Breaking News

ဆိုင်းဗျူ ● မြောက်အရပ်က ဆင်တွေရဲ့ဘဝ

ဆိုင်းဗျူ ● မြောက်အရပ်က ဆင်တွေရဲ့ဘဝ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၉

ကချင်ပြည်နယ် ကားမိုင်းမြို့လေးသည် ဆင်များဖြင့်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်နေကြသည့် မိသားစုများလည်းရှိသည်။ ကားမိုင်းမြို့သည် တစ်ချိန်က ဆင်များဖြင့်အသက်မွေးသည့်အလုပ်ကို လုပ်ခဲ့ကြပေမဲ့ ယခုအချိန်အခါတွင် လျော့နည်းသွားပြီဖြစ်သည်။ ကားမိုင်းမြို့သည် တစ်ချိန်က ကျောက်လုပ်ငန်းလုပ်ကိုင်သည့်သူများ၏ ကျောက်သယ်သူရာတွင်လည်း လွန်စွာ အချက်အချာကျခဲ့သည့် မှောင်ခိုလမ်းကြောင်းဖြစ်ခဲ့သည်။ အများအားဖြင့် ထိုမြို့မှတဆင့်  ကျောက်စိမ်းများကို တဖက်နိုင်ငံ တဖက်မြို့များသို့ ကူးသန်းရောင်းဝယ်ခဲ့ကြလေသည်။

ကားမိုင်းမြို့မှ လူငယ်အများစုသည် အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံခြားထွက် အလုပ်သွားရောက်လုပ်ကိုင်ကြသည်။ သူတို့သွာရောက်လုပ်ကိုင်ကြသည့် နိုင်ငံများမှာ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တရုတ် ၊ဂျပန်၊ ကိုရီးယား နိုင်ငံများတို့တွင်ဖြစ်သည်။ တချို့ လယ်ယာလုပ်ငန်းနှင့် ဖားကန့်တွင်ကျောက်တူးခြင်း ရေမဆေးရှာဖွေခြင်းဖြင့်လည်း အသက်မွေးဝမ်းကြောင်းပြုကြသည်။ ကားမိုင်းမြို့တွင်နေထိုင်သည့် ကိုတန်ခမ်းကမူ ရွာထဲတွင် ဆင်ဖြင့်အသက်မွေးဝမ်းပြုနေသည်။ ကား မိုင်းမြို့ထဲတွင် ဆင်ဖြင့်လုပ်ကိုင်စားသောက်နေသည့် အိမ်ထောင်စုအရေအတွက်မှာ ၁၀ အိမ်ထောင်စုကျော်လောက်သာ ကျန်ရှိတော့လေသည်။

ဆင်ဖြင့်အသက်မွေးဝမ်း ကြောင်းပြုနေသည့်လူငယ်တစ်ဦးရှိလေသည်။ ထိုသူမှာ ကိုတန်ခမ်းဖြစ်သည်။ ကိုတန်ခမ်းသည် အသက် ၁၀ နှစ်လောက်ကစပြီး ဆင်ထိန်းသည့်တာဝန်ယူကာ မိသားစုအတွက် တာဝန်ယူပေးရသည်။ သူငယ်ငယ်ကတည်းက တောထဲသို့ဆင်ရှာခြင်း ဆင်လွတ်ခြင်း တို့ကို လုပ်ကိုင်လာခဲ့ကြောင်းပြောပြသည်။ ယခုအခါတွင် သူတို့မိသားစုအတွက် ကြီးမားသည့် အခက်အခဲတစ်ခုကို ရင်ဆိုင်နေရပြီ။ သူနေထိုင်ရာကားမိုင်းမြို့အနီး တွင် ဆင်များအတွက် စားနပ်ရိက္ခာ ပျက်လပ်မှု မျိုးသုန်းမှု ရှားပါးမှုအန္တရယ် ကိုကြုံတွေ့နေရသည်။

