Breaking News

အထောက်တော်လှအောင် ကွယ်လွန်ခြင်း ၂၇ နှစ်ပြည့်၊ ဒေါ်ကြည်ကြည်မြင့် ၁နှစ်ပြည့်နှင့်မောင်မိုးသူ

Credit - Kumudra News


အထောက်တော်လှအောင် ကွယ်လွန်ခြင်း ၂၇ နှစ်ပြည့်၊ ဒေါ်ကြည်ကြည်မြင့် ၁နှစ်ပြည့်နှင့်မောင်မိုးသူ
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၉

(ဧပြီလ ၂၀၁၉ တုန်းက ဆောင်းပါး)

အထောက်တော်လှအောင်နှင့်မောင်မိုးသူတို့ဟာ သတင်းစာပေလောကရောက်မှ စာပေမိတ် ဆွေအဖြစ်ရင်းနှီးရတာဖြစ်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ငယ်သူချင်း တိုက်ကြီးသား သိန်းသန်းထွန်း၊ မင်း ထွန်းသိန်း၊ ထွန်းထွန်း(ဆေးသိပ္ပံ)သူတို့သုံးယောက်က တိုက်ကြီးသားငယ်သူချင်းတွေဖြစ်ပြီးတစ် ယောက်နှင့်တစ်ယောက်မင်းနဲ့ငါပြောကြပါတယ်၊ အစတုန်းကတော့ ကိုလှအောင် မောင်မိုးသူ တို့လို ဆက်ဆံကြပါတယ်၊ တိုက်ကြီးသားသုံးယောက်နဲ့တွေ့တော့ ကိုလှအောင်က မင်းနဲ့ငါနဲ့ပဲပြောကြဖို့ ကောင်းတယ်ဆိုပြီးတော့ ကိုလှအောင်နဲ့မောင်မိုးသူတို့ဟာ တိုက်ကြီးသားသုံးယောက်နဲ့အတူ မင်းနဲ့ ငါနဲ့ပဲဖြစ်သွားပါတယ်၊ လွန်ခဲ့တဲ့ ၂၇နှစ်ကကိုလှအောင်ကွယ်လွန်တော့ မောင်မိုးသူ သူတို့အိမ်ရောက် ပါတယ်၊ သူငယ်ချင်း ဂုဏ်ထူးဦးသိန်းနိုင်က သူ့နံဘေးမှာရှိနေပါတယ်၊ ဒီနောက် ကိုလှအောင် ကွန် လွန်ခြင်း၁၀နှစ်ပြည့်ပွဲတစ်ပွဲကို မောင်မိုးသူတက်ဖြစ်ရပါတယ်၊ 

နောက်ထပ်နောက်ထပ် ပွဲတွေလည်း တက်ဖြစ်တယ်၊ ဒေါ်ကြည်ကြည်မြင့်ကတော့ မနှစ်ကမှ ကွယ်လွန်သွားပါတယ်၊ ကိုလှအောင် မရှိ တော့ပေမယ့် မောင်မိုးသူကို အိမ်မှအမြဲတန်းဖိတ်ခေါ် အရက်တိုက် အစားအသောက်ကျွေးပြီးနေတဲ့ အမျိုးသမီးကြီးဖြစ်ပါတယ်၊ ဒေါ်ကြည်ကြည်မြင့်ကွယ်လွန်တော့ မောင်မိုးသူ သူ့အိမ်ကိုရောက်ပါတယ်၊ သမီးသန္တာက ကျေးဇူးတင်လို့ပေါ့၊ သန္တာရဲ့သားနဲ့သမီးတို့က မောင်မိုးသူကို အဖိုးလို့ခေါ်ကြပါတယ်၊ ဘေးကလူတွေကတော့ တအံ့တအောပေါ့၊ ကလေးတွေအတွက်ကတော့ မောင်မိုးသူဟာ သူတို့အ ဖိုးကိုလှအောင်ရဲ့သူငယ်ချင်းဆိုတော့ မောင်မိုးသူကိုအဖိုးလို့ခေါ်တော့တာပေါ့၊ 

