတ'' ကြေညာခန့်အပ်လိုက်ပါတယ်။ သမ္မတ ခန့်အပ်ကာစက အမေရိကန်သမ္မတ ကလင်တန်ထံ သဝဏ်လွှာပေးပို့လိုက်ပါ တယ်။ သဝဏ်လွှာမှာ ပါတာက တကယ်လို့ အမေရိကန်က ရှမ်းပြည်နယ် လွတ်လပ်ရေးကို ထောက်ခံမယ်ဆိုရင် သူဟာ ထိုအချိန်က အစပြုပြီး ရွှေဖလားနဲ့ လက်ဆေးကြောပစ်မယ်။ ဘိန်းမှောင်ခိုလုပ်ငန်းကို အပြီးအပြတ် စွန့်လွှတ်လိုက် တယ်။ ဒါကို အမေရိကန်က အလေး မမူ၊ ဂရုမစိုက်ချေ။

၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလပိုင်းက အစပြုပြီး ၁၉၉၆ ခုနှစ် နွေဦးကာလ။ မြန်မာနိုင်ငံအစိုးရရဲ့ အမိန့်အရ၊ ဒါ့အပြင် ဝအဖွဲ့အစည်း ထိပ်တန်းခေါင်းဆောင် ပိုင်းက ဘိန်းကုန်ကူးလမး်ကြောင်းကို တောင်ဘက်လမ်းကြောင်း ဖွင့်ရေး၊ ခွန်ဆာထိန်းချုပ်နယ်မြေကို လုယူရေးတွေကို တစ်လျှောက်လုံး ကြိုးပမ်းကြပါ တယ်။ ဝညွန့်ပေါင်းတပ်က အရေအတွက်အင်အားသောင်းချီတဲ့ တပ်အင်အားနဲ့ ခွန်ဆာဂိုဏ်းကို ထိုးစစ်ဆင်တိုက်ခိုက်လေတယ်။ ဘက်စုံ အကြပ်ဆိုက်နေတဲ့ ခွန်ဆာခမျာ သူ့ကို ကယ်မယ့် မြက်ကလေးတစ်ပင်တောင် ရှာမရ အကြပ်ဆိုက် နေပါတယ်။ ၁-၁-၁၉၉၆ နေ့မှာ မတတ်သာဘဲ မော်ထိုင်း စစ်ဦးစီးချုပ်ရာထူးကို စွန့်လွှတ်လိုက်ပါတယ်။ တစ်နေ့မှာ သူဟာ သတင်းထောက်တစ်ဦးနဲ့ ချိန်းတွေ့ကြ ပြီး ''ကျွန်တော် အိုမင်းမစွမ်း ဖြစ်နေပါပြီ။ မကြာခင် အနားယူပါတော့မယ်'' လို့ ဖွင့်ပြောပါတယ်။

၁၉၉၆ ခုနှစ်၊ နှစ်သစ်ကူးကာစ။ ကမ္ဘာ့ဘိန်းဘုရင် ခွန်ဆာက မြန်မာ အစိုးရထံ လက်နက်ချအလင်းဝင်လိုက်တဲ့ ကြေညာချက်ကို တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ၁-၁-၁၉၉၆ ညနေပိုင်းက အစပြုပြီး မြန်မာစစ်တပ်က ခွန်ဆာအုပ်စု နယ်မြေအသီးသီးကို သိမ်းပိုက်လိုက်ပါတယ်။ ၁၈ ရက်နေ့ မြန်မာအစိုးရက ဟိုမုန်းမှာ ခွန်ဆာဂိုဏ်းလက်နက်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပါတယ်။ ခွန်ဆာကိုယ်တိုင် ဒီအခမ်းအနားကို တက်ရောက်ပါတယ်။ မြန်မာအစိုးရ နှစ်ပေါင်းသုံးဆယ်ကျော် ရှည်ကြာခဲ့တဲ့ ဘိန်းတိုက်ဖျက်ရေးတိုက် ပွဲဟာ ဆုံးဖြတ်ဆင့်သက်ရောက်တဲ့ အောင်ပွဲကြီးကို ရရှိလိုက်ပါပြီ။ ဒါနဲ့ တစ် ချိန်တည်း တစ်ပြိုင်တည်းမှာပဲ မြန်မာနိုင်ငံ မြို့ကြီးတွေ၊ မြို့လေးတွေရဲ့ ဘိန်း ဈေးကွက်မှာ ၇၀ဝ ဂရမ်တိုင်းရဲ့ ဘိန်းဖြူရဲ့ ဈေးနှုန်းဟာ နဂိုမူလ ဒေါ်လာ လေးထောင်ကနေ ဒေါ်လာ တစ်သောင်းသုံးထောင်မြောက်တက်သွားပါလေရော။

ခွန်ဆာ အလင်းဝင်လာပြီးတဲ့နောက် ရန်ကုန်က စစ်တပ်ကာကွယ် စောင့်ရှောက်တဲ့ အပန်းဖြေစခန်းမှာ နေထိုင်ပါတယ်။ မြန်မာအစိုးရက မြောက် ပိုင်းက သပွတ်အူတမျှ ပွေလီရှုပ်ထွေးတဲ့ တိုင်းရင်းသားအချင်းချင်း မသင့်မြတ် မှုကြီး ငြိမ်သက်သွားရေးကို အလေးထားပြီး ''ခွန်ဆာဟာ မြန်မာနိုင်ငံသား'' အကြောင်းပြချက်ကို ဆုပ်ကိုင်ထားပြီးျ အမေရိကန်အစိုးရတင်ပြတဲ့ ''ရုံးတင်စွဲ ဖို့ ခွန်ဆာကို အမေရိကန်လက်ထဲ လွှဲအပ်ရေး'' တောင်းဆိုချက်ကို ပယ်ချလိုက် ပါတယ်။ ခုဆိုရင် ခွန်ဆာဟာ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် မိမိကိုယ်ကို ပြောင်းလဲပစ်လိုက်ပါပြီ။ သူ့ရဲ့ ရင်းနှီးမြှုပ် နှံတဲ့ လုပ်ငန်းတွေအထဲမှာ (ပျော်မှုရွှင်မှု) ကစားကွင်းသစ်က တစ်ခု၊ ရန်ကုန် မန္တလေး အဝေးပြေးကားလိုင်းတစ်ခုပါဝင်ပါတယ်။ သူရဲ့ကျန်းမာရေးအခြေအနေ မဆိုးရွာခင်အထိ အတိတ်ကာလတုန်းက သူနဲ့ အကြမ်းဖက်တိုက်ပွဲဝင်ခဲ့တဲ့ တပ်ဗိုလ် တပ်မှူးတွေနဲ့ တစ်လျှောက်လုံး ဂေါက်ရိုက်ကစားခြင်းနဲ့ သူ့ဘဝရဲ့ နေဝင်ချိန်ကို ကုန်ဆုံးစေလေသတည်း။