"အခု ကားမိုင်းမြို့အနီးမှာဆိုရင် ဆင်အတွက်အစာရေစာက ရှားပါးမှုကြုံနေရတယ်။ ဆင်စားတဲ့သစ်ရွက်တွေ သစ်ကိုင်းတွေ တောထဲက တောရိုင်းငှက်ပျော်ပင်တွေ ရှားပါးလာတယ်။ ကုန်လာတယ်။ တစ်ချို့ဆင်တွေဆို ဒီဆင်တွေစားတဲ့ အပင်တွေ ကုန်လာတဲ့အတွက်ကြောင့် တောရိုင်းဆင်တွေအများအပြား အန္ဒိယကိုထွက်ပြေးသွားကြတယ်" ဟု ကိုတန်းခမ်းကပြောပြသည်။


ဆင်တွေအတွက်အစာရေစာ ရှားပါးမှုစိုးရိမ်နေကြသည့် မိသားစုဟာ သူတို့ဘဲမဟုတ်ပါဘူး အခြားသောမိသားစု များမှလည်း စိုးရိမ်နေကြပါသည်။ ကိုတန်ခမ်းဟာ ဆင်ကို သစ်လုပ်ငန်းရှင်များကို  အငှားချထားခြင်းဖြင့်လည်း ဝင်ငွေရရှိလေသည်။ တ လ ၁၀ သိန်းရရှိကြောင်း သိရသည်။ မိုးရာသီတွင် ဖားကန့်လမ်း သွားလာရေးခက်ခဲသည့်အချိန်အခါတွင်  ဗွက်အိုင် ရွံ့အိုင်မှာ ပိတ်မိနေသည့်ကားများကို ဆွဲထုတ်ပေးရလေသည်။

ဆင်တကောင် သိန်းသုံးရာ လေးရာရှိကြောင်းသိရသည်။ ဆင်မတကောင်သည် ဆယ်နှစ်မှ တကောင်မွေးဖွားနိုင်ကြောင်း သိရသည်။ တချို့သူဌေးများသည် သစ်လုပ်ငန်းအတွက် တောမုဆိုးများကို ငွေပေးပြီး တောရိုင်းဆင်များကို ဖမ်းခိုင်းကြကြောင်းသိရသည်။ ဆင်မများကို အလွန်အကျွံ သစ်ဆွဲခိုင်းလျှင် မွေးဖွားမှုနှုန်း၌ အန္တရယ်ရှိလေသည်။

"ကျနော့်ဆင်တောင် သစ်တအားဆွဲခိုင်းလိုက်လို့ ကလေးမွေးလို့မရတော့ဘူး" ဟု ကိုတန်ခမ်းကပြောသည်။

ဆင်စွယ်တွေ ဖျက်ပြီး တရားမဝင်ရောင်းဝယ်မှုကြောင့် လည်း ကားမိုင်းမြို့အနီးတောနက်ထဲ တွင်ရှိသော ဆင်ရိုင်းမျာထွက်ပြေး ကြပြီး အိန္ဒယနိုင်ငံသို့အများဆုံးထွက်ပြေးလေသည်။ ယခုအခါတွင် တနိုင်း တွင်လည်း ဆင်ဖြင့်အသက်မွေးသည့် မိသားစုများအနည်းငယ်သာရှိတော့ကြောင်းနှင့် ထိုဒေသမှဆင်များလည်း အိန္ဒယနိုင်ငံများသို့ထွက်ပြေးသွားခဲ့လေသည်။ ကချင်ပြည်နယ်က တောရိုင်းဆင်များ ပျောက်ကွယ်သွားရခြင်းဟာ တောနက်ထဲတွင် လူများသွားလာလှုပ်ရှားမှုများလာခြင်းကြောင့် တောဆင်ရိုင်းများအားတောမုဆိုးများမှ အလွန်အကျွံ ဖမ်းဆီးခြင်း ကြောင့်ဖြစ်သည်။