ယခုလည်း ဧပြီ ၂၈ရက် တနင်္ဂနွေနေ့က ကိုလှအောင် ၂၇နှစ်ပြည့် ဒေါ်ကြည်ကြည်မြင့် ၁နှစ်ပြည့်ကို ORCHID ဟိုတယ်မှာကျင်းပဖို့ဖိတ်စာရောက်လာပါတယ်၊ ကျင်းပတဲ့အချိန်က ၃နာရီမှ ၅နာရီအထိပါ၊ ဒီနှစ်ဧပြီ လက အတော်ပူတာ၊ ဒီပွဲကိုလည်း မောင်မိုးသူက မသွားလို့မဖြစ်ဘူး၊ ဒီတော့ သမီးဖြစ်သူကိုခေါ်ပြီး တော့ ၃နာရီခွဲ ၄နာရီလောက်မှပဲသွားကြရအောင်လို့ဆုံးဖြတ်ရပါတယ်၊ ပူလွန်းလို့ပါ၊ အခမ်းအနား ကိုရောက်တော့ အတော်နောက်ကျနေပါပြီ၊ မိတ်ဆွေအပေါင်းအသင်း လူဟောင်းတွေ အများကြီး အများကြီးနဲ့ဆုံရပါတယ်၊ ကိုဝင်းငြိမ်း စန္ဒီငြိမ်း မျိုးမြင့်ငြိမ်းတို့ ညီအကိုနဲ့လည်းတွေ့ရ၊ ကြေးမုံဦးသော် သမီးနဲ့လည်းတွေ့ရ၊ ရွှေကူမေနှင်းတို့ ခင်သူသူဝင်းတို့နဲ့လည်းတွေ့ရပေါ့၊ စာရေးဖေါ်ကြီး မောင်ပေါ် ထွန်း၊ ဘဝတက္ကသိုလ်ကိုနေဝင်းတို့နဲ့ဆုံတွေ့ရပါတယ်၊ မောင်မိုးသူရောက်ရှိချိန်မှာ အခမ်းအနားက တဝက်ကျိုးနေပါပြီ၊ အခမ်းအနားမှူးလုပ်တဲ့ မောင်သွေးသစ်က မောင်မိုးသူကို ခရီးရောက်မဆိုက် စင်ပေါ်မခေါ်လို့ တော်သေးတာပေါ့၊

 မောင်မိုးသူတို့သားအဖနားကို စာရေးဆရာမင်းခိုက်စိုးစံ လာထိုင်ပါတယ်၊ မင်းခိုက် မင်းဘာလုပ်နေလဲလို့မေးတော့ ဇာတ်လမ်းတွဲရိုက်နေတယ်ခင်ဗျ၊ မင်းခိုက်ဟာ ဇာတ်လမ်းတွဲရိုက်တာတို့ ဇာတ်လမ်းရိုက်တာတို့ဝါသနာပါတုန်းကို၊ သူ့ဆရာဖြစ်တဲ့ မောင်မိုးသူရဲ့သူငယ်ချင်း ဇော်ဇော်အောင်နဲ့ မောင်မိုးသူတို့အကြောင်းကိုလည်း သူရိုက်ဖူးပါတယ်၊ ရိုက်ပြီးအချောကိုတော့ မောင်မိုးသူလည်းအခုထက်ထိမတွေ့ရပါဘူး၊ ထို့အတူ သူငယ်ချင်းဇော်ဇော် အောင်လည်း ကွယ်လွန်တာသွားတယ် မင်းခိုက်ရိုက်တာကိုတွေ့မသွားရဘူးထင်ပါရဲ့၊ 

မောင်မိုးသူ အမောပြေလောက်တဲ့အချိန် အခမ်းအနားမှူးက မောင်မိုးသူကို စင်ပေါ်ဖိတ်ပြီး စကားပြောဖို့ခေါ် ပါတယ်။ မောင်မိုးသူက ဟောပြောပွဲစင်အနိမ့်လေးမှာတောင် တွဲပြီးတက်ရတာ၊ အပေါ်ရောက်တော့ စကားပြောဖို့မလွယ်တဲ့အတွက် ခုံတစ်ခုချပေးပါတယ်၊ မောင်မိုးသူရဲ့ရှေ့မှာ ပြောသွားတဲ့ ကာတွန်း ဆရာနှစ်ယောက်ကတော့ ငွေကြည်နဲ့မြေဇာတို့ပဲဖြစ်ပါတယ်၊ သူတို့နှစ်ယောက်ဟာ ကိုလှအောင်ရဲ့ သတင်းဂျာနယ်၊ သောင်းပြောင်းထွေလာ၊ သတင်းလွှာတို့မှာ အတူကာတွန်းဆွဲပေးရတဲ့သူနှစ်ယောက် ပေါ့၊ ကိုလှအောင်ရဲ့တပည့်အရင်းများလို့ ဆိုရပေမှာပေါ့၊ မောင်မိုးသူတို့ကိုယ်တိုင်ပင် ကိုလှအောင် သတင်းဂျာနယ်မှာရှိစဉ် နည်းနည်းပါးပါးဝင်ရေးဖြစ်၊ သောင်းပြောင်းထွေလာမှာကျတော့ တော်တော် များများကိုရေးဖြစ်ပါတယ်၊ သတင်းလွှာတော့မရေးဖြစ်တော့ပါ၊ 