ယခုအစိုးရမှ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံအနှံ့အပြားမှာ စုစုပေါင်း ၄၂ ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံ တော် ဧရိယာရဲ့ ၅.၇၉ % အထိ တိုးတက်ဖွဲ့စည်းနိုင် ခဲ့ ပြီးသတ်မှတ်ဖွဲ့စည်းဖို့ ရည်ရွယ်သည့် အမိန့်ထုတ်ပြန်ကြေညာထားသည့် နယ်မြေ ၁၉ ခုရှိပြီး နိုင်ငံတော် ဧရိယာရဲ့ ၂.၀၂ % အထိ ရှိပါသည်။  ဒီအပြင် ထူးခြားတဲ့ဂေဟစနစ်များ ၊ သဘာဝရေမြေ ၊ တော တောင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိနေတဲ့ နယ်မြေများကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ထပ်မံဖွဲ့စည်းသင့်တဲ့ နယ်မြေ ၄ခု ကိုလည်း လျာထား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အချိန်အခါတုန်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သစ်တောဦးစီး ဌာနမှ ဆင်များကို ကာကွယ်မှုမပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဟူးကောင်ချိုင့်ဝှမ်းနှင့် လီဒိုလမ်းကြီးတလျှောက်ဆင်များ ပျောက်ကွယ်ခဲ့ရလေသည်။ သစ်များအလွန်အကျွံ ထုတ်သုံးခြင်း သစ်ဖြတ်နေတဲ့စက်သံတွေဟာ ဆင်တွေကို ပိုမိုပြီးအကြောက်တရားဖြစ်စေပြီး တောနက်ထဲမှ ထွက်ခွာဖို့ ပိုမိုတွန်းအားပေလေသည်။ ဒါဟာလွန်ခဲ့သည့် နှစ်ဆယ်ရာစုကအဖြစ်အပျက်တွေဟာ ဆုံးရှုးံစရာ ဖြစ်လာပါသည်။ စောက်အစိုးရစောက်သုံးမကျသည့်အတွက်ကြောင့် တောရိုင်းတိရစ္ဆာန်တွေ ပျောက်ကွယ်ခဲ့ရလေသည်။ အစိုးရမှ ဆင်တွေ အစာရေစာ ရှားပါးမှုဒဏ်ကာကွယ်မှု စီမံကိန်းများ ချမှတ်သင့်သည်။ ဆုံးရှုးံမှုနှစ်ဆ ဖြစ်သွားနိုင်သည်။

"အရင်က ဆင်လိမ္မာတွေတွေနဲ့တောရိုင်းဆင်တွေကိုဖမ်းကြတယ်။ အခုတော့ မရှိတော့ဘူးဆိုတော့ဖမ်းလိုမရတော့ဘူး" ဟု ကိုတန်ခမ်းကပြောသည်။

သစ်တောဦးစီးဌာန၏ စောက်သုံးမကျမှုများနှင့်် အစိုးရ၏ ကာကွယ်ရေးညံ့ဖြင်းမှုကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလဖမ်းဆီးရမိတာရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေ မီးရှို့ဖျက်စီးမည့်စာရင်းမှာ ....
(၁)  ဆင်စွယ်စုစုပေါင်း  ၂၇၇ ချောင်း   (၃၃၁.၂၃၈ kg)
(၂) ဆင်အရိုး  ၅ ချောင်း (၁၇.၀၂၁ Kg)
(၃) ကျားနဲ့ တောကြောင် အရိုးမျိုးစုံ       ၂၂၂ ချောင်း  (၁၅၀ Kg)
(၄) သားရေမျိုးစုံ ၄၅ ချပ် ( ၁၃၀ Kg )
(၅) ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း (၁၂၀.၅ Kg )
(၆) သင်းခွေချပ်အကြေးခွံများ ၄၅.၅ kg
(၇) အခြားအစိတ်အပိုင်းများ (လိပ်ခွံနှင့် သည်းခြေမျိုးစုံ) ၅၅ Kg ရှိလေသည်။

မီးရှို့ဖျက်ဆီးမယ့် ဆင်စွယ်များနဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ စုစုပေါင်း အလေးချိန်ပမာဏ (၈၄၉.၂၅၉) ကီလိုဂရမ် ရှိပြီး တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့် ဖြစ်ပါသည်။

ဒီလိုအရာတွေဟာ အစိုးရမှ မြေပြင်တွင် လက်တွေ့အကောင်အထည် မဖော်နိုင်သောကြောင့်ဖြစ်လာသော ဆိုးကျိုးများဖြစ်သည်။

ကမ္ဘာတွင် တစ်မိနစ် မှာဘော်လုံးကွင်း  ၂၇ နဲ့ညီမျှတဲ့ သစ်တောတွေကိုဆှုးံရှုးံနေရသည်။ မြန်မာနိုင်ငံသည် ရာသီဥပြောင်းလဲဆိုးရွာမှုဒဏ် အခံရဆုံးအဖြစ်ဒုတိယအဆိုးဆုံးအဖြစ် ကြုံ တွေ့ရပ်တည်နေပါသည်။ ထို့ပြင်သစ်တော်ပြုန်းတီးမှုများစွာသည်ရာသီဥတုကိုပြောင်းလဲစေပါကြောင်း wwf-myanmarကဖော်ပြထားသည်။ ဆင်တွေဟာ တောပြုန်းမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် နေထိုင်မှု နှင့် စားနပ်ရိက္ခာ ရှားပါးမှု အန္တရယ်ကြုံတွေ့ရမှုကြောင့် ဆင်တွေသာမက တောရိုင်းတိရစ္ဆာန်တွေ အတွက် စိုးရိမ်စရာ ရှိနေပါသည်။

ယခုအစိုးရလက်ထက်၏ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘာပတ်ဝန်းကျင်နှင့်ဆိုင်သော အဆိုကို တွေ့ရ သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းသည် နိုင်ငံအဝန်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များ စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးပညာရပ် ကျွမ်းကျင်သူများ မွေးထုတ်သွားရန်နှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာန ကိုခရိုင်မြို့နယ်အဆင့်ထိ စနစ်တကျ တိုးချဲ့ဖွဲ့စည်ပြီး ဝန်ကြီးဌာ န၏ လုပ်ငန်းစဉ်များ အောင်မြင်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းကို တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်၁၁ဦးကဆွေးနွေးပြီး အဆိုကို အတည်ပြုခဲ့လေသည်။၂၀၁၉ခုနှစ် စက်တင်ဘာလ  ဒုတိယအကြိမ်ပြည့်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုကိုအတည်ပြုခဲ့သည်။ မြေပြင်တွင်သာ အဆိုကို လက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်တော့သည်။ လွှတ်တော်၏အတည်ပြုချက်များကို လိုက်နာဖို့သာလိုတော့ သည်။

ဆင်မွေးတဲ့သူများသည် လွယ်ကူစွာမွေးရသည်မဟုတ် ညနေ လေးနာရီ တွင် တောထဲသို့ လွတ်ရသည်။ ညနေအချိန်မီ ဆင်ကိုမလွတ်လျှင် စိတ်ကောက်တက်ပါသည်။ ကိုတန်ခမ်းသည်တခါတလေ ငါးမိုင် ဆယ်မိုင်လောက်ဝေးသည့် တောနက်ထဲတွင် သူ့ဆင်ကိုရှာပုံတော်ဖွင့်ရသည်မှာ အလွန်ပင်ပန်း ခက်ခဲလှသည်။ ကျနော်တို့ သူ့ဆင်ကို လွှတ်ဖို့ ကိုတန်ခမ်းနဲ့ စီးပြီး လိုက်သွားခဲ့ပါသည်။ ဆင်သည်နောက်ဖင်နှင့်ကိုယ်လုံး မညီညာဘဲ လှုပ်ရှားမှုကြောင့် ကျနော်တို့ဖင်တောင် နောက်နေ့ အတော်လည်းညောင်းပြီး နှစ်ရက်လောက်ဘေးတစောင်းဘဲ ထိုင်ခဲ့ရသည်။

အစိုးရမှ ဂေဟစနစ် ပိုမိုပြီး မပျက်စီးအောင် သစ်တောမပြုန်းတီးအောင် ထိန်းသိမ်းရပေးတော့မည်။ ဆင်အရေပြား တိရစ္ဆာန်တရားမဝင်ရောက်ဝယ်ဖောက်ကားမှုကို ထိန်းချုပ်ရပေတော့မည်။ အဓိကကျသည့် လုပ်ငန်စဉ်သည် နယ်စပ်ဒေသဖြစ်သော ကန်ပိုင်တည် ပန်ဝါ လွယ်ဂျေ ဖီမော် တို့စောင့်ကြည့်သင့်သည်။ ထိုသို့မကာကွယ်လျှင် ဆင်သာမက အခြားသောတိစ္ဆာန်များ လည်း မျိုးသုန်းပျောက်ကွယ်သွားနိုင်သည်။

ဆိုင်းဗျူ