မောင်မိုးသူ စင်ပေါ်ရောက် ခုံတစ်ခု မှာထိုင်ပြီးတော့ စကားပြောခိုင်းပါတယ်၊ မောင်မိုးသူတို့ ကိုလှအောင်နဲ့ စာပေနယ်မှာ တွေ့ဆုံရင်း နှီးရာကနေ တိုက်ကြီးသားသုံးယောက်နဲ့ပေါင်းမိရာမှ ကိုလှအောင်နဲ့မောင်မိုးသူနှစ်ယောက် တစ် ယောက်နှင့်တစ်ယောက် မင်းနဲ့ငါနဲ့ပြောဖြစ်ကြပုံကိုပြန်ပြောဖြစ်ပါတယ်၊ အခမ်းအနားမှာရှေ့ဆုံးက ထိုင်နေတဲ့ မောင်မိုးသူတို့သားအဖကိုလာရောက်နှုတ်ဆက်ဖြစ်တာအတော်များပါတယ် ၊ တချို့လည်း မှတ်မိ တချို့လည်းမမှတ်မိတော့ပါဘူး၊ 

တကယ့်တကယ်တော့ မောင်မိုးသူကိုယ်တိုင်လည်းအသက် ၈၂နှစ်ပြည့်တော့မှဖြစ်လို့ ၈၃နှစ်ထဲရောက်တောင်လာပြီ၊ မောင်မိုးသူရဲ့ ၈၂နှစ်မွေးနေ့ကို တော်ဝင်နှင်း ဆီမှာ မွေးနေ့ဖြစ်တဲ့ မေ ၁၇ရက်နေ့မှာမပြုလုပ်ပဲ သွားရေးလာရေးလွယ်တဲ့ တနင်္ဂနွေနေ့မှာလုပ်မယ့် အကြောင်းကို လာသမျှလူ နှုတ်ဆက်သမျှလူတွေကိုပြောရပါတယ်၊ မောင်မိုးသူရဲ့ မွေးနေ့တွေကတော့ ထုံးစံအတိုင်း အခမ်းအနားမရှိ စကားပြောသူမရှိ မောင်မိုးသူကိုယ်တိုင်ကလည်းမပြော မည်သူမှလည်း မပြော ကိုယ့်အပေါင်းအသင်း တွေနဲ့ကိုယ်ထိုင်ပြီးတော့ ဆုံဖြစ်ကြပြီးစကားပြောကြတာဖြစ်ပါတယ်၊ အခမ်းအနားပြီးဆုံချိန်တွင် မောင်မိုးသူတို့သားအဖချက်ချင်းထပြန်လို့မဖြစ်ဘူးခင်ဗျ၊ လူနည်းနည်းရှင်း မှပြန်ရပါတယ်။ အပေါက်ဝမှာ သန္တာက မောင်မိုးသူကို နမ်းပြီး သမီး ဘကြီးမိုးကိုအကြွေပေးစရာရှိ သေးတယ်လို့ပြောပါတယ်၊ ထူးထူးထွေထွေမဟုတ်ပါဘူး၊ နှစ်တိုင်းလိုလို ဘကြီးမိုးကို ကန့်တော့် ငွေပေးတာပါ၊ လူနည်းနည်းရှင်းသွားတော့မှ ဘကြီးမိုးလည်း အခမ်းအနားကျင်းပရာ ပထမထပ်မှ ဗိုလ်တထောင်လမ်းမဘက် ထွက်ရပါတယ်၊ အဲဒီအချိန်ထိတောင် ပူတုန်းပဲခင်ဗျ၊ အသင့်စောင့်နေတဲ့ ကားပေါ်ကို မောင်မိုးသူကို သမီးနဲ့ မြတ်ခိုင်ရဲ့သားတို့က တွဲပြီးလိုက်ပို့ကြပါတယ်၊

 မြတ်ခိုင်သားကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မန္တလေးမှာ အတူဆုံဖူး သောက်ဖူးပါတယ်၊ အဲဒီတုန်းက မြတ်ခိုင်သားရဲ့ ဇနီးက ကိုယ်ဝန်ကြီးနဲ့၊ မြတ်ခိုင်သားကိုမေးတော့ အဲဒီကောင်တောင် အခု ၉နှစ်ရှိပြီတဲ့ ၊ အော် နှစ်တွေ နှစ်တွေကြာခဲ့ကြပြီကို၊ ဒီလိုဒီလိုနဲ့ပဲ အထောက်တော်လှအောင်ရဲ့ ၂၇နှစ်ပြည့်နှင့် မမကြည်ရဲ့၁နှစ်ပြည့် အခမ်းအနားကို ၈၂နှစ်ပြည့်ပြီဖြစ်တဲ့ မောင်မိုးသူလည်း ကြိုးကြိုးစားစား နဲ့တက်ရောက်ခဲ့ရပြီး ပင်ပင် ပန်းပန်းနဲ့အိမ်ပြန်ခဲ့ရကြောင်း၊ လူဟောင်း မျက်နှာဟောင်းများနဲ့တွေ့ရသည့်နည်းတူ မရှိတော့တဲ့ မိတ်ဟောင်း ဆွေဟောင်းများကိုလည်းသတိရလွမ်းဆွတ်ခြင်းများဖြစ်ရပါတော့တယ်၊